ဆီဆိုင် – လွိုင်ကော် ခရီးသွား ပြည်သူများကို ပြည်သူ့စစ် (PNO/PNA) ဆက်ကြေး ပိုကောက်နေ

သျှမ်းပြည် တောင်ကြီးခရိုင် ဆီဆိုင်မြို့နယ် ဆီဆိုင် – လွိုင်ကော်ကြား ပြည်ထောင်စု ကားလမ်းမကြီးပေါ်သို့ ခရီးသွား ပြည်သူများကို ပြည်သူ့စစ် (PNO/PNA) က အခွန် (ဆက်ကြေး) ကောက်ခံနေကြောင်း စုံစမ်းသိရှိရသည်။

PNO မှ ပေးသည့် ကဒ်

ယမန်နေ့ (ဇန်နဝါရီ ၃) ရက် နေ့လည်ပိုင်းတွင် ဆီဆိုင် – လွိုင်ကော်ကြား ကုန်းဆွတ်ကျေးရွာအုပ်စု ကုန်းလောရွာအနီးရှိ ပြည်သူ့စစ် (PNO/PNA) စစ်ဆေးရေးဂိတ်တွင် ပြည်သူ့စစ် တပ်သားများက ခရီးသွားလာပြည်သူကို “အထက်အမိန့်က တောင်းခိုင်းသည်” ဟုဆိုပြီး တစ်ဦးလျှင် ကျပ်ငွေ ၅,၀၀၀ ဆက်ကြေးကောက်ခံနေကြောင်း ကြုံတွေ့ရသူ ဒေသခံတစ်ဦးက သျှမ်းသံတော်ဆင့် ကိုပြောသည်။

“ အရင်တခါက သူတို့ အဲ့လောက်မတောင်းဘူးဗျ။ လက်ဖက်ရည်ဖိုး၊ ဆေးလိပ်ဖိုးကို ကျပ်ငွေ (၅၀၀)၊ (၁,၀၀၀) လောက်ဘဲ တောင်းတယ်။ အခုက အထက် တောင်းခိုင်းတယ်ဆိုပြီး တစ်ယောက်ကို ကျပ်ငွေ ၅,၀၀၀ တောင်းသွားတယ်။ ပြီးတော့ သူတို့ ကဒ်တစ်ခုပေးလာပြီး အဲ့ကဒ်ရှိရင် အခွန်မကောက်တော့ဘူးလို့ပြောတယ်“ ဟု ၎င်း ဒေသခံတစ်ဦးက ပြောသည်။

ဆီဆိုင် – လွိုင်ကော်ကြား ပြည်ထောင်စု ကားလမ်းမပေါ် တလျောက်တွင် ပြည်သူ့စစ် (PNO/PNA) စစ်ဆေးရေးဂိတ် ၂ ဂိတ် ရှိသလို စစ်ကောင်စီ စစ်ဆေးရေးဂိတ် စုစုပေါင်း (၃) ဂိတ်ရှိရာ ခရီးသွားပြည်သူများသည် အမြဲအခွန် ဆောင်နေရကြောင်း သိရသည်။

ထို့အပြင် ခရီးသွားလာ ပြည်သူများသည် စစ်ဆေးရေးဂိတ်တွင် ဆက်ကြေး အမြဲဆောင်နေရပြီးနောက်ပိုင်း အရေးတကြီး ခရီးသွားလိုလျှင် မသွားနိုင်ဘဲ စစ်ဆေးရေးဂိတ်မှာ အချိန်ပိုကုန်၊ ကြာမြင့်လာသလို စားဝတ်နေရေး ကြပ်တည်းသည့် ယခုလို ကာလမှာလည်း ပြည်သူများ ပိုခက်ခဲစေလာကြောင်း ၎င်းဒေသခံအမျိုးသားက ဆက်ပြောသည်။

“ တဖက်က နိုင်ငံရေးလည်း မကောင်းဘူး။ လက်နက်ကိုင်တွေက စစ်ဆေးရေး ဂိတ်ဖွင့်ပြီး ပြည်သူတွေကို အခွန်ကောက်ခံလာတာ ကြာလာရင် ကျနော်တို့ဘဲ ပိုခက်ခဲလာတယ်။ အရင်လို သွားလာလို့ အဆင်မပြေ တော့ဘူး၊ စစ်ဆေးရေးဂိတ်မှာ သူတို့ ရစ်သမျှခံပြီး အချိန်ကုန်တယ်။ နောက်ပိုင်း ကျနော်တို့ စီးပွားရေးလည်း ထိခိုက်လာတယ်“ ဟု ၎င်းဒေသခံ အမျိုးသားက ထပ်လောင်းပြောသည်။

