Wednesday, January 28, 2026

ကျောက်မဲမြို့ လောင်းကစား တလနီးပါး ဖွင့်လှစ်

သျှမ်းပြည်မြောက်ပိုင်း ကျောက်မဲမြို့ တွင် တစ်လနီးပါးဖွင့်လှစ်သည့် လောင်းကစားကြောင့် လူငယ်များ အကျင့်စရိုက် ပျက်စီးလာကြောင်း စုံစမ်းသိရသည်။

ကျောက်မဲမြို့အတွင်း ရပ်ကွက် (၆) ရှိ စစ်အာဏာရှင် လက်အောက်ခံ အရာရှိများက လောင်းကစားရုံများကို စိတ်ကြိုက်ဖွင့်လှစ်ပေးပြီး လူငယ်များက လောင်းကစား သွားရောက်ကာ မူးယစ်ဆေးဝါးများသုံးစွဲလာပြီး အကျင့်စရိုက်များ ပျက်စီးလာသဖြင့် လုံခြုံရေးလည်း စိုးရိမ်နေရကြောင်း ကျောက်မဲဒေသခံ အသက် ၄၅ နှစ် အရွယ်ရှိ စိုင်းလှမောင် က သျှမ်းသံတော်ဆင့်ကို ပြောသည်။

“ကျောက်မဲ လောင်းကစားက တစ်လနီးပါး ရှိပြီ။ အရင်က သူတို့ ပိန်းနင်ကျေးရွာမှာ လုပ်တာ၊ အခုက ရပ်ကွက် (၆)ကို ရွေ့လာတယ်။ လောင်းကစားကို ဖွင့်လာပြီးနောက် သူခိုး၊ ဓားပြတွေ မူးယစ်ဆေးဝါး သုံးစွဲတဲ့ သူတွေ အရင်ကထက် ပိုပြီးများလာတယ်၊ လုံခြုံရေးအတွက်လည်း စိုးရိမ်ရတယ်” ဟု ၎င်းက ပြောသည်။

ကျောက်မဲလောင်းကစားဝိုင်း

အဆိုပါ ကျောက်မဲမြို့ ရပ်ကွက် (၆) ရှိ လောင်းကစားရုံကို ရပ်ကွက် (၈) သို့ပြောင်းရွေ့ရန် အစီအစဥ်ဆွဲ ထားသော်လည်း ၎င်းရပ်ကွက် (၈) ပြည်သူက လုံခြုံရေး၊ သူခိုး၊ လုယက်မှုကို စိုးရိမ်သဖြင့် လက်မခံ ကြောင်း အသက် ၆၀ ကျော်ရှိ ကျောက်မဲရပ်ကွက် (၈) တွင်နေထိုင်သည့် အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“လောင်းကစား ဆိုတာ ဘယ်တော့မှ ကောင်းတဲ့အရာထဲမှာ မဟုတ်ဘူး ၊ မရှိသင့်ဘူး ရှိရင်လည်း လူငယ်တွေပိုပြီး အကျင့်ပျက်စေတယ်။ မရှိသင့်၊ မဆော့ကောင်းတာကို ရှိလာတော့ ဆော့တဲ့သူအားလုံး ကြီး ၊လတ် ၊ငယ် အရွယ်တွေ ဆော့ကြတယ်လေ။ သူခိုး ဓားပြတွေလည်း အရမ်းများလာအောင် လုပ်တာပဲ”ဟု အထက်ပါ အမျိုးသား က ပြောသည်။

ကျောက်မဲမြို့နှင့် အလားတူ ကွတ်ခိုင်မြို့၊ သီပေါမြို့၊ လားရှိူးမြို့ နှင့် နောင်ချိုမြို့ အပြင် သျှမ်းပြည်အတွင်း မြို့နယ်များတွင်လည်း လောင်းကစားများ တစ်နေ့ထက် တစ်နေ့များလာသည်။

ထိုလောင်းကစားဖွင့်လှစ်သည့် သူများသည် အာဏာသိမ်းစစ်ကောင်စီ လက်အောက်ခံ ဌာနဆိုင်ရာများနှင့် ပူးပေါင်းဆောင်ရွက်နေကြပြီး တစ်ချို့ဒေသမှာ ပြည်သူ့စစ်တပ်ဖွဲ့များက ဦးဆောင်ပြီး ဖွင့်လှစ်နေကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ကျောက်မဲမြို့နယ် SSPP နှင့် TNLA စစ်ရေးတင်းမာ၊ တိုက်ပွဲဖြစ်မည်ကို ဒေသခံစိုးရိမ်

0
သျှမ်းပြည် ကျောက်မဲမြို့နယ်တွင် ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် (SSPP/SSA) နှင့် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA တို့ မြေပြင် စစ်ရေးတင်းမာနေကြောင်း စုံစမ်းသိရသည်။ ဇန်နဝါရီလ ၁၇ ရက်မှ ညနေပိုင်းမှ စတင်ပြီး ကျောက်မဲမြို့နယ်အတွင်း တော့ဆန်ကျေးရွာအုပ်စုရှိ SSPP တပ်စခန်း အနီးသို့ TNLA ဘက်မှ...

