နမ့်လန်မြို့ရှိ ရွှေဆိုင်တစ်ခုကို သေနတ်ကိုင် အမျိုးသား နှစ်ဦးမှ ဓားပြဝင်တိုက်

သျှမ်းပြည် ကျောက်မဲခရိုင် သီပေါမြို့နယ် နမ့်လန်မြို့နယ်ခွဲရှိ ရွှေဆိုင်တစ်ခုကို သေနတ်ကိုင် အမျိုးသား နှစ်ဦးမှ ဝင်ရောက် ဓားပြတိုက်သွားကြောင်း သတင်းသိရသည်။

နမ့်လန်မြို့

ယမန်နေ့ (ဇန်နဝါရီ ၂၀) ရက် ညနေ ၄ နာရီဝန်းကျင်တွင် နမ့်လန်မြို့နယ်ခွဲရှိ “သစ်ဆန်း” ရွှေဆိုင်သို့ သေနတ်ကိုင်ဆောင်ထားသည့် အမျိုးသား နှစ်ဦးက ဝင်ရောက်ဓားပြတိုက်ယူသည့်အတွက် ရွှေနှင့်ငွေစုစုပေါင်း တန်ဖိုး ၃၀၀ ကျော် ဆုံးရှုံးရကြောင်း ဒေသခံအမျိုးသား တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“ဓားပြလာတိုက်တဲ့သူက အမျိုးသားနှစ်ဦး CZI ဆိုင်ကယ်စီးပြီးရောက်လာတယ်၊ တစ်ယောက် ဆိုင်ကယ်ပေါ် စောင့်ချိန်မှာ နောက်တစ်ယောက်က ဆိုင်ထဲကို ဝင်ပြီး သေနတ်နဲ့ လူကိုချိန်ပြီး ဓါးပြတိုက်ယူသွားတာ၊ ပြီးတော့ မိုးပေါ်ထောင်ပြီး သေနတ်တချက်ပစ်သွားတယ်၊ ဓားပြတွေရသွားတာ စုစုပေါင်း ကျပ်သိန်း ၃၀၀ ကျော်လောက် ရှိတယ်” ဟု အမည်မဖော်လိုသူ ဒေသခံ အမျိုးသား တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ဓားပြတိုက်ခံရသည့် သစ်ဆန်း ရွှေဆိုင်သည် မြောက်ရပ်ကွက်ရှိ နမ့်လန်မြို့မဈေး မြောက်ဘက်တွင် ဖွင့်လှစ်ထားပြီး ပိုင်ရှင်ဖြစ်သူက မြို့လယ်ရပ်ကွက်တွင် နေထိုင်သူ ဖြစ်ကြောင်း သိရသည်။

အဆိုပါ သစ်ဆန်း ရွှေဆိုင် ဓားပြတိုက်ခံရခြင်းနှင့် ပတ်သက်ပြီး နေ့လည်နေ့ခင်းအချိန် ဓါးပြတိုက်ခံရမှုသည် နမ့်လန်မြို့နယ်ခွဲအတွင်း၌ ပထမဆုံးအကြိမ်သာ ဖြစ်ကြောင်းလည်း အထက်ပါ ဒေသခံအမျိုးသားက ဆက်ပြောသည်။

“မနေ့က လကွယ်နေ့ (ဥပုသ်နေ့) ဖြစ်နေတော့ ဈေးကတော့ ပိတ်ထားတယ်၊ ဈေးအပြင်ဘက်က ဆိုင်ခန်းတွေ အနည်းငယ် ဖွင့်ထားတာ ရှိပေမယ့် လူသိပ်မများဘူး၊ အခုလို နေ့လည်နေ့ခင်းချိန်မှာ ဓားပြတိုက်ခံရတာက ဒါပထမဆုံး အကြိမ်ပဲ၊ ဓားပြကိုလည်း မဖမ်းမိဘူး” ဟု ၎င်းက ပြောသည်။

ပြီးခဲ့သည့် ဇန်နဝါရီလ ၁၇ ရက်နံနက်ပိုင်းတွင်လည်း သျှမ်းပြည် မူဆယ်ခရိုင် မူဆယ်မြို့ရှိ လောဝ်ခမ်း ရွှေဆိုင်ကို သက်ကြီးအမျိုးသမီးနှစ်ဦးမှ ဝင်ရောက်လုယက်သည့်အတွက် စုစုပေါင်းတန်ဖိုး ကျပ်သိန်း ၃၀၀ နီးပါး ဆုံးရှုံးသည့် ဖြစ်စဥ်ဖြစ်ပွားခဲ့သည်။

စစ်ကောင်စီမှ နိုင်ငံတော် အာဏာသိမ်းယူပြီးနောက်ပိုင်းတွင် သျှမ်းပြည်အပါဝင် နိုင်ငံတစ်ဝှမ်းလုံး၌ ခိုးဆိုးလုယက်မှု၊ ဓားပြတိုက်မှု ပေါများလာပြီး သက်ဆိုင်ရာ လုံခြုံရေးတာဝန်ရှိသူများကလည်း နှိမ်နှင်းအရေးယူမှု မရှိသဖြင့် ပြည်သူများက လုံခြုံမှု မရှိကြောင်း ပြောဆိုညဥ်းတွားနေကြသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...

