Monday, July 22, 2024

ဖုန်းလိုင်း ပိတ်ခံရာမှတစ်ဆင့် Kpay အကောင့်ထဲမှ ပိုက်ဆံများ အလိုအလျောက်ဆုံးရှုံး

Must read

သျှမ်းပြည် လွိုင်လင်ခရိုင် ကျေးသီးမြို့တွင် ဖုန်းလိုင်း ပိတ်ခံရာမှတစ်ဆင့် Kpay အကောင့်ထဲရှိ ပိုက်ဆံများ အလိုအလျောက် တခြားအကောင့်သို့ လွှဲအပ်သွားကာ ပိုက်ဆံများ ဆုံးရှုံးနေရကြောင်း စုံစမ်းသိရှိရသည်။

Kpay

ဖြစ်စဉ်မှာ ကျေးသီးမြို့ခံ အမျိုးသမီးတစ်ဦးသည် ယမန်နေ့ (ဖေဖော်ဝါရီ ၈) ရက် နံနက်ပိုင်း ၁၀ နာရီ ၄၅ မိနစ်ခန့်က ဖုန်းလိုင်း အလိုအလျောက် ပိတ်ခံရသည်။

ထို့နောက် မိုင်းရှူးမြို့ပေါ်ရှိ ဖုန်းဆိုင်တစ်ဆိုင်တွင် ဖုန်းနံပါတ်များ ပြန်လည်ရရှိရန် အတွက် သွားရောက်လျှောက်ပြီး ၎င်းဖုန်းထဲရှိ Kpay အကောင့်ထဲတွင် ပိုက်ဆံ ကျပ်သိန်း (၁,၁၈၅,၀၀၀) သည် အလိုလျောက် တခြားအကောင့်ထဲသို့ လွှဲအပ်သွားကြောင်း ကြုံတွေ့သူ အမျိုးသမီးတစ်ဦးက ပြောသည်။

“ အရင်တပတ်တုန်းကလည်း ဖုန်းလိုင်းပိတ်ခံရတာ၊ မှတ်ပုံတင်ပြီးသားပါ။ မနက်ရောက်တော့ မြန်မြန် MPT ရုံးကလူဆီ သွားပြန်လျှောက်တော့ လိုင်းပြန်ရတယ်။ ပိုက်ဆံတော့ မပါသွားဘူး။ ဒီတစ်ကြိမ် ဖုန်းလိုင်းထပ်ပိတ်ခံရတာ သွားပြန်လျှောက်တော့ ရတယ်၊ ဒါပေမယ့် Kpay အကောင့်ထဲက ပိုက်ဆံတွေ (၁,၁၈၅,၀၀၀) ပလုံပါသွားတာ ၂ မိနစ်ထဲနဲ့ ပိုက်ဆံတွေ အကုန်ပါသွားတယ် “ ဟု ၎င်းက ပြောသည်။

Kpay

ဖုန်းလိုင်းသည် ၁၀ နာရီ ၄၅ မိနစ်အချိန်က စတင်ပိတ်ခံလိုက်ရတာဖြစ်ပြီး ၁၀ နာရီ ၄၇ မိနစ်အချိန်တွင် Kpay အကောင့်ထဲရှိ ပိုက်ဆံများ အလိုအလျောက် တခြားအကောင့်ထဲသို့ လွှဲအပ်သွားကာ ပိုက်ဆံများ ဆုံးရှုံးလိုက် ရကြောင်း ၎င်းက ဆက်ပြောသည်။

အလားတူ ကျေးသီးမြို့တွင် နေထိုင်သည့် အမျိုးသားတစ်ဦးသည်လည်း ပြီးခဲ့သည့် ဇန်နဝါရီလတွင် ဖုန်းလိုင်းပိတ်ခံရာမှ တစ်ဆင့် Kpay အကောင့်ထဲရှိ ပိုက်ဆံများသည် အလိုအလျောက် တခြားအကောင့်ထဲသို့ လွှဲအပ်သွားပြီး ယနေ့အချိန်ထိ ပိုက်ဆံများ ပြန်လည်ရခြင်းမရှိခဲ့ကြောင်း သိရသည်။

“ အစက ဖုန်းလိုင်းဘဲ ပိတ်ခံရတာ၊ နောက်တော့ Kpay အကောင့်ထဲက ပိုက်ဆံ ကျပ်သိန်း (၃၀) လည်း အကုန်ပါသွားတယ်။ Kpay ကနေ Code တွေပို့လာတာပေါ့နော်။ သဘောက သူတို့ Code တောင်းပြီး ဝင်လို့ရတာပေါ့။ တချို့က လာပြောတာတော့ အသိတွေထဲလို့ ပြောတယ် “ ဟု ၎င်း အမျိုးသားတစ်ဦးက ပြောသည်။

အဆိုပါ ဖုန်းလိုင်းပိတ်ခံရမှုနှင့် ပတ်သက်ပြီး သျှမ်းသံတော်ဆင့် သတင်းဌာနမှ IT နည်းပညာဆိုင်ရာ အသိပညာရှင်တစ်ဦးကို မေးမြန်းထားရာမှာ ယခုလိုပြောသည်။

Kpay

“ ဒီခေတ်ကာလမှာ နိုင်ငံရေး အခြေနေမကောင်းတော့ လိုင်းပေါ်မှာ လိမ်လည်လုပ်စားတဲ့သူတွေ အရမ်းများပါတယ်။ စစ်ကောင်စီ လက်အောက်ခံက ဝန်းထမ်းတွေလည်း ဖြစ်နိုင်တယ်၊ သူက ဒီလူကို ဖုန်းနံပါတ် သိရင် ပထမတစ်ခါ စမ်းပိတ်မယ်။ ပိတ်ခံရပြီဆိုရင် သူ့ဆီပြန်လာလျှောက်ရမှာသိတော့ နံပါတ်သိရင် Code ရရင် အကောင့်တစ်ခုကို ဝင်မယ်ဆိုရင် လွယ်လွယ်လေးပါ။ ဒီတော့ သတိထားရမှာပေါ့ သူများဆီသွားလျှောက်တဲ့ ဖုန်းနံပါတ်တွေ၊ Password ပြန်ပြောင်းထားပါ “ ဟု ၎င်းက ပြောသည်။

ထိုသို့ လိမ်လည်ခံရပြီးနောက် Kpay သုံးစွဲရန် လုံခြုံမှုမရှိလာလျှင် သက်ဆိုင်ရာ ရဲတပ်ဖွဲ့၊ ကမ္ဘောဇဘဏ်ကို တိုင်ကြားပြီး ကျုးလွန်သူကို အရေးယူ ဆောင်ရွက်ဖမ်းဆီးစေလိုကြောင်း ၎င်းက တိုက်တွန်းထားသည်။

ထို့အပြင် စစ်ကောင်စီကလည်း Kpay အကောင့်များကို အဆင့် (၂) အထိ မမြှင့်ထားသည့် အကောင့်များကို ပိတ်သိမ်းမည်ဖြစ်ကြောင်း၊ မှတ်ပုံတင်၊ ဖုန်းနံပါတ် နှင့် မကိုက်ညီသည့် နံပါတ်များကိုလည်း အကောင့်ပိတ်သွားမည်ဟု ယမန်နှစ်တွင် ထုတ်ပြန်ခဲ့သည်။

Leave a Comments

- Advertisement -spot_img

Latest article