Wednesday, July 24, 2024

CATEGORY

မှုခင်း

တာချီလိတ်မြေကိစ္စ ပစ်ခတ်မှုဖြစ် (၂)ဦးသေ တစ်ဦးဒဏ်ရာရ

သျှမ်းရှေ့ တာချီလိတ်မြို့ ဝိန်းကျောက်ရပ်ကွက် အာခါဈေးလမ်းတွင် ယနေ့(စက်တင်ဘာ ၁၆)ရက် မွန်းလွဲ (၁)နာရီ၌ သေနတ်ပစ်ခတ်မှုကြောင့် (၂)ဦးသေဆုံး တစ်ဦးဒဏ်ရာရရှိခဲ့ကြောင်း သတင်းရရှိသည်။ တာချီလိတ်တွင် စက်တင်ဘာလ (၁၆)ရက်နေ့ မွန်းလွဲ (၁)နာရီခွဲဝန်းကျင်အချိန်က မြေယာကိစ္စကြောင့် သေနတ်ဖြင့်လာရောက်ပစ်ခတ်တာဖြစ်ပြီး အလုပ်သမား (၂)ဦး သေဆုံးကာ တစ်ဦးက ခြေထောက်တွင် ဒဏ်ရာရရှိခဲ့တာဖြစ်ကြောင်း...

တန့်ယန်းမြို့ စစ်ကောင်စီခန့်အပ်ထားသည့် ရာအိမ်မှူးတစ်ဦး ဓါးခုတ်ခံရ

သျှမ်းပြည်မြောက်ပိုင်း တန့်ယန်းမြို့နယ်ရှိ စစ်ကောင်စီတို့မှ ခန့်အပ်ထားသည့် အမှတ် ၅ ရပ်ကွက်မှ ရာအိမ် မှူး တစ်ဦး ဓါးခုတ်ခံရကြောင်း သတင်းသိရသည်။ ယမန်နေ့ (စက်တင်ဘာလ ၁၃) ရက် မနက် ၁၁ နာရီဝန်းကျင် တွင် တန့်ယန်းမြို့ရှိ အမှတ် ၅ ရပ်ကွက်မှ ရာအိမ်မှူးတစ်ယောက်သည်...

ကျေးသီး ကိုရင်လေး သေဆုံးမှုကိစ္စ ရိုက်နှက်သည့် ဦးဇင်းကို အရေးယူမှုမရှိ

သျှမ်းပြည်တောင်ပိုင်း ကျေးသီးမြို့နယ်၊ မိုင်ကောင်းကျေးရွာတွင် ညနွားနို့သောက်မှုကြောင့် ဦးဇင်းတပါးမှ ကိုရင်လေး ရိုက်နှက်ခဲ့ပြီးသေဆုံးသွားသည့် ကိစ္စ အရေးယူဆောင်ရွက်မှု မရှိကြောင်း စုံစမ်းသိရသည်။ လက်ရှိ ကိုရင်လေး သေဆုံးမှုကိစ္စတွင် နှစ်ဦး နှစ်ဖက် ဖြေရှင်းကြပြီး ကျေအေးသွားပြီးဖြစ်သဖြင့် လက်ရှိမှာ ကိုရင်လေးကို ရိုက်ခဲ့သည့် ဦးဇင်းကို အရေးမယူတော့ကြောင်း သတင်းရရှိသည်။ ကိုရင်းလေးကို ရိုက်ပြီးဆုံးမခြင်းကို...

နွားနို့တဘူးကြောင့် အသက်စတေးလိုက်ရတဲ့ ကျေးသီးမြို့နယ်က ကိုရင်လေး

သျှမ်းပြည်တောင်ပိုင်း လွိုင်လင်ခရိုင် ကျေးသီးမြို့နယ် မိုင်းကောင်ကျေးရွာအုပ်စု မိုင်းကောင်ကျေးရွာရှိ ကိုရင်လေး တစ်ပါးသည် နွားနို့ခိုးသောက်မှုကြောင့် ရိုက်နှက်ခံရပြီး အသက်ဆုံးရှုံးသွားရကြောင်း စုံစမ်းသိရသည်။ ဖြစ်စဉ်မှာ သြဂုတ် (၂၄)ရက် ည (၈)နာရီဝန်းကျင်တွင် ကိုရင် (၁၇)ပါးသည် နွားနို့ခိုးသောက်ရာမှ ဦးဇင်းတပါးက ဆုံးမ ရိုက်နှက်မှုကြောင့် အသက် (၉ )နှစ်အရွယ်ရှိ...

မိုင်းရယ်မြို့နယ်တွင်း လူငယ်များထံ သေနတ် ၉ လက်နှင့် ကျည်များသိမ်းဆည်းရမိ

သျှမ်းပြည် မြောက်ပိုင်း လားရှိုးခရိုင် မိုးရယ်မြို့နယ်တွင် လူငယ်(၃)ဦးထံ သေနတ် ၉ လက်နှင့် ကျည်ဆန်များသိမ်းဆည်းရမိကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ (စက်တင်ဘာ ၈ ရက်) နေလယ် ၂ နာရီကျော် တွင် မိုင်းရယ်မြို့ရဲစခန်းမှ ရဲအုပ် အပါအဝင် စစ်ဘက်ဆိုင်ရာ လုံခြုံရေးတပ်ဖွဲ့ (မိုင်းရယ်) နှင့်...

