Wednesday, January 28, 2026

တန့်ယန်းမြို့နယ်တွင်း ဆယ်ကျော်သက် ကလေးများပါ လောင်းကစားဝိုင်းကစားနေ

သျှမ်းပြည် လားရှိုးခရိုင် တန့်ယန်းမြို့နယ် နမ့်ဖတ်လမ်းကျေးရွာထဲတွင် ဆယ်ကျော်သက် ကလေးများ လောင်းကစားဝိုင်းတွင်းသို့ ဝင်ရောက် ဆော့ကစားနေကြောင်း စုံစမ်းသိရှိရသည်။

လောင်းကစားဝိုင်း

တရုတ်နှစ်သစ်ကူးပွဲဟု အကြောင်းပြပြီး တန့်ယန်းမြို့နယ် နမ့်ဖတ်လမ်းကျေးရွာထဲ ချယ်ရီတောင်အောက်ဘက်တွင် လောင်းကစားဝိုင်းကို ဖွင့်လှစ်ထားပြီး ဆယ်ကျော်သက် ကလေးများပါ ဝင်ရောက်ကစားနေကြောင်း သိရသည်။

“ အဲ့ဒီ လောင်းကစားဝိုင်းက ချယ်ရီတောနားမှာပဲရှိတာ။ ကလေးတွေ ကိုယ်တိုင်ကတော့ လောင်းကစားဝိုင်း ဆော့နေတာပါ။ ဒီမှာက လောင်းကစားဝိုင်းကို ထမင်းစား ရေသောက် သလို ဆော့နေကြတာပဲ။ ကလေးအဖေကိုယ်တိုင်က သူ့တို့ ကလေးကို လောင်းစားဖို့ သင်ပေးနေတာ” ဟု တန့်ယန်းမြို့ ဒေသခံ အမျိုးသမီးတစ်ဦးက ပြောသည်။

အဆိုပါ ကလေးများသည် လောင်းကစားဆော့ရာတွင်လည်း ကျပ်ငွေ ၁ သောင်း အထက် လောင်းနေကြကြောင်း သိရသည်။

“ကလေးတွေ တစ်သောင်းတန်တွေနဲ့ ကိုင်ပြီးတော့ ထိုးနေကြတာ။ ကလေးပေါက်စလေးတွေပါ။ ကလေးတွေကတော့ တစ်သောင်းတန်လား တစ်ထောင်တန်လား နာမလည်တဲ့ အရွယ်တွေပါ။ ပြီးတော့ ချယ်ရီတောလည်း ဒီနှစ်သိပ်မပွင့်ဘူး။ တောင်ခြေအောက်မှာလည်း အမှိုက်တွေ အများကြီးပဲ။ ပတ်ဝန်းကျင် ညစ်ညမ်းလို့ ဂေဟစနစ် ပျက်စီးနေတာလည်း ဖြစ်မယ်” ဟု ဒေသခံ အမျိုးသမီးက ပြောသည်။

လက်ရှိ တန့်ယန်းမြို့နယ် နမ့်ဖတ်လမ်းကျေးရွာထဲတွင် တရုတ်နှစ်သစ်ကူးကို အကြောင်းပြပြီး လောင်းကစားဝိုင်းဖွင့်လှစ်ရာတွင် တစ်လ ရှိနေပြီ ဖြစ်ကြောင်း သိရသည်။

အလားတူ စစ်တပ်က အာဏာသိမ်းပြီး ၂ နှစ်နီးပါးတွင် တန့်ယန်းမြို့နယ်ထဲ လူငယ်များ မူးယစ်ဆေးဝါးသုံးစွဲမှု များပြားလာပြီး ခိုးယူလုယက်မှုလည်း တစ်နေ့ထက် တစ်နေ့ ကြီးပွားလာနေလျက်ရှိကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

စစ်ကော်မရှင်နှင့် PNO စစ်သုံးစရိတ်နှင့် တပ်သားစုဆောင်းမှုကြား စိတ်ရောကိုယ်ပါ ပင်ပန်းနေ

0
အာဏာသိမ်းစစ်တပ်က စစ်မှုထမ်းဥပဒေကို ပြန်လည်အသက်သွင်းပြီးနောက်ပိုင်း စစ်မှုထမ်း လစဉ်ကြေးနှင့် တပ်သားသစ် စုဆောင်းမှုဒဏ်ကြောင့် လူထုကြား စိတ်ရောကိုယ်ပါ ပင်ပန်းနွမ်းနယ်နေကြောင်း ဒေသခံများက ပြောသည်။ တရားဝင် လူဖမ်းစစ်သားစုဆောင်းရန်အတွက် စစ်တပ်က စစ်မှုထမ်းဥပဒေကို ပြန်လည်အသက်သွင်းခဲ့သည်မှာ လာမည့် ၂၀၂၆ ဖေဖော်ဝါရီလ ၁၀ ရက်နေ့တွင် ၂ နှစ်ပြည့်ပြီ ဖြစ်သည်။ သို့သော်...

