အေးသာယာမြို့တွင်း ပိုင်ရှင်မဲ့ အလောင်းတွေ့ရှိ
SHAN -
သျှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့နယ် အေးသာယာမြို့ အမှတ် (၉) ရပ်ကွက်ထဲတွင် အသက် (၃၀) ကျော်ရှိ ပိုင်ရှင်မဲ့ အမျိုးသား အလောင်းတစ်လောင်းကို ယမန်နေ့ (အောက်တိုဘာ ၄) ရက်တွင် တွေ့ရှိခဲ့ကြောင်း စုံစမ်းသိရှိရသည်။ အောက်တိုဘာ ၄ ရက်၊ နေ့လည်ပိုင်းတွင် အမှတ် (၉)...
ကျေးသီးမြို့နယ်အတွင်း သူခိုးများကို ဒေသခံများ ဝိုင်းဝန်းဖမ်းဆီး
SHAN -
သျှမ်းပြည်တောင်ပိုင်း ကျေးသီးမြို့နယ်အတွင်း ဆိုင်ကယ်များကို လိုက်လံခိုးယူနေသည့် သူခိုးအဖွဲ့ကို ဒေသခံများနှင့် ဒေသတွင်း အာဏာပိုင်များ ပူးပေါင်းပြီး ဖမ်းဆီးရမိခြင်းဖြစ်ကြောင်း သတင်းသိရသည်။ ပြီးခဲ့သည့် အောက်တိုဘာလ ၂ ရက်တွင် ကျေးသီးမြို့နယ် မြို့မဈေးသို့ ဆိုင်ကယ်ခိုးယူသွားသည့် ဆိုင်ကယ် သူခိုးအဖွဲ့သည် ယင်းနေ့တွင်ပင် ပြည်သူ့ဆေးရုံအတွင်းမှ ဝန်ထမ်းတစ်ဦး၏ ဆိုင်ကယ်ကိုလည်း...
ဆီဆိုင်မြို့နယ် ဈေးဆိုင်များ မီးရှုး၊ မီးပန်း ရောင်းချပါက အရေးယူမည်
SHAN -
သျှမ်းပြည်တောင်ပိုင်း ဆီဆိုင်မြို့နယ် မြို့မဈေးအတွင်းရှိ ဈေးဆိုင်များ မီးရှူး၊ မီးပန်း၊ ဗြောက်အိုးများ ရောင်းချခြင်းများပြုလုပ်ပါက မြို့နယ်စည်ပင်က အရေးယူမည်ဖြစ်ကြောင်း ယနေ့ (အောက်တိုဘာ ၄) ရက် ထုတ်ပြန်ချက် အရသိရသည်။ “အရင်နှစ်ကတည်းက တားမြစ်ထားပါတယ်။ သီတင်းကျွတ် ရောက်ပြီဆိုရင် ဗျောက်အိုးမဖောက်ဖို့၊ မရောင်းဖို့ တားမြစ်တာပေါ့။ COVID-19...
တန့်ယန်းမြို့ ဆိုလာဘက်ထရီရှော့ခ်ဖြစ် နေအိမ်တစ်လုံးမီးလောင်ပြာကျ
သျှမ်းပြည်မြောက်ပိုင်း တန့်ယန်းမြို့တွင် ဆိုလာဘက်ထရီ ရှော့ခ်ဖြစ်ရာမှ နေအိမ်တစ်လုံး မီးလောင်ပြာကျသွားကြောင်း သတင်းသိရသည်။ ယနေ့ အောက်တိုဘာ ၃ ရက် နေ့လည်ပိုင်း ၁၂ နာရီဝန်းကျင်တွင် တန့်ယန်းမြို့၊ တပ်ဦးကျောင်း အောက်ဘက်နားရှိ ရပ်ကွက် ၈၊ အုပ်စု ၇ အတွင်းမှ နေအိမ်တစ်လုံး...
ကျောက်မဲမြို့ အရက်မူးလွန်ပြီး သေနေသည့် အလောင်းတွေ့
သျှမ်းပြည်မြောက်ပိုင်း ကျောက်မဲမြို့နယ် ရပ်ကွက် (၇) ရှိ ဂေါက်ကွင်းထဲတွင် အရက်မူးလွန်ပြီး သေနေသည့် အလောင်းတစ်လောင်း တွေ့ရှိခဲ့ကြောင်း သတင်းရရှိသည်။ စက်တင်ဘာ ၃၀ ရက် ည ၆ နာရီဝန်းကျင်အချိန်တွင် ဂေါက်ကွင်းထဲမှာ အသက် (၄၀) နီးပါးအရွယ်ခန့် အမျိုးသားတစ်ဦး၏ အလောင်းကို တွေ့ရှိခဲ့ကြောင်း...