သျှမ်းပြည်တဝှမ်း ကိုဗစ်-၁၉ ကာလ တွင် ခိုး၊ လုယက်မှုများပြားလား

သျှမ်းပြည်တဝှမ်း ကိုဗစ် -၁၉ ကာလတွင် ဆိုင်ကယ်ခိုးယူလုယက်မှု ယခင်ထက်ပိုများပြား လာကြောင်း စုံစမ်းသိရှိရသည်။ ယမန့်နေ့ စက်တင်ဘာ ၅ ရက် သျှမ်းမြောက်လာရှိုးမြို့တွင်လည်း ဆိုင်ကယ်ခိုးယူလုယက်ခဲ့ပြီး ပြည်သူတဦး ဓားဖြင့် ခေါင်းကို ခုတ်ခံထားရကြောင်းသိရသည်။ “ ခုတလော ခိုးယူတာမဟုတ်တော့ဘူး။ ဓားနဲပါခုတ်ပြီး လုယူသွားတာ။ အရင်ထက်ပိုဆိုးတယ်။ မနေ့ကလည်း လူငယ်ပဲထင်တယ်။...

ယာဉ်ထိန်းရဲ အချင်းချင်းခိုက်ရန် ဖြစ်ပွားပြီး ရန်ပွဲကို ဝင်တားသည့်ရဲ ပစ်သတ်ခံရ

သျှမ်းပြည်မြောက်ပိုင်း လောက်ကိုင်မြို့တွင် စစ်ကောင်စီလက်အောက်ခံ ယာဉ်ထိန်းရဲအချင်းချင်း ခိုက်ရန်ဖြစ်ပွားရာ ရန်ပွဲကို ဝင်တားသည့်ရဲ သေနတ်ဖြင့် ပစ်သတ်ခံရကြောင်း သတင်း သိရသည်။ ဖြစ်စဉ်မှာ ယမန်နေ့ (စက်တင်ဘာ ၅) ရက် ည ၁၀ နာရီဝန်းကျင်အချိန်တွင် လောက်ကိုင်မြို့ရှိယာဉ်ထိန်းရဲ ရုံးစခန်းအတွင်းတွင် ယာဉ်ထိန်းရဲအချင်းချင်း ခိုက်ရန်ဖြစ်ပွားပြီး ရန်ပွဲကို ဝင်ရောက်...

ကျောက်မဲ ကမ္ဘောဇဘဏ် ဓားပြတိုက်ခံရ

သျှမ်းပြည်မြောက်ပိုင်း ကျောက်မဲမြို့ရှိ ယနေ့ စက်တင်ဘာ (၃) ရက် နေ့လည် (၂) နာရီခွဲ ဝန်းကျင်က ကျောက်မဲမြို့ ဗဟိုဈေး တောင်ဘက်တိုက်တန်းအနီးရှိ ကမ္ဘောဇဘဏ် ဓားပြတိုက်ခံရကြောင်း စုံစမ်းသိရသည်။ ယနေ့ နေ့လည်ပိုင်းတွင် အမျိုးသား တစ်ဦး ကားအဖြူရောင်ဖြင့် ရောက်လာပြီး သေနတ်တိုတစ်လက်ဖြင့် ကမ္ဘောဇဘဏ်ထဲသို့ ဝင်သွားကာ...

မူဆယ်ဈေးသည်တဦး (၉ )လကျော်ကြာ ပျောက်ဆုံး၊ မိသားစုဝင်များ စားဝတ်နေရေး ခက်ခဲနေ

သျှမ်းပြည်မြောက်ပိုင်း နမ့်ခမ်းမြို့ ကျေးရွာ ဘက်တွင် ဈေးသွားရောင်းသည့် အမျိုးသားတဦး (၉) လကျော် ပျောက်ဆုံးသွားပြီး ကျန်ရှိနေသည့် မိသားစုဝင်များက စားဝတ်နေရေး အခက်ခဲရှိနေကြောင်း စုံစမ်းသိရှိရသည်။ ၎င်းသည် မူဆယ်မြို့ ကောင်းမှုလွယ်ရပ်ကွက်တွင် နေထိုင်သည့် မောင်ငြိမ်းချမ်း (၂၇) နှစ်သည် လွန်ခဲ့သည့် ဒီဇင်ဘာ ၁၇ ရက်နေ့...

နမ့်လန်မြို့ ညအချိန် ယာဉ်တိုက်မှုကြောင့် သေဆုံးသူ (၄)ဦးထိရှိလာ

သျှမ်းပြည်မြောက်ပိုင်း နမ့်လန်မြို့ပြင်ဖက်တွင် လမ်းမီးမရှိသောကြောင့် ယခုနှစ် အတွင်း ယာဉ်တိုက်မှုကြောင့် သေဆုံးသူ (၄) ဦးရှိခဲ့ပြီးဖြစ်ကြောင်း စုံစမ်းသိရှိရသည်။ နမ့်လန်မြို့ပြင်တွင် ယမန့်နေ့ ဩဂုတ် (၂၅) ည ၁၀ နာရီဝန်းကျင်အချိန်က စိတ်မနှံ့သည့် အမျိုးသား တဦးကို ကားတစီးဝင်တိုက်သွားပြီး ထိုနေရာတွင် ပွဲချင်းပြီးသေဆုံးသွားခဲ့ကာ ယာဉ်တိုက်မှု ကျူးလွန်သူလည်း...

Latest news