မူဆယ်မြို့ပြည်သူ့စစ်နေအိမ်များ ဗုံး၊ လက်နက်ငယ်များဖြင့် ပစ်ခံရ
သျှမ်းပြည်မြောက်ပိုင်းမူဆယ်မြို့ရှိ ပြည်သူ့စစ်နေအိမ်များနှင့် ခြံဝန်းများကို ယနေ့ (ဇန်နဝါရီ ၆)ရက် မနက် ၅နာရီဝန်းကျင် တွင် လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် အမည်မသိ လက်နက်ကိုင်တပ်ဖွဲ့က လာရောက်ပစ်သွားကြောင်း စုံစမ်းသိရသည်။ ဖြစ်စဉ်မှာ သျှမ်းပြည်မြောက်ပိုင်း ယနေ့ မနက် ၅နာရီခန့် တွင် ကောင်းမူတုံရပ်ကွက်ရှိ မြို့မ ပြည်သူ့စစ် အဖွဲ့ဝင်နေအိမ်...
မူဆယ်မြို့နယ်တွင် တရုတ်နိုင်ငံသားတဦး သေနတ်ပစ်သတ်ခံရ
သျှမ်းပြည်မြောက်ပိုင်းမူဆယ်မြို့နယ် ခိုဝိန်းကျေးရွာတွင် ယမန်နေ့ (ဇန်နဝါရီ ၁)ရက်၌ အမျိုးသားတဦး သေနတ်ပစ်သတ်ခံရကြောင်း စုံစမ်းသိရသည်။ အဆိုပါ သေနတ်ပစ်ခံရသည့် အမျိုးသားသည် အသက် ၂၅နှစ်အရွယ်ရှိပြီး၊ ခိုဝိန်းကျေးရွာ နမ့်ပေါချောင်းဘေး နမ့်ပေါ့စက္ကူစက်ရုံအနီးတွင် သေနတ်ပစ်သတ်ခံရကြောင်း မူဆယ်မြို့ ဂရုဏာလူမှုကူညီရေးအသင်းမှ ဦးသောင်းထွန်းက သျှမ်းသံတော်ဆင့်ကို ပြောသည်။ “ သေနတ်ပစ်ခံရပြီး သေသွားသူက တရုတ်နိုင်ငံသားလို့...
ကျောက်မဲ တွင် ခြင်ဆေးထွန်းရာမှ မီးလောင်မှုဖြစ်ပွား၊ အမျိုးသားတဦးသေဆုံး
သျှမ်းပြည် မြောက်ပိုင်း ကျောက်မဲမြို့တွင် ယမန်နေ့ ( ဇန်နဝါရီလ ၁) ရက် ည ၉ နာရီ ဝန်းကျင်တွင် နေအိမ်တလုံး မီးလောင်မှု ဖြစ်ပွားကာ အသက် (၇၀)အရွယ်ရှိ အမျိုးသားတဦးသေဆုံးခဲ့ကြောင်း စုံစမ်းသိရသည်။ ဖြစ်စဉ်မှာ ကျောက်မဲမြို့ ရပ်ကွက် (၇)၊ နယ်မြေ(၁)ရှိ နေအိမ်တလုံးတွင်...
နမ့်စန်မြို့နယ်တွင် မူးယစ်ဆေးဝါး တန်ဖိုးငွေ ကျပ် သိန်း ၆ ရာဖိုးဖမ်းဆီးရမိ
SHAN -
ဒီဇင်ဘာ ၁၇ နေ့လည် ၁နာရီအချိန်တွင် နမ့်စန်မြို့နယ်၊ ခိုလမ်မြို့၊ ခိုအွတ်ကျေးရွာအုပ်စု၊ ကောင်းဟောင်းကျေးရွာနေ စံဒေဝါ ၃၅ နှစ်၏ နေအိမ်ကို ခိုလမ်နယ်မြေရဲ တပ်ဖွဲ့ဝင်များမှ ဝင်ရောက်စစ်ဆေးရာ မူးယစ်ဆေးဝါး များကိုဖမ်းဆီး တွေ့ရှိရကြောင်းသိရသည်။ အိမ်ရှင်စံဒေဝါ အိမ်တွင်ရှိနေပြီး ၎င်း အိပ်ခန်းတွင် ပလတ်စတစ်ကပ်ခွာအိတ်ဖြင့်ထည့်ထားသည် စိတ်ကြွရူးသွပ်ဆေးပြား ၁၃၅၀...