စစ်အာဏာသိမ်းပြီးနောက်ပိုင်း သျှမ်းပြည်အတွင်းရှိ စစ်ဆေးရေးဂိတ်မှာ ယခင်ထက် ဂိတ်များပိုမို ဖွင့်လှစ်လာနိုင်သဖြင့် ပြည်သူများကို မှတ်ပုံတင်၊ အိမ်ထောင်စု ဇယားကိုလည်း အမြဲစစ်ဆေးမေးမြန်း လေ့ရှိကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ဆီဆိုင်မြို့နယ်ရှိ ကျေးရွာများတွင် ဘောင်းဘီဝတ်လျှင် ဒဏ်ငွေပေးဆောင်ရမည်ဟုဆို

0
သျှမ်းပြည်တောင်ပိုင်း၊ဆီဆိုင်မြို့နယ် ထမ်ဆိုင်းကျေးရွာနှင့် အနီးနားကျေးရွာများတွင် ဘောင်းဘီဝတ်ခွင့် ပိတ်ပင်ထားပြီး၊ ဘောင်းဘီဝတ်လျှင် ဒဏ်ငွေပေးဆောင်ရမည်ဖြစ်ကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် မေလဆန်းပိုင်းမှစကာ ထမ်ဆိုင်းကျေးရွာနှင့် ၎င်းပတ်ဝန်းကျင် အနီးနားရှိကျေးရွာမှ ဒေသခံများ ရိုးရာ ဝတ်စားဆင်ယင်မှု လျော့နည်းလာခြင်း၊ ကျေးရွာ ဂုဏ်သိက္ခာထိခိုက်စေလာမှုကြောင့် ဘောင်းဘီဝတ်ဆင်မှုကို ကျေးရွာသူကြီးများက ကန့်သတ်လိုက်ကြောင်း ၎င်းဒေသခံများက ပြောသည်။ အဆိုပါ ကန့်သတ်ချက်ကို...

ဆီဆိုင်တွင် မိုင်းရှင်းရန် PNO ကို ငွေပေးနေရ

0
သျှမ်းပြည် တောင်ပိုင်း ဆီဆိုင်မြို့နယ်ရှိ စိုက်ခင်းများအတွင်း ကျန်ရှိနေသည့် စစ်လက်နက်အကြွင်းအကျန် မြေမြုပ်မိုင်းများကို စစ်ကောင်စီ လက်အောက်ခံ ပအိုဝ်းပြည်သူ့စစ် PNO ထံငွေပေးပြီး ရှင်းခိုင်းနေရကြောင်း စုံစမ်းသိရသည်။ ပြီးခဲ့သည့် ၂၀၂၄ ဇန်နဝါရီမှစပြီး ဆီဆိုင်မြို့နယ်အတွင်း ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (PNLA)၊ကရင်နီတော်လှန်ရေးတပ်ပေါင်းစု ပူးပေါင်းအဖွဲ့များနှင့် စစ်ကောင်စီတပ်၊ ပအိုဝ်းပြည်သူ့စစ် PNO ပူးပေါင်းတပ်တို့အကြား...

ဆီဆိုင်မြို့နယ် PNO စစ်ဆေးရေးဂိတ်တွင် ကန့်သတ်ကုန်များကို စစ်ဆေးတင်းကြပ်နေ

0
သျှမ်းပြည် တောင်ပိုင်း ဆီဆိုင်မြို့နယ်ရှိ စစ်ကော်မရှင် လက်အောက်ခံ ပအိုဝ်းပြည်သူ့စစ် (PNO) စစ်ဆေးရေးဂိတ်များတွင် ကန့်သတ်ကုန်ပစ္စည်းများကို စစ်ဆေးတင်းကြပ်နေကြောင်း စုံစမ်းသိရသည်။ ဆီဆိုင်မြို့နယ်အတွင်း အခြေခံစားသောက်ကုန်များ ၊ ဆေးဝါးများ နှင့် စက်သုံးဆီများကိုသယ်ယူပို့်ဆောင်ရာာတွင် စစ်ကော်မရှင် လက်အောက်ခံ ပအိုဝ်းပြည်သူ့စစ် PNO များက သယ်ယူပို့ဆောင်ရန် ကန့်သတ်မှုများ ပြုလုပ်...

ဆီဆိုင်မြို့နယ်တွင် မိုးကြိုးစက်ကွင်းကြောင့် နွားအကောင်ရေ ၅၀ ခန့်သေဆုံး

0
သျှမ်းပြည် ဆီဆိုင်မြို့နယ်တွင် မိုးကြိုးစက်ကွင်း ထိမှန်ခြင်းကြောင့် နွားအကောင်ရေ ၅၀ ခန့် သေဆုံးခဲ့ကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ (မေလ ၂၁ ရက်) နေ့လယ် ၂ နာရီခန့်တွင် ဆီဆိုင်မြို့နယ် ကောင်ဝါးတောင်ရွာရှိ တောင်ယာအနီးတွင် နွားအုပ်လိုက် ကျက်စားနေချိန် မိုးကြိုးစက်ကွင်း ထိမှန်ခဲ့ခြင်းကြောင့် နွား အကောင်ရေ...

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...