ယာဉ်ထိန်းရဲ အချင်းချင်းခိုက်ရန် ဖြစ်ပွားပြီး ရန်ပွဲကို ဝင်တားသည့်ရဲ ပစ်သတ်ခံရ
SHAN -
သျှမ်းပြည်မြောက်ပိုင်း လောက်ကိုင်မြို့တွင် စစ်ကောင်စီလက်အောက်ခံ ယာဉ်ထိန်းရဲအချင်းချင်း ခိုက်ရန်ဖြစ်ပွားရာ ရန်ပွဲကို ဝင်တားသည့်ရဲ သေနတ်ဖြင့် ပစ်သတ်ခံရကြောင်း သတင်း သိရသည်။ ဖြစ်စဉ်မှာ ယမန်နေ့ (စက်တင်ဘာ ၅) ရက် ည ၁၀ နာရီဝန်းကျင်အချိန်တွင် လောက်ကိုင်မြို့ရှိယာဉ်ထိန်းရဲ ရုံးစခန်းအတွင်းတွင် ယာဉ်ထိန်းရဲအချင်းချင်း ခိုက်ရန်ဖြစ်ပွားပြီး ရန်ပွဲကို ဝင်ရောက်...
ကျောက်မဲ ကမ္ဘောဇဘဏ် ဓားပြတိုက်ခံရ
SHAN -
သျှမ်းပြည်မြောက်ပိုင်း ကျောက်မဲမြို့ရှိ ယနေ့ စက်တင်ဘာ (၃) ရက် နေ့လည် (၂) နာရီခွဲ ဝန်းကျင်က ကျောက်မဲမြို့ ဗဟိုဈေး တောင်ဘက်တိုက်တန်းအနီးရှိ ကမ္ဘောဇဘဏ် ဓားပြတိုက်ခံရကြောင်း စုံစမ်းသိရသည်။ ယနေ့ နေ့လည်ပိုင်းတွင် အမျိုးသား တစ်ဦး ကားအဖြူရောင်ဖြင့် ရောက်လာပြီး သေနတ်တိုတစ်လက်ဖြင့် ကမ္ဘောဇဘဏ်ထဲသို့ ဝင်သွားကာ...
မူဆယ်ဈေးသည်တဦး (၉ )လကျော်ကြာ ပျောက်ဆုံး၊ မိသားစုဝင်များ စားဝတ်နေရေး ခက်ခဲနေ
SHAN -
သျှမ်းပြည်မြောက်ပိုင်း နမ့်ခမ်းမြို့ ကျေးရွာ ဘက်တွင် ဈေးသွားရောင်းသည့် အမျိုးသားတဦး (၉) လကျော် ပျောက်ဆုံးသွားပြီး ကျန်ရှိနေသည့် မိသားစုဝင်များက စားဝတ်နေရေး အခက်ခဲရှိနေကြောင်း စုံစမ်းသိရှိရသည်။ ၎င်းသည် မူဆယ်မြို့ ကောင်းမှုလွယ်ရပ်ကွက်တွင် နေထိုင်သည့် မောင်ငြိမ်းချမ်း (၂၇) နှစ်သည် လွန်ခဲ့သည့် ဒီဇင်ဘာ ၁၇ ရက်နေ့...
နမ့်လန်မြို့ ညအချိန် ယာဉ်တိုက်မှုကြောင့် သေဆုံးသူ (၄)ဦးထိရှိလာ
SHAN -
သျှမ်းပြည်မြောက်ပိုင်း နမ့်လန်မြို့ပြင်ဖက်တွင် လမ်းမီးမရှိသောကြောင့် ယခုနှစ် အတွင်း ယာဉ်တိုက်မှုကြောင့် သေဆုံးသူ (၄) ဦးရှိခဲ့ပြီးဖြစ်ကြောင်း စုံစမ်းသိရှိရသည်။ နမ့်လန်မြို့ပြင်တွင် ယမန့်နေ့ ဩဂုတ် (၂၅) ည ၁၀ နာရီဝန်းကျင်အချိန်က စိတ်မနှံ့သည့် အမျိုးသား တဦးကို ကားတစီးဝင်တိုက်သွားပြီး ထိုနေရာတွင် ပွဲချင်းပြီးသေဆုံးသွားခဲ့ကာ ယာဉ်တိုက်မှု ကျူးလွန်သူလည်း...
ကျေးသီးမြို့မဈေးရှိ ဆိုင်းခန်းများ မကြာခဏ ဖောက်ထွင်းခိုးခံရ
SHAN -
သျှမ်းပြည်တောင်ပိုင်း ကျေးသီး မြို့မဈေးအတွင်းရှိ ဆိုင်ခန်းများကို ဖောက်ထွင်းခိုးခံရကြောင်း စုံစမ်းသိရသည်။ ကိုဗစ်-၁၉ ကူးစက်ရောဂါကြောင့် ကျေးသီးမြို့နယ်ရှိ မြို့မဈေးကြီးကို (၂) လနီးပါး ပိတ်ထားရသဖြင့် သြဂုတ် (၂၄) ရက် မနက် ၂ နာရီခန့် ဖုန်းဆိုင် တစ်ဆိုင်ကို ဖောက်ပြီး ဖုန်းငွေဖြည့်ကဒ် နှင့် ဖုန်းဟန်းဆက်များ...
