Wednesday, May 15, 2024

တောင်ကြီးမြို့မှ ကလေးငယ် နှစ်ဦး ရေနစ်သေဆုံး

Must read

သျှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့ ကျောင်းကြီးစု ရပ်ကွက် နယ်မြေ ၆ ရှိ မြေတူးထားသည့်နေရာ၌ ယနေ့ (ဇူလိုင် ၁၉) ရက် နေ့လည်ပိုင်းတွင် ကလေး (၂) ဦး ရေဆင်းချိုးရာ ရေနစ်သေဆုံးသွားခဲ့ရကြောင်း သတင်းသိရသည်။

တောင်ကြီးမြို့ ကျောင်းကြီးစု ရပ်ကွက် နယ်မြေ (၆) မှ မြို့ရှောင်လမ်းဟောင်းအနီး မြေတူးစက်ဖြင့် တူးထားသည့် ချိုင့်ထဲ ရေဆင်းချိုးရာမှ အမျိုးသမီးငယ် (၂) ဦး ရေနစ်သေဆုံးခဲ့ရကြောင်း ဒေသခံအမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ရေနစ်သေဆုံးသွားတဲ့ ညီအစ်မ နှစ်ဦး

“ရေကန်တော့ မဟုတ်ဘူး၊ မြေတူးစက်နဲ့ တူးထားတဲ့ ချိုင့်ဝှမ်းမှာ ရေကန်လို ရှိနေပြီးတော့ ရပ်ကွက်ထဲက ကလေးတွေ ရေဆင်းချိုးကြတယ်၊ အတိမ်အနက်လည်း မှန်းရခက်တယ်၊ ဒီကလေးငယ်နှစ်ယောက်လည်း အငယ်မက အရင်နစ်ပြီး အကြီးမကလိုက်ဆယ်ရင်း နှစ်ယောက်စလုံးနစ်သွားတယ်” ဟု ၎င်းပြောသည်။

အဆိုပါ ရေနစ်သေဆုံးသည့် အမျိုးသမီးငယ်နှစ်ဦးသည် အသက် ၁၃ နှစ်အရွယ် မနဒီဦး နှင့် အသက် ၈ နှစ်အရွယ် မဇင်သပြေဦး ညီအစ်မ နှစ်ယောက်ဖြစ်ကြောင်း သိရသည်။

ရေနစ်သေဆုံးသူ ညီအစ်မ နှစ်ယောက်၏ ရုပ်အလောင်းကို ယနေ့ ဇူလိုင် (၁၉) ရက်တွင် စဝ်စံထွန်းဆေးရုံကြီးမှ တစ်ဆင့် တိုင်းရင်းသားပေါင်းစုံသုဿန်သို့ ပို့ဆောင် သင်္ဂြိုလ်ခဲ့ကြောင်းလည်း သတင်းသိရသည်။

Leave a Comments

- Advertisement -spot_img

Latest article