အရက်မူးနေသည့်ဖခင်မှ သမီးဖြစ်သူ သေရတဲ့အထိ ရိုက်နှက်

သျှမ်းပြည်တောင်ပိုင်း အောင်ပန်းမြို့နယ် လေးအိမ်ကုန်းကျေးရွာတွင် အရက်မူးနေသည့် ဖခင်မှ သမီးဖြစ်သူကို သေသည့်အထိ ရိုက်နှက်မှု ဖြစ်ပွားခဲ့ကြောင်း သတင်းသိရသည်။

ပြီးခဲ့သည့် ဇူလိုင် ၁၇ ရက်နေ့တွင် အရက်မူးသည့်ဖခင်မှ သမီးဖြစ်သူကို ရိုက်နှက်ပြီး ယမန်နေ့ (ဇူလိုင် ၁၉) ရက်တွင် ဒဏ်ရာများဖြင့် သေဆုံးသွားခဲ့ခြင်းဖြစ်ကြောင်း အိမ်နီးချင်း တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“သူတို့သားအဖနှစ်ယောက်တည်းနေတာပါ၊ သူ့အဖေအရက်မူးလာတိုင်း သူ့ကို ရိုက်နှက် ပြုလေ့ရှိတော့ အဲ့နေ့က ရိုက်နှက်တဲ့အသံတွေ ကြားနေရပေမဲ့ ဘယ်သူမှ ဝင်မကြည့်ဖြစ်ဘူး၊ ဒါပေမဲ့ နှစ်ရက်သုံးရက်လောက် ကောင်မလေးအပြင်ထွက်တာ မတွေ့ရလို့ အိမ်နီးချင်းစုပြီးသွားကြည့်တဲ့အခါတော့ ကောင်မလေးက ဆုံးနေပြီ” ဟု အမည်မဖော်လိုသူ အိမ်နီးချင်း အမျိုးသမီးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

သေဆုံးသူ အမျိုးသမီး

အိမ်နီးချင်းများ ရောက်ရှိလာပြီး အမျိုးသမီးငယ်၏ အခြေအနေများ တွေ့မြင်ရသည့်အချိန်တွင် သက်ဆိုင်ရာ နှင့် လူမှုကူညီရေးအသင်းများကို ဖုန်းဆက်အကြောင်းခဲ့ရကြောင်း ၎င်းက ဆက်လက်ပြောဆိုထားသည်။

“ကျနော်တို့ ရောက်သွားတဲ့အချိန်တော့ ကောင်မလေးက အသက်မရှိတော့ဘူး၊ လက်နှစ်ဖက်လုံး ညိုမဲဒဏ်ရာနဲ့ ဦးခေါင်းမှာ အဖုတစ်ခု၊ ဦးခေါင်းခွံ ပျော့နေတယ်၊ ဦးခေါင်းက ဒဏ်ရာကပဲသေစေခဲ့တာလို့ ယူဆပါတယ်၊ လက်ရှိ Dead Body ကို အောင်ပန်းပြည်သူ့ဆေးရုံကို ပို့ထားတယ်၊ ဖခင်ဖြစ်သူတော့ သက်ဆိုင်ရာက ခေါ်သွားပြီ” ဟု နာရေးကူညီမှုအသင်း (အောင်ပန်း) တာဝန်ရှိသူတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

သေဆုံးသူ အမျိုးသမီးငယ်သည် အသက် ၂၀ ဝန်းကျင်ခန့်သာ ရှိနေပြီး ကျူးလွန်သူ ဖခင်ဖြစ်သူက အသက် ၆၀ ဝန်းကျင်ရှိကြောင်းလည်း သတင်းသိရသည်။

သေဆုံးသူ၏ ရုပ်အလောင်းကို ယမန်နေ့ ဇူလိုင် ၁၉ ရက်၊ ညပိုင်းက နာရေးကူညီမှုအသင်း (‌အောင်ပန်း) မှ သယ်ဆောင်၍ အောင်ပန်းဆေးရုံရှိ ရင်ခွဲရုံသို့ ပို့ဆောင်ပေးခဲ့ပြီး ယနေ့ မွန်းလွဲပိုင်းအချိန်တွင် ဆရာဝန်မှ ခွဲစိတ်စစ်ဆေးမှု ပြုလုပ်မည်ဖြစ်ကြောင်းလည်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...