မူဆယ် တရုတ်ငွေလှဲ အမျိုးသမီး ဓားခုတ်ခံရပြီး ငွေလုခံရ
SHAN -
သျှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့ရှိ ကောင်းမူးတုံရပ်ကွက် ကောင်းမူးလွယ်နယ်မြေ တရုတ် - မြန်မာငွေလှဲသည့် အမျိုးသမီး တစ်ဦး ဓားပြ တိုက်ခိုက်ရကြောင်း စုံစမ်းသိရှိရသည်။ ယနေ့ သြဂုတ် (၂၅) ရက် မနက် (၁၀) နာရီဝန်းကျင်က ကောင်းမူးလွယ်နယ်မြေရှိ ရွှေနဂါးဟော်တယ် မှာ အသက် (၄၅)နှစ် ဝန်းကျင်ရှိ...
အောင်ပန်းမြို့ CDM မလုပ်ထားသည့် မီးရထား ဝန်ထမ်း တစ်ဦး ဓားခုတ်ဒဏ်ရာဖြင့် သေဆုံး
SHAN -
သျှမ်းပြည် တောင်ပိုင်း အောင်ပန်းမြို့တွင် CDM လုပ်ဆောင်ထားခြင်းမရှိသည့် မီးရထားဝန်ထမ်း (၁)ဦး ဓားဖြင့် အချက်ပေါင်းများစွာ ထိုးခံရကြောင်း သတင်းရရှိသည်။ ယမန်နေ့ (သြဂုတ် ၂၄)ရက် ညနေ (၄)နာရီဝန်းကျင်တွင် အောင်ပန်းမြို့ မှ ကုန်းလွင်ကျေးရွာသို့ သွားသည့် မီးရထားလမ်းဘေးရှိ ပြောင်းစိုက်ခင်းအနီးတွင် ဓားဖြင့်အချက်ပေါင်းများစွာ ထိုးခံထားရသည့် မီးရထားဝန်ထမ်း...
လားရှိုးမြို့နယ်အတွင်း ကား၊ ဆိုင်ကယ် ခိုးမှု လုယက်မှု နှင့် ဓါးပြတိုက်မှု တိုးများလာ
SHAN -
သျှမ်းပြည် မြောက်ပိုင်း လားရှိုးမြို့နယ် အတွင်း ခိုးဆိုးလုယက်မှု နှင့် ဓါးပြတိုက်ယူမှုများ များပြားလာသောကြောင့် ပြည်သူများက မိမိတို့ အသက်အိုးအိမ် လုံခြုံရေး အတွက် စိုးရိမ်နေကြောင်း သိရသည်။ ယနေ့ သြဂုတ်လ ၁၃ ရက်နေ့ နံနက် ၅ နာရီ ဝန်းကျင် ခန့်က လားရှိုးမြို့စျေးကြီးအနီးရှိ...
ကျောက်မဲ ညဘက် ပစ္စည်းလုယက်မှုများ မကြာခဏဖြစ်နေ
SHAN -
ဇူလိုင်လက စပြီး ကျောက်မဲမြို့ပေါ်တွင် ပစ္စည်းလုယက်မှုများ မကြာခဏ ဖြစ်ပေါ်နေကြောင်း ဒေသခံများထံမှ စုံစမ်းသိရသည်။ “ညပိုင်း လူပြတ်တဲ့နေရာတွေမှာ စကစတွေလား၊ ရဲတွေလားဆိုတာတော့ သေခြာမသိဘူး၊ သူ့တို့ပုံစံတွေလိုလုပ်ပြီး သွားလာတဲ့လူတွေကို ဟန့်တားပြီး အနုကြမ်းစီး ပစ္စည်းလုတာတွေ ရှိတယ်” ဟု ကျောက်မဲမြို့မှ ဒေသခံက ပြောသည်။ ဇူလိုင်လမှ စတင်ပြီး ယခုချိန်ထိ...
လာရှိုးမြို့တွင် Kpay မှတဆင့် ငွေလိမ်မှုများရှိနေ
SHAN -
သျှမ်းပြည်မြောက်ပိုင်း လာရှိုးမြို့တွင် Kpay မှ ငွေလွှဲခိုင်းပြီး ငွေသားထုတ်ပေးမည်ဟုဆိုကာ ငွေများကို လိမ်သွားခဲ့ကြောင်း စုံစမ်းသိရှိရသည်။ ဖေဖော်ဝါရီ ၁ရက် မှ စတင်ကာ စစ်တပ်မှ နိုင်ငံတော့်အာဏာကို သိမ်းပိုက်ပြီးနောက် မြန်မာနိုင်ငံအတွင်း အခက်အခဲပေါင်းများစွာရှိလာပြီး ဘဏ်များလည်း ပိတ်ဆိုင်းရသည့်အထိဖြစ်ခဲ့သည်။ ထို့နောက် ဘဏ်ရှေ့တွင် အလုအယက် ငွေထုတ်ခဲ့ကြရသဖြင့် ပြည်သူများက Kpay...






