မူဆယ်မြို့ နေအိမ်ထဲနေ အမျိုးသမီးတဦး ဓားပြတိုက်ခံရ
SHAN -
သျှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့ တောင်ရပ်ကွက်ရှိ နေအိမ်တလုံး တွင် ယနေ့ (ဇန်နဝါရီ ၂၂)ရက် နေ့လည် ၁၂နာရီ အချိန်၌ ဓားပြတိုက်မှု ဖြစ်ပွားခဲ့ကြောင်း စုံစမ်းသိရှိရသည်။ အဆိုပါနေအိမ်ထဲတွင် အမျိုးသမီး တဦးတည်းနေချိန် အမျိုးသား ၂ဦးက ဝင်ရောက်လာပြီး ဓားပြတိုက်ရန် ကြိုးစားရာ၊ အမျိုးသမီးမှ ပြန်လည်ခုခံလိုက်သဖြင့် အမျိုးသမီး...
မြန်မာအမျိုးသမီးကို အဓမ္မပြုကျင့်သည့် ထိုင်းရဲ ပုဒ်မ ၃ ခုဖြင့် တရားစွဲဆိုထား
ထိုင်းနိုင်ငံ စူရတ်ဌာနီခရိုင် ကော့စမွီကျွန်း ဘိုဖွတ်ရဲစခန်း တွင် ထိန်းသိမ်းခံရသည့် မြန်မာအမျိုးသမီး တဦးကို အဓမ္မပြုကျင့်သည့် ထိုင်းရဲ ကို အလုပ်မှ ထုတ်ပယ်ပြီး ပုဒ်မ ၃ခု ဖြင့် အမှုဖွင့် တရားစွဲဆိုထားကြောင်း သတင်းရရှိသည်။ ထိုအမှု ကိစ္စနှင့် ပတ်သက်ပြီး ဇန်နဝါရီ ၁၉ ရက်တွင်...
၆နှစ်ကြာ တရားမျှတမှု မရသေးသည့် ကောင်းခါး ကချင်ဆရာမ (၂)ဦး
SHAN -
သျှမ်းပြည်မြောက်ပိုင်း မူဆယ်ခရိုင် ကောင်းခါးကျေးရွာ တွင် တာဝန်ထမ်းဆောင်သည့် စေတနာ့ဝန်ထမ်း ကျောင်းဆရာမ(၂)ဦး မုဒိမ်ကျင့် သတ်ဖြတ်ခံရသည်မှာ (၆)နှစ်ကြားခဲ့သော်လည်း ယနေ့ထိတိုင် တရားမျှတမှု မရရှိသေးကြောင်း သတင်းရရှိသည်။ လွန်ခဲ့သည့် ၂၀၁၅ခုနစ် ဇန်နဝါရီ ၁၉ ရက်တွင် ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ်(KBC) မှ စေလွှတ်လိုက်သည့် စေတနာဝန်ထမ်း ဆရာ မရန်လုရာ...
ထိုင်းတွင် ဖမ်းဆီးခံရ မြန်မာအမျိုးသမီး တဦးကို ရဲအရာတဦးက မုဒိမ်းကျင့်
ထိုင်းနိုင်ငံ ဆူရတ်ဌာနီ ခရိုင်ရှိ ရဲစခန်းတခုတွင် ဖမ်းဆီးခံထားရသည့် မြန်မာအမျိုးသမီး တဦးကို ရဲအရာရှိ တဦး က မုဒိမ်းကျင့်ခဲ့ကြောင်း ထိုင်းနိုင်ငံ မီဒီယာများ ဖော်ပြချက် အရသိရသည်။ ထိုင်းနိုင်ငံ ဆူရတ်ဌာနီ ခရိုင်ရှိ ရဲစခန်း တခုတွင် မူးယစ်ဆေးဝါး သံသယဖြင့် ဖမ်းဆီးခံရသည့် အသက် ၂၁...
နမ့်လန်မြို့ လင်မယား ၂ဦးသေနတ်ပစ်ခံရ၊ အမျိုးသမီးသေဆုံး
SHAN -
သျှမ်းပြည်မြောက်ပိုင်း နမ့်လန်မြို့ ကောင်းလန်းရပ်ကွက်တွင် နေထိုင်သည့် လင်းမယား နှစ်ယောက်ကို အမည်မသိ လက်နက်ကိုင် တပ်ဖွဲ့က ၎င်းအိမ်တွင် သေနတ်ဖြင့် လာရောက်ပစ်ခဲ့ကြောင်း စုံစမ်းသိရှိရသည်။ အဆိုပါ လင်းမယား၂ဦးကို ယမန်နေ့ ( ဇန်နဝါရီ ၁၁ ရက်) ည ၅ နာရီခွဲတွင် အမည်မသိ လက်နက်ကိုင်...
မူဆယ်မြို့ရောက် ကိုးရီးယားရာဇဝတ်ပြေးလင်မယားအား နယ်စပ်အာဏာပိုင်များဖမ်းဆီး
ပြည်ထောင်စု မြန်မာနိုင်ငံအတွင်းတရားမဝင် ရောက်ရှိလာသည့် ကိုးရီးယားနိုင်ငံသားလင်မယားနှစ်ဉီးအား အာဏာပိုင်များမှ မူဆယ်မြို့ ဟော်တယ်တခု အတွင်း ဝင်ရောက်စစ်ဆေး ဖမ်းဆီးလိုက်ကြောင်းကြားသိရသည်။ ၂၀၂၁ ခု ဇန္နဝါရီလ ၆ ရက် ည ၈ နာရီအချိန် တွင်ဖမ်းဆီးရမိသည့် ကိုးရီးယား အမျိုးသား Mr. Jo Hyung-Ju နှင့်...
