နမ့်ခမ်းမြို့တွင်း အရှိန်ပြင်း မောင်းနှင်လာသည့် အိမ်စီးကား နှင့် သုံးဘီးဆိုင်ကယ်တိုက်မိ
သျှမ်းပြည် မူဆယ်ခရိုင် နမ့်ခမ်းမြို့ မြို့မဈေးအနီးတွင် အရှိန်ပြင်းထန်စွာဖြင့် မောင်းနှင်လာသော အိမ်စီးကားတစ်စီးသည် ဆိုင်ကယ်သုံးဘီး နှင့် ဝင်တိုက်မိပြီး ကားများ ပျက်စီးသွားကြောင်း သိရှိရသည်။ ယမန်နေ့ ဇန်နဝါရီ ၂၂ ရက် ညနေ ၅ နာရီခွဲတွင် နမ့်ခမ်းမြို့ မြို့မဈေးအနီးတွင် အမည်းရောင် အိမ်စီးကားတစ်စီး အရှိန်ပြင်းထန်စွာဖြင့်...
တောင်ကြီးခရိုင် အတွင်း ဓားပြသောင်းကျန်း ပြည်သူများ လုံခြုံမှုမရှိ
သျှမ်းပြည် တောင်ကြီးခရိုင် တောင်ကြီးမြို့နယ် နှင့် ရပ်စောက်မြို့နယ်အတွင်းတွင် ညအချိန်အပြင် နေ့ခင်းပိုင်းမှာလည်း ဓားပြအုပ်စုများ သောင်းကျန်းနေသည့်အတွက် ဒေသခံပြည်သူများက လုံခြုံမှု မရှိဖြစ်နေကြောင်း သတင်း သိရသည်။ ရပ်စောက်မြို့နယ် ယမ်းတွင်းငါးကြောင်ကျေးရွာအုပ်စုအတွင်း ဓားပြအုပ်စု သောင်းကျန်းပြီး ဒေသခံပြည်သူများကို ဓားပြတိုက်ယူနေကြောင်း အမည်မဖော်လိုသူ ရွာသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။ “ကျနော်တို့ သိရသလောက်...
ရွှေညောင်မြို့ အမျိုးသမီးငယ်တစ်ဦး (၁၀) ရက်ကြာ ပျောက်ဆုံးနေ
သျှမ်းပြည် တောင်ကြီးခရိုင် ရွှေညောင်မြို့ လှိုင်ဘုံသာ (၁) ကုန်းလှိုင်ရပ်ကွက်တွင် နေထိုင်သည့် အသက် ၁၈ နှစ်အရွယ် အမျိုးသမီးငယ်တစ်ဦးသည် (၁၀) ရက်ကြာ ပျောက်ဆုံးနေကြောင်း စုံစမ်းသိရသည်။ ဖြစ်စဉ်မှာ ဇန်နဝါရီ ၁၄ ရက် ညနေ ၂ နာရီဝန်းကျင်တွင် အသက် ၁၈ နှစ်အရွယ်ရှိ...
နမ့်လန်မြို့ရှိ ရွှေဆိုင်တစ်ခုကို သေနတ်ကိုင် အမျိုးသား နှစ်ဦးမှ ဓားပြဝင်တိုက်
သျှမ်းပြည် ကျောက်မဲခရိုင် သီပေါမြို့နယ် နမ့်လန်မြို့နယ်ခွဲရှိ ရွှေဆိုင်တစ်ခုကို သေနတ်ကိုင် အမျိုးသား နှစ်ဦးမှ ဝင်ရောက် ဓားပြတိုက်သွားကြောင်း သတင်းသိရသည်။ ယမန်နေ့ (ဇန်နဝါရီ ၂၀) ရက် ညနေ ၄ နာရီဝန်းကျင်တွင် နမ့်လန်မြို့နယ်ခွဲရှိ “သစ်ဆန်း” ရွှေဆိုင်သို့ သေနတ်ကိုင်ဆောင်ထားသည့် အမျိုးသား နှစ်ဦးက...
မူဆယ် ပန်းဆေးပြည်သူ့စစ် တပ်သား နားနေဆောင် မီးလောင်
သျှမ်းပြည် မူဆယ်ခရိုင် မူဆယ်မြို့နယ် ပန်ခမ်းရှိ ပန်းဆေးပြည်သူ့စစ် တပ်သားများ နားနေဆောင် နှင့် အိပ်ဆောင် မီးလောင်မှု ဖြစ်ပွားခဲ့ပြီး ပျက်စီးမှုများရှိကြောင်း သတင်းသိရသည်။ အဆိုပါ မီးလောင်မှုသည် ယနေ့ (ဇန်နဝါရီလ ၂၀) ရက် မွန်းလွဲပိုင်း ၂ နာရီဝန်းကျင်တွင် လျှပ်စစ်ဝါယာ ရှော့ခ်ကြောင့် မီးလောင်မှုဖြစ်ရကြောင်း...
