တာချီလိတ်မြို့နယ် လူငယ်များ ကောင်မလေးကိစ္စ ဖြင့် စကားများရင်း သတ်ဖြတ်မှုဖြစ်ပွားခဲ့

သျှမ်းပြည်အရှေ့ပိုင်း တာချီလိတ်မြို့နယ်တွင် အသက် (၁၈) နှစ် မပြည့်သေးသည့် လူငယ်များ ကောင်မလေးကိစ္စ ဖြင့် စကားများရာမှ သတ်ဖြတ်မှုအထိ ဖြစ်ပွားခဲ့ကြောင်း သတင်းသိရသည်။

ပြီးခဲ့သည့် သြဂုတ်လ (၁၀) ရက်နေ့ ညနေပိုင်းတွင် တာချီလိတ်မြို့နယ် ဆန်ဆိုင်း (ခ) ရပ်ကွက်၊ မြို့ပတ်လမ်း နှင့် ဟံသာဝတီလမ်းသွယ်ရှိ ရေမြောင်းမှာ အမည်မသိ အမျိုးသားတစ်ဦးအလောင်း တွေ့ရှိရာမှ လူသတ်မှု ဖြစ်စဥ်ကို သိရှိခဲ့ရကြောင်း အလောင်းကို သွားရောက် သယ်ဆောင်ခဲ့သည့် ဦးလှမိုး လူမှုကူညီရေးအသင်းမှ အသင်းဝင်တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“ဘယ်အချိန်ကတည်း ဖြစ်ခဲ့တာလဲတော့ မသိခဲ့ပါဘူး၊ ကျနော်တို့ အလောင်းကို သွားသယ်တဲ့ အချိန်မှာ အလောင်းက ပုပ်နေပြီ၊ သက်ဆိုင်ရာ မိသားစုဝင်တွေကို စုံစမ်းရင်း သူ့ဖုန်း Messenger ကို စစ်ကြည့်တော့ ကောင်မလေးကိစ္စ စကားများထားတဲ့ အကြောင်းတွေ တွေ့ရတယ်၊ နောက်တော့ ပြောဆိုထားတဲ့ အကောင့်တွေ ဆီလိုက်ရင်းနဲ့ တရားခံတွေကိုလည်း ဖမ်းမိသွားတယ်” ဟု လူမှုကူညီရေးအသင်းဝင်က ပြောသည်။

သေဆုံးသွားတဲ့ အမျိုးသားတစ်ဦး

ဖြစ်စဥ်မှာ သေဆုံးသူ မောင်ကျော်ဇင်ဝင်း၏ Facebook စာမျက်နှာ Messenger မှတစ်ဆင့် သေဆုံးမည့် နေရာအနီး ခိုက်ရန်ဖြစ်ပွားချိန်းဆိုသည့် စာသားများကို စစ်ဆေးတွေ့ရှိခဲ့ပြီး အကောင့်ပိုင်ရှင်များအား လိုက်လံ စုံစမ်းခဲ့ရာ သတ်ဖြတ်မှု ကျူးလွန်သူ လူငယ် ၄ ဦးကို ဖမ်းဆီးရမိခြင်းဖြစ်ကြောင်း သိရသည်။

“သေဆုံးသူရော ကျူးလွန်သူတွေရာ အသက် (၁၈) နှစ်မပြည့်ကြသေးဘူး၊ ကောင်မလေး ကိစ္စကြောင့် ပြင်ပမှာ ခိုက်ရန်ဖြစ်ပွားခဲ့တာလို့လည်း ထွက်ဆိုခဲ့တယ်၊ တခြားလူငယ် ၃ ဦးကတော့ သူငယ်ချင်း နောက်လိုက်ရင်း ကျူးလွန်ဖြစ်ခဲ့တယ်တဲ့၊ အားလုံးက တာချီလိတ်မြို့က ဖြစ်ကြပါတယ်” ဟု ဖြစ်စဥ်ကို သိရှိရသည့် ရဲစခန်းနှင့် နီးစပ်သူတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ကျူးလွန်သူ လူငယ်များသည် တာချီလိတ်မြို့၊ မယ်ယန်းရပ်ကွက်မှ Su Myat အကောင့်ပိုင်ရှင်၊ မယ်ခေါင် ရပ်ကွက်၊ မြို့ပတ်လမ်းရှိ ၇၇၇ ကားဝပ်ရှော့တွင် လုပ်ကိုင်သူ ဇော်မင်းထွေး (ခ) ဖိုးသား၊ ဇော်မျိုးနိုင် (ခ) နေထူးနိုင်၊ သိန်းဌေးအောင် (ခ) ဟိန်းကိုကိုအောင် နှင့် မျိုးမင်းသန့် တို့ ဖြစ်ခဲ့ကြောင်း သိရသည်။

သေဆုံးသွားသည့် အမျိုးသား

လက်ရှိတွင် ကျူးလွန်သူ (၄) ဦးသည် အသက် (၁၈) နှစ် မပြည့်သေးသည့် ကလေးသူငယ်တရားခံများ ဖြစ်သဖြင့် ၎င်းတို့ (၄) ဦးအား တာချီလိတ် မြို့မရဲစခန်း စခန်းမှူး၏ထိန်းသိမ်းမှုအောက်တွင် ထိန်းသိမ်း ထားပြီး တာချီလိတ်မြို့မရဲစခန်း (ပ)၁၃၇/၂၀၂၂၊ သေမှုသေခင်း အမှတ်စဉ်(၇/၂၀၂၂)မှ လူသတ်မှု ရာဇသတ်ကြီးပုဒ်မ-၃၀၂ အမှုဖွင့် ထားကြောင်း သတင်းသိရသည်။

