Tuesday, January 27, 2026

မိုင်းယော် ပန်လော့ကျေးရွာ အိမ်မီးလောင် ( ၂)ဦးသေဆုံး

သျှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့နယ် မိုင်းယော်တိုက်နယ် ပန်လော့ကျေးရွာအတွင်း ဒေသခံနေအိမ် မီးလောင်ရာ မီးထဲတွင် (၂) ဦး သေဆုံးသွားကြောင်း စုံစမ်းသိရှိရသည်။

Photo by Shwe Phee Myay

မတ်လ (၂)ရက် မနက် (၁၂)နာရီကျော်က ကွန်ဖြူကျေးရွာအုပ်စု ပန်လော့ကျေးရွာတွင် ဒေသခံနေအိမ်တစ်အိမ် မီးစတင်လောင်ကျွမ်းသွားပြီး ဖခင်ဖြစ်သူနှင့် (၃)နှစ်အရွယ် သမီးငယ် မီးလောင်ကျွမ်းသွားကြောင်း စုံစမ်းသိရှိရသည်။

“ပေါ့ဆမီးလို့ပြောရမယ်။ (၂)ယောက်တော့ မီးထဲ ပါသွားတယ်။ မီးကူးပြီး လောင်သွားတာက (၂)အိမ်လို့လည်း ပြောတယ်။ (၃)အိမ်လို့လည်းပြောကြတယ်။ ကျနော်တို့လဲ သေချာမသိရဘူး” ဟု မိုင်းယော်ဒေသခံ အမျိုးသမီး တစ်ဦးက ပြောသည်။

Photo by Shwe Phee Myay

အဆိုပါ မီးစတင်လောင်ကျွမ်းသွားသည့်အိမ်သည် မနက်အစောပိုင်း တောင်ယာသွားရန်အတွက် ညသန်းခေါင်ကတည်းက ဟင်းချက်ထားရာမှ မီးလောင်မှုဖြစ်နိုင်ကြောင်း ဒေသခံများက ပြောဆိုကြသည်။

“ကျနော်တို့ မိုင်းယော်တိုက်နယ်ထဲမှာ မီးလောင်ပြီး ဒီလို မီးထဲသေတာ မရှိသေးဘူး။ ဒါက ပထမဆုံးပဲ ဒီနေ့လည်း မီးကို သတိထားဖို့ ကျနော်တို့ ရပ်ရွာထဲ ဆော်ဩထားတာ ကြားရတယ်။ နွေရာသီ ရောက်တော့မယ်။ လေလည်း တိုက်လာပြီဆိုတော့ မီးကို သတိထားသင့်ပြီ” ဟု မိုင်းယော်ဒေသခံ အသက် (၄၀)ဝန်းကျင် အမျိုးသားတစ်ဦးက ပြောသည်။

မီးလောင်သေဆုံးသွားသူမှာ မိုင်းအိုက်လူနှင့် ၃ နှစ်အရွယ် ကလေးငယ်ဖြစ်ကြောင်း၊ မိသားစု (၅)ဦး ရှိရာ လက်ရှိမှာတော့ ကလေး (၂)ဦး နှင့် အမျိုးသမီးသာ ကျန်ရစ်ခဲ့ကြောင်း သိရှိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

လားရှိုး မိန်းကလေးငယ်ကို အပြိုင်လိုက်ကြိုက်သည့် ကိုးကန့်တပ်သားနှစ်ဦး အချင်းချင်းပစ်သတ်၊ မိန်းကလေးကို MNDAA ဖမ်းထားပြီး ပြန်မလွှတ်သေး

0
သျှမ်းပြည် လားရှိုးမြို့နယ် မိုင်းယော်ကျေးရွာအုပ်စုတွင် ကိုးကန့်တပ်သားနှစ်ဦးသည် အရွယ်မရောက်သေးသည့် မိန်းကလေးငယ်ကို အပြိုင်လိုက်ကြိုက်ရာမှ အချင်းချင်း ပစ်သတ်ခဲ့၍ တစ်ဦးသေဆုံးသွားပြီး စွပ်စွဲခံရသည့် မိန်းကလေးကို MNDAA က ဖမ်းဆီးထားကြောင်း စုံစမ်းသိရသည်။ ဖြစ်စဉ်မှာ ဖေဖော်ဝါရီ (၇) ရက် နံနက် (၆) နာရီကျော်တွင် လားရှိုးမြို့နယ် မိုင်းယော်တိုက်နယ်ရှိ...

မိုင်းယော်တွင် စစ်ကောင်စီလေကြောင်းဗုံးကြဲမှုကြောင့် အမျိုးသမီး ၁ ဦးအပါအဝင် ၄ ဦးသေဆုံး၊ ၁ ဦး ဒဏ်ရာရ

0
သျှမ်းပြည် လားရှိုးမြို့နယ်ရှိ မိုင်ယော်တိုက်နယ်တွင် စစ်ကောင်စီတပ်က လေကြောင်းဗုံးကြဲမှုကြောင့် အမျိုးသမီး ၁ ဦး အပါအဝင် ၄ ဦး သေဆုံးပြီး၊ ၁ ဦး ထိခိုက်ဒဏ်ရာရရှိကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ (ဇန်နဝါရီလ ၈ ရက်) ည ၇ နာရီကျော်ခန့်က လားရှိုးမြို့နယ် မိုင်းယော်ကျေးရွာတွင်...

လားရှိုး စစ်ကောင်စီ တိုက်လေယာဉ်ဗုံးကြဲမှုကြောင့် အမျိုးသမီး ၂ ဦးသေဆုံး၊ ၁ ဦး ဒဏ်ရာရ

0
သျှမ်းပြည် လားရှိုးမြို့နယ် မိုင်းယော်တိုက်နယ်တွင် စစ်ကောင်စီတပ်မှ တိုက်လေယာဉ်ဖြင့် ဗုံးကြဲမှုကြောင့် အမျိုးသမီး ၂ ဦးသေဆုံးသွားခဲ့ပြီး ၁ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ (နိုဝင်ဘာ ၂ ရက်) ည ၉ နာရီတွင် လားရှိုးမြို့နယ် မိုင်းယော်တိုက်နယ်ရှိ လုံတွေကျေးရွာတွင် စစ်ကောင်စီတပ်မှ တိုက်လေယာဉ်ဖြင့်...

မိုင်းယော်တိုက်နယ်ရှိ စစ်ကောင်စီတပ်စခန်းကို ညီနောင်မဟာမိတ် ၃ ဖွဲ့မှ ထိုးစစ်ဆင် တိုက်ခိုက်

0
သျှမ်းပြည် လားရှိုးမြို့နယ် မိုင်းယော်တိုက်နယ်၊ မိုင်းကျက်အုပ်စုရှိ စစ်ကောင်စီတပ်စခန်းကို ညီနောင်မဟာမိတ် ၃ ဖွဲ့က ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ (အောက်တိုဘာ ၂၇ ရက်နေ့)က လားရှိုးမြို့ နှင့် မိုင် ၆၀ အကွာရှိ မိုင်းယော်တိုက်နယ်၊ မိုင်းကျက်အုပ်စုတွင် အခြေစိုက်သော စစ်ကောင်စီတပ်ကို ညီနောင်မဟာမိတ်...

မိုင်းယော်တိုက်နယ် ဈေးနေ့ လောင်းကစားဝိုင်း ဖွင့်လှစ်လာ

0
သျှမ်းပြည် မြောက်ပိုင်း လားရှိုးမြို့နယ် မိုင်းယော်တိုက်နယ်၏ ဈေးနေ့တွင် လောင်းကစားဝိုင်းများလာရောက်ဖွင့်လှစ်ကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် အောက်တိုဘာလ လဆန်းပိုင်းမှ စတင်ကာ မိုင်းယော်တိုက်နယ် ဈေးအနီး နမ့်နွမ်းကျေးရွာတွင် ဖွင့်လှစ်သည့် လောင်းကစားဝိုင်းကို ဈေးနေ့ (ငါးရက်တစ်ဈေး၊ သျှမ်းပြည် ဈေးနေ့) ရောက်တိုင်း ဖွင့်လှစ် ဆော့ကစားနေကြောင်း ဒေသခံအမျိုးသားက သျှမ်းသံတော်ဆင့်ကို...