တာချီလိတ်မြို့နယ်တွင် အိုက်စ်မူးယစ်ဆေး ကျပ် ၁ ဘီလီယံ စာဖမ်းမိ
SHAN -
သျှမ်းပြည်နယ်အရှေ့ပိုင်း တာချီလိတ်မြို့နယ်တွင် ငွေကျပ် ၁ ဘီလီယံတန်ဖိုးရှိ အိုက်စ်မူးယစ်ဆေးများကို ဖမ်းဆီးရမိကြောင်း စုံစမ်းသိရှိရသည်။ ဒီဇင်ဘာ ၁၆ ရက် က တာချီလိတ်မြို့နယ်၊ လွယ်ဆထုံကျေးရွာ၊ လောကဓမ္မဘုန်းကြီးကျောင်းလမ်းတွင် မူးယစ်ဆေး၀ါးတားဆီးနှိမ်နှင်းရေးတပ်ဖွဲ့က စောင့်ကြပ်စစ်ဆေးရာ မော်တော်ယာဉ် ၂ စီးထံမှ ဖမ်းဆီးရမိခြင်းဖြစ်ကြောင်းသိရသည်။ ယန်းခေါင်းကျေးရွာ မှ လောကဓမ္မဘုန်းကြီးကျောင်းဘက်သို့ အားဝေ မောင်းနှင်လာသည့်...
မိုင်းရယ်မြို့ဘက်မှ မိုးကုတ်မြို့ဘက်သွားလမ်းတွင် ဘိန်းဖြူများဖမ်းဆီးရမိ
SHAN -
သျှမ်းပြည်မြောက်ပိုင်း မိုင်းရယ်မြို့ဘက်မှ မိုးကုတ်မြို့သွားလမ်းတွင် ဘိန်းဖြူများကို ဖမ်းဆီး ရမိကြောင်း စုံစမ်းသိရှိရသည်။ ဖြစ်စဉ်မှာ ဒီဇင်ဘာ ၁၅ ရက်နေ့တွင် မိုင်းရယ်ဘက်မှ မိုးကုတ်မြို့နယ်၊ လယ်ကြီးစစ်ဆေးရေးဂိတ်တွင် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးတပ်ဖွဲ့မှ ကြိုတင်သိရှိစောင့်ကြပ်စစ်ဆေးရာ ဘိန်းဖြူ တန်ဖိုးငွေ ၁.၉ ဘီလီယံကျော် ဖမ်းဆီးရမိခဲ့ကြောင်းသိရသည်။ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးတပ်ဖွဲ့မှ ယာဉ်အမျိုးအစား၊ အရောင်၊ နံပါတ်တို့ကို ကြိုတင်သတင်းရရှိထားကြောင်းသိရသည်။ မိုင်းရယ်ဘက်မှ...
ကိုဗစ်ကြောင့်တားမြစ်ကာလဖြစ်သော်လည်း သျှမ်းတောင်တွင် ယာဉ်တိုက်မှုကြောင့် ယခုနှစ်သေဆုံးသူပိုများ
SHAN -
သျှမ်းပြည်တောင်ပိုင်းတွင် ယခု ၂၀၂၀ ခုနှစ်အတွင်း ကိုဗစ်ကူးစက်မှုကြောင့် တားမြစ်ချက်များ ထုတ်ပြန်ထားသော်လည်း ယာဉ်တိုက်မှုပိုမိုဖြစ်ပွါးကာ သေဆုံးမှုပိုမိုများပြားနေကြောင်း စုံစမ်း သိရှိရသည်။ ယခုနှစ် ဧပြီလ သျှမ်းပြည်အတွင်း ကိုဗစ် ၁၉ စတင်ကူးစက်လာသည့်စအချိန်ကစပြီး သျှမ်းပြည်နယ်အစိုးရကမြို့အ၀င်အထွက် Lockdown ချခြင်း ညမထွက်ရမိန့်များထုတ်ပြန်ခြင်းများစဉ်ဆက်မပြတ်လုပ်ထားသော်လည်း ယာဉ်တိုက်မှုကြောင့် သေဆုံးမှုနှုန်းမှာ ယမာန်နှစ်ကထက်ပိုမိုများပြားနေကြောင်းသိရသည်။ “ ကိုဗစ်...
