Wednesday, January 28, 2026

ဆီဆိုင်မြို့နယ် ဆိုက်ခေါင်ဈေးတွင်း ရွှေဆိုင်တစ်ဆိုင် ဓားပြတိုက်ခံရ

သျှမ်းပြည် တောင်ကြီးခရိုင် ဆီဆိုင်မြို့နယ် ဆိုက်ခေါင်စံပြကျေးရွာ ဆိုက်ခေါင်ဈေးအတွင်း ဖွင့်လှစ်ထားသော ရွှေနဒီရွှေဆိုင် ဓားပြတိုက်ခံရပြီး ရွှေ ၄၀ ကျပ်သားခန့် ပါသွားကြောင်း စုံစမ်း သိရှိရသည်။

ဆိုက်ခေါင်စံပြကျေးရွာ

ယနေ့ (ဇန်နဝါရီ ၄ ) ရက် နံနက် ၉ နာရီခွဲခန့်တွင် ဆိုက်ခေါင်ဈေးအတွင်းသို့ ဖွင့်လှစ်ထားသော ရွှေနဒီ ရွှေဆိုင်ကို အမည်မသိ အမျိုးသားတစ်ဦးက သေနတ်ထောက်ပြီး ရွှေ ၄၀ ကျပ်သားကို ဓားပြတိုက်သွားကြောင်း ဆိုက်ခေါင်ဒေသခံ အသက် ၂၀ ကျော် အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

လက်ရှိ ပြင်ပအခေါက်ရွှေ ပေါက်ဈေးမှာ ၁ ကျပ်သားလျှင် ၂၇ ကျပ်သိန်းထိ ဈေးနှုန်းမြင့်တက်နေကြောင်း သိရသည်။

“ ရွှေနဒီ ရွှေဆိုင် ဓားပြတိုက်ခံရတာဗျ။ ဒီနေ့က ဈေးနေ့ ဆိုပေမယ့် ဈေးက ၁၀ နာရီမှ ဖွင့်တာ၊ လူသိပ်မများသေးဘူး။ ဓားပြ လာတိုက်တဲ့သူက အမျိုးသား တစ်ယောက်ထဲဗျ။ ဆိုင်ကယ် ဦးထုပ်ဆောင်းပြီး အင်္ကျီလက်ရှည်၊ ဘောင်းဘီရှည် ဝတ်ထားတော့ မျက်နှာမမြင်ဘူး။ ဆိုင်ရှင်ကို သေနတ်နဲ့ ထောက်ပြီး ဓားပြတိုက်သွားတာ။ ရွှေ ၄၀ ကျပ်သားလောက် ပါသွားတယ်လို့ပြောတယ် “ ဟု ၎င်း အမျိုးသားတစ်ဦးက ပြောသည်။

အဆိုပါ ရွှေဆိုင်ဓားပြတိုက်ခံရမှုနှင့် ပတ်သက်ပြီး လက်ရှိမှာ သက်ဆိုင်ရာ ရဲတပ်ဖွဲ့နှင့် ပြည်သူ့စစ်ကို တိုင်ကြားထားကြောင်း သိရသည်။

ထို့အပြင် ဓားပြတိုက်မှု နှင့် ပတ်သက်ပြီး လုံခြုံရေးကို ယခင်ကထက် ပိုမိုတင်းကြပ်သွားသာလျှင် လုံခြုံစိတ်ချရတော့မည်ဟု ဆိုက်ခေါင်ဒေသခံ အသက် ၃၀ ကျော် အမျိုးသားတစ်ဦးက ပြောသည်။

“ ကျနော်တို့တော့ ကြောက်လည်းကြောက်တယ်၊ စိုးလည်း စိုးရိမ်တယ်။ အရင်ကလို ကင်းစောင့်မှ ရတော့မယ်။ မဟုတ်ရင်ဘာမှ လုံခြုံစိတ် မချရဘူး“ ဟု ၎င်း အမျိုးသားတစ်ဦးက ပြောသည်။

ဓားပြတိုက်ခံရသည့် အချိန်တွင် ဆိုက်ခေါင်စံပြကျေးရွာမှာ မီးပျက်နေသည့်အတွက်ကြောင့် CCTV မှတ်တမ်းမရလိုက်ခဲ့ကြောင်း ၎င်းရွှေဆိုင်နှင့် နီးစပ်သူက ပြောသည်။

စစ်အာဏာသိမ်းပြီးနောက်ပိုင်း သျှမ်းပြည်တွင် တရား ဥပဒေ စိုးမိုးမှု မရှိသည့်အတွက် ဒေသခံပြည်သူများသည် မကြာခဏ ခိုးဆိုးလုယက်၊ ဓားပြတိုက်ခံနေရကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

စစ်ကော်မရှင်နှင့် PNO စစ်သုံးစရိတ်နှင့် တပ်သားစုဆောင်းမှုကြား စိတ်ရောကိုယ်ပါ ပင်ပန်းနေ

