CATEGORY

မှုခင်း

နမ္မတူမြို့နယ် နေအိမ်များ ဖောက်ထွင်းခံရ ငွေကြေးအများအပြား ခိုးယူခံရ

သျှမ်းပြည်မြောက်ပိုင်း နမ္မတူမြို့နယ် ချောင်းသာကျေးရွာအုပ်စု ရေအိုးကျေးရွာတွင် ပြည်သူ့နေအိမ် ဖောက်ထွင်းခံရပြီး ငွေကြေး ကျပ်သိန်း ၅၀ ကျော် ဆုံးရှုံးသွားရကြောင်း စုံစမ်း သိရှိရသည်။ ပြီးခဲ့သည့် အောက်တိုဘာလ ၁၅ ရက်နေ့  ည အချိန်တွင် နမ္မတူမြို့နယ် ရေအိုးကျေးရွာတွင်ရှိသည့် ဦးကြာယုံ နေအိမ် ဖောက်ထွင်းခံရပြီး...

ကျောက်မဲမြို့ အမျိုးသားတစ်ဦး ၃ ရက်ကြာ ပျောက်ဆုံးနေ

သျှမ်းပြည်မြောက်ပိုင်း ကျောက်မဲမြို့ရှိ အမျိုးသားတစ်ဦး (၃) ရက်ကြာ ပျောက်ဆုံးသဖြင့် မိသားစုဝင်များ စိုးရိမ်နေကြောင်း စုံစမ်းသိရှိရသည်။ ပျောက်ဆုံးသွားသူ အသက် (၃၀) ဝန်းကျင်ခန့်ရှိ စိုင်းဝင်းထက် (ခ) သားကြီးသည် အောက်တိုဘာ (၁၅) ရက်နေ့ နေ့လည် ၂ နာရီ ဝန်းကျင်က ငါးဖမ်းရန်အတွက်...

အရက်မူးသူ တစ်ဦး ပြည်သူ့စစ်ကို ဓားနဲ့ခုတ်

သျှမ်းပြည်တောင်ပိုင်း ဆီဆိုင်မြို့နယ် နောင်မွန်ကျေးရွာအုပ်စုရှိ ဟိုနောင်ကျောင်းတိုက်တွင် အရက်မူးပြီး သောင်းကျန်းနေသည့် ပြည်သူတစ်ဦးက နယ်ထိန်းပြည်သူ့စစ်တစ်ဦးကို ဓားဖြင့် ခုတ်လိုက်ကြောင်း စုံစမ်း သိရှိရသည်။ ယမန်နေ့ အောက်တိုဘာ ၁၇ ရက် ည ၈ နာရီဝန်းကျင်တွင် ဟိုနောင်ကျောင်းတိုက်မှ နှစ်စဉ်ပြုလုပ်နေသော ဆီမီးပူဇော်ပွဲထဲတွင် အရက်မူးပြီး သောင်းကျန်းနေသော...

မိုးကောင်းမြို့နယ် ၄ မိုင်ရွာ (ရှမ်းရွာ) ကျောင်းထိုင်ဘုန်းကြီး သေနတ်ပစ်သတ်ခံရ

ကချင်ပြည်နယ် မိုးကောင်းမြို့နယ် ရေရှင်ကျေးရွာအုပ်စု ၄ မိုင်ရွာ (ရှမ်းရွာ) မှ ကျောင်းထိုင်ဘုန်းကြီးတစ်ပါး သေနတ်ဖြင့် ပစ်သတ်ခံရပြီး သေဆုံးသွားကြောင်း သတင်း သိရသည်။ ယမန်နေ့ (အောက်တိုဘာ ၁၆) ရက် ည ၇ နာရီကျော် ဝန်းကျင်တွင် ၄ မိုင်ရွာမှ ကျောင်းထိုင်ဆရာတော်...

မူဆယ်မြို့ နေ့လည်အချိန်မှာ ဖုန်းလုယက်မှုဖြစ်ပွား

သျှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့ တော်ရွက်ရပ်ကွက်ထဲတွင် ယနေ့ (အောက်တိုဘာ ၁၇) ရက် နံနက် ၁၀ နာရီ ဝန်းကျင်တွင် အမျိုးသမီး ၂ ဦး လမ်းဘေး၌ ရပ်ပြီး စကားပြောနေချိန် ဖုန်းလုယက်ခံရကြောင်း သတင်းရရှိသည်။ ဖြစ်စဉ်မှာ အမျိုးသမီး ၂ ဦးသည် လမ်းဘေးတွင်ရပ်ပြီး...

