အေးသာယာ-စက်မှုဇုန်တွင် ဝယ်ယူပြီးသားမြေကွက်များအား ခြံစည်းရိုးခတ်ကာ ပြန်လည်သိမ်ဆည်းမှုများရှိနေ
SHAN -
သျှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့နယ် အေးသာယာ-စက်မှုဇုန်အတွင်း ဝယ်ယူပြီးသားမြေကွက်များကို မကျူးကျော်ရစာများလာကပ်သွားပြီး ခြံစည်ရိုးများခတ်ကာ ပြန်လည်သိမ်းဆည်းမှုများရှိနေသောကြောင့် မြေဝယ်ယူရာတွင် သတိထားရန်လိုအပ်ကြောင်း ဒေသခံများထံမှ သတင်းရရှိသည်။ ဇန်နဝါရီလ ပထမပတ်တွင် အေးသာယာ-စက်မှုဇုန်အတွင်း ပြည်သူများဝယ်ယူထားသော မြေကွက်များအား ခြံစည်းရိုးခတ်ကာ မကျူးကျော်ရန် စာလာကပ်သွားကြောင်း ထိုသို့ခြံစည်းရိုးခတ်သွားသည့်အကြောင်းအရင်းကိုလည်း မသိရှိရကြောင်း မြေဝယ်ယူထားသူ အချို့က သျှမ်းသံတော်ဆင့်သို့ပြောသည်။ “ဝယ်ထားတာက ၅...
“ ကျားဖြန့်လုပ်ငန်း နည်းမျိုးစုံကြီးထွားနေဆဲ”
မြေကော်ကားတွေနဲ့ ထိုးညှိထားပြီး အတော်အတန် ကျယ်ဝန်းတဲ့ မြေနီနီတောင်ကုန်းတွေပေါ်မှာ အပြာရောင် သွပ်ပြားတွေနဲ့ ဆောက်လုပ်ထားတဲ့ တန်လျားက အစီအရီနေရာယူထားပါတယ်။ ဒီအဆောက်အဉီးကို ကြည့်လိုက်ရင်တော့ ဒေသအတွင်း ပုံမှန် သမားရိုးကျ စီးပွားရေး လုပ်ကိုင်နေတဲ့ ပြောင်းသီးနှံတွေ သိုလှောင်ထားရာ ဂိုဒေါင်ကြီးတွေလို့ ထင်မြင်စရာနေရာတစ်ခုပါ။ ဒါပေမယ့် အဲ့ဒီဂိုဒေါင်ကြီးထဲမှာက အွန်လိုင်းကနေ ငွေလိမ်လုပ်ငန်းတွေ လုပ်ကိုင်ဖို့ မကြာသေးခင် လတွေအတွင်းက ဆောက်ထားတဲ့ “ကျားဖြန့်ရုံ”တွေ ဖြစ်တယ်လို့ တန့်ယန်းဒေသခံတွေက ပြောပါတယ်။ အဲ့ဒီနေရာကတော့ တန့်ယန်းမြို့နယ်အတွင်း မန်ပန်ပြည်သူ့စစ်ပိုင် ရာဘာခြံနေရာပါပဲ “အရင်က ပြည်သူ့စစ်တွေရဲ့ ရော်ဘာခြံတွေကို အခု အကုန် မြေကော်ကား ကော်ပြီး လောင်းကစားရုံတွေ လုပ်နေကြပြီ။ တောထဲမှာပဲ တော်ရုံလူတောင် မဝင်နိုင်ဘူး၊ အလုပ်က ဒီဒေသက လူပဲခေါ်တာ တခြားဒေသဆို မယူဘူး။ လစာက ၁၅၀၀ ယွမ်က စတယ်”လို့ တန့်ယန်းမြို့နယ်မှာ နေထိုင်တဲ့ စိုင်းဝင်းက မျှော်လင့်ချက်ရှိဟန်နဲ့ ပြောပါတယ်။ ကျားဖြန့်လုပ်ကိုင်သူ တစ်လလျှင် လစာယွမ် ၁၅၀၀...
