နမ့်ခမ်းမြို့တွင်း အရှိန်ပြင်း မောင်းနှင်လာသည့် အိမ်စီးကား နှင့် သုံးဘီးဆိုင်ကယ်တိုက်မိ

သျှမ်းပြည် မူဆယ်ခရိုင် နမ့်ခမ်းမြို့ မြို့မဈေးအနီးတွင် အရှိန်ပြင်းထန်စွာဖြင့် မောင်းနှင်လာသော အိမ်စီးကားတစ်စီးသည် ဆိုင်ကယ်သုံးဘီး နှင့် ဝင်တိုက်မိပြီး ကားများ ပျက်စီးသွားကြောင်း သိရှိရသည်။

နမ့်ခမ်းမြို့

ယမန်နေ့ ဇန်နဝါရီ ၂၂ ရက် ညနေ ၅ နာရီခွဲတွင် နမ့်ခမ်းမြို့ မြို့မဈေးအနီးတွင် အမည်းရောင် အိမ်စီးကားတစ်စီး အရှိန်ပြင်းထန်စွာဖြင့် မောင်းနှင်လာရာ ဆိုင်ကယ်သုံးဘီး နှင့် ဝင်တိုက်မိပြီး တိမ်းမှောက်သွားကာ လမ်းမကြီးဘေး၌ ရပ်ထားသည့် ကားအဖြူရောင် တစ်စီးပေါ်သို့ ကျရောက်သွားကြောင်း နမ့်ခမ်းဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။

“ယာဉ်မောင်း တရုတ်အမျိုးသားတစ်ဦးတော့ လက်မှာ ထိခိုက်ဒဏ်ရာ ရသွားတယ်။ ယာဉ်မောင်းသူကလွှဲပြီး ကျန်သူတွေတော့ ထိခိုက်ဒဏ်ရာမရဘူး။ အိမ်စီးကား နှစ်စီးနဲ့ သုံးဘီးကတော့ ပျက်စီးမှု များတယ်။ ဆိုင်တွေ၊ အိမ်ခန်းတွေတော့ မထိခိုက်သွားဘူး “ ဟု ၎င်းကပြောသည်။

အဆိုပါ မှုခင်းနှင့် ပတ်သက်ပြီး နမ့်ခမ်းမြို့နယ် ရဲတပ်ဖွဲ့များက စစ်ဆေးမေးမြန်းပြီး အရေးယူဆောင်ရွက်မှုများ ပြုလုပ်နေကြောင်း သိရသည်။

နမ့်ခမ်းပရဟိတ လူမှုကူညီရေးအသင်းမှ တာဝန်ခံတစ်ဦးက “လူတွေက ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းတွေ သိပ်နားမလည်ကြဘူး။ အဓိက ယာဉ်စည်းကမ်း နားလည်အောင် လုပ်ဖို့တော့ လိုတယ်။ ကျနော်တို့မှာက နယ်စပ်ဒေသဖြစ်တဲ့အတွက် လိုင်စင်မဲ့ ကားတွေလည်း များတော့ တချို့တွေက စည်းကမ်းမလိုက်နာဘူး။ လမ်းကို ပြောင်းပြန်မောင်းချင်သလို မောင်းကြတယ်။ သူတို့တွေက ယာဉ်စည်းကမ်း ဗဟုသုတ အားနည်းတယ် “ ဟု ၎င်းကပြောသည်။

ထို့အပြင် မြန်မာ – တရုတ်နယ်စပ်ဖြစ်သည့် မူဆယ်နှင့် နမ့်ခမ်းဒေသတွင် တစ်လလျှင် ပျှမ်းမျှ ယာဉ်တိုက်မှု ၂၀ ကြိမ်ထက်မနည်း ဖြစ်ပွားကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“တံလျှပ်” ဖြစ်နေသော အာဏာသိမ်းစစ်တပ်၏ ထင်ယောင်ထင်မှား အရှိန်အဟုန် သို့မဟုတ်စစ်တပ်၏ အထင်မှား “အောင်ပွဲများ”

