Wednesday, January 28, 2026

နမ့်ခမ်းမြို့တွင်း အရှိန်ပြင်း မောင်းနှင်လာသည့် အိမ်စီးကား နှင့် သုံးဘီးဆိုင်ကယ်တိုက်မိ

သျှမ်းပြည် မူဆယ်ခရိုင် နမ့်ခမ်းမြို့ မြို့မဈေးအနီးတွင် အရှိန်ပြင်းထန်စွာဖြင့် မောင်းနှင်လာသော အိမ်စီးကားတစ်စီးသည် ဆိုင်ကယ်သုံးဘီး နှင့် ဝင်တိုက်မိပြီး ကားများ ပျက်စီးသွားကြောင်း သိရှိရသည်။

နမ့်ခမ်းမြို့

ယမန်နေ့ ဇန်နဝါရီ ၂၂ ရက် ညနေ ၅ နာရီခွဲတွင် နမ့်ခမ်းမြို့ မြို့မဈေးအနီးတွင် အမည်းရောင် အိမ်စီးကားတစ်စီး အရှိန်ပြင်းထန်စွာဖြင့် မောင်းနှင်လာရာ ဆိုင်ကယ်သုံးဘီး နှင့် ဝင်တိုက်မိပြီး တိမ်းမှောက်သွားကာ လမ်းမကြီးဘေး၌ ရပ်ထားသည့် ကားအဖြူရောင် တစ်စီးပေါ်သို့ ကျရောက်သွားကြောင်း နမ့်ခမ်းဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။

“ယာဉ်မောင်း တရုတ်အမျိုးသားတစ်ဦးတော့ လက်မှာ ထိခိုက်ဒဏ်ရာ ရသွားတယ်။ ယာဉ်မောင်းသူကလွှဲပြီး ကျန်သူတွေတော့ ထိခိုက်ဒဏ်ရာမရဘူး။ အိမ်စီးကား နှစ်စီးနဲ့ သုံးဘီးကတော့ ပျက်စီးမှု များတယ်။ ဆိုင်တွေ၊ အိမ်ခန်းတွေတော့ မထိခိုက်သွားဘူး “ ဟု ၎င်းကပြောသည်။

အဆိုပါ မှုခင်းနှင့် ပတ်သက်ပြီး နမ့်ခမ်းမြို့နယ် ရဲတပ်ဖွဲ့များက စစ်ဆေးမေးမြန်းပြီး အရေးယူဆောင်ရွက်မှုများ ပြုလုပ်နေကြောင်း သိရသည်။

နမ့်ခမ်းပရဟိတ လူမှုကူညီရေးအသင်းမှ တာဝန်ခံတစ်ဦးက “လူတွေက ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းတွေ သိပ်နားမလည်ကြဘူး။ အဓိက ယာဉ်စည်းကမ်း နားလည်အောင် လုပ်ဖို့တော့ လိုတယ်။ ကျနော်တို့မှာက နယ်စပ်ဒေသဖြစ်တဲ့အတွက် လိုင်စင်မဲ့ ကားတွေလည်း များတော့ တချို့တွေက စည်းကမ်းမလိုက်နာဘူး။ လမ်းကို ပြောင်းပြန်မောင်းချင်သလို မောင်းကြတယ်။ သူတို့တွေက ယာဉ်စည်းကမ်း ဗဟုသုတ အားနည်းတယ် “ ဟု ၎င်းကပြောသည်။

ထို့အပြင် မြန်မာ – တရုတ်နယ်စပ်ဖြစ်သည့် မူဆယ်နှင့် နမ့်ခမ်းဒေသတွင် တစ်လလျှင် ပျှမ်းမျှ ယာဉ်တိုက်မှု ၂၀ ကြိမ်ထက်မနည်း ဖြစ်ပွားကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

စစ်ကော်မရှင်နှင့် PNO စစ်သုံးစရိတ်နှင့် တပ်သားစုဆောင်းမှုကြား စိတ်ရောကိုယ်ပါ ပင်ပန်းနေ

0
အာဏာသိမ်းစစ်တပ်က စစ်မှုထမ်းဥပဒေကို ပြန်လည်အသက်သွင်းပြီးနောက်ပိုင်း စစ်မှုထမ်း လစဉ်ကြေးနှင့် တပ်သားသစ် စုဆောင်းမှုဒဏ်ကြောင့် လူထုကြား စိတ်ရောကိုယ်ပါ ပင်ပန်းနွမ်းနယ်နေကြောင်း ဒေသခံများက ပြောသည်။ တရားဝင် လူဖမ်းစစ်သားစုဆောင်းရန်အတွက် စစ်တပ်က စစ်မှုထမ်းဥပဒေကို ပြန်လည်အသက်သွင်းခဲ့သည်မှာ လာမည့် ၂၀၂၆ ဖေဖော်ဝါရီလ ၁၀ ရက်နေ့တွင် ၂ နှစ်ပြည့်ပြီ ဖြစ်သည်။ သို့သော်...