လူငယ်များအား အဓမ္မ စစ်ထဲဆွဲထည့်နေသည့် စစ်ခေါင်းဆောင် ဦးဆောင်၍ လူငယ် ငြိမ်းချမ်းရေးဖိုရမ် ကျင်းပနေ

0
အနည်းဆုံး လူငယ် ၆၀၀၀၀ ကျော်ကို အဓမ္မ စစ်တပ်ထဲ ဆွဲထည့်ထားသည့် စစ်ခေါင်းဆောင် မင်းအောင်လှိုင် ဦးဆောင်သော လူငယ် ငြိမ်းချမ်းရေး ဖိုရမ် ၂၀၂၆ ကို ယမန်နေ့ (ဇန်နဝါရီ ၁၃ ရက်) နံနက်ပိုင်းက နေပြည်တော်၌ စတင် ကျင်းပနေကြောင်း စစ်ကောင်စီက...

မဲပေးစက်ပြဿနာနှင့် ကြိုတင်မဲကြောင့် ကြံ့ခိုင်ရေးပါတီက အများစုအနိုင်ရ

0
သျှမ်းပြည် ၁၇ မြို့နယ်တွင် ပြီးခဲ့သော ဇန်နဝါရီလ ၁၁ ရက်က ကျင်းပသည့် ရွေးကောက်ပွဲ အပိုင်း (၂) ၏ အနိုင်အရှုံးစာရင်းများကို ကြည့်လျှင် စစ်တပ်ကျောထောက်နောက်ခံ ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး (USDP) ပါတီက အများစုအနိုင်ရထားသည်။ ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး (USDP) ပါတီသည် ၁၉၉၃ ခုနှစ်က...

ရပ်စောက်နှင့် ရွာငံမြို့နယ်တွင် လုံခြုံရေးစိုးရိမ်မှုကြား ဒေသခံမဲသွားပေး

0
သျှမ်းပြည် ရပ်စောက်မြို့နယ်နှင့် ရွာငံမြို့နယ်တွင် စစ်ကော်မရှင်တပ်မှ စစ်အင်အား ဖြည့်တင်းထားပြီး မဲရုံပရဝုဏ်အနီး လက်နက်အပြည့်အစုံဖြင့် စောင့်ဆိုင်းနေခြင်းကြောင့် ဒေသခံများ လုံခြုံရေးစိုးရိမ်မှုဖြင့် မဲသွားပေးနေရကြောင်း စုံစမ်းသိရသည်။ ယနေ့ (ဇန်နဝါရီလ ၁၁ ရက်) တွင် စစ်ကော်မရှင် ကျင်းပနေသည့် ရွေးကောက်ပွဲ ဒုတိယပိုင်းတွင် သျှမ်းပြည်တောင်ပိုင်းမှ ရပ်စောက်၊ ရွာငံ၊...

မိုင်းပျဉ်း ကြိုတင်မဲကောက်ယူရာတွင် USDP မှလွဲ၍ အခြားပါတီများကို အကြောင်းမကြား ဟုဆို

0
သျှမ်းပြည်အရှေ့ပိုင်း မိုင်းပျဉ်းမြို့နယ်တွင် ရွေးကောက်ပွဲ အပိုင်း (၂) အတွက် ကြိုတင်မဲကောက်ယူရာတွင် လွှတ်တော်ကိုယ်စားလှယ်များ လိုက်ပါခွင့်ပြုမည်ဟု ရွေးကော်ပွဲကော်မရှင်က ပြောသော်လည်း မြေပြင်တွင် ကြံ့ခိုင်ရေး ဖွံ့ဖြိုးရေး (USDP)ပါတီမှလွဲ၍ အခြားပါတီများကိုအကြောင်းကြားခြင်းမရှိခဲ့ ကြောင်း စုံစမ်းသိရသည်။ လာမည့် ဇန်နဝါရီလ ၁၁ ရက်တွင် သျှမ်းပြည်အရှေ့ပိုင်း မိုင်းခတ်၊ မိုင်းပျဉ်း၊...