ရွှေညောင်မြို့ အမျိုးသမီးငယ်တစ်ဦး (၁၀) ရက်ကြာ ပျောက်ဆုံးနေ

သျှမ်းပြည် တောင်ကြီးခရိုင် ရွှေညောင်မြို့ လှိုင်ဘုံသာ (၁) ကုန်းလှိုင်ရပ်ကွက်တွင် နေထိုင်သည့် အသက် ၁၈ နှစ်အရွယ် အမျိုးသမီးငယ်တစ်ဦးသည် (၁၀) ရက်ကြာ ပျောက်ဆုံးနေကြောင်း စုံစမ်းသိရသည်။

ပျောက်ဆုံးနေသူ အမျိုးသမီး

ဖြစ်စဉ်မှာ ဇန်နဝါရီ ၁၄ ရက် ညနေ ၂ နာရီဝန်းကျင်တွင် အသက် ၁၈ နှစ်အရွယ်ရှိ မယွန်းယွန်းထက်သည် သူငယ်ချင်းနှင့်အတူ မုန့်သွားစားမည်ဟုပြောပြီး နေအိမ်မှ ဆိုင်ကယ်တစ်စီး ထွက်သွားရာ ယနေ့ချိန်ထိ အိမ်ကို ပြန်လာခြင်းမရှိကြောင်း၊ ဖုန်းဖြင့် ဆက်သွယ်သော်လည်း ဖုန်းဆက်ပိတ်ထားသဖြင့် ၎င်း မိသားစုဝင်များက စိတ်ပူနေကြောင်း အဖွားဖြစ်သူက သျှမ်းသံတော်ဆင့်ကိုပြောသည်။

“ သူက သူငယ်ချင်းတွေနဲ့ တစ်နေနေရာမှာ မုန့်သွားစားမယ်လို့ ပြောတယ်။ သူ့ သူငယ်ချင်းတွေကလည်း အန်တီအိမ်ကို ရောက်လာပြီး သူနဲ့မတွေ့လို့ဆိုပြီး လာပြောပြတယ်။ ယောင်္ကျားခိုးပြေးတာလားတော့ မပြောတတ်ဘူး။ သူပျောက်သွားတာ ဒီနေ့နဲ့ဆို ၁၀ ရက်ကြာပြီ၊ ဖုန်းလည်းဆက်ပိတ်ထားတယ်။ ဘာသတင်းအချက်အလက်မှလည်း မကြားဘူး “ လို့ ၎င်းက ပြောသည်။

အဆိုပါ ပျောက်ဆုံးမှု နှင့် ပတ်သက်ပြီး သက်ဆိုင်ရာ ရဲတပ်ဖွဲ့ကို တိုင်ကြားထားခြင်း မရှိကြောင်းလည်း သိရသည်။

ထို့အပြင် နိုင်ငံရေး အခြေအနေ မတည်ငြိမ်မှုကြောင့် လူကုန်ကူး ရောင်းစားခံရခြင်းနှင့် အန္တရာယ် တစ်ခုခုဖြစ်မည်ကို ၎င်းမိသားစုဝင်များက စိုးရိမ်နေကြောင်း၊ မယွန်းယွန်းထက်ကို တွေ့ရှိပါက ဖုန်းနံပါတ် (09- 424 235 020၊ 09-762 729 628 နှင့် 09-970 225 142 ကို ဆက်သွယ်အကြောင်းကြားပေးပါရန် တိုက်တွန်းထားပါသည်။

စစ်တပ်က အာဏာသိမ်းပြီးနောက် သျှမ်းပြည်တွင် တရားဉပဒေ စိုးမိုးမှုပျက်ပြားလာပြီး စီးပွားရေးကျဆင်းမှု၊ ပညာရေး ကျဆင်းမှု စသည်ဖြင့် ပြည်တွင်းရှိ လူငယ်များမှာ နယ်စပ်ဒေသ နှင့် အိမ်နီးချင်းနိုင်ငံ ထိုင်းနိုင်ငံအတွင်းသို့ အလုံးအရင်းထွက်ပြေး တိမ်းရှောင်ကြသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

စစ်ကော်မရှင် တရုတ်ကုန်စည်စီးဆင်းမှု တားမြစ်ပိတ်ပင်မှု တင်းကြပ်လာ

0
သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင် စစ်ကော်မရှင်က ရက် ၁၀၀ စီမံကိန်းအနေဖြင့် ၎င်းကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်တင်းကြပ်လာသည်။ ထိုကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်မှု တင်းကြပ်လာသဖြင့် ပြည်တွင်းကုန်တင်ယာဉ်များလည်း အလုပ်ရပ်နားထားရပြီး ပြည်သူများလည်း ကုန်စည်စျေးနှုန်းများ ထပ်မံမြင့်တက်လာမှုကို ရင်ဆိုင်နေရကြောင်း သျှမ်းမြောက်ပြည်သူများထံမှ စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် ရက်ပိုင်အတွင်းမှ စတင်ကာ စစ်ကော်မရှင်သည် လားရှိုးမြို့သို့...

