မူဆယ်မြို့ ကား နှင့် ဆိုင်ကယ်တိုက်မိ အမျိုးသမီး တစ်ဦး သေဆုံး၊ တစ်ဦး ဒဏ်ရာရ

သျှမ်းပြည် မူဆယ်ခရိုင် မူဆယ်မြို့နယ် မိုင်းယု (၁၀၅) မိုင် ပြည်ထောင်စု ကားလမ်းမပေါ် တွင် အိမ်စီးကားတစ်စီး နှင့် ဆိုင်ကယ်တစ်စီး တိုက်မိကြရာ ဆိုင်ကယ်ပေါ်မှ အမျိုးသမီး တစ်ဦး သေဆုံးပြီး တစ်ဦးထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း သိရှိရသည်။

ယာဥ်တိုက်မှု

ယမန်နေ့ (ဇန်နဝါရီ ၁၆) ရက် နံနက်ပိုင်း ၁၁ နာရီကျော်အချိန်က (၁၀၅) မိုင် ဈေးသုံးပြီး အပြန် ဆိုင်ကယ်မောင်းနှင်လာသည့် အမျိုးသမီး နှစ်ဦးသည် မူဆယ် (၁၀၅) မိုင် ပြည်ထောင်စု ကားလမ်းမ၊ ကြက်ခြေနီရုံးရှေ့တွင် အိမ်စီးကားတစ်စီးကို ဝင်တိုက်မိပြီး ဆိုင်ကယ်ပေါ်မှ အသက် ၃၀ နှစ်ဝန်းကျင် အမျိုးသမီးတစ်ဦး သေဆုံးပြီး၊ ကျန် အမျိုးသမီးတစ်ဦး ထိခိုဏ် ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။

“ အဲ့နေ့က ဈေးနေ့ဆိုတော့ ဈေးက အပြန်လို့တော့ ယူဆတယ်။ ဖြစ်တာတော့ လမ်းရဲ့ ညာဖက်ခြမ်း ဖြစ်တယ်ဆိုတော့ အများလူကတော့ ဆိုင်ကယ်က မှားတယ်လို့ ပြောတယ်။ ကားရှေ့ကို ဝင်တိုက်တာ တစ်ယောက်ကတော့ ပွဲချင်းပြီး ဆုံးသွားတယ်၊ တစ်ယောက်ကတော့ ထိခိုက်ဒဏ်ရာ ရသွားတယ် “ ဟု ပါရမီလှုမှုကူညီရေးအသင်းမှ တာဝန်ရှိသူ တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ယာဉ်မတော်တဆမှုကြောင့် ထိခိုက်ဒဏ်ရာ ရရှိသူ အသက် ၅၀ နှစ်အရွယ် အမျိုးသမီးတစ်ဦးကို ပါရမီလှုမှုကူညီရေးအသင်း မိုင်းယု (၁၀၅) မိုင်က မူဆယ်ပြည်သူ့ဆေးရုံကြီးကို ပို့ဆောင်ထားကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

မူဆယ်မြို့တွင် အိမ်ထောင်စုစာရင်းပြုလုပ်ရန် မြို့ခံများပင် သိန်းချီကုန်ကျနေ

0
သျှမ်းပြည်မြောက်ပိုင်း၊ မူဆယ်မြို့တွင် အိမ်ထောင်စုစာရင်း ပြုလုပ်ခြင်းနှင့် ပြောင်းရွှေ့ခြင်းအတွက် ငွေကြေးကုန်ကျမှုများပြားလာပြီး မြို့ခံကိုယ်တိုင် အိမ်ထောင်စုစာရင်း ပြုလုပ်ရာတွင် ကျပ်သိန်းနှင့်ချီ ကုန်ကျနေကြောင်း စုံစမ်းသိရသည်။ မူဆယ်မြို့နယ်သို့ အခြားမြို့နယ်မှ ပြောင်းရွှေ့လာသည့် ပြည်သူများ၊ တရုတ်နိုင်ငံသားများလည်း ပြောင်းရွှေ့လာကာ အိမ်ထောင်စုစာရင်းသွင်းခြင်း၊ ဝယ်ယူခြင်းများကြောင်း မူဆယ်မြို့နယ် ဒေသခံများအတွက်လည်း အခက်ကြုံနေရကြောင်း မူဆယ်မြို့ ဒေသခံအမျိုးသားတဦးက...

“အကျပ်အတည်း နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ”

0
“အကျပ်အတည်းကြား နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ” ဆိုသည့် ခေါင်းစဉ်ကို ဉီးတည်ကာ အဓိကထားဆွေးနွေးသွားမည့် (၅)ကြိမ်းမြောက် မြန်မာ့အရေး နိုင်ငံတကာ လေ့လာရေး ညီလာခံ (International Conference on Burma/Myanmar Studies) ကို ယနေ့ (သြဂုတ် ၁၄ရက်မှ...

“တံလျှပ်” ဖြစ်နေသော အာဏာသိမ်းစစ်တပ်၏ ထင်ယောင်ထင်မှား အရှိန်အဟုန် သို့မဟုတ်စစ်တပ်၏ အထင်မှား “အောင်ပွဲများ”

0
မြန်မာစစ်တပ်သည် ဖလမ်း၊ လားရှိုး၊ မြဝတီ၊ ကျောက်မဲနှင့် တကောင်း ကဲ့သို့သော အဓိကဗဟိုချက်များအပါအဝင် အနည်းဆုံး မဟာဗျူဟာမြောက်နယ်မြေ ၂၀ ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ကြောင်း ဇွန်လနှောင်းပိုင်းတွင် သံလွင်တိုင်းမ် (ThanLwin Times) သတင်းဌာနက ဖော်ပြခဲ့သည်။ သို့သော် ဘားမားနယူးစ်အင်တာနေရှင်နယ် (BNI) နှင့် မြန်မာ့ငြိမ်းချမ်းရေးစောင့်ကြည့်မှုအဖွဲ့ (MPM)...

မူဆယ်မြို့ ရွှေဆိုင်ပိုင်ရှင် မိသားစု ဓားပြတိုက်ခံရ၊ ကျူးလွန်သူများ လွတ်မြောက်နေဆဲ

0
သျှမ်းပြည် မြောက်ပိုင်း မူဆယ်မြို့တွင် ရွှေဆိုင်ပိုင်ရှင်မိသားစု နှစ်ဦးကို အမည်မသိလက်နက်ကိုင် လူတစ်စုက သေနက်ပစ်ဖောက်ကာ ဓားပြတိုက်လုယက်ခဲ့ကြောင်း သတင်းရရှိသည်။ ယမန်နေ့ ( ဇွန်လ ၉ ရက်) နေ့လည် ၃ နာရီခွဲကျော် အချိန်တွင် မူဆယ်မြို့ ၊ တောင်ရပ်ကွက်တွင် ရွှေဆိုင်ပိုင်ရှင် မိသားစု နှစ်ဦး...

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...