နမ့်ဖတ်ကာတွင် သေနတ်ကိုင် ဓားပြတိုက်ခံရ၊ ကား တစ်စီးနှင့် ငွေသားများဆုံးရှုံး

သျှမ်းပြည် မူဆယ်ခရိုင် ကွတ်ခိုင်မြို့နယ် နမ့်ဖတ်ကာရွာတွင် သေနတ်ကိုင် ဓားပြတိုက်ခံရမှု ဖြစ်ပွားခဲ့ပြီး ကားတစ်စီး နှင့် ငွေသားများ ဆုံးရှုံးမှု ဖြစ်ပွားခဲ့ကြောင်း စုံစမ်းသိရသည်။

နမ့်ဖတ်ကာ

ပြီးခဲ့သည့် ဇန်နဝါရီလ ၂၇ ရက် မွန်းလွဲပိုင်း တွင် နမ့်ဖတ်ကာ ကွက် (၄) နယ်မြေဘက်ရှိ နေအိမ်တစ်ခုတွင် သေနတ်ကိုင်ထားသည့် အမျိုးသား ၅ ယောက်မှ လာရောက် ဓားပြတိုက်ယူခဲ့ကြောင်း ဒေသခံများက ပြောသည်။

“အမျိုးသား ငါးယောက် မျက်နှာဖုံးစွပ် ၃ ယောက်နဲ့ မျက်နှာဖုံးမပါတဲ့ အသက် ၄၀ အရွယ် အမျိုးသားနှစ်ယောက် ပစ္စတို သေနတ်ကိုင်ပြီးတော့ဓားပြလာတိုက်တာ၊ အိမ်မှာက အိမ်ရှင်အမျိုးသား နဲ့ သူ့သားဖြစ်သူပဲ ရှိနေတယ်၊ အိမ်ထဲကို မွှေနှောက်ပြီး ပိုက်ဆံတွေ၊ ဖုန်းတွေနဲ့ ကားလည်းယူသွားတယ်” ဟု နီးစပ်သည့် ဒေသခံ အမျိုးသား တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ဇန်နဝါရီလ ၂၇ ရက် မွန်းလွဲပိုင်း ၂ နာရီဝန်းကျင်တွင် ဓားပြတိုက်ခံရခြင်း ဖြစ်ပြီး ဓါးပြများက အိမ်ရှင် အမျိုးသား နှင့် သားဖြစ်သူကို အိပ်ခန်းထဲ သော့ခတ်ပိတ်ထားကာ အိမ်တွင်းကို မွေနှောက် သွားကြောင်း သိရ သည်။

အဆိုပါ ဓားပြတိုက်မှု နှင့် ပတ်သက်ပြီး ပြည်သူ လုံခြုံရေးအတွက် သက်ဆိုင်ရာ ဝာာဝန်ရှိသူများက တာဝန်ယူ ဖြေရှင်းနှိမ်နှင်းမှုများ မရှိသည့်အတွက် ပြည်သူများက နေ့စဥ်လူနေမှု ဘဝ လုံခြုံမှု မရှိသလို ဖြစ်နေကြောင်း ဒေသခံများက ပြောသည်။

“ဒီလိုမျိုး ခိုးဆိုးလုယက်မှုတွေ သောင်းကျန်း ဓားပြတိုက်နေတဲ့သူတွေကို ဘယ်သူကမှ နှိမ်နှင်းအရေးယူတာ မရှိ ဘူး၊ ဒါကြောင့် ဘယ်သွားသွား အမြဲတမ်း သတိထား နေရတယ်၊ လုံခြုံရေးက မရှိတော့ဘူး၊ ဘယ်အချိန်မှာ ကိုယ့်ကို လာလုပ်မယ်မှန်း မသိလို့ ကံကိုပဲ ယုံရမလိုလိုဖြစ်နေတယ်၊ ဖြစ်နိုင်ရင်တော့ ပြည်သူတွေရဲ့ လုံခြုံရေးကို ကြပ်မတ်ပေးစေချင်တာပေါ့” ဟု နမ့်ဖတ်ကာမြို့မှ ဒေသခံ အမျိုးသမီး တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

စစ်တပ်မှ နိုင်ငံတော် အာဏာသိမ်းယူပြီးနောက်ပိုင်းတွင် နိုင်ငံ နှင့် တဝှမ်းလုံး၌ လောင်းကစားဝိုင်များသာ ပေါများလာပြီး ပြည်သူလူထု၏ နေ့စဥ်လူနေမှုဘဝ ပိုမိုခက်ခဲ ကြပ်တည်းလာရကြောင်း အထက်ပါ အမျိုးသမီးက ဆက်ပြောသည်။

ဒေသအတွင်းရှိနေသည့် ရဲတပ်ဖွဲ့ဝင်များအနေဖြင့်လည်း ဒေသတွင်းဖြစ်ပေါ်နေသည့် လုယက်တိုက်ခိုက်မှုများ အပါအဝင် ဒုစရိုက်လုပ်ငန်းများကို ထိရောက်စွာ အရေးဆောင်ရွက်ခြင်းမျာ မလုပ်ဆောင်နိုင်သည့်အတွက် ပြည်သူများအနေဖြင့် စိုးရိမ်ကြောက်လန့်မှုများဖြင့်နေ့စဥ်ဘဝကို ဖြတ်သန်းနေရကြောင်းလည်းဒေသခံများထံမှ သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...

