Wednesday, January 28, 2026

ကျောက်မဲမြို့လယ်ခေါင် အမျိုးသမီးငယ်တစ်ဦး ဓားပြတိုက်ခံရ၊ ဆိုင်ကယ်ပါသွား

သျှမ်းပြည် ကျောက်မဲခရိုင် ကျောက်မဲမြို့နယ် ကျောက်မဲမြို့ ရပ်ကွက် ၈ မြို့လယ်ခေါင်တွင် ယနေ့ ( ဇန်နဝါရီ ၄)ရက် ညနေ ၅နာရီခွဲတွင် အမျိုးသမီးငယ်တစ်ဦး ဓားပြတိုက်ခံရပြီး ဆိုင်ကယ် တစ်စီးပါသွားကြောင်း သတင်းရရှိသည်။

ဓားပြတိုက်ခံရတဲ့ဆိုင်ကယ်

ကျောက်မဲမြို့ မြို့လယ်ခေါင် ရပ်ကွက် (၈) မုံလာခြံ ရွှေစေတီဘုံ ပစ္စည်းထားသည့်အနီးတွင် ယနေ့ (ဇန်နဝါရီ ၄) ရက် ညနေ ၅ နာရီခွဲအချိန် လူသွား၊ လူလာများသည့်အချိန်တွင် အမျိုးသမီးငယ်တစ်ဦး ဓားပြတိုက်ခံရပြီး ဖုန်း၊ ပိုက်ဆံအိတ် နှင့် ဆိုင်ကယ် တစ်စီးပါသွားကြောင်း ၎င်း၏ဖခင်က သျှမ်းသံတော်ဆင့်ကို ပြောသည်။

“ ရပ်ကွက် ၈ ထဲက ဘတ်စကတ်ဘောပြိုင်ပွဲကို သွားကြည့်ပြီး ပြန်လာတာ။ ပြန်လာပြီး မုံလာခြံ ရွှေစေတီဘုံပစ္စည်းထားတဲ့ နေရာနားမှာ လူ ၂ ဦးက ကျနော်ရဲ့ သမီးကို ဓားနဲ့ထောက်ပြီး ဆိုင်ကယ်၊ ဖုန်း၊ ပိုက်ဆံအိတ်၊ မှတ်ပုံတင်၊ လိုင်စင် အကုန်ပါသွားတယ် “ ဟု ၎င်းဖခင်က ပြောသည်။

ဆိုင်ကယ်သည် Honda ( စကူပီ ) အနက်ရောင် အမျိုးအစားဖြစ်ကာ လိုင်စင်နှင့် ဝယ်ထားရသောကြောင့် ကျပ်သိန်း ၂၀ ဝန်းကျင်ထိ ဈေးနှုန်းရှိကြောင်း ဆိုသည်။

“ ခေတ်ကာလ အခြေနေမကောင်း၊ လောင်းကစားဝိုင်းကလည်း ပေါတယ်။ မူးယစ်ဆေးသုံးစွဲတဲ့ သူလည်းများတော့ အမျိုးမျိုး စိတ်ပူနေတာပေါ့။ အခုက ဓားပြတိုက်ခံရတဲ့နေရာဆို လူမရှိတဲ့နေရာလည်း မဟုတ်ဘူး။ မြို့လယ် လူအုပ်များတဲ့နေရာမှာ ဓားပြလာတိုက်တယ်ဆိုတော့ အရမ်းကို ဆိုးရွားလွန်းနေပြီ “ ဟု ဓားပြတိုက်ခံရသည့် အမျိုးသမီးငယ်၏ ဖခင်က ထပ်လောင်းပြောသည်။

ကျောက်မဲမြို့သည် လက်နက်ကိုင် တပ်ဖွဲ့များ ပေါများသည့် နေရာဖြစ်သလို တိုက်ပွဲမကြာခဏ ဖြစ်ဖူးသည့် နေရာတစ်ခုဖြစ်ပြီး စစ်အာဏာသိမ်းပြီးနောက်ပိုင်းမှာ လောင်းကစားဝိုင်း ပေါများလာသည့်နေရာတစ်ခုလည်း ဖြစ်ကြောင်း သိရသည်

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ကျောက်မဲမြို့နယ် SSPP နှင့် TNLA စစ်ရေးတင်းမာ၊ တိုက်ပွဲဖြစ်မည်ကို ဒေသခံစိုးရိမ်

0
သျှမ်းပြည် ကျောက်မဲမြို့နယ်တွင် ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် (SSPP/SSA) နှင့် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA တို့ မြေပြင် စစ်ရေးတင်းမာနေကြောင်း စုံစမ်းသိရသည်။ ဇန်နဝါရီလ ၁၇ ရက်မှ ညနေပိုင်းမှ စတင်ပြီး ကျောက်မဲမြို့နယ်အတွင်း တော့ဆန်ကျေးရွာအုပ်စုရှိ SSPP တပ်စခန်း အနီးသို့ TNLA ဘက်မှ...