တောင်ကြီးတွင် လျှပ်စစ်ဝါယာကြိုးခိုးခံရ
သျှမ်းပြည် တောင်ကြီးခရိုင် တောင်ကြီးမြို့တွင် ယခုရက်ပိုင်းမှာ လျှပ်စစ်ဝါယာကြိုးများ မကြာခဏ ခိုးခံနေရကြောင်း စုံစမ်း သိရှိရသည်။ Crd. Mindiamart ပြီးခဲ့သည့် ဇန်နဝါရီ ၁၃ ရက်နေ့မှစပြီး ယနေ့အထိ တောင်ကြီးမြို့ အနောက်မြို့ပတ်လမ်း ကျောင်းကြီးစု ရပ်ကွက်အတွင်းရှိသည့် ဂေါက်ကလပ်ကွင်း၏ အနောက်မြောက်ဘက်တောင့်မှ လျှပ်စစ်မီး (Transformer)...
မူဆယ်မြို့ ရွှေဆိုင်တစ်ဆိုင်ကို သက်ကြီး အမျိုးသမီး ၂ ဦး ရွှေဆွဲကြိုးများ လုယက်ယူဆောင်သွား
သျှမ်းပြည် မူဆယ်ခရိုင် မူဆယ်မြို့နယ်ရှိ အမှတ် (၁) မြို့မဈေးတွင် ဖွင့်လှစ်ထားသည့် ရွှေဆိုင်တစ်ဆိုင်မှ ရွှေဆွဲကြိုး များကို သက်ကြီး အမျိုးသမီး နှစ်ဦးမှ လုယက်ယူဆောင်သွားကြောင်း သိရသည်။ ယနေ့ (ဇန်နဝါရီ ၁၇ ) ရက် နံနက် ၁၀ နာရီဝန်းကျင် မူဆယ်မြို့ အမှတ်...
ပြင်ဦးလွင်တွင် ပိုင်ရှင်မဲ့ အမျိုးသားအလောင်းတွေ့
ပြင်ဦးလွင်မြို့၏ မြောက်ဘက်အရပ် ၂ မိုင်ခန့် ဝေးသည့် ခြံတစ်ခြံအတွင်းတွင် အဝတ်အထည် မပါသည့် အမျိုးသားတစ်ဦး၏ အလောင်းကို တွေ့ရှိခဲ့ကြောင်း စုံစမ်းသိရှိရသည်။ ယနေ့ (ဇန်နဝါရီ ၁၇) ရက် နံနက် (၇) နာရီခန့်တွင် ပြင်ဦးလွင်မြို့၏ မြောက်ဘက်အရပ် ရေချမ်းအိုးရပ်ကွက် ဆောင်းသဇင်လမ်းထဲရှိ ခြံတစ်ခြံထဲ၌ သေဆုံးနေလျက်ရှိသော...
မူဆယ်မြို့ ကား နှင့် ဆိုင်ကယ်တိုက်မိ အမျိုးသမီး တစ်ဦး သေဆုံး၊ တစ်ဦး ဒဏ်ရာရ
သျှမ်းပြည် မူဆယ်ခရိုင် မူဆယ်မြို့နယ် မိုင်းယု (၁၀၅) မိုင် ပြည်ထောင်စု ကားလမ်းမပေါ် တွင် အိမ်စီးကားတစ်စီး နှင့် ဆိုင်ကယ်တစ်စီး တိုက်မိကြရာ ဆိုင်ကယ်ပေါ်မှ အမျိုးသမီး တစ်ဦး သေဆုံးပြီး တစ်ဦးထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း သိရှိရသည်။ ယမန်နေ့ (ဇန်နဝါရီ ၁၆) ရက် နံနက်ပိုင်း...
လားရှိူးမြို့ ရွှေမိုင်းရင် ပြောင်းဖူးပွဲရုံ ဓားပြတိုက်ခံရ
သျှမ်းပြည် လားရှိုးခရိုင် လားရှိူးမြို့နယ် အီနိုင်းကျေးရွာအုပ်စုရှိ ခြောက်မိုင်ကျေးရွာမှ ပြောင်းဖူးပွဲရုံတစ်ခု ဓားပြတိုက်ခံရကြောင်း စုံစမ်းသိရသည်။ ပြီးခဲ့သည့် ဇန်နဝါရီလ ၁၂ ရက် ည ၇ နာရီ အချိန်တွင် ခြောက်မိုင်ကျေးရွာရှိ ရွှေမိုင်းရင် ပြောင်းဖူးပွဲရုံထဲသို့ အိမ်စီးကား ၂ စီးနှင့် အမျိုးသား ၆ ဦးတို့သည်...






