Tuesday, January 27, 2026

မြန်မာ – တရုတ်နယ်စပ် လွယ်ဂျယ် အရက်သောက်ရာမှ လူ (၁၀) ဦး သေဆုံး

မြန်မာ – တရုတ်နိုင်ငံ နယ်စပ်ဖြစ်သည့် ကချင်ပြည် မိုးမောက်မြို့နယ် လွယ်ဂျယ်မြို့တွင် အရက်သောက်သုံးရာမှ (၁၀) ဦး သေဆုံးကာ (၂) ဦး ဆေးဝါးကုသမှု ခံယူနေရကြောင်း (ဇန်နဝါရီ ၃) ရက်၏ သတိပေးစာထုတ်ပြန်ချက်အရ သိရသည်။

မြို့နယ်အုပ်ချုပ်ရေးမှူး ထုတ်ပြန်သည့်စာ

လွယ်ဂျယ်မြို့ အောင်ချမ်းသာရပ်ကွက် တရုတ် ရိုးရာယဉ်ကျေးမှုခန်းမ ဆိုင်ခန်းတွင် ဖွင့်လှစ်ရောင်းချနေသည့် အရက်ဆိုင်တစ်ဆိုင်၏ အရက်ကို ဝယ်သောက်ပြီးနောက် ရုတ်တရက် မျက်စိ အမြင်မှုန်ဝါး/ အသက်ရှူမဝ ရောဂါဝေဒနာများ ခံစားရသဖြင့် လွယ်ဂျယ်မြို့ ပြည့်သူဆေးရုံသို့ ပို့ဆောင်ပြီး ဆေးဝါးကုသမှု ခံယူရသည်။

ထိုဆေးရုံ၌ ဆေးဝါးကုသခံယူရင်း လူ (၁၀) ဦး သေဆုံးကာ (၂) ဦး ဆေးဝါးကုသခံယူနေလျှက် ရှိနေကြောင်း လွယ်ဂျယ်မြို့ဒေသခံ အသက် ၃၀ ကျော် အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“ဟုတ်တယ်ဗျာ။ သူတို့ အဲ့အရက်သောက်ပြီး အဆိပ်သင့်တာ၊ အဆိပ်သင့်ပြီး ဆေးရုံမှာ ဆုံးသွားကြတာဗျာ။ အဲ့ အရက်ကိုသောက်ပြီး လူ ၁၀ ယောက်လောက်တော့ ဆုံးသွားပြီ “ ဟု ၎င်းအမျိုးသားတစ်ဦးက ပြောသည်။

အဆိုပါ အရက်သည် မည်သည့် တံဆိပ်ဖြင့် မည်သည့် ကုမ္ပဏီ ထုတ်လုပ်ထားသည်ကို မသိရှိရကြောင်း ၎င်းအရက်ကို ဗန်းမော်မြို့မှ တစ်ဆင့် လွယ်ဂျယ်မြို့မှာ ပြန်လည်ဖြန့်ဖြူးရောင်းချနေသည်ကို တွေ့ရှိရသည်ဟု ၎င်းကဆက်ပြောသည်။

အရက်သောက်ပြီး သေဆုံးသူများမှာ အသက် ၂၀ နှင့် ၅၀ နှစ်ကြား အမျိုးသားများ ဖြစ်ကြကြောင်း သိရသည်။

ထို့အပြင် လွယ်ဂျယ်မြို့ အောင်ချမ်းသာရပ်ကွက် တရုတ်ရိုးရာ ယဉ်ကျေးမှုခန်းမ ဆိုင်ခန်းမှ ဒေါ်မူမူ ဖွင့်လှစ်ရောင်းချသည့် အရက်ဆိုင်ကို ဝယ်ယူသောက်သုံးခြင်းမပြုရန်၊ ဝယ်ယူထားပါက သက်ဆိုင်ရာနယ်မြေ ရဲစခန်းသို့ လာရောက်အပ်နှံရန်ဆိုပြီး မြို့နယ်အုပ်ချုပ်ရေးမှူးက ထုတ်ပြန်ရေးသားခဲ့သည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

စစ်ကော်မရှင်နှင့် PNO စစ်သုံးစရိတ်နှင့် တပ်သားစုဆောင်းမှုကြား စိတ်ရောကိုယ်ပါ ပင်ပန်းနေ

0
အာဏာသိမ်းစစ်တပ်က စစ်မှုထမ်းဥပဒေကို ပြန်လည်အသက်သွင်းပြီးနောက်ပိုင်း စစ်မှုထမ်း လစဉ်ကြေးနှင့် တပ်သားသစ် စုဆောင်းမှုဒဏ်ကြောင့် လူထုကြား စိတ်ရောကိုယ်ပါ ပင်ပန်းနွမ်းနယ်နေကြောင်း ဒေသခံများက ပြောသည်။ တရားဝင် လူဖမ်းစစ်သားစုဆောင်းရန်အတွက် စစ်တပ်က စစ်မှုထမ်းဥပဒေကို ပြန်လည်အသက်သွင်းခဲ့သည်မှာ လာမည့် ၂၀၂၆ ဖေဖော်ဝါရီလ ၁၀ ရက်နေ့တွင် ၂ နှစ်ပြည့်ပြီ ဖြစ်သည်။ သို့သော်...

