ကွတ်ခိုင်မြို့တွင် တစ်နေ့တည်း ယာဥ်တိုက်မှု ၂ ခုဖြစ်ပြီး ၃ ဦးသေ၊ ၃ ဦးဒဏ်ရာရ

သျှမ်းပြည် လားရှိုးခရိုင် ကွတ်ခိုင်မြို့နယ်တွင် တစ်နေ့တည်း ယာဥ်တိုက်မှု ၂ ခုဖြစ်ပြီး ၃ ဦးသေဆုံးပြီး၊ ၃ ဦး ဒဏ်ရာ ရရှိခဲ့ကြောင်း သတင်းသိရသည်။

ယာဥ်တိုက်မှုဖြစ်ပွား

ယနေ့ (ဇန်နဝါရီ ၂၈) ရက် နံနက်ပိုင်းတွင် ကွတ်ခိုင်မြို့နှင့် ကောင်းခါးလမ်းဆုံ ပြည်ထောင်စုလမ်းမကြီး၌ ယာဉ်တိုက်မှု ဖြစ်ပွားခဲ့ပြီး အမျိုးသမီးတစ်ဦး သေဆုံးခဲ့သည်။

“Express ကားတစ်စီး နဲ့ သားအဖ ၂ ယောက် စီးလာတဲ့ ဆိုင်ကယ်တိုက်မိခဲ့တယ်၊ ဆိုင်ကယ် နောက်က လိုက်လာတဲ့ သမီးဖြစ်သူက ခေါင်းပွင့်ပြီး ပွဲချင်းပြီး သေသွားခဲ့တယ်။ သူ့အဖေလည်း ဒဏ်ရာရ သွားတယ်။ ကားပေါ်က လူတွေတော့ မသိရဘူး” ဟု ကွတ်ခိုင်မြို့နေ အမျိုးသမီး တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ထို့နောက် အဆိုပါ တစ်နေ့တည်းတွင် ညနေ ၄ နာရီ အချိန်တွင်လည်း ပြည်ထောင်စုလမ်းမ လွိုင်ဆမ်ဆစ် ရွာသစ်လမ်းဆုံ ရွှေကမ္ဘာအေးလမ်းအကျော်၌ နောက်ထပ် ယာဉ်တိုက်မှုတစ်ခုဖြစ်ကာ အမျိုးသားတစ်ဦး နှင့် အမျိုးသမီးတစ်ဦး သေဆုံးကြောင်း သိရသည်။

အဆိုပါ ယာဥ်တိုက်မှုမှ ဒဏ်ရာရသူ နှင့် သေဆုံးသူများကို ကွတ်ခိုင်မြို့ လူမှုကူညီရေးအသင်းက လာရောက်သယ်ဆောင်ပြီး ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်းလည်း သိရသည်။

ကွတ်ခိုင်မြို့နယ်အတွင်း တစ်နေ့တည်း ယာဥ်တိုက်မှု နှစ်ကြိမ်ဖြစ်ပွားခဲ့ခြင်းသည် ယာဥ်မောင်းများ သတ်မှတ်ထားသည့် အရှိန်ထက် ပိုမမောင်းရန် နှင့် ယာဥ်စည်းကမ်း လမ်းစည်းကမ်းများ ပိုမို လိုအပ်ကြောင်း ကွတ်ခိုင်မြို့ခံ ပရဟိတ လူမှုကူညီရေးအသင်းမှ အမည်မဖော်လိုသူ တစ်ဦးက ပြောသည်။

“ယာဥ်စည်းကမ်း လမ်းစည်းကမ်းတွေကို ပိုပြီးတော့ နားလည်သဘောပေါက်ဖို့ လိုအပ်တယ်လို့ မြင်တယ်၊ တချို့က လမ်းပြောင်းပြန်မောင်းတာတွေ၊ သတ်မှတ်ထားတဲ့ အရှိန်ထက် မောင်းတာတွေရှိနေတတ်တယ်၊ ပြီးတော့လည်း လိုင်စင်မဲ့ ကားတွေဆိုတော့လည်း မှုခင်းဖြစ်ရင်တော့ လိုက်လို့ မနိုင်တာတွေရှိတာပေါ့” ဟု အထက်ပါ ပရဟိတ သမားက ပြောသည်။

ယခုရက်ပိုင်းအတွင်း ကွတ်ခိုင်မြို့တွင် ယာဥ်တိုက်မှု ၃ ကြိမ်ထက်မနည်း ဖြစ်ပွားနေသဖြင့် ယာဥ်မောင်းများ အနေဖြင့် သတိထားသွားလာကြရန်လည်း ၎င်းက ပြောသည်။

စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း ယာဥ်စည်းကမ်း လမ်းစည်းကမ်း ထိန်းသိမ်းမှု လျှော့နည်းလာပြီး ယာဥ်တိုက်မှု နေ့စဥ်နီးပါး ရှိလာသည့်အပြင် အသက်ဆုံးရှုံးရသူများလည်း ရှိနေကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...

