Saturday, April 20, 2024

ပုံးအင်းဒေသ ဆိုင်ကယ် ခိုးယူမှုများလာ

Must read

သျှမ်းပြည် တောင်ကြီးခရိုင် ပုံးအင်းဒေသထဲတွင် ဆိုင်ကယ် ခိုးယူသူများလာကြောင်း သတင်း ရရှိသည်။

Photo: Sai Sam Mai

စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း ပုံးအင်းဒေသထဲတွင် တစ်လကို ဆိုင်ကယ် ၄ စီးထက်မနည်းပျောက်ဆုံးနေသောကြောင့် စီးသူနည်းပါးလာကြောင်း ၊ ဈေးရောင်းသူများကလည်း ဆိုင်ကယ်ဖြင့်သယ်ဆောင်မှုနည်းပြီး ဈေးဝယ်သူများကလည်း ဈေးသို့သွားရောက်ဝယ်ယူခြင်း နည်းပါးလာကြောင်း သိရသည်။

“ဆိုင်ကယ် စီးတဲ့သူတွေ သိပ်မရှိတော့ဘူး။ ဈေးသွားရင်တောင် ဆိုင်ကယ်တွေ သိပ်မသုံးဘူး။ ကျနော်တို့ဆိုရင် ဆိုင်ကယ်နဲ့ လိုက်ရောင်းတဲ့ သူနားပဲဝယ်တော့တာ။ သူခိုးတွေ အရမ်းများလာတယ်။ တစ်လကို အနည်းဆုံး ၄ စီးလောက်ပျောက်တယ်။ ပြီးတော့ ရေစုပ်စက်တွေလည်း ပျောက်တယ်” ဟု ပုံးအင်းဒေသခံ တစ်ဦးက ပြောသည်။

လက်ရှိ ပုံးအင်းဒေသအတွင်းတွင် တခြားဒေသမှ လာသည့် မျက်နှာစိမ်းတွေ ပေါများလာကြောင်း ဒေသခံများက ပြောသည်။

“မျက်နှာစိမ်းတွေကလည်း များတယ်။ တစ်ခြားနေရာကလာတဲ့ သူတွေလည်း အရမ်းများလာတယ်။ ဘယ်သူဘယ်ဝါဆိုတာတောင် မသိနိုင်တော့ဘူး။ အရင်က အဲ့လောက်တောင် မများဘူး။ အောက်မြန်မာပြည်ဘက်ကနေ လာတဲ့သူတွေကလည်း ရှိသေးတယ်” ဟု ဆိုင်လဲကျေးရွာ ဒေသခံတစ်ဦးက ပြောသည်။

စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်းတွင် သျှမ်းပြည်အတွင်း ခိုးယူလုယက်မှု ၊ ဓားပြတိုက်မှု ၊ လောင်းကစား နှင့် မူးယစ်ဆေးဝါးသုံးစွဲသူများ တစ်နေ့ထက်တစ်နေ့ ပိုများပြားလာလျက်ရှိသည်။

Leave a Comments

- Advertisement -spot_img

Latest article