လူငယ်များအား အဓမ္မ စစ်ထဲဆွဲထည့်နေသည့် စစ်ခေါင်းဆောင် ဦးဆောင်၍ လူငယ် ငြိမ်းချမ်းရေးဖိုရမ် ကျင်းပနေ

0
အနည်းဆုံး လူငယ် ၆၀၀၀၀ ကျော်ကို အဓမ္မ စစ်တပ်ထဲ ဆွဲထည့်ထားသည့် စစ်ခေါင်းဆောင် မင်းအောင်လှိုင် ဦးဆောင်သော လူငယ် ငြိမ်းချမ်းရေး ဖိုရမ် ၂၀၂၆ ကို ယမန်နေ့ (ဇန်နဝါရီ ၁၃ ရက်) နံနက်ပိုင်းက နေပြည်တော်၌ စတင် ကျင်းပနေကြောင်း စစ်ကောင်စီက...

မဲပေးစက်ပြဿနာနှင့် ကြိုတင်မဲကြောင့် ကြံ့ခိုင်ရေးပါတီက အများစုအနိုင်ရ

0
သျှမ်းပြည် ၁၇ မြို့နယ်တွင် ပြီးခဲ့သော ဇန်နဝါရီလ ၁၁ ရက်က ကျင်းပသည့် ရွေးကောက်ပွဲ အပိုင်း (၂) ၏ အနိုင်အရှုံးစာရင်းများကို ကြည့်လျှင် စစ်တပ်ကျောထောက်နောက်ခံ ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး (USDP) ပါတီက အများစုအနိုင်ရထားသည်။ ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး (USDP) ပါတီသည် ၁၉၉၃ ခုနှစ်က...

ရပ်စောက်နှင့် ရွာငံမြို့နယ်တွင် လုံခြုံရေးစိုးရိမ်မှုကြား ဒေသခံမဲသွားပေး

0
သျှမ်းပြည် ရပ်စောက်မြို့နယ်နှင့် ရွာငံမြို့နယ်တွင် စစ်ကော်မရှင်တပ်မှ စစ်အင်အား ဖြည့်တင်းထားပြီး မဲရုံပရဝုဏ်အနီး လက်နက်အပြည့်အစုံဖြင့် စောင့်ဆိုင်းနေခြင်းကြောင့် ဒေသခံများ လုံခြုံရေးစိုးရိမ်မှုဖြင့် မဲသွားပေးနေရကြောင်း စုံစမ်းသိရသည်။ ယနေ့ (ဇန်နဝါရီလ ၁၁ ရက်) တွင် စစ်ကော်မရှင် ကျင်းပနေသည့် ရွေးကောက်ပွဲ ဒုတိယပိုင်းတွင် သျှမ်းပြည်တောင်ပိုင်းမှ ရပ်စောက်၊ ရွာငံ၊...

မိုင်းပျဉ်း ကြိုတင်မဲကောက်ယူရာတွင် USDP မှလွဲ၍ အခြားပါတီများကို အကြောင်းမကြား ဟုဆို

0
သျှမ်းပြည်အရှေ့ပိုင်း မိုင်းပျဉ်းမြို့နယ်တွင် ရွေးကောက်ပွဲ အပိုင်း (၂) အတွက် ကြိုတင်မဲကောက်ယူရာတွင် လွှတ်တော်ကိုယ်စားလှယ်များ လိုက်ပါခွင့်ပြုမည်ဟု ရွေးကော်ပွဲကော်မရှင်က ပြောသော်လည်း မြေပြင်တွင် ကြံ့ခိုင်ရေး ဖွံ့ဖြိုးရေး (USDP)ပါတီမှလွဲ၍ အခြားပါတီများကိုအကြောင်းကြားခြင်းမရှိခဲ့ ကြောင်း စုံစမ်းသိရသည်။ လာမည့် ဇန်နဝါရီလ ၁၁ ရက်တွင် သျှမ်းပြည်အရှေ့ပိုင်း မိုင်းခတ်၊ မိုင်းပျဉ်း၊...