Wednesday, January 28, 2026

မိုင်းကိုင်မြို့ လင်မယားနှစ်ဦး ဓားပြတိုက်ခံရ ပွဲချင်းပြီးသေဆုံး

သျှမ်းပြည်တောင်ပိုင်း မိုင်းကိုင်မြို့ ရပ်ကွက် (၆) လွိုင်လိုင်ရွာနေ လင်မယား နှစ်ယောက်သည် မိုင်းကျက်ဂူသို့ သွားရန် ဇူလိုင် ၃၁ ရက် ညနေခင်းတွင် ဓားပြတိုက်ခံရပြီး လည်လှီးသတ်ဖြတ်ခံရကြောင်း စုံစမ်းသိရသည်။

အဆိုပါ လင်မယားနှစ်ယောက်ဖြစ်သော ဦးစိုင်းလောဝ် အသက် (၅၈) နှစ်အရွယ်ဖြစ်ပြီး မယားဖြစ်သူ ပါလှအုံ အသက် (၆၂) နှစ်သည် မိုင်းကျက်ဂူသို့ သွားရန် ပြင်ဆင်နေစဉ် အိမ်တွင်း၌ ဓားပြတိုက်ခံရပြီး သတ်ဖြတ်ခံရကြောင်း မိုင်းကိုင်မြို့ ဒေသခံ အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“ဓားပြတိုက်ခံရပြီး လည်ပင်းမှာ ဓား ဒဏ်ရာရှိတယ်။ သူတို့လင်မယား နှစ်ယောက်လည်း ချမ်းသာသလောက်တော့ ရှိတယ်၊ သူတို့လင်မယား အဝတ်အထည်တွေ အကုန်ထုတ်ထားတယ်။ ရွှေ ငွေ တွေလည်း အကုန်ယူသွားတယ်။ ရွှေအတုတော့ ထားခဲ့ပြီး ယူသွားရတဲ့ဟာတွေ အကုန်လုံးကို ယူသွားတာ“ ဟု ၎င်း အမျိုးသားတစ်ဦးက ပြောသည်။

ပြီးခဲ့သည့် ဇူလိုင် (၃၀) ရက် ညနေခင်းအချိန်တွင်လည်း ၎င်းလင်မယားနှစ်ဦး နေအိမ်ရှိ ရပ်ကွက် (၆) တွင် သေနတ်ဖောက်သံ တစ်ချက်ကြားရသည်ဟု သိရသည်။

အလားတူ စစ်အာဏာသိမ်းပြီးနောက်ပိုင်း မိုင်းကိုင်မြို့တွင် စစ်ကောင်စီတပ်ဖွဲ့များ နှင့်အတူ သျှမ်းလက်နက်ကိုင် တပ်ဖွဲ့များ လှုပ်ရှားရာနယ်မြေဖြစ်သောကြောင့် ပြည်သူများ ကြောက်ရွံ့နေရပြီး လုံခြုံရေးအတွက် စိုးရိမ်နေရကြောင်း သိရသည်။

“ကျနော်တို့ လုံခြုံရေးက လုံးဝမရှိတော့ဘူးဗျ၊ ပြည်သူတွေလည်း အရမ်းကို ကြောက်နေပါပြီ။ စစ်ကောင်စီ တပ်ဖွဲ့တွေကော သျှမ်းလက်နက်ကိုင် အားလုံးတွေကိုလည်း ကြောက်ရတယ်။ သူခိုး၊ ဓားပြ တွေလည်း အရမ်းကို ကြောက်ရတယ်။ ဒီနှစ် ကျနော်တို့ မိုင်းကိုင်ကလူငယ်တွေ တခြားမြို့ကို ပြေးကုန်ကြပြီ၊ လူငယ် (၁၀) ယောက်ရှိရင် (၄) ယောက်ပဲ ကျန်တော့တယ်“ဟု ၎င်းက ထပ်လောင်းပြောသည်။

ထိုအပြင် မိုင်းကိုင်မြို့ လုယက်မှုများ ဖြစ်ပွားပြီးနောက် လယ်ထဲသို့ဆင်းရန် လုံခြုံမှုမရှိသောကြောင့် လယ်ယာ လုပ်ကိုင်သော တချို့တောင်သူလယ်သမားများသည် ဆက်မလုပ်တော့ဘဲ လယ်ယာများ ပစ်ထားခဲ့ရသည်ဟု သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

စစ်ကော်မရှင်နှင့် PNO စစ်သုံးစရိတ်နှင့် တပ်သားစုဆောင်းမှုကြား စိတ်ရောကိုယ်ပါ ပင်ပန်းနေ

