CATEGORY

မှုခင်း

ဖုန်းလိုင်း ပိတ်ခံရာမှတစ်ဆင့် Kpay အကောင့်ထဲမှ ပိုက်ဆံများ အလိုအလျောက်ဆုံးရှုံး

သျှမ်းပြည် လွိုင်လင်ခရိုင် ကျေးသီးမြို့တွင် ဖုန်းလိုင်း ပိတ်ခံရာမှတစ်ဆင့် Kpay အကောင့်ထဲရှိ ပိုက်ဆံများ အလိုအလျောက် တခြားအကောင့်သို့ လွှဲအပ်သွားကာ ပိုက်ဆံများ ဆုံးရှုံးနေရကြောင်း စုံစမ်းသိရှိရသည်။ ဖြစ်စဉ်မှာ ကျေးသီးမြို့ခံ အမျိုးသမီးတစ်ဦးသည် ယမန်နေ့ (ဖေဖော်ဝါရီ ၈) ရက် နံနက်ပိုင်း ၁၀ နာရီ ၄၅...

ပင်းတယမြို့နယ် ဘုန်းကြီးတစ်ပါး မင်္ဂလာ ပန်းရထားပေါ် ပြုတ်ကျ ခြေထောက်ကျိုး

သျှမ်းပြည် တောင်ကြီးခရိုင် ပင်းတယမြို့နယ် ပွေးလှမြို့ ရေဂနိုင်ကျေးရွာ ထီးတင်ပွဲပြုလုပ်ရာ ဘုန်းကြီးတစ်ပါးသည် မင်္ဂလာပန်းရထားပေါ် ပြုတ်ကျရာမှ ခြေထောက်ကျိုးခဲ့ကြောင်း စုံစမ်းသိရသည်။ ပြီးခဲ့သည့် ဖေဖော်ဝါရီ ၄ ရက်တွင် ပင်းတယမြို့နယ် ရေဂနိုင်ကျေးရွာတွင် ထီးတင်ပွဲပြုလုပ်ရာတွင် ဘုန်းကြီးတပါး မင်္ဂလာပန်းရထားဖြင့် စေတီပေါ်သို့ စီးသွားရာတွင် စေတီမရောက်ခင် ပြုတ်ကျပြီး ခြေထောက်ကျိုးသွားခဲ့ကြောင်း...

သီပေါ ဘူတာ မီးရထားလမ်းဘေးရှိ အိမ်ခြေ (၄၀၀) ကျော် ရွှေ့ပြောင်းရမည်

သျှမ်းပြည် ကျောက်မဲခရိုင် သီပေါမြို့ ဘူတာ မီးရထားလမ်းဘေးရှိ အိမ်ခြေ (၄၀၀) ကျော်ကို မီးရထားသံလမ်း ဧရိယာ အကွာအဝေး နှင့် မညီမျှဟုဆိုပြီး စစ်ကောင်စီ လက်အောက်ခံ ဌာနဆိုင်ရာက ရွှေ့ပြောင်းခိုင်းနေကြောင်း စုံစမ်းသိရှိရသည်။ စစ်တပ်သည် ၎င်းတို့၏ သတ်မှတ်ထားသော မီးရထားသံလမ်း နှင့် ဧရိယာ အကွာအဝေး...

တောင်ကြီးတွင် ပါဝါဘဏ် အားသွင်းရာမှတစ်ဆင့် နေအိမ်တစ်လုံး မီးလောင်

သျှမ်းပြည် တောင်ကြီးခရိုင် တောင်ကြီးမြို့တွင် Power Bank (ပါဝါဘဏ်) အားသွင်းရာမှတစ်ဆင့် နေအိမ်တစ်လုံး မီးလောင်မှု ဖြစ်ပွားခဲ့ကြောင်း စုံစမ်းသိရှိရသည်။ ယမန်နေ့ (ဖေဖော်ဝါရီ ၇) ရက် ညနေပိုင်း ၄ နာရီ ၂၀ မိနစ်တွင် တောင်ကြီးမြို့ ကျောင်းကြီးစု ရပ်ကွက် နယ်မြေ (၉)...

အွန်လိုင်းပေါ်တွင် လေယာဉ်လက်မှတ် အတုရောင်းချမှုရှိနေ

မြန်မာနိုင်ငံအတွင်း လေယာဥ်ဖြင့် ခရီးသွားလာသူ အများစုသည် ယခုရက်ပိုင်း အွန်လိုင်းမှ လေယာဥ်လက်မှတ်ဝယ်ယူရာမှ ခရီးသွားစဥ်တွင် လက်မှတ် အတုဖြစ်နေကြောင်း သတင်းရရှိသည်။ ဖြစ်စဉ်မှာ အမျိုးသားတစ်ဦးသည် ပြီးခဲ့သည့် ဇန်နဝါရီ (နောက်ဆုံးပတ်)တွင် ရန်ကုန်မြို့မှ လားရှိုးမြို့သို့ လေယာဉ်ဖြင့် ခရီးသွားရန်အတွက် အွန်လိုင်းပေါ် လေယာဉ်လက်မှတ် အရောင်းဌာန (Page) တစ်ခုထံ...

ဘန်ကောက်ရောက် မြန်မာရွှေ့ပြောင်းအလုပ်သမားတစ်ဦး မိုးကြိုးပစ်ခံရပြီး သေဆုံး

ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင် မြန်မာရွှေ့ပြောင်း အလုပ်သမားတစ်ဦး လမ်းမပေါ်၌ ပန်းရံ အလုပ်လုပ်နေစဉ် မိုးကြိုးပစ်ခံရပြီး သေဆုံးသွားကြောင်း စုံစမ်းသိရှိသည်။ ယမန်နေ့ (ဖေဖော်ဝါရီ ၅) ရက် ညနေပိုင်း ၃ နာရီ ဝန်းကျင်တွင် ဘန်ကောက်မြို့ ဖဟွန်ယိုးထင်းလမ်းမပေါ်၌ မိုးသည်းထန် ရွာသွန်းမှု နှင့် အတူ မိုးခြိန်းသံများ...

လားရှိုးမြို့ အမျိုးသမီး ၂ဦးစီးလာသည့်ဆိုင်ကယ်ကို ဝင်တိုက်ပြီး လုယက်မှုဖြစ်ပွား

သျှမ်းပြည် လားရှိုးခရိုင် လားရှိုးမြို့ MCC လမ်းကြားတွင် ယမန်နေ့ (ဖေဖော်ဝါရီ ၃)ရက် နေ့လည် ၁နာရီခွဲဝန်းကျင်၌ အမျိုးသမီး (၂) ဦး စီးလာသည့် ဆိုင်ကယ်ကို အမျိုးသား (၂) ဦးက ဆိုင်ကယ်ဖြင့် ဝင်တိုက်ပြီး လုယက်မှု ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။ ဖေဖော်ဝါရီ ၂...

မူဆယ် ဗုံးပေါက်ကွဲ အရပ်သားတစ်ဦးထိမှန်

သျှမ်းပြည် မူဆယ်ခရိုင် မူဆယ်မြို့ ဟိုမွန်ရပ်ကွက် ကံ့ကော်လမ်းခွဲ မီးပွိုင့်အနီးတွင် ယနေ့ (ဖေဖော်ဝါရီ ၂ ရက်) နံနက်ပိုင်း ၁၁ နာရီတွင် ဗုံးတစ်လုံးပေါက်ခဲ့ပြီး အရပ်သားပြည်သူတစ်ဦး ထိမှန်ခဲ့ကြောင်း သတင်းရရှိသည်။ ယနေ့ (ဖေဖော်ဝါရီ ၂ ရက်) မူဆယ်မြို့ဟိုမွန်ရပ်ကွက် မြို့တော်ခန်းမတွင် လေးလံပွဲကျင်းပနေစဉ် ပြည်ထောင်စုကားလမ်းမပေါ်...

မူဆယ်မြို့ လေယာဉ်ကွင်းဟောင်းဘက် ဗုံးပေါက်ကွဲမှု ဖြစ်ပွား

သျှမ်းပြည် မူဆယ်ခရိုင် မူဆယ်မြို့နယ် လေယာဉ်ကွင်းထဲတွင် ယနေ့ (ဖေဖော်ဝါရီ ၁) ရက် နံနက် ၉ နာရီခွဲဝန်းကျင်တွင် ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့ကြောင်း စုံစမ်းသိရှိရသည်။ အဆိုပါ လက်ရှိ လေယာဉ်ကွင်းထဲတွင် ဗုံးထပ်မံပေါက်ကွဲနိုင်သည့်အတွက်ကြောင့် ပြည်သူများ အသွားလာကို ကန့်သတ်ထားကြောင်း သိရသည်။ " ဒီနေ့ မနက် ၉...

နမ့်ဖတ်ကာတွင် သေနတ်ကိုင် ဓားပြတိုက်ခံရ၊ ကား တစ်စီးနှင့် ငွေသားများဆုံးရှုံး

သျှမ်းပြည် မူဆယ်ခရိုင် ကွတ်ခိုင်မြို့နယ် နမ့်ဖတ်ကာရွာတွင် သေနတ်ကိုင် ဓားပြတိုက်ခံရမှု ဖြစ်ပွားခဲ့ပြီး ကားတစ်စီး နှင့် ငွေသားများ ဆုံးရှုံးမှု ဖြစ်ပွားခဲ့ကြောင်း စုံစမ်းသိရသည်။ ပြီးခဲ့သည့် ဇန်နဝါရီလ ၂၇ ရက် မွန်းလွဲပိုင်း တွင် နမ့်ဖတ်ကာ ကွက် (၄) နယ်မြေဘက်ရှိ နေအိမ်တစ်ခုတွင် သေနတ်ကိုင်ထားသည့်...

Latest news