ခေါင်းစဉ်အမျိုးမျိုးဖြင့် သျှမ်းတောင်မှ ပြည်သူများ အခွန်အခများထည့်နေရ
SHAN -
သျှမ်းပြည်တောင်ပိုင်းအတွင်းရှိ တောင်ကြီးနှင့် အနီးတဝိုက်မြို့နယ်များအတွင်း မီးမလာသော်လည်း မီတာခများမြင့်တက်လာသည့်အပြင် ပြည်သူများမှာ ခေါင်းစဉ်အမျိုးမျိုးဖြင့် အခွန်ဆောင်နေရကြောင်း ဒေသခံများထံမှ စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် စက်တင်ဘာလ (၁) ရက်နေ့မှ စတင်ပြီး စစ်ကောင်စီ လက်အောက်ခံ လျှပ်စစ်စွမ်းအင်ဝန်ကြီးဌာနမှ မီတာခများအား တစ်ယူနစ် ကျပ်(၃၀)မှ ကျပ်(၅၀) ထိ တိုးမြှင့်ကောက်ခံခဲ့ပြီသော်လည်း လက်ရှိတွင်...
“ငွေစက္ကူ အတုကြား ခေါင်းခဲနေရ”
SHAN -
ကျပ် တစ်သောင်းတန် ငွေစက္ကူကို ကိုင်ပြီး အထပ်ထပ်အခါခါ လှန်ပြီး သိသလောက်မှတ်သလောက် ဒေါ်အေးမာ တစ်ယောက် စစ်ဆေးနေသည်။ ဒေါ်အေးမာ သည် တောင်ကြီးမြို့ ကုန်စုံဆိုင်ဖွင့်ထားသည့်သူဖြစ်ပြီး၊ ကျပ်တစ်သောင်းတန်နှင့်ပတ်သက်ပြီး ကံမကောင်းမှု အကြိမ်ကြိမ်ကြုံတွေ့လာရသူတစ်ဉီးဖြစ်သည်။ ဈေးဝယ်သူက ကျပ်ငွေ တစ်သောင်းတန် ပေးလာတိုင်း ဒေါ်အေးမာ တစ်ယောက် အကြိမ်ကြိမ် စစ်ဆေးသည့်ကြား “ငွေတု”...
SHAN -
ထိုင်း-မြန်မာနယ်စပ်ဒေသ မယ်ဆိုင်မြို့တွင် ရေကြီးရေလျှံမှုအတွင်း နုန်းမြေ တင်ကျန်မှုနှင့် မြေပြိုမှုများမှာ မိုင်းဆတ်မြို့နယ်ရှိ အကြီးစား ရွှေတူးဖော်မှုများကြောင့်ဟု ထိုင်းအစိုးရ လေ့လာတွေ့ရှိမှုက ဖော်ပြနေကြောင်း ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင် (SHRF) က ယမန်နေ့ (နိုဝင်ဘာလ ၂၇ ရက်)တွင် ထုတ်ပြန်လိုက်သည်။ အောက်တိုဘာလအတွင်း ပြုလုပ်ခဲ့သည့် ထိုင်းနိုင်ငံသဘာဝအရင်းအမြစ်ဌာန၏ လေ့လာမှုတစ်ခုတွင် နယ်စပ်ဒေသတလျှောက်...
မူဆယ်မြို့နယ် MNDAA ထိန်းချုပ် ကျင်ဆန်ကျော့ တရုတ်ပြန်ဖွင့်၊ ကြံတင်ပို့ခွင့်ရမည်ဟုဆို
သျှမ်းပြည် မူဆယ်မြို့နယ်ရှိ ညီနောင်မဟာမိတ်တပ်များ ပူးပေါင်းထိန်းချုပ်ထားသည့် ကျင်ဆန်ကျော့ နယ်စပ်ဂိတ်ကို တရုတ်ဘက်မှ ကုန်ပစ္စည်းတင်သွင်းရန် ပြန်လည်ဖွင့်လှစ်ပေးထားကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ (နိုဝင်ဘာလ ၂၁ ရက်)မှ စတင်၍ တရုတ်-မြန်မာနယ်စပ် မူဆယ်မြို့နယ်ရှိ ညီနောင်မဟာမိတ်တပ်များ ပူးပေါင်းထိန်းချုပ်ထားပြီး တစ်နှစ်ကျော် ပိတ်ထားခဲ့သည့် ကျင်ဆန်ကျော့ နယ်စပ်ဂိတ်ကို တရုတ်အာဏာပိုင်များဘက်မှ ကုန်ပစ္စည်းတင်သွင်းရန်နှင့်...