စစ်ကော်မရှင် တရုတ်ကုန်စည်စီးဆင်းမှု တားမြစ်ပိတ်ပင်မှု တင်းကြပ်လာ

0
သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင် စစ်ကော်မရှင်က ရက် ၁၀၀ စီမံကိန်းအနေဖြင့် ၎င်းကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်တင်းကြပ်လာသည်။ ထိုကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်မှု တင်းကြပ်လာသဖြင့် ပြည်တွင်းကုန်တင်ယာဉ်များလည်း အလုပ်ရပ်နားထားရပြီး ပြည်သူများလည်း ကုန်စည်စျေးနှုန်းများ ထပ်မံမြင့်တက်လာမှုကို ရင်ဆိုင်နေရကြောင်း သျှမ်းမြောက်ပြည်သူများထံမှ စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် ရက်ပိုင်အတွင်းမှ စတင်ကာ စစ်ကော်မရှင်သည် လားရှိုးမြို့သို့...

ကျောက်မဲတွင် ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီးကွက်ပေး၊ ပြည်သူနေအိမ်များ မီးကြိုးခိုးယူခံနေရ

0
သျှမ်းပြည် ကျောက်မဲမြို့ပေါ် ရပ်ကွက်ရှိ ပြည်သူနေအိမ်များတွင် လျှပ်စစ်မီး မရရှိခြင်းကြောင့် မီးကြိုးခိုးယူခံနေရကြောင်း စုံစမ်းသိရသည်။ ကျောက်မဲမြို့ကို တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထံမှ စစ်တပ်ပြန်လည်ထိန်းချုပ်ခဲ့သည့် ယမန်နှစ် ၂၀၂၅ အောက်တိုဘာလ နောက်ပိုင်းမှ စတင်၍ စစ်အစိုးရလက်အောက်ခံ ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီး ဖြန့်ဝေထားပြီး ရပ်ကွက်အတွင်းရှိ ပြည်သူနေအိမ်များမှာ...

ကျိုင်းတုံ တောင်ပေါ်ဒေသ လမ်းပန်းခက်ခဲမှုကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေးခက်ခဲနေ

0
ကျိုင်းတုံမြို့နယ်ရှိ တောင်ပေါ်ဒေသများတွင် ခေတ်အဆက်ဆက် အစိုးရ မှ လမ်းပန်းဆက်သွယ်ရေးကို ကူညီထောက်ပံ့မှု မရှိခဲ့ခြင်းကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေး ဝန်ဆောင်မှု မရရှိကာ သေဆုံးမှုများ ဖြစ်ပွားသည့်အထိ ရှိနေကြောင်း သတင်းရရှိသည်။ ကျိုင်းတုံမြို့နယ်အတွင်း တောင်ပေါ်ကျေးရွာပေါင်း ၃၀ ထက်မနည်ရှိကာ လမ်းပန်းဆက်သွယ်ရေး အခက်အခဲများကို နေ့စဉ်ရန်ဆိုင်နေရသည်။ အဆိုပါ ဒေသများသည် ကျိုင်းတုံမြို့နှင့်...

“စစ်ရေး ၊ နိုင်ငံရေးက သူတို့စစ်အုပ်စုချမှတ်ထားတဲ့ လမ်းစဉ်အတိုင်း ဆက်သွားမယ်”

0
အာဏာသိမ်း စစ်တပ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ၅ နှစ်အကြာမှာ ၎င်းပုံဖော်ထားတဲ့အတိုင်း နိုင်ငံတော် သမ္မတရာထူးယူလိုက်ပါတယ်။ ဒါ့ကြောင့် စစ်ဝတ်စုံကနေ အရပ်သားဝတ်စုံပြောင်း စစ်ခေါင်းဆောင် သမ္မတ ဉီးမင်းအောင်လှိုင် တက်လာပြီး သျှမ်းပြည် နိုင်ငံရေး အပြောင်းအလဲတွေ ဘယ်လိုဖြစ်လာခဲ့ပါသလဲ။ အစိုးရသစ် စစ်ခေါင်းဆော်င သမ္မတ ဉီးမင်းအောင်လှိုင်တက်လာချိန်မှာလည်း စစ်အာဏရှင်ကို...