လူငယ်များအား အဓမ္မ စစ်ထဲဆွဲထည့်နေသည့် စစ်ခေါင်းဆောင် ဦးဆောင်၍ လူငယ် ငြိမ်းချမ်းရေးဖိုရမ် ကျင်းပနေ

0
အနည်းဆုံး လူငယ် ၆၀၀၀၀ ကျော်ကို အဓမ္မ စစ်တပ်ထဲ ဆွဲထည့်ထားသည့် စစ်ခေါင်းဆောင် မင်းအောင်လှိုင် ဦးဆောင်သော လူငယ် ငြိမ်းချမ်းရေး ဖိုရမ် ၂၀၂၆ ကို ယမန်နေ့ (ဇန်နဝါရီ ၁၃ ရက်) နံနက်ပိုင်းက နေပြည်တော်၌ စတင် ကျင်းပနေကြောင်း စစ်ကောင်စီက...

မဲပေးစက်ပြဿနာနှင့် ကြိုတင်မဲကြောင့် ကြံ့ခိုင်ရေးပါတီက အများစုအနိုင်ရ

0
သျှမ်းပြည် ၁၇ မြို့နယ်တွင် ပြီးခဲ့သော ဇန်နဝါရီလ ၁၁ ရက်က ကျင်းပသည့် ရွေးကောက်ပွဲ အပိုင်း (၂) ၏ အနိုင်အရှုံးစာရင်းများကို ကြည့်လျှင် စစ်တပ်ကျောထောက်နောက်ခံ ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး (USDP) ပါတီက အများစုအနိုင်ရထားသည်။ ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး (USDP) ပါတီသည် ၁၉၉၃ ခုနှစ်က...

ရပ်စောက်နှင့် ရွာငံမြို့နယ်တွင် လုံခြုံရေးစိုးရိမ်မှုကြား ဒေသခံမဲသွားပေး

0
သျှမ်းပြည် ရပ်စောက်မြို့နယ်နှင့် ရွာငံမြို့နယ်တွင် စစ်ကော်မရှင်တပ်မှ စစ်အင်အား ဖြည့်တင်းထားပြီး မဲရုံပရဝုဏ်အနီး လက်နက်အပြည့်အစုံဖြင့် စောင့်ဆိုင်းနေခြင်းကြောင့် ဒေသခံများ လုံခြုံရေးစိုးရိမ်မှုဖြင့် မဲသွားပေးနေရကြောင်း စုံစမ်းသိရသည်။ ယနေ့ (ဇန်နဝါရီလ ၁၁ ရက်) တွင် စစ်ကော်မရှင် ကျင်းပနေသည့် ရွေးကောက်ပွဲ ဒုတိယပိုင်းတွင် သျှမ်းပြည်တောင်ပိုင်းမှ ရပ်စောက်၊ ရွာငံ၊...

မိုင်းပျဉ်း ကြိုတင်မဲကောက်ယူရာတွင် USDP မှလွဲ၍ အခြားပါတီများကို အကြောင်းမကြား ဟုဆို

0
သျှမ်းပြည်အရှေ့ပိုင်း မိုင်းပျဉ်းမြို့နယ်တွင် ရွေးကောက်ပွဲ အပိုင်း (၂) အတွက် ကြိုတင်မဲကောက်ယူရာတွင် လွှတ်တော်ကိုယ်စားလှယ်များ လိုက်ပါခွင့်ပြုမည်ဟု ရွေးကော်ပွဲကော်မရှင်က ပြောသော်လည်း မြေပြင်တွင် ကြံ့ခိုင်ရေး ဖွံ့ဖြိုးရေး (USDP)ပါတီမှလွဲ၍ အခြားပါတီများကိုအကြောင်းကြားခြင်းမရှိခဲ့ ကြောင်း စုံစမ်းသိရသည်။ လာမည့် ဇန်နဝါရီလ ၁၁ ရက်တွင် သျှမ်းပြည်အရှေ့ပိုင်း မိုင်းခတ်၊ မိုင်းပျဉ်း၊...