ကျောက်မဲတွင် ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီးကွက်ပေး၊ ပြည်သူနေအိမ်များ မီးကြိုးခိုးယူခံနေရ

0
သျှမ်းပြည် ကျောက်မဲမြို့ပေါ် ရပ်ကွက်ရှိ ပြည်သူနေအိမ်များတွင် လျှပ်စစ်မီး မရရှိခြင်းကြောင့် မီးကြိုးခိုးယူခံနေရကြောင်း စုံစမ်းသိရသည်။ ကျောက်မဲမြို့ကို တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထံမှ စစ်တပ်ပြန်လည်ထိန်းချုပ်ခဲ့သည့် ယမန်နှစ် ၂၀၂၅ အောက်တိုဘာလ နောက်ပိုင်းမှ စတင်၍ စစ်အစိုးရလက်အောက်ခံ ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီး ဖြန့်ဝေထားပြီး ရပ်ကွက်အတွင်းရှိ ပြည်သူနေအိမ်များမှာ...

ကျိုင်းတုံ တောင်ပေါ်ဒေသ လမ်းပန်းခက်ခဲမှုကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေးခက်ခဲနေ

0
ကျိုင်းတုံမြို့နယ်ရှိ တောင်ပေါ်ဒေသများတွင် ခေတ်အဆက်ဆက် အစိုးရ မှ လမ်းပန်းဆက်သွယ်ရေးကို ကူညီထောက်ပံ့မှု မရှိခဲ့ခြင်းကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေး ဝန်ဆောင်မှု မရရှိကာ သေဆုံးမှုများ ဖြစ်ပွားသည့်အထိ ရှိနေကြောင်း သတင်းရရှိသည်။ ကျိုင်းတုံမြို့နယ်အတွင်း တောင်ပေါ်ကျေးရွာပေါင်း ၃၀ ထက်မနည်ရှိကာ လမ်းပန်းဆက်သွယ်ရေး အခက်အခဲများကို နေ့စဉ်ရန်ဆိုင်နေရသည်။ အဆိုပါ ဒေသများသည် ကျိုင်းတုံမြို့နှင့်...

“စစ်ရေး ၊ နိုင်ငံရေးက သူတို့စစ်အုပ်စုချမှတ်ထားတဲ့ လမ်းစဉ်အတိုင်း ဆက်သွားမယ်”

0
အာဏာသိမ်း စစ်တပ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ၅ နှစ်အကြာမှာ ၎င်းပုံဖော်ထားတဲ့အတိုင်း နိုင်ငံတော် သမ္မတရာထူးယူလိုက်ပါတယ်။ ဒါ့ကြောင့် စစ်ဝတ်စုံကနေ အရပ်သားဝတ်စုံပြောင်း စစ်ခေါင်းဆောင် သမ္မတ ဉီးမင်းအောင်လှိုင် တက်လာပြီး သျှမ်းပြည် နိုင်ငံရေး အပြောင်းအလဲတွေ ဘယ်လိုဖြစ်လာခဲ့ပါသလဲ။ အစိုးရသစ် စစ်ခေါင်းဆော်င သမ္မတ ဉီးမင်းအောင်လှိုင်တက်လာချိန်မှာလည်း စစ်အာဏရှင်ကို...

စစ်မှုထမ်း ခေါ်ဆောင်ခံရပြီး ပြန်လွတ်လာသည့် ရွာငံလူငယ်(၃)ဉီးသာရှိ

0
သျှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်တွင် စစ်မှုထမ်း အမှတ်စဉ်(၁)အတွက် မဲနှိုက်ရာမှ ပါရှိသွားသည့် ရွာငံမြို့နယ် အမျိုးသား (၃)ဦးသည် သုံးနှစ်အကြာမှ ပြန်လွတ်လာကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ (၁၀)ရက်တွင် စစ်ကော်မရှင်တပ်က စစ်မှုထမ်းဥပဒေကို ပြဌာန်းပြီးနောက် စစ်မှုထမ်းအမှတ်စဉ်(၁)အတွက် ကျေးရွာများအတွင်း မဲနှိပ်ခြင်း၊ ပေါ်တာဆွဲခြင်း စသည့်...