တောင်ကြီးတွင် လျှပ်စစ်ဝါယာကြိုးခိုးခံရ

သျှမ်းပြည် တောင်ကြီးခရိုင် တောင်ကြီးမြို့တွင် ယခုရက်ပိုင်းမှာ လျှပ်စစ်ဝါယာကြိုးများ မကြာခဏ ခိုးခံနေရကြောင်း စုံစမ်း သိရှိရသည်။

Crd. Mindiamart

ပြီးခဲ့သည့် ဇန်နဝါရီ ၁၃ ရက်နေ့မှစပြီး ယနေ့အထိ တောင်ကြီးမြို့ အနောက်မြို့ပတ်လမ်း ကျောင်းကြီးစု ရပ်ကွက်အတွင်းရှိသည့် ဂေါက်ကလပ်ကွင်း၏ အနောက်မြောက်ဘက်တောင့်မှ လျှပ်စစ်မီး (Transformer) ဘောက်တစ်ခုမှ ဝါယာကြိုးများ ခိုးခံနေရကြောင်း တောင်ကြီးမြို့ဒေသခံ တစ်ဦးက ပြောသည်။

“ ကျနော်က email ဝင်စရာရှိလို့ စောင့်နေချိန်မှာ ည ၁၂ နာရီ ၁၅ မိနစ်လောက်မှာ မီးက ဖျက်ခနဲ ပျက်သွားတယ်။ ကိုယ်ကတော့ အရင်အတိုင်း မီးပျက်တယ်လို့ပဲ တွက်လိုက်တာ။ မနက်ရောက်တော့ မီးအားက ၄၀ လောက်ပဲ ရှိတယ်။ အဲ့ချိန် စုံစမ်းကြည့်မှ (Transformer) ထဲက ကေဘယ်ကြိုးတွေ ခိုးခံရတယ် “ လို့ ၎င်းက ပြောသည်။

ခိုးခံရသည့် လျှပ်စစ်ဝါယာကြိုး (ကေဘယ်ကြိုး) နှစ်ကြိုးသည် တစ်ကြိုးလျှင် ၁၅ ပေခန့်ရှည်ပြီး ကျပ်ငွေ (၈) သိန်း ဈေးနှုန်းရှိကြောင်းလည်း သိရသည်။

အဆိုပါ လျှပ်စစ်ဝါယာကြိုးများ အခိုးခံရပြီးနောက် တောင်ကြီးမြို့နယ် ( EPC) ရုံးမှ ပြန်လည်ပြုပြင်ရေးကို ၎င်းရပ်ကွက်အတွင်း နေထိုင်သည့် ဒေသခံများထံ တစ်အိမ်လျှင် ကျပ်ငွေ (၃,၀၀၀) ကောက်ခံနေကြောင်း သိရသည်။

“ လျှပ်စစ်ကြိုး တစ်ခုကို (၈) သိန်းတန်တယ်။ နှစ်ခုဆိုတော့ (၁၆) သိန်းရှိတယ်လေ၊ အဲ့ဒါကို EPC ကလာပြင်ပေးမယ်ပေါ့။ ရပ်ကွက်က (၈) သိန်း စိုက်ရမယ်ဆိုပြီး တစ်အိမ်ကို ကျပ်ငွေ (၃,၀၀၀) ကောက်တာ။ ရပ်ကွက်ကလူနဲ့ ဘာမှမဆိုင်တော့ ပြန်ရစ်ထည့်လိုက်တယ် “ ဟု ၎င်းကပြောသည်။

အလားတူ ပြီးခဲ့သည့် ဇန်နဝါရီလ (ဒုတိယအပတ်) တွင်လည်း တောင်ကြီးမြို့ မြေဖြူရပ်ကွက်မှာ ဓာတ်တိုင်ပေါ် က လျှပ်စစ်ဝါယာကြိုး တချို့ခိုးခံနေရကြောင်း သိရသည်။

အဆိုပါ လျှပ်စစ်ဝါယာကြိုးများ ခိုးခံရမှုနှင့် ပတ်သက်ပြီး တောင်ကြီးမြို့နယ် သက်ဆိုင်ရာ ရဲတပ်ဖွဲ့များက သူခိုးကို လိုက်လံဖမ်းဆီးဆောင်ရွက်ပေးခြင်း မရှိကြောင်း ဒေသခံများ၏ ပြောချက်အရ သိရသည်။

စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း သျှမ်းပြည်တွင် တရားဥပဒေစိုးမိုးမှုမှာ မရှိတော့သလို ဆိုးကျိုးလုယက်၊ သူခိုး၊ ဓားပြ များမှာလည်း နေစဉ််နှင့်အမျှ ပေါများလာနေပြီး ပြည်သူများ၏ လုံခြုံရေးမှာလည်း ပိုဆိုးဝါးလာကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

တောင်ကြီး လမ်းဘေးစျေးသည်များကို စည်ပင်က ရိုက်နှက်ပြီး ပစ္စည်းများ သိမ်းဆည်း

0
သျှမ်းပြည်တောင်ပိုင်း၊ တောင်ကြီးမြို့ မြို့မဈေးအနီးရှိ လမ်းဘေးဈေးသည်များကို စည်ပင်က ရိုက်နှက်ပြီး ပစ္စည်းများ သိမ်းဆည်းသွားကြောင်း သတင်းရရှိသည်။ ဖြစ်စဉ်မှာ ပြီးခဲ့သည့် ဩဂုတ်လ ၁၂ ရက်တွင် တောင်ကြီးမြို့ နံနက်ခင်းဈေးတခုတွင် လမ်းဘေးဈေးသည်များကို “ဈေးမသိမ်း”ဟူသော အကြောင်းပြချက်ဖြင့် စည်ပင်များကို ဝင်ရောက်ရိုက်နှက်ကာ ပစ္စည်းများကို သိမ်းဆည်းကာ ကားပေါ်တင်သွားကြောင်း သိရသည်။ အဆိုပါ...