ကျိုင်းတုံတွင် ရွှေဆိုင်ပိုင်ရှင်အမျိုးသမီး ဓားပြတိုက်ခံရပြီး သေနတ်ပစ်ခံရသေဆုံး၊ ရွှေ ၃ ပိဿ ပါသွား

0
သျှမ်းပြည် ကျိုင်းတုံမြို့ နေ ရွှေဆိုင်ပိုင်ရှင် အမျိုးသမီးတစ်ဦးကို အမည်မသိ လက်နက်ကိုင် လူတစ်စုက သေနက်ဖြင့် ပစ်ခတ်ခဲ့ပြီး ရွှေ ၃ ပိဿ နှင့် ကားကို ဓားပြတိုက်လုယူခဲ့ကြောင်း သတင်းရရှိသည်။ ယမန်နေ့ (မေလ ၁၃ ရက်) နေ့လည် ၁ နာရီကျော်တွင် ကျိုင်းတုံမြို့...

စစ်ကော်မရှင် တရုတ်ကုန်စည်စီးဆင်းမှု တားမြစ်ပိတ်ပင်မှု တင်းကြပ်လာ

0
သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင် စစ်ကော်မရှင်က ရက် ၁၀၀ စီမံကိန်းအနေဖြင့် ၎င်းကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်တင်းကြပ်လာသည်။ ထိုကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်မှု တင်းကြပ်လာသဖြင့် ပြည်တွင်းကုန်တင်ယာဉ်များလည်း အလုပ်ရပ်နားထားရပြီး ပြည်သူများလည်း ကုန်စည်စျေးနှုန်းများ ထပ်မံမြင့်တက်လာမှုကို ရင်ဆိုင်နေရကြောင်း သျှမ်းမြောက်ပြည်သူများထံမှ စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် ရက်ပိုင်အတွင်းမှ စတင်ကာ စစ်ကော်မရှင်သည် လားရှိုးမြို့သို့...

ကျောက်မဲတွင် ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီးကွက်ပေး၊ ပြည်သူနေအိမ်များ မီးကြိုးခိုးယူခံနေရ

0
သျှမ်းပြည် ကျောက်မဲမြို့ပေါ် ရပ်ကွက်ရှိ ပြည်သူနေအိမ်များတွင် လျှပ်စစ်မီး မရရှိခြင်းကြောင့် မီးကြိုးခိုးယူခံနေရကြောင်း စုံစမ်းသိရသည်။ ကျောက်မဲမြို့ကို တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထံမှ စစ်တပ်ပြန်လည်ထိန်းချုပ်ခဲ့သည့် ယမန်နှစ် ၂၀၂၅ အောက်တိုဘာလ နောက်ပိုင်းမှ စတင်၍ စစ်အစိုးရလက်အောက်ခံ ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီး ဖြန့်ဝေထားပြီး ရပ်ကွက်အတွင်းရှိ ပြည်သူနေအိမ်များမှာ...

ကျိုင်းတုံ တောင်ပေါ်ဒေသ လမ်းပန်းခက်ခဲမှုကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေးခက်ခဲနေ

0
ကျိုင်းတုံမြို့နယ်ရှိ တောင်ပေါ်ဒေသများတွင် ခေတ်အဆက်ဆက် အစိုးရ မှ လမ်းပန်းဆက်သွယ်ရေးကို ကူညီထောက်ပံ့မှု မရှိခဲ့ခြင်းကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေး ဝန်ဆောင်မှု မရရှိကာ သေဆုံးမှုများ ဖြစ်ပွားသည့်အထိ ရှိနေကြောင်း သတင်းရရှိသည်။ ကျိုင်းတုံမြို့နယ်အတွင်း တောင်ပေါ်ကျေးရွာပေါင်း ၃၀ ထက်မနည်ရှိကာ လမ်းပန်းဆက်သွယ်ရေး အခက်အခဲများကို နေ့စဉ်ရန်ဆိုင်နေရသည်။ အဆိုပါ ဒေသများသည် ကျိုင်းတုံမြို့နှင့်...