ယင်းကဲ့သို့ ဖြစ်စဥ်ဖြစ်ပွားခဲ့ခြင်းနှင့် ပတ်သက်ပြီး နိုင်ငံရေး အခြေအနေကြောင့် တချို့သော လူငယ်များသည် တရားဥပဒေ စိုးမိုးမှုကို ယုံကြည်မှုကင်းမဲ့သည့် သဘောဖြစ်ကြောင်းလည်း အထက်ပါ ပုဂ္ဂိုလ်က ပြောဆိုသုံးသပ်ထားသည်။

တာချီလိတ်မြို့သည် နယ်စပ်မြို့နှင့် လောင်းကစားဝိုင်းများ၊ Bar&club များ ပေါများသည့် မြို့ ဖြစ်သည့် အပြင် လူပေါင်းစုံ ဝင်ထွက်သွားလာသည့်မြို့ ဖြစ်သည့်အတွက် တရားဥပဒေ စိုးမိုးမှု အားနည်းနေပြီး တရားမဝင်လုပ်ရပ်များ၊ သတ်ဖြတ်လုယက်မှုများ ပေါများသည့် မြို့ဖြစ်ကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“တံလျှပ်” ဖြစ်နေသော အာဏာသိမ်းစစ်တပ်၏ ထင်ယောင်ထင်မှား အရှိန်အဟုန် သို့မဟုတ်စစ်တပ်၏ အထင်မှား “အောင်ပွဲများ”

0
မြန်မာစစ်တပ်သည် ဖလမ်း၊ လားရှိုး၊ မြဝတီ၊ ကျောက်မဲနှင့် တကောင်း ကဲ့သို့သော အဓိကဗဟိုချက်များအပါအဝင် အနည်းဆုံး မဟာဗျူဟာမြောက်နယ်မြေ ၂၀ ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ကြောင်း ဇွန်လနှောင်းပိုင်းတွင် သံလွင်တိုင်းမ် (ThanLwin Times) သတင်းဌာနက ဖော်ပြခဲ့သည်။ သို့သော် ဘားမားနယူးစ်အင်တာနေရှင်နယ် (BNI) နှင့် မြန်မာ့ငြိမ်းချမ်းရေးစောင့်ကြည့်မှုအဖွဲ့ (MPM)...

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...

စစ်ကော်မရှင် တရုတ်ကုန်စည်စီးဆင်းမှု တားမြစ်ပိတ်ပင်မှု တင်းကြပ်လာ

0
သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင် စစ်ကော်မရှင်က ရက် ၁၀၀ စီမံကိန်းအနေဖြင့် ၎င်းကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်တင်းကြပ်လာသည်။ ထိုကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်မှု တင်းကြပ်လာသဖြင့် ပြည်တွင်းကုန်တင်ယာဉ်များလည်း အလုပ်ရပ်နားထားရပြီး ပြည်သူများလည်း ကုန်စည်စျေးနှုန်းများ ထပ်မံမြင့်တက်လာမှုကို ရင်ဆိုင်နေရကြောင်း သျှမ်းမြောက်ပြည်သူများထံမှ စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် ရက်ပိုင်အတွင်းမှ စတင်ကာ စစ်ကော်မရှင်သည် လားရှိုးမြို့သို့...

ကျောက်မဲတွင် ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီးကွက်ပေး၊ ပြည်သူနေအိမ်များ မီးကြိုးခိုးယူခံနေရ

0
သျှမ်းပြည် ကျောက်မဲမြို့ပေါ် ရပ်ကွက်ရှိ ပြည်သူနေအိမ်များတွင် လျှပ်စစ်မီး မရရှိခြင်းကြောင့် မီးကြိုးခိုးယူခံနေရကြောင်း စုံစမ်းသိရသည်။ ကျောက်မဲမြို့ကို တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထံမှ စစ်တပ်ပြန်လည်ထိန်းချုပ်ခဲ့သည့် ယမန်နှစ် ၂၀၂၅ အောက်တိုဘာလ နောက်ပိုင်းမှ စတင်၍ စစ်အစိုးရလက်အောက်ခံ ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီး ဖြန့်ဝေထားပြီး ရပ်ကွက်အတွင်းရှိ ပြည်သူနေအိမ်များမှာ...

ကျိုင်းတုံ တောင်ပေါ်ဒေသ လမ်းပန်းခက်ခဲမှုကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေးခက်ခဲနေ

0
ကျိုင်းတုံမြို့နယ်ရှိ တောင်ပေါ်ဒေသများတွင် ခေတ်အဆက်ဆက် အစိုးရ မှ လမ်းပန်းဆက်သွယ်ရေးကို ကူညီထောက်ပံ့မှု မရှိခဲ့ခြင်းကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေး ဝန်ဆောင်မှု မရရှိကာ သေဆုံးမှုများ ဖြစ်ပွားသည့်အထိ ရှိနေကြောင်း သတင်းရရှိသည်။ ကျိုင်းတုံမြို့နယ်အတွင်း တောင်ပေါ်ကျေးရွာပေါင်း ၃၀ ထက်မနည်ရှိကာ လမ်းပန်းဆက်သွယ်ရေး အခက်အခဲများကို နေ့စဉ်ရန်ဆိုင်နေရသည်။ အဆိုပါ ဒေသများသည် ကျိုင်းတုံမြို့နှင့်...