တရုတ်နယ်စပ် ကုန်သွယ်ဂိတ်စီမံခန့်ခွဲအုပ်ချုပ်မှု စစ်ကောင်စီကို တရုတ်အားပေးဟု စစ်ခေါင်းဆောင်ပြော
တရုတ်-မြန်မာနယ်စပ်တလျှောက် ကုန်သွယ်ရေးဂိတ်များနှင့် ပတ်သက်ပြီး စစ်ကောင်စီ၏ စီမံခန့်ခွဲအုပ်ချုပ်မှုကို တရုတ်နိုင်ငံအနေဖြင့် အားပေးကြောင်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ပြောဆိုလိုက်သည်။ ယမန်နေ့ (နိုဝင်ဘာလ ၁၉ ရက်) နေပြည်တော်တွင် ပြုလုပ်သော နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ အစည်းအဝေးတွင် စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ထိုသို့ ပြောဆိုခဲ့ခြင်း ဖြစ်သည်။ နိုဝင်ဘာလဆန်း တရုတ်နိုင်ငံသို့...
ကျောက်စိမ်း ရှယ်ယာဖြတ်သည် ဆိုကာ အကြီးအကျယ် လိမ်လည်နေ
SHAN -
လူမှုကွန်ရက် Facebook မှ တိက်ရိုက် Live လွှင့်၍ ကျောက်စိမ်း ရှယ်ယာဖြတ်သည်ဟု ဆိုကာ အကြီးအကျယ် လိမ်လည် နေသဖြင့် ကျောက်စိမ်း ဝါသနာရှင်များ အနေဖြင့် ငွေကြေးဆုံးရှုံးမှု မရှိစေရေး သတိပြုရန် လိုအပ်ကြောင်း မန္တလေးမြို့ အခြေစိုက် ဝါရင့် ကျောက်စိမ်းလောကသားများက ပြောသည်။ ယခု...
တရုတ်-မြန်မာနယ်စပ် ဆင်ဖြူဂိတ်ကို တရုတ်ဘက် ပိတ်ပင်၊ တပိုင်တနိုင်သမားများ အခက်ကြုံ
SHAN -
တရုတ်-မြန်မာနယ်စပ် ဆင်ဖြူဂိတ်ကို ယနေ့ (နိုဝင်ဘာလ ၁၁ ရက်)နေ့တွင် တရုတ်ဘက် စတင်ပိတ်ပင်လိုက်ပြီးသဖြင့် တပိုင်တနိုင် လုပ်ကိုင်နေသူများအခက်ကြုံနေကြောင်း သတင်းရရှိသည်။ လက်ရှိမှာ တရုတ်အာဏာပိုင်များက ကျယ်ဂေါင်-မန့်ဝိန်းတွင် တရားဝင်ကုန်စည်များကို သယ်ယူခွင့်ပြုပြီး ဆင်ဖြူဂိတ်တွင် တပိုင်တနိုင် ဖြင့် တရားမဝင် ကုန်စည်များကို သယ်ဆောင်ခွင့်မပြုတော့ကြောင်း (နိုဝင်ဘာလ ၉ရက်)နေ့တွင် ရွှေလီတရုတ်အာဏာပိုင်က...
SHAN -
တရုတ်၏ One Belt One Road စီမံကိန်း၊ မြန်မာနှင့်ဆိုင်သည့် CMR မြန်မာ-တရုတ် စီးပွားရေး စင်္ကြံစီမံကိန်းများနှင့် ပတ်သက်ပြီး မကြာမီတိုးမြင့်လာတော့မည်ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောသည်။ တရုတ်အစိုးရ ဖိတ်ကြားချက်အရ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် နိုဝင်ဘာလ ၅ ရက်မှ ၁၀ ရက်နေ့အထိ...