0
မြန်မာစစ်တပ်သည် ဖလမ်း၊ လားရှိုး၊ မြဝတီ၊ ကျောက်မဲနှင့် တကောင်း ကဲ့သို့သော အဓိကဗဟိုချက်များအပါအဝင် အနည်းဆုံး မဟာဗျူဟာမြောက်နယ်မြေ ၂၀ ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ကြောင်း ဇွန်လနှောင်းပိုင်းတွင် သံလွင်တိုင်းမ် (ThanLwin Times) သတင်းဌာနက ဖော်ပြခဲ့သည်။ သို့သော် ဘားမားနယူးစ်အင်တာနေရှင်နယ် (BNI) နှင့် မြန်မာ့ငြိမ်းချမ်းရေးစောင့်ကြည့်မှုအဖွဲ့ (MPM)...

နမ့်ခမ်းမြို့အနီး ပေါက်ကွဲမှုကြီး ဖြစ်ပွား၊ သေဆုံးသူ ၂၀ ကျော်အထိရှိလာ၊ ထိခိုက်ဒဏ်ရာရသူ (၇၀)ကျော်ရှိ

0
သျှမ်းပြည်မြောက်ပိုင်း နမ့်ခမ်းမြို့နယ် ကောင်းတပ်ကျေးရွာအနီးတွင် ယနေ့ နံနက်ပိုင်း၌ ပေါက်ကွဲမှုကြီး တစ်ခုဖြစ်ပွားခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။ အဆိုပါ ပေါက်ကွဲမှုအတွင်း ၂၀ ဦးကျော် သေဆုံးကြောင်း ကနဦး သိရှိရပြီး ထိခိုက်ဒဏ်ရာရသူ (၇၀)ကျော်နှင့် ပိတ်မိနေသူများကိုလည်း ဆက်လက် ကယ်ထုတ်နေဆဲ ဖြစ်ကြောင်း နမ့်ခမ်းမြို့ခံတစ်ဦးက ပြောသည်။ “သေတဲ့လူကတော့ ၂၀...

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...

စစ်ကော်မရှင် တရုတ်ကုန်စည်စီးဆင်းမှု တားမြစ်ပိတ်ပင်မှု တင်းကြပ်လာ

0
သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင် စစ်ကော်မရှင်က ရက် ၁၀၀ စီမံကိန်းအနေဖြင့် ၎င်းကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်တင်းကြပ်လာသည်။ ထိုကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်မှု တင်းကြပ်လာသဖြင့် ပြည်တွင်းကုန်တင်ယာဉ်များလည်း အလုပ်ရပ်နားထားရပြီး ပြည်သူများလည်း ကုန်စည်စျေးနှုန်းများ ထပ်မံမြင့်တက်လာမှုကို ရင်ဆိုင်နေရကြောင်း သျှမ်းမြောက်ပြည်သူများထံမှ စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် ရက်ပိုင်အတွင်းမှ စတင်ကာ စစ်ကော်မရှင်သည် လားရှိုးမြို့သို့...

ကျောက်မဲတွင် ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီးကွက်ပေး၊ ပြည်သူနေအိမ်များ မီးကြိုးခိုးယူခံနေရ

0
သျှမ်းပြည် ကျောက်မဲမြို့ပေါ် ရပ်ကွက်ရှိ ပြည်သူနေအိမ်များတွင် လျှပ်စစ်မီး မရရှိခြင်းကြောင့် မီးကြိုးခိုးယူခံနေရကြောင်း စုံစမ်းသိရသည်။ ကျောက်မဲမြို့ကို တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထံမှ စစ်တပ်ပြန်လည်ထိန်းချုပ်ခဲ့သည့် ယမန်နှစ် ၂၀၂၅ အောက်တိုဘာလ နောက်ပိုင်းမှ စတင်၍ စစ်အစိုးရလက်အောက်ခံ ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီး ဖြန့်ဝေထားပြီး ရပ်ကွက်အတွင်းရှိ ပြည်သူနေအိမ်များမှာ...