မိုင်းကိုင်မြို့ လင်မယားနှစ်ဦး ဓားပြတိုက်ခံရ ပွဲချင်းပြီးသေဆုံး

သျှမ်းပြည်တောင်ပိုင်း မိုင်းကိုင်မြို့ ရပ်ကွက် (၆) လွိုင်လိုင်ရွာနေ လင်မယား နှစ်ယောက်သည် မိုင်းကျက်ဂူသို့ သွားရန် ဇူလိုင် ၃၁ ရက် ညနေခင်းတွင် ဓားပြတိုက်ခံရပြီး လည်လှီးသတ်ဖြတ်ခံရကြောင်း စုံစမ်းသိရသည်။

အဆိုပါ လင်မယားနှစ်ယောက်ဖြစ်သော ဦးစိုင်းလောဝ် အသက် (၅၈) နှစ်အရွယ်ဖြစ်ပြီး မယားဖြစ်သူ ပါလှအုံ အသက် (၆၂) နှစ်သည် မိုင်းကျက်ဂူသို့ သွားရန် ပြင်ဆင်နေစဉ် အိမ်တွင်း၌ ဓားပြတိုက်ခံရပြီး သတ်ဖြတ်ခံရကြောင်း မိုင်းကိုင်မြို့ ဒေသခံ အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“ဓားပြတိုက်ခံရပြီး လည်ပင်းမှာ ဓား ဒဏ်ရာရှိတယ်။ သူတို့လင်မယား နှစ်ယောက်လည်း ချမ်းသာသလောက်တော့ ရှိတယ်၊ သူတို့လင်မယား အဝတ်အထည်တွေ အကုန်ထုတ်ထားတယ်။ ရွှေ ငွေ တွေလည်း အကုန်ယူသွားတယ်။ ရွှေအတုတော့ ထားခဲ့ပြီး ယူသွားရတဲ့ဟာတွေ အကုန်လုံးကို ယူသွားတာ“ ဟု ၎င်း အမျိုးသားတစ်ဦးက ပြောသည်။

ပြီးခဲ့သည့် ဇူလိုင် (၃၀) ရက် ညနေခင်းအချိန်တွင်လည်း ၎င်းလင်မယားနှစ်ဦး နေအိမ်ရှိ ရပ်ကွက် (၆) တွင် သေနတ်ဖောက်သံ တစ်ချက်ကြားရသည်ဟု သိရသည်။

အလားတူ စစ်အာဏာသိမ်းပြီးနောက်ပိုင်း မိုင်းကိုင်မြို့တွင် စစ်ကောင်စီတပ်ဖွဲ့များ နှင့်အတူ သျှမ်းလက်နက်ကိုင် တပ်ဖွဲ့များ လှုပ်ရှားရာနယ်မြေဖြစ်သောကြောင့် ပြည်သူများ ကြောက်ရွံ့နေရပြီး လုံခြုံရေးအတွက် စိုးရိမ်နေရကြောင်း သိရသည်။

“ကျနော်တို့ လုံခြုံရေးက လုံးဝမရှိတော့ဘူးဗျ၊ ပြည်သူတွေလည်း အရမ်းကို ကြောက်နေပါပြီ။ စစ်ကောင်စီ တပ်ဖွဲ့တွေကော သျှမ်းလက်နက်ကိုင် အားလုံးတွေကိုလည်း ကြောက်ရတယ်။ သူခိုး၊ ဓားပြ တွေလည်း အရမ်းကို ကြောက်ရတယ်။ ဒီနှစ် ကျနော်တို့ မိုင်းကိုင်ကလူငယ်တွေ တခြားမြို့ကို ပြေးကုန်ကြပြီ၊ လူငယ် (၁၀) ယောက်ရှိရင် (၄) ယောက်ပဲ ကျန်တော့တယ်“ဟု ၎င်းက ထပ်လောင်းပြောသည်။

ထိုအပြင် မိုင်းကိုင်မြို့ လုယက်မှုများ ဖြစ်ပွားပြီးနောက် လယ်ထဲသို့ဆင်းရန် လုံခြုံမှုမရှိသောကြောင့် လယ်ယာ လုပ်ကိုင်သော တချို့တောင်သူလယ်သမားများသည် ဆက်မလုပ်တော့ဘဲ လယ်ယာများ ပစ်ထားခဲ့ရသည်ဟု သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...