ယာဉ်နံပတ်ပွား ဆီထုတ်မှုကြောင့် QR အသစ် ပြန်လျှောက်ရမည်

0
သျှမ်းပြည်အတွင်း စက်သုံးဆီများကို တန်းစီဝယ်ရာတွင် ယာဉ်နံပတ်များကို ပွားပြီး ဝယ်ယူမှုများတွေ့ရှိနေသဖြင့် ယာဉ်ပိုင်ရှင်များ QR ကုတ်အသစ် ပြန်လည်လျှောက်ထားရမည်ဟု လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန က ယမန့်နေ့ (ဇူလိုင် ၃၀)ရက်တွင် ထုတ်ပြန်ခဲ့သည်။  ထို QR ကုတ် အသစ် ပြန်လည်လျှောက်ထားရာတွင် မော်တော်ယာဉ်မှတ်ပုံတင် သက်သေခံ လက်မှတ် အစစ်အမှန်ဖြစ်ကြောင်း သက်ဆိုင်ရာ (ကညန)၏ ထောက်ခံချက်...

သျှမ်းတောင်တွင် ဝက်နာကျ သေဆုံးမှုဖြစ်ပြီးနောက် ဝက်သားစျေးကျ

0
သျှမ်းပြည်တောင်ပိုင်းတွင် ဝက်နာရောဂါဖြစ်ပွားပြီး ဆက်တိုက်သေဆုံးမှုများလာပြီးနောက် ဝက်သားစျေးနှုန်း ကျဆင်လာကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ဇွန်လမှစပြီး သျှမ်းပြည်တောင်ပိုင်း ညောင်ရွှေမြို့နယ်တွင် ဝက်နာရောဂါ စတင်ဖြစ်ပွားခဲ့ပြီးနောက် သေဆုံးမှု များရှိခဲ့ပြီးနောက် ဝက်သားဈေးနှုန်းများ ကျဆင်းလာပြီး ဝက်ဝယ်သူများလည်း နည်းပါးလာကြောင်း သိရသည်။ “ဝက်ကလည်း ရောင်းချင်နေပြီ ဝယ်သမားကလည်း မရှိဘူး၊ အရင်က သိန်း (၃၀)...

တောင်ကြီးတွင် ခွေးများကို ပစ်မှတ်ထား အစာအဆိပ်ခတ်ခံနေရ

0
သျှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့တွင် အိမ်မွေးခွေးနှင့် လမ်းဘေးခွေးများကို ပစ်မှတ်ထားပြီး အစာအဆိပ်ခတ် နေသည့် အုပ်စုများရှိနေကြောင်း စုံစမ်းသိရသည်။ တောင်ကြီးမြို့တွင် အိမ်မွေးခွေးနှင့် လမ်းဘေးခွေးများကို ပစ်မှတ်ထားပြီး ထမင်းကဲ့သို့သော အစားအစာများဖြင့် အဆိပ်ခတ်သည့် ဖြစ်စဉ်သည် နေ့စဉ်နှင့်အမျှ ဖြစ်လာကြောင်း၊ ထိုအဆိပ်ခတ်နေသည့် ပုံစံသည် တူညီမှုများရှိနေသဖြင့် ခွေးများကို ဉီးတည်ပြီး သတ်နေသည့်...

တောင်ကြီးမြို့နယ်ရောက် စစ်ရှောင် လျှပ်စစ်မီးရရှိရေး ကျပ်သိန်း (၃၀)ထိပေးရ

0
သျှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့နယ်သို့ရောက်ရှိလာသော စစ်ဘေးရှောင်များသည် လျှပ်စစ်မီးရရှိရန် သက်ဆိုင်ရာလူကြီးများထံ ကျပ်သိန်း(၃၀) ပေးနေရကြောင်း သတင်းရရှိသည်။ တောင်ကြီးမြို့နယ် နောင်ကားကျေးရွာ၊ တံတားမီးလောင်ကျေးရွာ၊ ဒုံခရာ ကျေးရွာနှင့် ညိုမီးကျေးရွာ ဘက်တွင် ကရင်နီပြည်မှ ရောက်လာသော စစ်ရှောင်များရှိကို ၎င်းနေအိမ်အတွက် လျှပ်စစ်မီးရရှိရန် ကျပ်သိန်း (၃၀)အထိ ပေးရသဖြင့် ဆိုလာပြားများကို အသုံးပြုနေရသည်။​ “လျှပ်စစ်မီးယူမယ်ဆို...