တာချီလိတ်မြို့တွင် ကားနှင့်ဆိုင်ကယ် တိုက်မိပြီး စည်ပင်ဝန်ထမ်းတစ်ဦးသေဆုံး

သျှမ်းပြည် တာချီလိတ်ခရိုင် တာချီလိတ်မြို့တွင် ကား နှင့် ဆိုင်ကယ်တစ်စီး တိုက်မိပြီး ဆိုင်ကယ်ပေါ်မှ စည်ပင်သာယာရေး ဝန်ထမ်း လူငယ်တစ်ဦး သေဆုံးကြောင်း သတင်း သိရှိရသည်။

ယာဥ်တိုက်မှု

ယမန်နေ့ (ဇန်နဝါရီ ၂၂) ရက် ညနေပိုင်း (၆) နာရီတွင် တာချီလိတ်မြို့ ဗိုလ်ချုပ်လမ်းမ၊ ဝမ်ကောင်းတရားရုံးလမ်းဆုံတွင် ကားကြီးတစ်စီး နှင့် ဆိုင်ကယ်တစ်စီး တိုက်မိပြီး ဆိုင်ကယ်ပေါ်မှ အသက် ၂၃ နှစ် စည်ပင်သာယာရေး ဝန်ထမ်း မောင်စည်သူမှာ ဗိုက်ပေါက်ကာ ဦးခေါင်းထိခိုက် ဒဏ်ရာပြင်းထန်စွာရရှိသဖြင့် ပွဲချင်းပြီး သေဆုံးသွားကြောင်း တာချီလိတ် ဦးလှမိုး ပရဟိအသင်းမှ တာဝန်ရှိသူတစ်ဦးက သျှမ်းသံတော်ဆင့်ကိုပြောသည်။

“ကား နဲ့ ဆိုင်ကယ် တိုက်မိတာဗျ၊ ဆိုင်ကယ်ပေါ်က လူတော့ ကားကြီးအောက်ကို ရောက်သွားတယ်။ သူက စည်ပင်သာယာရေးဌာနက ဝန်ထမ်းတစ်ဦးပါဗျ။ ဝမ်းဗိုက်ပေါက်၊ ဦးခေါင်းထိခိုက် ဒဏ်ရာတွေနဲ့ ပွဲချင်းပြီး သေဆုံးသွားတယ် “ဟု ၎င်းက ပြောသည်။

အဆိုပါ ယာဉ်တိုက်မှုနှင့် ပတ်သက်ပြီး တာချီလိတ်ခရိုင် ရဲတပ်ဖွဲ့များက စစ်ဆေးမေးမြန်းပြီး အရေးယူဆောင်ရွက်မှုများ ပြုလုပ်နေကြောင်း သိရသည်။

ထို့အပြင် စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာ – ထိုင်းနယ်စပ်ဒေသဖြစ်သည့် တာချီလိတ်မြို့တွင် ရွှေ့ပြောင်း အလုပ်လုပ် နေထိုင်သူ များပြားလာသည်နှင့်အမျှ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း မလိုက်နာသူများ ပေါများလာနေသလို မတော်တဆ ယာဉ်တိုက်မှုမှာလည်း မကြာခဏ ဖြစ်ပေါ်နေကြောင်းလည်း သိရသည်။

“ လူတွေက တဖြည်းဖြည်းများလာတယ်၊ မြို့ကလည်း ကျဉ်းတော့ အဲ့လိုယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း မလိုက်နာတဲ့ သူတွေလည်း များလာတယ်။ ယာဉ်တိုက်မှု မကြာခဏဖြစ်တယ် အစ်ကိုတို့ အနေနဲ့ နှစ်ရက်တစ်ခေါက် အနည်းဆုံး သွားကူညီရတယ် “ ဟု ၎င်းကပြောသည်။

စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း ပြည်တွင်းတွင် စီးပွားရေးအဖက်ဖက်က ကျဆင်းနေပြီး လူငယ်များသည် နယ်စပ်ဒေသဖြစ်သည့် မူဆယ်၊ နမ့်ခမ်း နှင့် တာချီလိတ်မြို့တွင် ရှာဖွေအလုပ်လုပ်ကိုင်နေလျက်ရှိသည်။

တာချီလိတ်မြို့မှာ ယာဉ်မတော်တဆဖြစ်ပွားမှု ပျှမ်းမျှ နှစ်ရက်တကြိမ် သွားရောက်ကူညီရပြီး၊ တလလျှင် ၂၀ ကြိမ်ခန့် လူသေဆုံးမှုများနှင့် ထိခိုက်ဒဏ်ရာရသူများလည်း ရှိနေကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ခေတ်သစ်စစ်ပွဲများ ဝေဟင်စိုးမိုးမှုက စစ်ပွဲအောင်နိုင်ရေးအတွက် အဓိကကျကြောင်း စစ်ခေါင်းဆောင်ပြော