စစ်ကော်မရှင် တရုတ်ကုန်စည်စီးဆင်းမှု တားမြစ်ပိတ်ပင်မှု တင်းကြပ်လာ

0
သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင် စစ်ကော်မရှင်က ရက် ၁၀၀ စီမံကိန်းအနေဖြင့် ၎င်းကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်တင်းကြပ်လာသည်။ ထိုကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်မှု တင်းကြပ်လာသဖြင့် ပြည်တွင်းကုန်တင်ယာဉ်များလည်း အလုပ်ရပ်နားထားရပြီး ပြည်သူများလည်း ကုန်စည်စျေးနှုန်းများ ထပ်မံမြင့်တက်လာမှုကို ရင်ဆိုင်နေရကြောင်း သျှမ်းမြောက်ပြည်သူများထံမှ စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် ရက်ပိုင်အတွင်းမှ စတင်ကာ စစ်ကော်မရှင်သည် လားရှိုးမြို့သို့...

ကျောက်မဲတွင် ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီးကွက်ပေး၊ ပြည်သူနေအိမ်များ မီးကြိုးခိုးယူခံနေရ

0
သျှမ်းပြည် ကျောက်မဲမြို့ပေါ် ရပ်ကွက်ရှိ ပြည်သူနေအိမ်များတွင် လျှပ်စစ်မီး မရရှိခြင်းကြောင့် မီးကြိုးခိုးယူခံနေရကြောင်း စုံစမ်းသိရသည်။ ကျောက်မဲမြို့ကို တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထံမှ စစ်တပ်ပြန်လည်ထိန်းချုပ်ခဲ့သည့် ယမန်နှစ် ၂၀၂၅ အောက်တိုဘာလ နောက်ပိုင်းမှ စတင်၍ စစ်အစိုးရလက်အောက်ခံ ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီး ဖြန့်ဝေထားပြီး ရပ်ကွက်အတွင်းရှိ ပြည်သူနေအိမ်များမှာ...

ကျိုင်းတုံ တောင်ပေါ်ဒေသ လမ်းပန်းခက်ခဲမှုကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေးခက်ခဲနေ

0
ကျိုင်းတုံမြို့နယ်ရှိ တောင်ပေါ်ဒေသများတွင် ခေတ်အဆက်ဆက် အစိုးရ မှ လမ်းပန်းဆက်သွယ်ရေးကို ကူညီထောက်ပံ့မှု မရှိခဲ့ခြင်းကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေး ဝန်ဆောင်မှု မရရှိကာ သေဆုံးမှုများ ဖြစ်ပွားသည့်အထိ ရှိနေကြောင်း သတင်းရရှိသည်။ ကျိုင်းတုံမြို့နယ်အတွင်း တောင်ပေါ်ကျေးရွာပေါင်း ၃၀ ထက်မနည်ရှိကာ လမ်းပန်းဆက်သွယ်ရေး အခက်အခဲများကို နေ့စဉ်ရန်ဆိုင်နေရသည်။ အဆိုပါ ဒေသများသည် ကျိုင်းတုံမြို့နှင့်...

“စစ်ရေး ၊ နိုင်ငံရေးက သူတို့စစ်အုပ်စုချမှတ်ထားတဲ့ လမ်းစဉ်အတိုင်း ဆက်သွားမယ်”

0
အာဏာသိမ်း စစ်တပ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ၅ နှစ်အကြာမှာ ၎င်းပုံဖော်ထားတဲ့အတိုင်း နိုင်ငံတော် သမ္မတရာထူးယူလိုက်ပါတယ်။ ဒါ့ကြောင့် စစ်ဝတ်စုံကနေ အရပ်သားဝတ်စုံပြောင်း စစ်ခေါင်းဆောင် သမ္မတ ဉီးမင်းအောင်လှိုင် တက်လာပြီး သျှမ်းပြည် နိုင်ငံရေး အပြောင်းအလဲတွေ ဘယ်လိုဖြစ်လာခဲ့ပါသလဲ။ အစိုးရသစ် စစ်ခေါင်းဆော်င သမ္မတ ဉီးမင်းအောင်လှိုင်တက်လာချိန်မှာလည်း စစ်အာဏရှင်ကို...