စစ်ကော်မရှင်နှင့် PNO စစ်သုံးစရိတ်နှင့် တပ်သားစုဆောင်းမှုကြား စိတ်ရောကိုယ်ပါ ပင်ပန်းနေ

0
အာဏာသိမ်းစစ်တပ်က စစ်မှုထမ်းဥပဒေကို ပြန်လည်အသက်သွင်းပြီးနောက်ပိုင်း စစ်မှုထမ်း လစဉ်ကြေးနှင့် တပ်သားသစ် စုဆောင်းမှုဒဏ်ကြောင့် လူထုကြား စိတ်ရောကိုယ်ပါ ပင်ပန်းနွမ်းနယ်နေကြောင်း ဒေသခံများက ပြောသည်။ တရားဝင် လူဖမ်းစစ်သားစုဆောင်းရန်အတွက် စစ်တပ်က စစ်မှုထမ်းဥပဒေကို ပြန်လည်အသက်သွင်းခဲ့သည်မှာ လာမည့် ၂၀၂၆ ဖေဖော်ဝါရီလ ၁၀ ရက်နေ့တွင် ၂ နှစ်ပြည့်ပြီ ဖြစ်သည်။ သို့သော်...

လူငယ်များအား အဓမ္မ စစ်ထဲဆွဲထည့်နေသည့် စစ်ခေါင်းဆောင် ဦးဆောင်၍ လူငယ် ငြိမ်းချမ်းရေးဖိုရမ် ကျင်းပနေ

0
အနည်းဆုံး လူငယ် ၆၀၀၀၀ ကျော်ကို အဓမ္မ စစ်တပ်ထဲ ဆွဲထည့်ထားသည့် စစ်ခေါင်းဆောင် မင်းအောင်လှိုင် ဦးဆောင်သော လူငယ် ငြိမ်းချမ်းရေး ဖိုရမ် ၂၀၂၆ ကို ယမန်နေ့ (ဇန်နဝါရီ ၁၃ ရက်) နံနက်ပိုင်းက နေပြည်တော်၌ စတင် ကျင်းပနေကြောင်း စစ်ကောင်စီက...

မဲပေးစက်ပြဿနာနှင့် ကြိုတင်မဲကြောင့် ကြံ့ခိုင်ရေးပါတီက အများစုအနိုင်ရ

0
သျှမ်းပြည် ၁၇ မြို့နယ်တွင် ပြီးခဲ့သော ဇန်နဝါရီလ ၁၁ ရက်က ကျင်းပသည့် ရွေးကောက်ပွဲ အပိုင်း (၂) ၏ အနိုင်အရှုံးစာရင်းများကို ကြည့်လျှင် စစ်တပ်ကျောထောက်နောက်ခံ ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး (USDP) ပါတီက အများစုအနိုင်ရထားသည်။ ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး (USDP) ပါတီသည် ၁၉၉၃ ခုနှစ်က...

ရပ်စောက်နှင့် ရွာငံမြို့နယ်တွင် လုံခြုံရေးစိုးရိမ်မှုကြား ဒေသခံမဲသွားပေး

0
သျှမ်းပြည် ရပ်စောက်မြို့နယ်နှင့် ရွာငံမြို့နယ်တွင် စစ်ကော်မရှင်တပ်မှ စစ်အင်အား ဖြည့်တင်းထားပြီး မဲရုံပရဝုဏ်အနီး လက်နက်အပြည့်အစုံဖြင့် စောင့်ဆိုင်းနေခြင်းကြောင့် ဒေသခံများ လုံခြုံရေးစိုးရိမ်မှုဖြင့် မဲသွားပေးနေရကြောင်း စုံစမ်းသိရသည်။ ယနေ့ (ဇန်နဝါရီလ ၁၁ ရက်) တွင် စစ်ကော်မရှင် ကျင်းပနေသည့် ရွေးကောက်ပွဲ ဒုတိယပိုင်းတွင် သျှမ်းပြည်တောင်ပိုင်းမှ ရပ်စောက်၊ ရွာငံ၊...