လားရှိုး – တန့်ယန်းလမ်းခွဲ အမျိုးသား တစ်ဦး လည်ပင်းဓားထိုးခံရ

သျှမ်းပြည် မြောက်ပိုင်း လားရှိုးမြို့နယ် လားရှိုး – တန့်ယန်းလမ်းခွဲတွင် နေထိုင်သူ အချင်းချင်း စကားများရာမှ အမျိုးသား၏ လည်ပင်း ဓားထိုးခံရကြောင်း သတင်းသိရသည်။

ယမန်နေ့ (မတ် ၃၀) ည ၉ နာရီ ဝန်းကျင်တွင် လားရှိုး – တန့်ယန်း လမ်းခွဲအနီး၌ နေထိုင်သည့် အမျိုးသား တစ်ဦးနှင့် အမျိုးသမီး တစ်ဦးတို့ စကားများရန်ဖြစ်ရာမှ အမျိုးသားဖြစ်သူက လည်ပင်းတွင် ဓားထိုးခံရကာ လားရှိုးဆေးရုံသို့ ပို့ဆောင်ကုသနေရကြောင်း နောင်မွန်လူငယ် ပရဟိတအသင်းထံမှ သိရသည်။

“သူတို့က အဲ့ဒီလမ်းခွဲ (လားရှိုး – တန့်ယန်းလမ်းခွဲ) နားမှာ နေတာ၊ သံတိုသံစတွေ ကောက်တဲ့သူလို့ပြောတယ်၊ ရန်ဖြစ်ပြီး ဓားနဲ့ ထိုးလိုက်တာတဲ့၊ အဲ့ဒီအမျိုးသားရဲ့ လည်ပင်း(လည်စလုပ်)နား ထိုးမိသွားတာ၊ ဒဏ်ရာက တစ်လက်မလောက်တောင်ရှိတယ်၊ ကံကောင်းလို့ မသေတာ၊ လင်မယားတော့ မဟုတ်ဘူးလို့ ပြောတယ်၊ ကျနော်တို့ ဆေးရုံကို ပို့ထားလိုက်တယ်” ဟု နောင်မွန်လူငယ် ပရဟိတအသင်းမှ တာဝန်ရှိသူတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ထို လားရှိုး – တန့်ယန်း လမ်းခွဲသည် လားရှိုးမြို့နှင့် ၈ မိုင်ဝန်းကျင်ခန့် ကွာဝေးပြီး အသွားအလာပြတ်သည့် နေရာဖြစ်ကြောင်း သိရသည်။

အဆိုပါနေရာသည် ဆိုင်ကယ်လုယက်မှုလည်း မကြာခဏဖြစ်လေ့ရှိပြီး ပြည်သူများ သွားလာရေးအတွက် စိုးရိမ်ရသည့်နေရာဖြစ်ကြောင်း နောင်မွန်ကျေးရွာ ဒေသခံ အမျိုးသားတစ်ဦးက ဆိုသည်။

“အဲ့နားက လူပြတ်တယ်၊ ဆိုင်ကယ် လုခံရတာတွေလည်း ခဏခဏ ကြားနေရတာ၊ ပြီးခဲ့တဲ့ လကလည်း လုခံရသေးတယ်၊ ဆိုင်ကယ်နဲ့ တစ်ယောက်ထဲ၊ နှစ်ယောက်ထဲ ဆိုရင် သိပ်မသွားရဲတော့ဘူး၊ သူတို့က အုပ်စုလိုက် လုတာ၊ တာဝန်ရှိသူတွေ ဖမ်းတာတွေလည်း မကြားမိတော့ ပိုစိုးရိမ်ရတယ်” ဟု အဆိုပါ ဒေသခံ အမျိုးသားက ပြောသည်။

စစ်ကောင်စီ အာဏာသိမ်းပြီးနောက်ပိုင်း သျှမ်းပြည်တွင်း မြို့နယ် အများစုတွင် လုယက်မှု၊ ခိုးယူမှုများ မကြာခဏ ဖြစ်ပွားနေပြီး ပြည်သူများ စိုးရိမ်ထိတ်လန့်မှုဖြင့် နေထိုင်နေရကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

လားရှိုးမြို့ “ကျော်သရဖူရွှေဆိုင်” နေအိမ် ဓားပြတိုက်ခံရပြီး ရွှေ ၅ ပိဿာပါသွားဟုဆို

0
သျှမ်းပြည် လားရှိုးမြို့ရှိ ရွှေအရောင်းအဝယ် လုပ်ကိုင်သည့် “ကျော်သရဖူ ရွှေဆိုင်”၏ နေအိမ်တွင် ဓားပြတိုက်ခံရပြီး ရွှေ (၅) ပိဿာနှင့် ကျပ်ငွေ သိန်းတစ်ထောင်ကျော် ပါသွားခဲ့ကြောင်း ဒေသခံပြောဆိုချက်အရ သိရသည်။ ယမန်နေ့ (၂၀၂၆ ဇန်နဝါရီလ ၁ ရက်) မွန်းတည့်ချိန် ၁၂ နာရီခန့်တွင် စစ်ကော်မရှင်...

လားရှိုးမြို့တွင် ဆရာတော်ကို အငြိုးကြောင့် သဝာ်ဖြတ်ခဲ့သည့် ကျောင်းသားနှစ်ဦးဖမ်းမိ

0
သျှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့တွင် သီတင်းသုံးနေထိုင်သည့် ဆရာတော်တစ်ပါးအား သတ်ဖြတ်ခဲ့သည့် သတ္တမတန်း ကျောင်းသားနှစ်ဉီးကို ဖမ်းဆီးရမိခဲ့ကြောင်း စုံစမ်းသိရသည်။ ပြီးခဲ့သည့် ဇန်နဝါရီလ ၂၈ ရက်တွင် လားရှိုးမြို့၊ ရပ်ကွက် (၄) ရှိ မဟာဗောဓရုံ ကျောင်းတိုက်အတွင်း၌ သက်တော် (၆၀) ဝန်းကျင်ရှိ ဆရာတော်တစ်ပါးကို လူငယ်နှစ်ဦးက ဝင်ရောက်...

တန့်ယန်းတွင် မဲမထည့်သူများကို ခရီးသွားလာခွင့် ကန့်သတ်မည်ဟု စစ်ကော်မရှင်လက်အောက်ခံ ခြိမ်းခြောက်ပြောဆို

0
သျှမ်းပြည် တန့်ယန်းမြို့တွင် ရွေးကောက်ပွဲ၌ မဲမထည့်သူများကို ခရီးသွားလာခွင့် ကန့်သတ်မည်ဟု စစ်ကော်မရှင်လက်အောက်ခံဝန်ထမ်းများက ခြိမ်းခြောက်ပြောဆိုခဲ့ကြောင်း စုံစမ်းသိရသည်။ လာမည့် ဇန်နဝါရီလ (၁၁) ရက်တွင် ပြုလုပ်မည့် ရွေးကောက်ပွဲ ဒုတိယပိုင်းတွင် သျှမ်းပြည်မြောက်ပိုင်းမှ တန့်ယန်းနှင့် မိုင်းရယ် (၂) မြို့နယ် ပါဝင်သည်။ ယခု ဇန်နဝါရီလဆန်းပိုင်းမှ စတင်ပြီး တန့်ယန်းမြို့နယ်တွင်...

တန့်ယန်းမြို့ရှိ KTV နှင့် အနှိပ်ခန်းများတွင် မူးယစ်ဆေးပါ ရောင်းချမှုရှိနေဟုဆို

0
စစ်အာဏာသိမ်းပြီး (၅)နှစ်တာ ကာလအတွင်း သျှမ်းပြည် တန့်ယန်းမြို့နယ်အတွင်း ကေတီဗွီ (KTV) ဆိုင်နှင့် အနှိပ်ခန်းများ ယခင်ကထက် ပိုများလာပြီး၊ ၎င်းထဲတွင် မူးယစ်ဆေးဝါးများပါ ရောင်းချနေကြောင်း စုံစမ်းသိရသည်။ တန့်ယန်းမြို့နယ်အတွင်း စစ်အာဏာသိမ်းပြီးနောက်ပိုင်း KTV နှင့် အနှိပ်ခန်း (၅၀) နေရာ ထက်မနည်း တိုးချဲ့ဖွင့်လှစ်လာခဲ့ပြီး အချို့သော...

အွန်လိုင်းပေါ်အလုပ်ရှာသည့် မိန်းကလေးကို ကျားဖြန့်သမားများ ပြန်ပေးဆွဲ ငွေညှစ်တောင်း

0
သျှမ်းပြည် မိုင်းရှူးမြို့နယ်မှ မိန်းကလေးတစ်ဦးကို ကျားဖြန့်လက်ပါးစေများမှ တန့်ယန်းမြို့တွင် အလုပ်ရှိသည်ဟုဆိုကာ လိမ်လည်ဖြားယောင်း၍ ပြန်ပေးဆွဲ ဖမ်းဆီးပြီး မိသားစုထံ ငွေညှစ်တောင်းခံခဲ့ကြောင်း စုံစမ်းသိရသည်။ ဖြစ်စဉ်မှာ မိုင်းလားမြို့ဘက် အလုပ်လုပ်ရန် ရောက်ရှိနေသည့် အသက် (၁၈) နှစ်အရွယ် မိန်းကလေးတစ်ဦးသည် တစ်တော့ Tik Tok ပေါ် အလုပ်ရှာသည့်...