တာချီလိတ် – ကျိုင်းတုံကြား ယာဉ်တစ်စီး တိမ်းမှောက်ပြီး ၄ ဦးသေဆုံး
သျှမ်းပြည်အရှေ့ပိုင်း တာချီလိတ် - ကျိုင်းတုံကားလမ်းပေါ်ရှိ တာလေမြို့နယ် နားယောင်းအုပ်စု ပါခမ်းနွဲ့ကျေးရွာတွင် ယာဉ်တစ်စီး တိမ်းမှောက်ပြီး နမ့်လင်းချောင်းထဲသို့ ထိုးကျကာ ကလေးအပါအဝင် ၄ ဦး သေဆုံးသွားကြောင်း စုံစမ်းသိရှိရသည်။ ယနေ့ အောက်တိုဘာ ၁ ရက် နံနက် ၆ နာရီတွင် တာချီလိတ်မြို့မှ...
မိုင်းငေါ့မြို့နယ်ခွဲ စစ်ရှောင် (၂) ဦး ယာဉ်တိုက်မှုဖြစ်ပြီး ဆေးကုသရန် အကူအညီလိုအပ်နေ
သျှမ်းပြည်မြောက်ပိုင်း ကျောက်မဲခရိုင် မိုင်းငေါ့မြို့နယ်ခွဲ မန်ပေါက်ကျေးရွာနေ စစ်ရှောင် (၂) ဦးသည် မိုင်းငေါ့မြို့ သျှမ်းစာပေယဥ်ကျေးမှု ကျောင်းသို့ စားနပ်ရိက္ခာ သွားသယ်ယူရင်း လမ်းတွင် မတော်တဆ ယာဉ်တိုက်မှု ဖြစ်ပွားသဖြင့် ဆေးကုသရန် အကူအညီလိုအပ်နေကြောင်း စုံစမ်းသိရှိရသည်။ စက်တင်ဘာ ၂၈ ရက် နံနက်ပိုင်းတွင် မန်ပေါက်ကျေးရွာမှ...
ဟိုပုံးမြို့ အဝင် အထွက် ယာဥ်ထိန်းရဲများ ငွေတောင်းခံနေ
သျှမ်းပြည်တောင်ပိုင်း တောင်ကြီးခရိုင် ဟိုပုံးမြို့နယ် ဟိုပုံး - လွိုင်လင် ကားလမ်းမပေါ်တွင် ယာဉ်ထိန်းရဲများက ခရီးသည်များထံ ယခင်ထက် ငွေကြေး ပိုကောက်ခံနေကြောင်း စုံစမ်းသိရှိရသည်။ ဇွန်လိုင်လမှစပြီး ယာဉ်ထိန်းရဲများက အဆိုပါ ဟိုပုံးမြို့အဝင်တွင် စောင့်ဆိုင်းပြီး ကားလိုင်စင်၊ ယာဉ်မောင်းလိုင်စင်များ စစ်ဆေးမေးမြန်းပြီး ပိုက်ဆံကောက်ခံလျက်ရှိကြောင်း ယခုတွင် ပိုကောက်ခံလာသဖြင့်...
နမ့်ဆန် ကလေးငယ် နှင့် အမျိုးသမီး (၁) ဦး မန္တလေးမြို့သို့ ဆေးသွားကုရင်း ပျောက်ဆုံးနေ
သျှမ်းပြည်မြောက်ပိုင်း နမ့်ဆန်မြို့နယ်ရှိ ဘုရားကြီးကျေးရွာနေ အသက် (၃၅) နှစ် အရွယ်ရှိ မစုလှဖြူ (ခ) မဖြူဟာ လေးဖြတ်နာ ရောဂါဝေဒနာကို ခံစားနေရသူဖြစ်၍ ၎င်း၏ ကလေးငယ်တစ်ဦး နှင့် မန္တလေးမြို့သို့ ဆေးသွားကုသရင်း ပျောက်ဆုံးနေကြောင်း စုံစမ်းသိရှိရသည်။ စက်တင်ဘာ ၂၃ ရက် ညနေပိုင်းတွင်...
နမ့်ခမ်းမြို့မစျေးထဲ ပစ်ခတ်သံကြားရ
သျှမ်းပြည်မြောက်ပိုင်း နမ့်ခမ်းမြို့မစျေးအတွင်း တိုင်းရင်းသားလက်နက်ကိုင် တပ်ဖွဲ့တစ်ဖွဲ့မှ ယနေ့ (စက်တင်ဘာ ၂၅)ရက် မွန်းတည့်ချိန် (၁၂)နာရီခန့် ရောက်လာပြီး ပစ်ခတ်မှု ဖြစ်ပွားခဲ့ကြောင်းစုံစမ်းသိရသည်။ ယနေ့ စက်တင်ဘာ (၂၅) ရက် မွန်းတည့်ချိန် (၁၂)နာရီခန့် နမ့်ခမ်းမြို့မစျေးထဲသို့ အမည်မသိလက်နက်ကိုင် တပ်ဖွဲ့တစ်ဖွဲ့မှ ဝင်ရောက်လာပြီး စျေးအတွင်း ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး မြို့မစျေးက...





