တောင်ကြီးတွင် ပါဝါဘဏ် အားသွင်းရာမှတစ်ဆင့် နေအိမ်တစ်လုံး မီးလောင်

သျှမ်းပြည် တောင်ကြီးခရိုင် တောင်ကြီးမြို့တွင် Power Bank (ပါဝါဘဏ်) အားသွင်းရာမှတစ်ဆင့် နေအိမ်တစ်လုံး မီးလောင်မှု ဖြစ်ပွားခဲ့ကြောင်း စုံစမ်းသိရှိရသည်။

မီးလောင်မှု ဖြစ်ပွား

ယမန်နေ့ (ဖေဖော်ဝါရီ ၇) ရက် ညနေပိုင်း ၄ နာရီ ၂၀ မိနစ်တွင် တောင်ကြီးမြို့ ကျောင်းကြီးစု ရပ်ကွက် နယ်မြေ (၉) သဇင်လမ်းသွယ် (၃) ရှိ နေအိမ်တစ်လုံးသည် ပါဝါဘဏ် အားသွင်းထားရာမှ တစ်ဆင့် မီးလောင်မှုဖြစ်ပွားခဲ့ပြီးနောက် နေအိမ်တစ်လုံး ပြာကျမှု ဖြစ်သွားကြောင်း တောင်ကြီးမြို့နယ် ကြက်ခြေနီ သူနာပြုတပ်ဖွဲ့မှ တာဝန်ခံတစ်ဦးက ပြောသည်။

“ အိမ်ရှင်က အဲ့မှာမနေဘူး၊ အိမ်ကို ဒီတိုင်းပစ်ထားတာဗျ။ အဲ့မှာ အမှိုက်ကောက်တဲ့ ကလေးတစ်ယောက်က နေနေတယ်။ ကျနော်တို့ သိသလောက်တော့ ပါဝါဘဏ် အားသွင်းထားရာကနေစပြီး မီးလောင်သွားတယ်လို့ ကြားတယ်ဗျ။ မီးလောင်တဲ့ အချိန်မှာက ဘယ်သူမှမရှိတော့ ထိခိုက်ဒဏ်ရာ ရသူတွေ မရှိဘူး“ ဟု ၎င်းက ပြောသည်။

မီးလောင်မှုဖြစ်ပွား

အဆိုပါ မီးလောင်မှုနှင့် ပတ်သက်ပြီး မိမိတို့အနေဖြင့် အိမ်ပြင်ထွက်တိုင်း မီးမပေါ့ဆရန်၊ မီးခလုတ်များ ပိတ်၊ မပိတ် စစ်ဆေးမေးမြန်းခြင်း ပြုလုပ်စေချင်ကြောင်း ၎င်းက တိုက်တွန်းထားသည်။

“အဓိကတော့ အခုလည်း နွေလည်းရောက်ပြီ မီးလောင်မှုက အရမ်းဖြစ်တယ်ဗျ။ မီးကလည်း ပုံမှန်မလာတာကြောင့် အိမ်ပြင်ထွက်တိုင်း မီးမိန်းခလုတ်ချပြီး သွားကြပါ “ ဟု ၎င်းက တိုက်တွန်းလိုက်သည်။

စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း သျှမ်းပြည်တွင် မီးပုံမှန်လာနိုင်ခြင်း မရှိခြင်းကြောင့် လျှပ်စစ်မီးမှ တစ်ဆင့် မီးလောင်မှုမှာလည်း မကြာမခဏ ဖြစ်ပွားနေသလို ယခု ( ၂၀၂၃ ခုနှစ် ) အတွင်း တောင်ကြီးမြို့တွင် မီးလောင်မှု ၃ ကြိမ် ဖြစ်ပွားခဲ့ကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

တောင်ကြီးမြို့ပြင်ဘက် စစ်တပ် က ဖုန်းများ စစ်ဆေးနေ

0
သျှမ်းပြည် တောင်ပိုင်း၊ တောင်ကြီးမြို့ပြင်ဘက်တွင် စစ်ကောင်စီတပ်သားများက လမ်းသွားလမ်းလာများကို တားဆီးကာ ဖုန်းများကို စစ်ဆေးမှု ပြုလုပ်နေကြောင်း သတင်းရရှိသည်။ ယခုတစ်ပတ်အတွင်း တောင်ကြီးမြို့ သျှမ်းပြည်နယ် ဗုဒ္ဓတက္ကသိုလ်ဘက်သို့ သွားသည့်လမ်းတွင် စစ်ကောင်စီတပ်သားများက ဆိုင်ကယ်များကို တားဆီးပြီး ဖုန်းအတွင်းရှိ အချက်အလက်များနှင့် အွန်လိုင်းလောင်းကစားဆိုင်ရာ အသုံးပြုမှုများကို စစ်ဆေးနေကြောင်း ကိုယ်တိုင်ကြုံတွေ့ခဲ့သည့် အသက်...

