Thursday, May 2, 2024

ညောင်ရွှေမြို့နယ် စစ်ကောင်စီခန့် ရပ်ကျေးအုပ်ချုပ်ရေးမှူးတစ်ဦး သေနတ်ပစ်သတ်ခံရ

Must read

သျှမ်းပြည်တောင်ပိုင်း ညောင်ရွှေမြို့နယ် ရပ်ကျေးအုပ်ချုပ်ရေးမှူးတစ်ဦး ယနေ့ (ဇူလိုင် ၂၁) ရက် နံနက်ပိုင်းတွင် သေနတ်ပစ်သတ် ခံလိုက်ရကြောင်း သတင်းသိရသည်။

ယနေ့ ဇူလိုင် ၂၁ နေ့တွင် ညောင်ရွှေမြို့ မင်္ဂလာရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးသော်တာသည် နေအိမ်မှ ဆိုင်ကယ် တစ်စီးဖြင့် ထွက်လာစဥ်် နန္ဒဝန်ရပ်ကွက် ဦးဖုန်းကြွယ်ဘုရားအနီး၌ သေနတ်ဖြင့် ပစ်သတ်ခံလိုက်ရခြင်း ဖြစ်ကြောင်း ဒေသခံအမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ညောင်ရွှေမြို့

“အရင်က PDF တွေ သတိပေးစာ ပေးခံလိုက်ရဖူးတယ်၊ ဒီနေ့မနက် ၇ နာရီ ၄၀ မိနစ်လောက်မှာ လမ်းမှာပစ်သတ်ခံလိုက်ရတယ်၊ သေနတ်သမားလည်း ဆိုင်ကယ်နဲ့ပဲလို့ မျက်မြင်တွေက ပြောတယ်” ဟု အထက်ပါ ပုဂ္ဂိုလ်က ပြောသည်။

ယင်းဖြစ်စဥ်ဖြစ်ပွားပြီးနောက် ခဏအကြာတွင် အခင်းဖြစ်ပွားရာ နေရာသို့ ရဲ နှင့် စစ်သားများ ရောက်ရှိ လာပြီး အလောင်းနှင့် အနီးပတ်ဝန်းကျင်မှ အဆောက်အအုံများကို စစ်ဆေးမှု ပြုလုပ်သွားကြောင်း ၎င်းက ဆက်လက်ပြောဆိုထားသည်။

“အခင်းဖြစ်ပြီး ခနအကြာမှာ စစ်သားနဲ့ ရဲ ၂၀ ကျော်လောက်က ရောက်လာတယ်၊ အင်းလေးဟိုတယ်ဇုံ၊ အင်ကြင်းကုန်းရွာဘက် ကားလမ်းမ တစ်လျှောက်ကနေ ရေဦးရွာ အထိ စစ်ဆေးမှုတွေ ပြုလုပ်သွားတယ်” ဟု ၎င်းက ဆက်လက်ပြောဆိုထားသည်။

ယင်းကဲ့သို့ ပစ်ခတ်မှုမဖြစ်ပွားခင် ပြီးခဲ့သည့် ဇူလိုင် ၁ ရက်နေ့တွင် ညောင်ရွှေမြို့နယ် အခြေစိုက် Assassin For Justice-AFJ ပျောက်ကြားတပ်ဖွဲ့ကမူ ညောင်ရွှေမြို့နယ်အတွင်း၌ မစ်ရှင်ပြုလုပ်မည်ဖြစ်၍ ပြည်သူများသတိထားသွားလာရန် သတိပေးကြေညာထားသည်။

Leave a Comments

- Advertisement -spot_img

Latest article