0
ခေတ်သစ်စစ်ပွဲများနှင့် လက်ရှိ ကမ္ဘာ့အရေးအခင်းများကို လေ့လာလျှင် ဝေဟင်စိုးမိုးမှုရယူနိုင်ခြင်းသည် စစ်ပွဲတစ်ခုကို အောင်နိုင်ရန်အတွက် အဆုံးအဖြတ်ပေးနိုင်သည့် အဓိကသော့ချက်ဖြစ်ကြောင်း အာဏာသိမ်း စစ်ခေါင်းဆောင် ပြောကြားခဲ့သည်။ ယမန်နေ့ (မတ်လ ၁၂ ရက်) က မိတ္ထီလာလေတပ်စခန်း၌ ပြုလုပ်သည့် လေယာဉ်နှင့် ရဟတ်ယာဉ်သစ်များ တပ်တော်ဝင် အခမ်းအနားတွင် ၎င်းက ထိုသို့ပြောကြားခဲ့ခြင်း...

ကျောက်မဲတွင် စစ်ကော်မရှင်တပ်နှင့် SSPP ထိတွေ့တိုက်ပွဲဖြစ်

0
သျှမ်းပြည် ကျောက်မဲမြို့နယ်အတွင်း အွန်လိုင်းငွေလိမ် ကျားဖြန့်လုပ်ငန်းများကို လာရောက်ရှာဖွေသည့် စစ်ကော်မရှင်တပ်နှင့် ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် (SSPP/SSA) ကြား ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ကြောင်း စုံစမ်းသိရသည်။ ယနေ့ (မတ်လ ၁၀ ရက်) နံနက် ၁၁ နာရီကျော်တွင် ကျောက်မဲမြို့နယ် ပုံဝိုးကျေးရွာအုပ်စုအတွင်း အွန်လိုင်းငွေလိမ် ကျားဖြန့်လုပ်ငန်းများကို ရှာဖွေရန်...

တာချီလိတ်မြို့ မိုးရွာသွန်းခြင်းကြောင့် ရေကြီးရေလျှံ

0
သျှမ်းပြည် အရှေ့ပိုင်း တာချီလိတ်မြို့နယ်တွင် မိုးရွာသွန်းမှုကြောင့် ရပ်ကွက်အချို့ ရေကြီးရေလျှံမှုများ ကြုံတွေ့ခဲ့ရကြောင်း သိရသည်။ ယနေ့ (မတ်လ ၁၀ ရက်) မနက်ပိုင်း တာချီလိတ်မြို့နယ်တွင် မိုးရွာသွန်းမှုကြောင့် အမှတ် (၁) တံတားအနီးရှိ ပုန်းထွန်ရပ်ကွက်တွင် ရေကြီးရေလျှံမှုများ ဖြစ်ပွားခဲ့ကြောင်း တာချီလိတ်မြို့ ဒေသခံအမျိုးသမီးတစ်ဦးကပြောသည်။ "တာချီလိတ်ကတော့ မိုးခဏရွာတာနဲ့တင် ရေလျှံတာပဲ။...

တာချီလိတ် စုံ၊မ ရက် မောင်းနှင်မှု ချိုးဖောက်လျှင် ထောင်ဒဏ်တစ်လ နှင့် ငွေဒဏ်ချမှတ်မည်

0
သျှမ်းပြည် အ‌‌ရှေ့ပိုင်း တာချီလိတ်မြို့နယ်တွင် စက်သုံးဆီချွေတာရေးအတွက် စစ်ကော်မရှင် သတ်မှတ်ထားသည့် စုံ၊ မရက် မောင်းနှင်မှုချိုးဖောက်လျှင် ထောင်ဒဏ်တစ်လနှင့် ငွေဒဏ်ချမှတ်သွားမည်ဟု သတင်းရရှိသည်။ ယမန်နေ့ (မတ်လ ၉ ရက်) တာချီလိတ်မြို့နယ်တွင် စစ်ကော်မရှင်မှ စက်သုံးဆီချွေတာ‌ရေးအတွက် စုံ၊ မရက်ခွဲခြားပြီး မော်တော်ယာဉ် မောင်းနှင်သည့် စနစ်ကို ၎င်းလက်အောင်ခံတာဝန်ရှိ...

စက်သုံးဆီ ပြတ်လပ်မှုကြောင့် တာချီလိတ် – မိုင်းရှူး ကားခဈေးနှုန်းမြင့်တက်လာ

0
သျှမ်းပြည်တွင် စက်သုံးဆီပြတ်လပ်မှု နှင့် စက်သုံးဆီ ဈေးမြင့်တက်လာမှုကြောင့် ကားခ ဈေးနှုန်း မြင့်တက်လာကြောင်း စုံစမ်းသိရသည်။ ယခင်က တာချီလိတ်မြို့ မှ မိုင်းရှူးမြို့သို့ တစ်ဦးလျှင် ငွေကျပ် နှစ်သိန်း သာပေးရပြီး လက်ရှိတွင် တစ်ဉီးလျှင် ကျပ်ငွေ နှစ်သိန်းခွဲအထိ ဈေးနှုန်းမြင့်တက်လာကြောင်းကို တာချီလိတ်မြို့ဒေသခံ အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို...