မိုင်းပျဉ်းမြို့ ရှင်လောင်းပွဲ လောင်းကစားဝိုင်းများ ထည့်သွင်းပြုလုပ်လာ

သျှမ်းပြည်အရှေ့ပိုင်း မိုင်းပျဉ်းမြို့တွင် ရှင်လောင်းပွဲ ပြုလုပ်သည့်ကျောင်းအတွင်း၌ လောင်းကစားဝိုင်းများ ထည့်သွင်း ဖွင့်လှစ်ထားကြောင်း စုံစမ်းသိရသည်။

မိုင်းပျဉ်းမြို့ ထေရဝါဒ ဗုဒ္ဓသာသနာပြု “ဗဟို” ကျောင်းတွင် ဧပြီ ၂ ရက်မှစပြီး ၁၁ ရက်အထိ ရှင်လောင်းအပါး (၁၀၀)ဖြင့် ၁၀ ရက်ကြာ ရှင်လောင်းပွဲကို စည်ကားစွာ ကျင်းပသွားမည်ဖြစ်ပြီး ထိုရှင်လောင်းပွဲအတွင်းတွင်လည်း လောင်းကစားဝိုင်း များစွာ ရှိထားကြောင်း သိရသည်။

“ပွဲကိုတော့ ၁၀ ရက်တိုင် စည်စည်ကားကားပြုလုပ်သွားမယ်။ တကယ်လည်းစည်ကားပါတယ်။ ညဆိုရင် လူပိုများတယ်။ လောင်းကစားဝိုင်းတွေကလည်း အများကြီးပဲ။ ဂုန်းကင်း၊ ဖဲဝိုင်း၊ လေးကောင်ဂျင်တွေ စုံနေတာပဲ။ လောင်းကစားဝိုင်းဆိုရင် စားသောက်ဆိုင်ထက်တောင်များတယ်” ဟု မိုင်းပျဉ်းမြို့ ဒေသခံ အမျိုသမီး တစ်ဦးက ပြောသည်။

အဆိုပါ လောင်းကစားဝိုင်းအတွင်းတွင် ပြည်သူ့စစ်တွေက လက်နက်အပြည့်ဖြင့် လုံခြုံရေး ယူပေးထားလျက်ရှိပြီး ထိုဘုန်းကြီးကျောင်းသည် စစ်တပ် အဓိကထား ကိုးကွယ်ကြသည့် ဘုန်းကြီးကျောင်းလည်း ဖြစ်ကြောင်း သိရသည်။

“အဲ့ကျောင်းက စစ်တပ်တွေ အဓိကထားပြီး ကိုးကွယ်ကြတဲ့ကျောင်းဖြစ်တယ်။ ညညဆိုရင်လည်း လောင်းကစားဝိုင်း အထဲမှာ ပြည်သူစစ်တွေ လုံခြုံရေးလာယူထားပေးကြတယ်။ သေနတ်တွေလည်းပါတယ်။ လူလည်း အများကြီးပဲ။ လောင်းကစားလာဆော့တဲ့သူ‌ တိုးပြီးတော့တောင်ဝင်ရတယ်” ဟု မျက်မြင်ကိုယ်တိုင်တွေ့ခဲ့သည့် အမျိုးသမီးက ပြောသည်။

မိုင်းပျဉ်းမြို့သည် ယခုရက်ပိုင်း ပွဲများဆက်တိုက်ရှိနေပြီး ပွဲတိုင်းနီးပါး လောင်းကစားဝိုင်းများ ပါရှိနေကြောင်း သိရသည်။

ယခင် NLD အစိုးရလက်ထက်က ပွဲလမ်းသဘင်များတွင် လောင်းကစားဝိုင်းများ ဖွင့်ခွင့်မရှိပဲ ယခု စစ်ကောင်စီ လက်ထက်တွင် ပွဲတိုင်းနီးပါး လောင်းကစားဝိုင်းများပါရှိပြီး သျှမ်းပြည်တစ်ဝှမ်းရှိ မြို့နယ်တိုင်း လောင်းကစားဝိုင်းများ ယခင်ထက် ပိုမို များပြားစွာရှိလာကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ခေတ်သစ်စစ်ပွဲများ ဝေဟင်စိုးမိုးမှုက စစ်ပွဲအောင်နိုင်ရေးအတွက် အဓိကကျကြောင်း စစ်ခေါင်းဆောင်ပြော

0
ခေတ်သစ်စစ်ပွဲများနှင့် လက်ရှိ ကမ္ဘာ့အရေးအခင်းများကို လေ့လာလျှင် ဝေဟင်စိုးမိုးမှုရယူနိုင်ခြင်းသည် စစ်ပွဲတစ်ခုကို အောင်နိုင်ရန်အတွက် အဆုံးအဖြတ်ပေးနိုင်သည့် အဓိကသော့ချက်ဖြစ်ကြောင်း အာဏာသိမ်း စစ်ခေါင်းဆောင် ပြောကြားခဲ့သည်။ ယမန်နေ့ (မတ်လ ၁၂ ရက်) က မိတ္ထီလာလေတပ်စခန်း၌ ပြုလုပ်သည့် လေယာဉ်နှင့် ရဟတ်ယာဉ်သစ်များ တပ်တော်ဝင် အခမ်းအနားတွင် ၎င်းက ထိုသို့ပြောကြားခဲ့ခြင်း...
Lawksawk_Gambling