ကွတ်ခိုင်မြို့ ရွှေဆိုင်တစ်ခု အမျိုးသမီး နှစ်ဦး ကျပ်သိန်း (၆၀) တန် ရွှေဆွဲကြိုး ခိုးယူသွား

သျှမ်းပြည်မြောက်ပိုင်း ကွက်ခိုင်မြို့ ရပ်ကွက် (၅) အတွင်း ဖွင့်လှစ်ထားသော ထွန်းရွှေ အရောင်းဆိုင်တွင် ယမန်နေ့ (အောက်တိုဘာ ၁၆) ရက်၊ နံနက်ပိုင်း ၈ နာရီတွင် ရွှေဆွဲကြိုးလာဝယ်သော အမျိုးသမီးနှစ်ဦးက ကျပ်သိန်း (၆၀) တန် ရွှေဆွဲကြိုး တစ်ကုံးကို ခိုးယူသွားကြောင်း စုံစမ်းသိရှိရသည်။ ...

တာချီလိတ် ဆရာတော် ၁ ပါး နှင့် ဒကာ ၄ ဦး တရုတ်စာပါ ကော်ဖီသောက်ပြီး သတိလစ်သွား

သျှမ်းပြည်အရှေ့ပိုင်း တာချီလိတ်မြို့တွင် ဆရာတော်တစ်ပါး နှင့် ဒကာ ၄ ဦးတို့သည် တရုတ်စာတမ်းပါ (COFFEE SHQ) တံဆိပ် ကော်ဖီကို သောက်မိပြီးနောက် သတိလစ်မေ့သွားကြောင်း စုံစမ်း သိရှိရသည်။ ယနေ့ (အောက်တိုဘာ ၁၇) ရက် နံနက် ၇ နာရီဝန်းကျင်တွင် တာချီလိတ်မြို့...

မူဆယ်မြို့ ပြန်ပေးဆွဲခံရ ကလေးတစ်ဦး တရုတ်ယွမ် ငါးသိန်း ပြန်ရွေးယူခဲ့ရ

သျှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် တရုတ်စာသင်ကျောင်း သွားတက်သော ၉ နှစ်အရွယ်ရှိ ကလေးငယ်တစ်ဦး အမည်မသိအုပ်စုက ပြန်ပေးဆွဲသွားပြီး တရုတ်ယွမ်ငွေ ငါးသိန်း (မြန်မာကျပ်ငွေ ကာလပေါက်ဈေး ကျပ်သိန်း ၁၂,၀၀၀) ဖြင့် ပြန်ရွေးယူခဲ့ရကြောင်း စုံစမ်းသိရှိရသည်။ လက်ရှိ တရုတ်ယွမ်ငွေ ကာလပေါက်စျေးသည် မြန်မာငွေ တစ်သိန်းကျပ်လျှင် ၂၄၀...

မူဆယ်မြို့ အမျိုးသားတစ်ဦး လည်ပင်း ဓားထိုးခံရပြီး ဆိုင်ကယ် လုယက်ခံရ

သျှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့နယ်တွင် မူဆယ်မြို့မှ ပန်ဆန်းသွားသည့် လမ်းရှိ တုံခန်ကျေးရွာအနီးတွင် ဆိုင်ကယ်မောင်းနှင်လာသည့် အမျိုးသား တစ်ဦး လည်ပင်းကို ဓါးထိုးခံရပြီးနောက် ဆိုင်ကယ်လုယက်ခံရကြောင်း သတင်းသိရသည်။ ပြီးခဲ့သည့် အောက်တိုဘာလ ၁၃ ရက်နေ့ မွန်းလွဲပိုင်း ၂ နာရီဝန်းကျင်တွင် တုံခန်ကျေးရွာအနီး၌ အမည်မသိ ဆိုင်ကယ်တစ်စီး အမျိုးသား...

မိုးနဲမြို့ လောင်းကစားဝိုင်းကြောင့် လူငယ်များ ခိုက်ရန်ဖြစ်ပွား

သျှမ်းပြည်တောင်ပိုင်း မိုးနဲမြို့နယ် ကင်တုံကျေးရွာတွင် လူငယ်များ လောင်းကစားသွားရောက်ကစားရာမှတဆင့် အချင်းချင်း ရန်ဖြစ်ပွားခဲ့ကြောင်း စုံစမ်းသိရှိရသည်။ မိုးနဲမြို့နယ် ကင်တုံကျေးရွာထဲတွင် အောက်တိုဘာ ၁၁ ရက်မှ စပြီး လောင်းကစားဝိုင်းဖွင့်လှစ်ခဲ့ပြီး လူငယ်များ သွားရောက်ကစားရာမှ တဆင့် အောက်တိုဘာ ၁၂ ရက်တွင် လူငယ်အချင်းချင်း ရိုက်နှက်ရန်ဖြစ်မှု ဖြစ်ပွားခဲ့ကြောင်း...

Latest news