မူဆယ်ချောင်းထဲ ရေနစ်ပျောက်ဆုံးနေသည့် လူငယ်အလောင်းရှာမတွေ့သေး 

သျှမ်းပြည် မြောက်ပိုင်း နမ့်ခမ်းမြို့နယ်မှ လူငယ်တစ်ဦးသည် ဧပြီ ၁၆ရက် (သင်္ကြန်အတက်နေ့) ကတည်းမှ မူဆယ်ချောင်းထဲ ရေနစ်ပျောက်ဆုံးခဲရာ ယနေ့ အချိန်ထိအလောင်းရှာမတွေ့သေးကြောင်း သတင်းသိရသည်။ 

နမ့်ခမ်းမှ ရေနစ်ပျောက်နေသည့်လူငယ်

ပြီးခဲ့သည့် ဧပြီလ ၁၆ ရက်တွင် နမ့်ခမ်းမြို့နယ်၊ စယ်နေကျေးရွာအုပ်စု စယ်နေကျေးရွာမှ အသက် ၁၉ နှစ်အရွယ်ရှိ မိုင်းနိုင်ဖောင်သည် မူဆယ်မြို့ရှိ မင်္ဂလာမူဆယ်ချောင်းတွင် ရေဆော့ကစားရာမှ ရေနစ်ပြီး ပျောက်ဆုံးသွားခဲ့ကြောင်း မိသားစုဝင်များက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“သူ့သူငယ်ချင်းတွေနဲ့ မင်္ဂလာမူဆယ်နားက ချောင်းသာနားမှာ ရေကစားနေခဲ့ရာကနေ ရေနစ်ပြီးတော့ ပျောက်ဆုံးသွားတယ်၊ အဲ့နေ့က သူ့သူငယ်ချင်းတွေလည်း လိုက်ရှာတယ်မတွေ့ဘူး၊ မနေ့ကလည်း မီးသတ် တပ်ဖွဲ့တွေက အဲ့အနီးနားထိ ကူရှာပေးတာ မတွေ့သေးဘူး” ဟု မိုင်းနိုင်ဖောင်၏ မိသားစုဝင်က သျှမ်းသံတော်ဆင့်ကို ပြောသည်။ 

ရေနစ်ပျောက်ဆုံးသည့်လူငယ်

မိုင်းနိုင်ဖောင်သည် ရေနစ်ပျောက်ဆုံးနေသည်မှာ ၃ ရက်ရှိနေပြီဖြစ်ပြီး ယနေ့ (ဧပြီလ ၁၈) ရက်တွင် အလောင်းကို ကူညီရှာပေးရန် မည်သူမှ မရှိကြောင်း အထက်ပါ မိသားစုဝင်က ပြောသည်။ 

“ဒီနေ့နဲ့ဆို သူပျောက်နေတာ သုံးရက်ရှိနေပြီ၊ မနေ့ကလည်း တစ်နေကုန်ရှာပေမဲ့ မတွေ့တော့ ဒီနေ့ က လာရှာကူတဲ့သူတွေ မလာတော့ဘူး၊ ကျနော်တို့လည်း မြို့ပေါ်က မဟုတ်တဲ့အတွက်ဒီလိုကိစ္စဆို ဘယ်မှာ သွားပြောရမှန်းမသိဘူး၊ တချို့ပရဟိတအသင်းတွေဆီတော့ အကြောင်းကြားထားပါတယ်” ဟု ၎င်းက ပြော သည်။

လက်ရှိတွင် မိုင်းနိုင်ဖောင် အလောင်းကို ကူညီရှာဖွေပေးရန်အတွက် အကူအညီများလိုအပ်နေကြောင်း သိရသည်။

ယခုနှစ် သင်္ကြန်ကာလအတွင်းတွင် သျှမ်းပြည်မှ တခြားမြို့နယ်များတချို့တွင်လည်း ရေဆော့ကစားရာမှ ရေနစ်သေဆုံးရမှုများ ရှိကြောင်းသိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

နမ့်ခမ်းမြို့နယ် တပတ်နီးပါး ရေကြီး၊ လယ်ယာ ဧက၁ထောင်နှင့် လူနေအိမ်များရေမြှုပ်

0
သျှမ်းပြည် မြောက်ပိုင်း နမ့်ခမ်းမြို့နယ်တွင် တစ်ပတ်ခန့်ကြာ ရွှေလီမြစ်ရေကြီးမှုကြုံနေရပြီး ရေမြှုပ်နေသည့် လယ်ယာမြေ ဧက ၁၀၀၀ ကျော်ထက်မနည်းရှိနေကြောင်း စုံစမ်း သိရသည်။ ပြီးခဲ့သည့် ဇူလိုင်လ ၁၈ ရက်မှစပြီး ရွှေလီမြစ်ရေတက်လာမှုကြောင့် ရေကြီးရေလျှံမှုများ ကြုံနေရသည့် နမ့်ခမ်းမြို့သည် ယနေ့( ဇူလိုင်လ ၂၃) ရက်ထိ ရေပြန်မကျသေးကြောင်း...