ကျောက်မဲမြို့နယ်ထဲ စစ်တပ် လေကြောင်းဗုံးထပ်ကြဲ၊ SSPP တပ်စခန်းအနီး ကျရောက်ပေါက်ကွဲ

0
သျှမ်းပြည် ကျောက်မဲမြို့နယ်ထဲသို့ စစ်ကော်မရှင်တပ်က လေကြောင်းဖြင့် ထပ်မံဗုံးကြဲ တိုက်ခိုက်ခဲ့ရာ SSPP တပ်စခန်းအနီးသို့ ကျရောက်ပေါက်ကွဲခဲ့ကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ (အောက်တိုဘာ ၁၁ ရက်) နေ့လယ် ၁ နာရီခွဲကျော်တွင် ကျောက်မဲမြို့နယ်အတွင်းရှိ တော့ဆန်ကျေးရွာသို့ စစ်ကော်မရှင်တပ်က လေကြောင်းဖြင့် ဗုံး(၂)လုံး ကြဲချတိုက်ခိုက်ခဲ့ရာ ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော်...

ကျောက်မဲ၊ သီပေါတွင် စစ်ကော်မရှင်တပ် စရဖ နှင့် သတင်းပေး (၁၀) ဦးကျော်ကို TNLA ဖမ်းမိ

0
သျှမ်းပြည် ကျောက်မဲမြို့နှင့် သီပေါမြို့တွင် သတင်းထောက်လှမ်းယူခဲ့သော စစ်ကော်မရှင်တပ်၏ စစ်ဘက်ရေးရာ လုံခြုံရေးတပ်ဖွဲ့ (စရဖ) နှင့် သတင်းပေးသူ (၁၀) ဦးကျော်ကို ဖမ်းဆီးရမိကြောင်း TNLA က ယမန်နေ့တွင် ထုတ်ပြန်လိုက်သည်။ စစ်ကော်မရှင် လက်အောက်ခံ စစ်ဘက်ရေးရာ လုံခြုံရေးတပ်ဖွဲ့ (စရဖ) နှင့် သတင်းပေးသူများသည် TNLA...

ကျောက်မဲမြို့နယ် နောင်ပိန်အနီး အလောင်း(၆)လောင်းထက်မနည်းတွေ့

0
သျှမ်းပြည် ကျောက်မဲမြို့နယ် နောင်ပိန်တိုက်နယ်တွင် ရုပ်အလောင်း (၆)လောင်းထက်မနည်း တွေ့ရှိခဲ့ကြောင်း စုံစမ်းသိရသည်။ စက်တင်ဘာလ တတိယပတ်အတွင်း ကျောက်မဲမြို့နယ် နောင်ပိန်တိုက်နယ်ရှိ ကျေးရွာများ၌ စစ်ကော်မရှင်တပ် လာရောက်တပ်စွဲခဲ့စဉ် ၎င်းတို့ ခေါင်းဖြတ်ထားသည့် အလောင်းများ (၆) လောင်း ထက်မနည်း မြေဩဇာအိတ်များထဲ ထည့်ကာ စွန့်ပစ်ထားသည်ကို စစ်ကော်မရှင်တပ်သားများ ပြန်လည်ထွက်ခွာသွားပြီးနောက်...

ကျောက်မဲမြို့နယ် စစ်ကော်မရှင်တပ် ပစ်ခတ်သည့် လက်နက်ကြီးထိမှန်ပြီး လင်မယားနှစ်ဦး သေဆုံး

0
သျှမ်းပြည် ကျောက်မဲမြို့နယ် ခေးနင်းကျေးရွာအုပ်စုတွင် စစ်ကော်မရှင်တပ်မှ ရမ်းသမ်းပစ်ခတ်သည့် လက်နက်ကြီးကျည် ထိမှန်ပြီး လင်မယားနှစ်ဦး သေဆုံးခဲ့ကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ (စက်တင်ဘာလ ၄ ရက်) ည ၁၀နာရီကျော် ကျောက်မဲမြို့နယ် စစ်ကော်မရှင်တပ် ပြန်လည်ထိန်းချုပ်ထားသည့် နောင်ပိန်ဘက်ခြမ်းမှ ပစ်ခတ်လိုက်သည့် လက်နက်ကြီးကျည်သည် ခေးနင်းကျေးရွာအုပ်စု ကုန်းကော်ကျေးရွာထဲ ကျရောက်ပေါက်ကွဲခဲ့ပြီး...