သီပေါတွင် ၆ နှစ်ကလေးအားအဓမ္မပြုကျင့်သူကို ကြီးလေးသောပြစ်ဒဏ်ပေးသွားမည်ဟု SSPP ပြော
SHAN -
သျှမ်းပြည်မြောက်ပိုင်း သီပေါမြို့နယ် မန်နောင်ကျေးရွာအုပ်စုအတွင်း အသက် (၆) နှစ်အရွယ် ကလေးငယ် တစ်ဦးကို အဓမ္မပြုကျင့်ပြီး သတ်ဖြတ်ခဲ့သူကို ကြီးလေးသောပြစ်ဒဏ်ချမှတ်သွားမည်ဖြစ်ကြောင်း SSPP/SSA ထံမှ စုံစမ်းသိရှိရသည်။ ဒီဇင်ဘာ ၉ ရက်နေ့က တစ်ရွာသားဖြစ်သူ အသက်(၃၀)နှစ်ရှိသူ စိုင်းစောသည် (၆) နှစ်အရွယ် ကလေးငယ်ကို အဓမ္မပြုကျင့် သတ်ဖြတ်ခဲ့ကြောင်း...
သီပေါတွင် အရက်မူးပြီး မိသားစုဝင်များ၏ဆိုင်ကယ်များအား မီးရှို့မှုဖြစ်ပွါး
SHAN -
သျှမ်းပြည်မြောက်ပိုင်း သီပေါမြို့နယ်အတွင်း အမူးသမားတစ်ဦးက မိမိဆိုင်ကယ် (၃) စီးကို ပြန်လည်မီးရှို့မှု ဖြစ်ပွားခဲ့ကြောင်း စုံစမ်းသိရှိရသည်။ သီပေါမြို့နယ် ညောင်ကိုးပင်ရွာတွင် ဒီဇင်ဘာ (၁၃) ရက် မွန်းလွဲ (၁၂) နာရီဝန်းကျင်ခန့်က အရက်သောက်ထားသည့်လူတစ်ဦး နေအိမ်အဆာက်အဦး ရှေ့ခြံဝင်းအတွင်း မိသားစုဝင်များ၏ ဆိုင်ကယ် (၃) စီး စုပုံပြီး...
နောင်ချိုမြို့တိုးဂိတ်အနီးတွင် ကျပ်သိန်းနှစ်သောင်းကျော် တန်ဖိုးရှိ မူးယစ်ဆေးဝါးများဖမ်းဆီးရမိ
SHAN -
သျှမ်းပြည်မြောက်ပိုင်း နောင်ချိုမြို့နယ် စစ်ဆေးရေးဂိတ်တွင် ကျပ်သိန်းပေါင်းသောင်းနှင့်ချီသော မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိကြောင်း စုံစမ်းသိရှိရသည်။ ဖြစ်စဉ်မှာ ဒီဇင်ဘာ ၈ ရက်နံနက် ၁ နာရီအချိန် အမှတ် ၂၄ မူးယစ်တပ်ဖွဲ့စုဝင်များ၊ စစ်ဘက်ဆိုင်ရာအဖွဲ့ဝင်များ၊ နောင်ချိုမြို့နယ်မြေရဲစခန်းမှတပ်ဖွဲ့ဝင်များ ပူးပေါင်းပြီး တိုးဂိတ်အနီး စောင့်ဆိုင်းစဉ် သီပေါဘက်မှ နောင်ချိုဘက်သို့ မောင်းနှင်လာသည့် Toyata...