တောင်ကြီးမြို့ ရွှေဆိုင်တခု လုယက်ခံရ
SHAN -
သျှမ်းပြည် တောင်ပိုင်းတောင်ကြီးမြို့ ကန်ရှေ့ရပ်ကွက် တွင် ဖွင့်လှစ်ထားသည့် ရွှေဇာမဏီရွှေဆိုင်တွင် ယနေ့ (ဇန်နဝါရီ ၈ ရက်) နေ့လည်ပိုင်း အချိန်တွင် လုယက်မှုဖြစ်ပွားခဲ့ကြောင်း စုံစမ်းသိရှိရသည်။ တောင်ကြီးမြို့ ကန့်ရှေ့ရပ်ကွက်၊ ကုန်သည်လမ်းတွင်ဖွင့်လှစ်ထားသည့် ရွှေဇာမဏီ ရွှေဆိုင် ကို ယနေ့ နေ့လည်ပိုင်းတွင် အမျိုးသားတစ်ဦးမှ ဆိုင်ကယ်ဖြင့်လာရောက်ကာ ရွှေဝယ်ယူသည့်...
တာချီလိတ် တွင် လက်နက် နှင့် မူးယစ်ဆေးများ ဖမ်းဆီးရမိ
SHAN -
သျှမ်းပြည်နယ်အရှေ့ပိုင်းတာချီလိတ်မြို့နယ်၊ ဖန်မင်ကျေးရွာအုပ်စု၊ ဝမ်ကျောက်လုံရွာတွင် လက်နက်ခဲယမ်းနှင့် မူးယစ်ဆေးဝါးများကို ဖမ်းဆီးရမိကြောင်းစုံစမ်းသိရသည်။ ဖြစ်စဉ်မှာ ဇန်နဝါရီ ၆ ရက် ညနေပိုင်းအချိန်တွင် တာချီလိတ်မြို့နယ် ဖန်မင်ကျေးရွာ အုပ်စု ဝမ်ကျောက်လုံရွာ လွမ်းစေတီဘုန်းကြီးကျောင်းအနီး၌ စိုင်းရွက်မောင်းနှင်လာသည့် Honad fit မော်တော်ယာဉ်ကို ရပ်တန့်စစ်ဆေးရာတွင် အိုက်စ် ၁ ကီလို၊ ပစ္စတိုသေနတ်...
လားရှိုးတွင် တရားမဝင် လက်နက်ခဲယမ်းကိုင်ဆောင်သည့် အမျိုးသားတဦးဖမ်းဆီးရမိ
သျှမ်းပြည် မြောက်ပိုင်း လားရှိုးမြို့တွင် တရားမဝင်လက်နက်ခဲယမ်း ကိုင်ဆောင်သည့် အမျိုးသားတဦးကို ဖမ်းဆီးမိကြောင်း သတင်းရရှိသည်။ လားရှိုးမြို့တွင် ယောက္ခမဖြစ်သူအား သေနတ်ဖြင့် ခြိမ်းခြောက်မှုဖြင့် အမျိုးသားတစ်ဦးအား စစ်ဆေးရာမှ မုံးဟပြည်သူ့စစ်အဖွဲ့ယူနီဖောင်းများနှင့် လက်နက်ခဲယမ်းများကို တရားမဝင်သုံးစွဲနေသည်ကို စစ်ဆေးတွေ့ရှိရကြောင်း လားရှိုးမြို့နယ်ရဲတပ်ဖွဲ့ ၏ သတင်းထုတ်ပြန်ချက်အရသိရသည်။ ဇန်နဝါရီ (၆)ရက်တွင် လားရှိုးမြို့ ရပ်ကွက်(၇)တွင်နေထိုင်သည့် ဦးပီရှန်းသည်...
ရွာငံမြို့နယ်တွင် ငွေကျပ် ၁.၁ ဘီလီယံကျော် တန်ဖိုးရှိ မူးယစ်ဆေး ဖမ်းဆီးရမိ
SHAN -
သျှမ်းပြည်နယ် တောင်ပိုင်း ရွာငံမြို့နယ်တွင် ငွေကျပ် ၁.၁ ဘီလီယံကျော် တန်ဖိုးရှိ မူးယစ်ဆေးဝါးများကို ဖမ်းဆီးရမိကြောင်း စုံစမ်းသိရှိရသည်။ ဖြစ်စဉ်မှာ ဇန်နဝါရီ ၄ ရက် နေ့လည်ပိုင်းတွင် ရွာငံမြို့နယ်၊ ရွာငံ-ကျောက်ဆည်သွားကားလမ်း၊ကျောက်ဂူပြင်ကျေးရွာ အနီး တွင် စိုင်းမြင့်ဆန်း(ခ) အိုက်ကျွတ် မောင်းနှင်ပြီး ချမ်းသာ လိုက်ပါလာသည့် ၁၂...