မူဆယ်မြို့ ရွှေဆိုင်ပိုင်ရှင် မိသားစု ဓားပြတိုက်ခံရ၊ ကျူးလွန်သူများ လွတ်မြောက်နေဆဲ

0
သျှမ်းပြည် မြောက်ပိုင်း မူဆယ်မြို့တွင် ရွှေဆိုင်ပိုင်ရှင်မိသားစု နှစ်ဦးကို အမည်မသိလက်နက်ကိုင် လူတစ်စုက သေနက်ပစ်ဖောက်ကာ ဓားပြတိုက်လုယက်ခဲ့ကြောင်း သတင်းရရှိသည်။ ယမန်နေ့ ( ဇွန်လ ၉ ရက်) နေ့လည် ၃ နာရီခွဲကျော် အချိန်တွင် မူဆယ်မြို့ ၊ တောင်ရပ်ကွက်တွင် ရွှေဆိုင်ပိုင်ရှင် မိသားစု နှစ်ဦး...

မဲပေးစက် ပထမဆုံးအကြိမ် အသုံးပြုခြင်းကြောင့် သက်ကြီးပိုင်းများ မဲမပေးတတ်ဘဲ အခက်တွေ့

0
စစ်ကော်မရှင်ကျင်းပနေသည့် အတုအယောင်ရွေးကောက်ပွဲတွင် အီလက်ထရောနစ် မဲပေးစက်ကို ပထမဆုံးအကြိမ် အသုံးပြုခြင်းကြောင့် သက်ကြီးပိုင်းပုဂ္ဂိုလ်များ မဲပေးချိန်တွင် အခက်အခဲများ ကြုံတွေ့ခဲ့ကြောင်း စုံစမ်းသိရသည်။ ယနေ့ (ဒီဇင်ဘာလ ၂၈ ရက်) တွင် မူဆယ်မြို့ပေါ်၌ စစ်ကော်မရှင်ကျင်းပသည့် အတုအယောင် ရွေးကောက်ပွဲတွင် မြန်မာအီလက်ထရောနစ် မဲပေးစက် (MEVM) ကို အသုံးပြုခဲ့ရာ...

မူဆယ်မြို့အတွင်း လိုက်လံဓားပြ လုယက်နေသည့် ခြောက်ဦးကို ဖမ်းမိ

0
သျှမ်းပြည် မြောက်ပိုင် မူဆယ်မြို့အတွင်း လိုက်လံ ဓားပြတိုက် ခိုးဆိုးလုယက်နေသည့် အမည်မသိ လက်နက်ကိုင် အဖွဲ့ဝင်ခြောက်ဦးကို ဖမ်းဆီးမိခဲ့ကြောင်း သတင်းရရှိသည်။ ယမန်နေ့ (စက်တင်ဘာလ ၁၇ ရက်) ည ၉ နာရီဝန်းကျင်တွင် မူဆယ်မြို့ ဟိုမွန်ရပ်ကွက် ၄၅ ကုန်းတွင် မြို့အတွင်း လိုက်လံ ဓားပြတိုက်...

မူဆယ်မြို့ အကောက်ခွန်ရုံး အရာရှိလိုင်းခန်း မီးလောင်ပျက်စီးခဲ့ပြီး သတင်းဖုံးဖိထား

0
သျှမ်းပြည် မူဆယ်မြို့ အကောက်ခွန်ဦးစီးဌာနရုံးရှိ အရာရှိလိုင်းခန်း (၆) ခန်း မီးလောင်ပျက်စီးခဲ့ပြီး သတင်းဖုံးဖိထားကြောင်း စုံစမ်းသိရသည်။ စက်တင်ဘာလ (၆) ရက် ညနေ (၃) နာရီ‌ခန့်တွင် မူဆယ်မြို့ ဟိုမွန်ရပ်ကွက် စစ်ကော်မရှင် လက်အောက်ခံ အကောက်ခွန်ဦးစီးဌာနရုံးရှိ အရာရှိလိုင်းခန်း (၆) ခန်း မီးလောင်ပျက်စီးခဲ့ပြီး မီးလောင်ရသည့်...