0
အာဏာသိမ်းစစ်တပ်က စစ်မှုထမ်းဥပဒေကို ပြန်လည်အသက်သွင်းပြီးနောက်ပိုင်း စစ်မှုထမ်း လစဉ်ကြေးနှင့် တပ်သားသစ် စုဆောင်းမှုဒဏ်ကြောင့် လူထုကြား စိတ်ရောကိုယ်ပါ ပင်ပန်းနွမ်းနယ်နေကြောင်း ဒေသခံများက ပြောသည်။ တရားဝင် လူဖမ်းစစ်သားစုဆောင်းရန်အတွက် စစ်တပ်က စစ်မှုထမ်းဥပဒေကို ပြန်လည်အသက်သွင်းခဲ့သည်မှာ လာမည့် ၂၀၂၆ ဖေဖော်ဝါရီလ ၁၀ ရက်နေ့တွင် ၂ နှစ်ပြည့်ပြီ ဖြစ်သည်။ သို့သော်...

လူငယ်များအား အဓမ္မ စစ်ထဲဆွဲထည့်နေသည့် စစ်ခေါင်းဆောင် ဦးဆောင်၍ လူငယ် ငြိမ်းချမ်းရေးဖိုရမ် ကျင်းပနေ

0
အနည်းဆုံး လူငယ် ၆၀၀၀၀ ကျော်ကို အဓမ္မ စစ်တပ်ထဲ ဆွဲထည့်ထားသည့် စစ်ခေါင်းဆောင် မင်းအောင်လှိုင် ဦးဆောင်သော လူငယ် ငြိမ်းချမ်းရေး ဖိုရမ် ၂၀၂၆ ကို ယမန်နေ့ (ဇန်နဝါရီ ၁၃ ရက်) နံနက်ပိုင်းက နေပြည်တော်၌ စတင် ကျင်းပနေကြောင်း စစ်ကောင်စီက...

မဲပေးစက်ပြဿနာနှင့် ကြိုတင်မဲကြောင့် ကြံ့ခိုင်ရေးပါတီက အများစုအနိုင်ရ

0
သျှမ်းပြည် ၁၇ မြို့နယ်တွင် ပြီးခဲ့သော ဇန်နဝါရီလ ၁၁ ရက်က ကျင်းပသည့် ရွေးကောက်ပွဲ အပိုင်း (၂) ၏ အနိုင်အရှုံးစာရင်းများကို ကြည့်လျှင် စစ်တပ်ကျောထောက်နောက်ခံ ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး (USDP) ပါတီက အများစုအနိုင်ရထားသည်။ ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး (USDP) ပါတီသည် ၁၉၉၃ ခုနှစ်က...

ရပ်စောက်နှင့် ရွာငံမြို့နယ်တွင် လုံခြုံရေးစိုးရိမ်မှုကြား ဒေသခံမဲသွားပေး

0
သျှမ်းပြည် ရပ်စောက်မြို့နယ်နှင့် ရွာငံမြို့နယ်တွင် စစ်ကော်မရှင်တပ်မှ စစ်အင်အား ဖြည့်တင်းထားပြီး မဲရုံပရဝုဏ်အနီး လက်နက်အပြည့်အစုံဖြင့် စောင့်ဆိုင်းနေခြင်းကြောင့် ဒေသခံများ လုံခြုံရေးစိုးရိမ်မှုဖြင့် မဲသွားပေးနေရကြောင်း စုံစမ်းသိရသည်။ ယနေ့ (ဇန်နဝါရီလ ၁၁ ရက်) တွင် စစ်ကော်မရှင် ကျင်းပနေသည့် ရွေးကောက်ပွဲ ဒုတိယပိုင်းတွင် သျှမ်းပြည်တောင်ပိုင်းမှ ရပ်စောက်၊ ရွာငံ၊...

မိုင်းပျဉ်း ကြိုတင်မဲကောက်ယူရာတွင် USDP မှလွဲ၍ အခြားပါတီများကို အကြောင်းမကြား ဟုဆို

0
သျှမ်းပြည်အရှေ့ပိုင်း မိုင်းပျဉ်းမြို့နယ်တွင် ရွေးကောက်ပွဲ အပိုင်း (၂) အတွက် ကြိုတင်မဲကောက်ယူရာတွင် လွှတ်တော်ကိုယ်စားလှယ်များ လိုက်ပါခွင့်ပြုမည်ဟု ရွေးကော်ပွဲကော်မရှင်က ပြောသော်လည်း မြေပြင်တွင် ကြံ့ခိုင်ရေး ဖွံ့ဖြိုးရေး (USDP)ပါတီမှလွဲ၍ အခြားပါတီများကိုအကြောင်းကြားခြင်းမရှိခဲ့ ကြောင်း စုံစမ်းသိရသည်။ လာမည့် ဇန်နဝါရီလ ၁၁ ရက်တွင် သျှမ်းပြည်အရှေ့ပိုင်း မိုင်းခတ်၊ မိုင်းပျဉ်း၊...