ရပ်စောက်မြို့နယ် ကျိုင်းခမ်း ရှင်လောင်းပွဲတွင် စစ်တပ်ဗိုလ်မှူး လောင်းကစားဝိုင်းဖွင့် ကိုယ်ကျိုးရှာ

0
သျှမ်းပြည် ရပ်စောက်မြို့နယ် ကျိုင်းခမ်းကျေးရွာအုပ်စုတွင် ဒေသခံများ ကျင်းပပြုလုပ်သည့် ရှင်လောင်းပွဲ၌ စစ်ကော်မရှင်တပ်မှ ဗိုလ်မှူး ဦးဆောင်ပြီး လောင်းကစားဝိုင်း ဖွင့်လှစ်နေကြောင်း စုံစမ်းသိရသည်။ မတ်လ ဒုတိယပတ်မှ စတင်ပြီး ရပ်စောက်မြို့နယ် ကျိုင်းခမ်းအခြေစိုက် စစ်ကော်မရှင်တပ်လက်အောက်ခံ ခြေမြန်တပ်ရင်း ခမရ-၅၁၀ မှ ဗိုလ်မှူးဗညား ဆိုသူသည် လောင်းကစားဝိုင်းများကို ငွေကြေးကောက်ခံပြီး...

ကျောက်မဲတွင် စစ်ကော်မရှင်တပ်နှင့် SSPP ထိတွေ့တိုက်ပွဲဖြစ်

0
သျှမ်းပြည် ကျောက်မဲမြို့နယ်အတွင်း အွန်လိုင်းငွေလိမ် ကျားဖြန့်လုပ်ငန်းများကို လာရောက်ရှာဖွေသည့် စစ်ကော်မရှင်တပ်နှင့် ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် (SSPP/SSA) ကြား ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ကြောင်း စုံစမ်းသိရသည်။ ယနေ့ (မတ်လ ၁၀ ရက်) နံနက် ၁၁ နာရီကျော်တွင် ကျောက်မဲမြို့နယ် ပုံဝိုးကျေးရွာအုပ်စုအတွင်း အွန်လိုင်းငွေလိမ် ကျားဖြန့်လုပ်ငန်းများကို ရှာဖွေရန်...

တာချီလိတ် စုံ၊မ ရက် မောင်းနှင်မှု ချိုးဖောက်လျှင် ထောင်ဒဏ်တစ်လ နှင့် ငွေဒဏ်ချမှတ်မည်

0
သျှမ်းပြည် အ‌‌ရှေ့ပိုင်း တာချီလိတ်မြို့နယ်တွင် စက်သုံးဆီချွေတာရေးအတွက် စစ်ကော်မရှင် သတ်မှတ်ထားသည့် စုံ၊ မရက် မောင်းနှင်မှုချိုးဖောက်လျှင် ထောင်ဒဏ်တစ်လနှင့် ငွေဒဏ်ချမှတ်သွားမည်ဟု သတင်းရရှိသည်။ ယမန်နေ့ (မတ်လ ၉ ရက်) တာချီလိတ်မြို့နယ်တွင် စစ်ကော်မရှင်မှ စက်သုံးဆီချွေတာ‌ရေးအတွက် စုံ၊ မရက်ခွဲခြားပြီး မော်တော်ယာဉ် မောင်းနှင်သည့် စနစ်ကို ၎င်းလက်အောင်ခံတာဝန်ရှိ...

ရှုပ်ထွေးပွေလီ ကိစ္စများကြား တရုတ်အတွက် အိန္ဒိယ သမုဒ္ဒရာထွက်ပေါက်ပေးချင်တဲ့ စစ်ကောင်စီ

0
မြန်မာနိုင်ငံသည် တရုတ်အတွက် အိန္ဒိယသမုဒ္ဒရာထွက်ပေါက် ဖန်တီးပေးနိုင်သည့် နိုင်ငံဖြစ်ကြောင်း ယခုနှစ် ၂၀၂၆ တရုတ်နှစ်သစ်ကူးပွဲတော် အခမ်းအနားတွင် စစ်ကောင်စီ ဒုခေါင်းဆောင် ဒုဗိုလ်ချုပ်မှူးကြီး စိုးဝင်းက ထည့်သွင်း ပြောကြားခဲ့သည်။ စစ်ရေးပဋိပက္ခများ ပြင်းထန်ခဲ့သည့် သျှမ်းပြည်မြောက်ပိုင်းကို ဖြတ်သန်းသွားမည့် မူဆယ်-မန္တလေး ရထားလမ်းစီမံကိန်းနှင့် အခြားသော စီးပွားရေးစီမံကိန်းကြီးများကိုလည်း တရုတ်နိုင်ငံအတွက် အိန္ဒိယသမုဒ္ဒရာ...