ဘဏ်အကောင့်ဖွင့်ပေးမည်ဆိုပြီး မှတ်ပုံတင်များကို ပုံရိုက်ယူကာ ကျားဖြန့်ထံရောင်းစားသူများရှိ

0
သျှမ်းပြည် တောင်ပိုင်း တောင်ကြီးမြို့နယ်အတွင်းတွင် ကားရပ်နားရာ နေရာများနှင့် အခြားသော လူသွားလူလာ များပြားသည့် နေရာများတွင် လူတစုမှ ဧရာဝတီဘဏ်အကောင့်နှင့် ကမ္ဘောဇဘဏ် အကောင့် ဖွင့်ပေးမည်ဆို၍ မှတ်ပုံတင်နှင့် မျက်နှာကို ပုံရယူကာ ကျားဖြန့်များထံ ရောင်းစားမှုရှိနေကြောင်း စုံစမ်းသိရသည်။ သျှမ်းတောင်၊ တောင်ကြီးမြို့နယ် အောင်ပန်းမြို့ ဘက်တွင် သက်လတ်ပိုင်းလူတစုက...

တောင်ကြီး ရပ်ကွက်အချို့ စစ်တပ်က ဧည့်စာရင်းလိုက်လံစစ်ဆေး အသက်ပြည့်သူများကို စစ်မှုထမ်းရန် စာရင်းသွင်း

0
သျှမ်းပြည်တောင်ပိုင်း၊ တောင်ကြီးမြို့ ရပ်ကွက်အချို့တွင် စစ်တပ်က ဧည့်စာရင်းလိုက်လံ စစ်ဆေးပြီး အသက်ပြည့်သည့် လူငယ်အမျိုးသားများကို စစ်မှုထမ်းရန် စာရင်းသွင်းထားကြောင်း သတင်းရရှိသည်။ စစ်ကော်မရှင်တပ်သည် တောင်ကြီးမြို့အတွင်း စစ်ဘေးလာရှောင်သူများကိုလည်း တစ်လတစ်ကြိမ် ပုံမှန် ဧည့်စာရင်းတိုင်ခိုင်းနေပြီး ရပ်ကွက်အတွင်း စစ်မှုထမ်းရန်လူလိုလျှင် အသက်ပြည့်ပြီးသည့် လူငယ် စစ်ဘေးရှောင်များကိုလည်း စစ်မှုထမ်းရန် စာရင်းသွင်းခိုင်းထားကြောင်း ဒေသခံများက...

ရက် ၁၀၀ စီမံချက်အပြီး နိုင်ငံခြားကုန်စည် သွားတိုက်ဆေး ပါ တင်ခွင့်မပြု

0
စစ်ကောင်စီ၏ ရက် ၁၀၀ စီမံချက်ကာလ ပြီးဆုံးသော်လည်း သျှမ်းပြည်အတွင်း နိုင်ငံခြား ကုန်စည်များ တင်ဆောင်သည့် ကားများကို စစ်ဆေးဖမ်းဆီးမှုများ ဆက်လက်ရှိနေပြီး နိုင်ငံခြားကုန်ပစ္စည်းဖြစ်သည့် သွားတိုက်ဆေးပါ တင်ခွင့်မပြုကြောင်း သတင်းရရှိသည်။ လက်ရှိ သျှမ်းပြည် တောင်ပိုင်း ကျေးသီး၊ လဲချား၊ မိုင်းပွန်၊ တောင်ကြီး ၄ မိုင်...

“အကျပ်အတည်း နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ”

0
“အကျပ်အတည်းကြား နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ” ဆိုသည့် ခေါင်းစဉ်ကို ဉီးတည်ကာ အဓိကထားဆွေးနွေးသွားမည့် (၅)ကြိမ်းမြောက် မြန်မာ့အရေး နိုင်ငံတကာ လေ့လာရေး ညီလာခံ (International Conference on Burma/Myanmar Studies) ကို ယနေ့ (သြဂုတ် ၁၄ရက်မှ...