စစ်ကော်မရှင် တရုတ်ကုန်စည်စီးဆင်းမှု တားမြစ်ပိတ်ပင်မှု တင်းကြပ်လာ

0
သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင် စစ်ကော်မရှင်က ရက် ၁၀၀ စီမံကိန်းအနေဖြင့် ၎င်းကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်တင်းကြပ်လာသည်။ ထိုကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်မှု တင်းကြပ်လာသဖြင့် ပြည်တွင်းကုန်တင်ယာဉ်များလည်း အလုပ်ရပ်နားထားရပြီး ပြည်သူများလည်း ကုန်စည်စျေးနှုန်းများ ထပ်မံမြင့်တက်လာမှုကို ရင်ဆိုင်နေရကြောင်း သျှမ်းမြောက်ပြည်သူများထံမှ စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် ရက်ပိုင်အတွင်းမှ စတင်ကာ စစ်ကော်မရှင်သည် လားရှိုးမြို့သို့...

ကျောက်မဲတွင် ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီးကွက်ပေး၊ ပြည်သူနေအိမ်များ မီးကြိုးခိုးယူခံနေရ

0
သျှမ်းပြည် ကျောက်မဲမြို့ပေါ် ရပ်ကွက်ရှိ ပြည်သူနေအိမ်များတွင် လျှပ်စစ်မီး မရရှိခြင်းကြောင့် မီးကြိုးခိုးယူခံနေရကြောင်း စုံစမ်းသိရသည်။ ကျောက်မဲမြို့ကို တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထံမှ စစ်တပ်ပြန်လည်ထိန်းချုပ်ခဲ့သည့် ယမန်နှစ် ၂၀၂၅ အောက်တိုဘာလ နောက်ပိုင်းမှ စတင်၍ စစ်အစိုးရလက်အောက်ခံ ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီး ဖြန့်ဝေထားပြီး ရပ်ကွက်အတွင်းရှိ ပြည်သူနေအိမ်များမှာ...

ကျိုင်းတုံ တောင်ပေါ်ဒေသ လမ်းပန်းခက်ခဲမှုကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေးခက်ခဲနေ

0
ကျိုင်းတုံမြို့နယ်ရှိ တောင်ပေါ်ဒေသများတွင် ခေတ်အဆက်ဆက် အစိုးရ မှ လမ်းပန်းဆက်သွယ်ရေးကို ကူညီထောက်ပံ့မှု မရှိခဲ့ခြင်းကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေး ဝန်ဆောင်မှု မရရှိကာ သေဆုံးမှုများ ဖြစ်ပွားသည့်အထိ ရှိနေကြောင်း သတင်းရရှိသည်။ ကျိုင်းတုံမြို့နယ်အတွင်း တောင်ပေါ်ကျေးရွာပေါင်း ၃၀ ထက်မနည်ရှိကာ လမ်းပန်းဆက်သွယ်ရေး အခက်အခဲများကို နေ့စဉ်ရန်ဆိုင်နေရသည်။ အဆိုပါ ဒေသများသည် ကျိုင်းတုံမြို့နှင့်...

“စစ်ရေး ၊ နိုင်ငံရေးက သူတို့စစ်အုပ်စုချမှတ်ထားတဲ့ လမ်းစဉ်အတိုင်း ဆက်သွားမယ်”

0
အာဏာသိမ်း စစ်တပ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ၅ နှစ်အကြာမှာ ၎င်းပုံဖော်ထားတဲ့အတိုင်း နိုင်ငံတော် သမ္မတရာထူးယူလိုက်ပါတယ်။ ဒါ့ကြောင့် စစ်ဝတ်စုံကနေ အရပ်သားဝတ်စုံပြောင်း စစ်ခေါင်းဆောင် သမ္မတ ဉီးမင်းအောင်လှိုင် တက်လာပြီး သျှမ်းပြည် နိုင်ငံရေး အပြောင်းအလဲတွေ ဘယ်လိုဖြစ်လာခဲ့ပါသလဲ။ အစိုးရသစ် စစ်ခေါင်းဆော်င သမ္မတ ဉီးမင်းအောင်လှိုင်တက်လာချိန်မှာလည်း စစ်အာဏရှင်ကို...