Friday, April 19, 2024

မူဆယ်မြို့ ကား နှင့် ဆိုင်ကယ်တိုက်မိ အမျိုးသမီး တစ်ဦး သေဆုံး၊ တစ်ဦး ဒဏ်ရာရ

Must read

သျှမ်းပြည် မူဆယ်ခရိုင် မူဆယ်မြို့နယ် မိုင်းယု (၁၀၅) မိုင် ပြည်ထောင်စု ကားလမ်းမပေါ် တွင် အိမ်စီးကားတစ်စီး နှင့် ဆိုင်ကယ်တစ်စီး တိုက်မိကြရာ ဆိုင်ကယ်ပေါ်မှ အမျိုးသမီး တစ်ဦး သေဆုံးပြီး တစ်ဦးထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း သိရှိရသည်။

ယာဥ်တိုက်မှု

ယမန်နေ့ (ဇန်နဝါရီ ၁၆) ရက် နံနက်ပိုင်း ၁၁ နာရီကျော်အချိန်က (၁၀၅) မိုင် ဈေးသုံးပြီး အပြန် ဆိုင်ကယ်မောင်းနှင်လာသည့် အမျိုးသမီး နှစ်ဦးသည် မူဆယ် (၁၀၅) မိုင် ပြည်ထောင်စု ကားလမ်းမ၊ ကြက်ခြေနီရုံးရှေ့တွင် အိမ်စီးကားတစ်စီးကို ဝင်တိုက်မိပြီး ဆိုင်ကယ်ပေါ်မှ အသက် ၃၀ နှစ်ဝန်းကျင် အမျိုးသမီးတစ်ဦး သေဆုံးပြီး၊ ကျန် အမျိုးသမီးတစ်ဦး ထိခိုဏ် ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။

“ အဲ့နေ့က ဈေးနေ့ဆိုတော့ ဈေးက အပြန်လို့တော့ ယူဆတယ်။ ဖြစ်တာတော့ လမ်းရဲ့ ညာဖက်ခြမ်း ဖြစ်တယ်ဆိုတော့ အများလူကတော့ ဆိုင်ကယ်က မှားတယ်လို့ ပြောတယ်။ ကားရှေ့ကို ဝင်တိုက်တာ တစ်ယောက်ကတော့ ပွဲချင်းပြီး ဆုံးသွားတယ်၊ တစ်ယောက်ကတော့ ထိခိုက်ဒဏ်ရာ ရသွားတယ် “ ဟု ပါရမီလှုမှုကူညီရေးအသင်းမှ တာဝန်ရှိသူ တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ယာဉ်မတော်တဆမှုကြောင့် ထိခိုက်ဒဏ်ရာ ရရှိသူ အသက် ၅၀ နှစ်အရွယ် အမျိုးသမီးတစ်ဦးကို ပါရမီလှုမှုကူညီရေးအသင်း မိုင်းယု (၁၀၅) မိုင်က မူဆယ်ပြည်သူ့ဆေးရုံကြီးကို ပို့ဆောင်ထားကြောင်း သိရသည်။

Leave a Comments

- Advertisement -spot_img

Latest article