စစ်ကော်မရှင် တရုတ်ကုန်စည်စီးဆင်းမှု တားမြစ်ပိတ်ပင်မှု တင်းကြပ်လာ

0
သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင် စစ်ကော်မရှင်က ရက် ၁၀၀ စီမံကိန်းအနေဖြင့် ၎င်းကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်တင်းကြပ်လာသည်။ ထိုကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်မှု တင်းကြပ်လာသဖြင့် ပြည်တွင်းကုန်တင်ယာဉ်များလည်း အလုပ်ရပ်နားထားရပြီး ပြည်သူများလည်း ကုန်စည်စျေးနှုန်းများ ထပ်မံမြင့်တက်လာမှုကို ရင်ဆိုင်နေရကြောင်း သျှမ်းမြောက်ပြည်သူများထံမှ စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် ရက်ပိုင်အတွင်းမှ စတင်ကာ စစ်ကော်မရှင်သည် လားရှိုးမြို့သို့...

ကျောက်မဲတွင် ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီးကွက်ပေး၊ ပြည်သူနေအိမ်များ မီးကြိုးခိုးယူခံနေရ

0
သျှမ်းပြည် ကျောက်မဲမြို့ပေါ် ရပ်ကွက်ရှိ ပြည်သူနေအိမ်များတွင် လျှပ်စစ်မီး မရရှိခြင်းကြောင့် မီးကြိုးခိုးယူခံနေရကြောင်း စုံစမ်းသိရသည်။ ကျောက်မဲမြို့ကို တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထံမှ စစ်တပ်ပြန်လည်ထိန်းချုပ်ခဲ့သည့် ယမန်နှစ် ၂၀၂၅ အောက်တိုဘာလ နောက်ပိုင်းမှ စတင်၍ စစ်အစိုးရလက်အောက်ခံ ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီး ဖြန့်ဝေထားပြီး ရပ်ကွက်အတွင်းရှိ ပြည်သူနေအိမ်များမှာ...

ကျိုင်းတုံ တောင်ပေါ်ဒေသ လမ်းပန်းခက်ခဲမှုကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေးခက်ခဲနေ

0
ကျိုင်းတုံမြို့နယ်ရှိ တောင်ပေါ်ဒေသများတွင် ခေတ်အဆက်ဆက် အစိုးရ မှ လမ်းပန်းဆက်သွယ်ရေးကို ကူညီထောက်ပံ့မှု မရှိခဲ့ခြင်းကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေး ဝန်ဆောင်မှု မရရှိကာ သေဆုံးမှုများ ဖြစ်ပွားသည့်အထိ ရှိနေကြောင်း သတင်းရရှိသည်။ ကျိုင်းတုံမြို့နယ်အတွင်း တောင်ပေါ်ကျေးရွာပေါင်း ၃၀ ထက်မနည်ရှိကာ လမ်းပန်းဆက်သွယ်ရေး အခက်အခဲများကို နေ့စဉ်ရန်ဆိုင်နေရသည်။ အဆိုပါ ဒေသများသည် ကျိုင်းတုံမြို့နှင့်...

“စစ်ရေး ၊ နိုင်ငံရေးက သူတို့စစ်အုပ်စုချမှတ်ထားတဲ့ လမ်းစဉ်အတိုင်း ဆက်သွားမယ်”

0
အာဏာသိမ်း စစ်တပ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ၅ နှစ်အကြာမှာ ၎င်းပုံဖော်ထားတဲ့အတိုင်း နိုင်ငံတော် သမ္မတရာထူးယူလိုက်ပါတယ်။ ဒါ့ကြောင့် စစ်ဝတ်စုံကနေ အရပ်သားဝတ်စုံပြောင်း စစ်ခေါင်းဆောင် သမ္မတ ဉီးမင်းအောင်လှိုင် တက်လာပြီး သျှမ်းပြည် နိုင်ငံရေး အပြောင်းအလဲတွေ ဘယ်လိုဖြစ်လာခဲ့ပါသလဲ။ အစိုးရသစ် စစ်ခေါင်းဆော်င သမ္မတ ဉီးမင်းအောင်လှိုင်တက်လာချိန်မှာလည်း စစ်အာဏရှင်ကို...