တန့်ယန်းမြို့နယ်တွင်း ဆယ်ကျော်သက် ကလေးများပါ လောင်းကစားဝိုင်းကစားနေ

သျှမ်းပြည် လားရှိုးခရိုင် တန့်ယန်းမြို့နယ် နမ့်ဖတ်လမ်းကျေးရွာထဲတွင် ဆယ်ကျော်သက် ကလေးများ လောင်းကစားဝိုင်းတွင်းသို့ ဝင်ရောက် ဆော့ကစားနေကြောင်း စုံစမ်းသိရှိရသည်။

လောင်းကစားဝိုင်း

တရုတ်နှစ်သစ်ကူးပွဲဟု အကြောင်းပြပြီး တန့်ယန်းမြို့နယ် နမ့်ဖတ်လမ်းကျေးရွာထဲ ချယ်ရီတောင်အောက်ဘက်တွင် လောင်းကစားဝိုင်းကို ဖွင့်လှစ်ထားပြီး ဆယ်ကျော်သက် ကလေးများပါ ဝင်ရောက်ကစားနေကြောင်း သိရသည်။

“ အဲ့ဒီ လောင်းကစားဝိုင်းက ချယ်ရီတောနားမှာပဲရှိတာ။ ကလေးတွေ ကိုယ်တိုင်ကတော့ လောင်းကစားဝိုင်း ဆော့နေတာပါ။ ဒီမှာက လောင်းကစားဝိုင်းကို ထမင်းစား ရေသောက် သလို ဆော့နေကြတာပဲ။ ကလေးအဖေကိုယ်တိုင်က သူ့တို့ ကလေးကို လောင်းစားဖို့ သင်ပေးနေတာ” ဟု တန့်ယန်းမြို့ ဒေသခံ အမျိုးသမီးတစ်ဦးက ပြောသည်။

အဆိုပါ ကလေးများသည် လောင်းကစားဆော့ရာတွင်လည်း ကျပ်ငွေ ၁ သောင်း အထက် လောင်းနေကြကြောင်း သိရသည်။

“ကလေးတွေ တစ်သောင်းတန်တွေနဲ့ ကိုင်ပြီးတော့ ထိုးနေကြတာ။ ကလေးပေါက်စလေးတွေပါ။ ကလေးတွေကတော့ တစ်သောင်းတန်လား တစ်ထောင်တန်လား နာမလည်တဲ့ အရွယ်တွေပါ။ ပြီးတော့ ချယ်ရီတောလည်း ဒီနှစ်သိပ်မပွင့်ဘူး။ တောင်ခြေအောက်မှာလည်း အမှိုက်တွေ အများကြီးပဲ။ ပတ်ဝန်းကျင် ညစ်ညမ်းလို့ ဂေဟစနစ် ပျက်စီးနေတာလည်း ဖြစ်မယ်” ဟု ဒေသခံ အမျိုးသမီးက ပြောသည်။

လက်ရှိ တန့်ယန်းမြို့နယ် နမ့်ဖတ်လမ်းကျေးရွာထဲတွင် တရုတ်နှစ်သစ်ကူးကို အကြောင်းပြပြီး လောင်းကစားဝိုင်းဖွင့်လှစ်ရာတွင် တစ်လ ရှိနေပြီ ဖြစ်ကြောင်း သိရသည်။

အလားတူ စစ်တပ်က အာဏာသိမ်းပြီး ၂ နှစ်နီးပါးတွင် တန့်ယန်းမြို့နယ်ထဲ လူငယ်များ မူးယစ်ဆေးဝါးသုံးစွဲမှု များပြားလာပြီး ခိုးယူလုယက်မှုလည်း တစ်နေ့ထက် တစ်နေ့ ကြီးပွားလာနေလျက်ရှိကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

တန့်ယန်းမြို့ ကျောက်တံတိုင်းပြိုကျ အမျိုးသမီးတစ်ဦး သေဆုံး

0
 သျှမ်းပြည် မြောက်ပိုင်း တန့်ယန်းမြို့နယ်တွင် မိုးသည်းထန် ရွာသွန်းမှုကြောင့် မြေထိန်းနံရံ (ကျောက်တံတိုင်း)ပြိုကျပြီး အမျိုးသမီးတစ်ဦး သေဆုံးခဲ့ရကြောင်း စုံစမ်းသိရသည်။ ဖြစ်စဉ်မှာ ယနေ့ (ဇွန်လ ၈ ရက်) မနက် ၄ နာရီ ဝန်းကျင်တွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် တန့်ယန်းမြို့ ၊ ရပ်ကွက် (၆) နယ်မြေ...

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...

စစ်ကော်မရှင် တရုတ်ကုန်စည်စီးဆင်းမှု တားမြစ်ပိတ်ပင်မှု တင်းကြပ်လာ

0
သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင် စစ်ကော်မရှင်က ရက် ၁၀၀ စီမံကိန်းအနေဖြင့် ၎င်းကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်တင်းကြပ်လာသည်။ ထိုကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်မှု တင်းကြပ်လာသဖြင့် ပြည်တွင်းကုန်တင်ယာဉ်များလည်း အလုပ်ရပ်နားထားရပြီး ပြည်သူများလည်း ကုန်စည်စျေးနှုန်းများ ထပ်မံမြင့်တက်လာမှုကို ရင်ဆိုင်နေရကြောင်း သျှမ်းမြောက်ပြည်သူများထံမှ စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် ရက်ပိုင်အတွင်းမှ စတင်ကာ စစ်ကော်မရှင်သည် လားရှိုးမြို့သို့...

ကျောက်မဲတွင် ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီးကွက်ပေး၊ ပြည်သူနေအိမ်များ မီးကြိုးခိုးယူခံနေရ

0
သျှမ်းပြည် ကျောက်မဲမြို့ပေါ် ရပ်ကွက်ရှိ ပြည်သူနေအိမ်များတွင် လျှပ်စစ်မီး မရရှိခြင်းကြောင့် မီးကြိုးခိုးယူခံနေရကြောင်း စုံစမ်းသိရသည်။ ကျောက်မဲမြို့ကို တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထံမှ စစ်တပ်ပြန်လည်ထိန်းချုပ်ခဲ့သည့် ယမန်နှစ် ၂၀၂၅ အောက်တိုဘာလ နောက်ပိုင်းမှ စတင်၍ စစ်အစိုးရလက်အောက်ခံ ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီး ဖြန့်ဝေထားပြီး ရပ်ကွက်အတွင်းရှိ ပြည်သူနေအိမ်များမှာ...

ကျိုင်းတုံ တောင်ပေါ်ဒေသ လမ်းပန်းခက်ခဲမှုကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေးခက်ခဲနေ

0
ကျိုင်းတုံမြို့နယ်ရှိ တောင်ပေါ်ဒေသများတွင် ခေတ်အဆက်ဆက် အစိုးရ မှ လမ်းပန်းဆက်သွယ်ရေးကို ကူညီထောက်ပံ့မှု မရှိခဲ့ခြင်းကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေး ဝန်ဆောင်မှု မရရှိကာ သေဆုံးမှုများ ဖြစ်ပွားသည့်အထိ ရှိနေကြောင်း သတင်းရရှိသည်။ ကျိုင်းတုံမြို့နယ်အတွင်း တောင်ပေါ်ကျေးရွာပေါင်း ၃၀ ထက်မနည်ရှိကာ လမ်းပန်းဆက်သွယ်ရေး အခက်အခဲများကို နေ့စဉ်ရန်ဆိုင်နေရသည်။ အဆိုပါ ဒေသများသည် ကျိုင်းတုံမြို့နှင့်...