0
အာဏာသိမ်းစစ်တပ်က စစ်မှုထမ်းဥပဒေကို ပြန်လည်အသက်သွင်းပြီးနောက်ပိုင်း စစ်မှုထမ်း လစဉ်ကြေးနှင့် တပ်သားသစ် စုဆောင်းမှုဒဏ်ကြောင့် လူထုကြား စိတ်ရောကိုယ်ပါ ပင်ပန်းနွမ်းနယ်နေကြောင်း ဒေသခံများက ပြောသည်။ တရားဝင် လူဖမ်းစစ်သားစုဆောင်းရန်အတွက် စစ်တပ်က စစ်မှုထမ်းဥပဒေကို ပြန်လည်အသက်သွင်းခဲ့သည်မှာ လာမည့် ၂၀၂၆ ဖေဖော်ဝါရီလ ၁၀ ရက်နေ့တွင် ၂ နှစ်ပြည့်ပြီ ဖြစ်သည်။ သို့သော်...

လူငယ်များအား အဓမ္မ စစ်ထဲဆွဲထည့်နေသည့် စစ်ခေါင်းဆောင် ဦးဆောင်၍ လူငယ် ငြိမ်းချမ်းရေးဖိုရမ် ကျင်းပနေ

0
အနည်းဆုံး လူငယ် ၆၀၀၀၀ ကျော်ကို အဓမ္မ စစ်တပ်ထဲ ဆွဲထည့်ထားသည့် စစ်ခေါင်းဆောင် မင်းအောင်လှိုင် ဦးဆောင်သော လူငယ် ငြိမ်းချမ်းရေး ဖိုရမ် ၂၀၂၆ ကို ယမန်နေ့ (ဇန်နဝါရီ ၁၃ ရက်) နံနက်ပိုင်းက နေပြည်တော်၌ စတင် ကျင်းပနေကြောင်း စစ်ကောင်စီက...

မဲပေးစက်ပြဿနာနှင့် ကြိုတင်မဲကြောင့် ကြံ့ခိုင်ရေးပါတီက အများစုအနိုင်ရ

0
သျှမ်းပြည် ၁၇ မြို့နယ်တွင် ပြီးခဲ့သော ဇန်နဝါရီလ ၁၁ ရက်က ကျင်းပသည့် ရွေးကောက်ပွဲ အပိုင်း (၂) ၏ အနိုင်အရှုံးစာရင်းများကို ကြည့်လျှင် စစ်တပ်ကျောထောက်နောက်ခံ ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး (USDP) ပါတီက အများစုအနိုင်ရထားသည်။ ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး (USDP) ပါတီသည် ၁၉၉၃ ခုနှစ်က...

ရပ်စောက်နှင့် ရွာငံမြို့နယ်တွင် လုံခြုံရေးစိုးရိမ်မှုကြား ဒေသခံမဲသွားပေး

0
သျှမ်းပြည် ရပ်စောက်မြို့နယ်နှင့် ရွာငံမြို့နယ်တွင် စစ်ကော်မရှင်တပ်မှ စစ်အင်အား ဖြည့်တင်းထားပြီး မဲရုံပရဝုဏ်အနီး လက်နက်အပြည့်အစုံဖြင့် စောင့်ဆိုင်းနေခြင်းကြောင့် ဒေသခံများ လုံခြုံရေးစိုးရိမ်မှုဖြင့် မဲသွားပေးနေရကြောင်း စုံစမ်းသိရသည်။ ယနေ့ (ဇန်နဝါရီလ ၁၁ ရက်) တွင် စစ်ကော်မရှင် ကျင်းပနေသည့် ရွေးကောက်ပွဲ ဒုတိယပိုင်းတွင် သျှမ်းပြည်တောင်ပိုင်းမှ ရပ်စောက်၊ ရွာငံ၊...

မိုင်းပျဉ်း ကြိုတင်မဲကောက်ယူရာတွင် USDP မှလွဲ၍ အခြားပါတီများကို အကြောင်းမကြား ဟုဆို

0
သျှမ်းပြည်အရှေ့ပိုင်း မိုင်းပျဉ်းမြို့နယ်တွင် ရွေးကောက်ပွဲ အပိုင်း (၂) အတွက် ကြိုတင်မဲကောက်ယူရာတွင် လွှတ်တော်ကိုယ်စားလှယ်များ လိုက်ပါခွင့်ပြုမည်ဟု ရွေးကော်ပွဲကော်မရှင်က ပြောသော်လည်း မြေပြင်တွင် ကြံ့ခိုင်ရေး ဖွံ့ဖြိုးရေး (USDP)ပါတီမှလွဲ၍ အခြားပါတီများကိုအကြောင်းကြားခြင်းမရှိခဲ့ ကြောင်း စုံစမ်းသိရသည်။ လာမည့် ဇန်နဝါရီလ ၁၁ ရက်တွင် သျှမ်းပြည်အရှေ့ပိုင်း မိုင်းခတ်၊ မိုင်းပျဉ်း၊...