သျှမ်းပြည်တောင်ပိုင်း ဂေါ်ဖီထုပ်ဈေးနှုန်းများ ကျဆင်း၊ တောင်သူများ အရှုံးနှင့် ရင်ဆိုင်နေရ
သျှမ်းပြည် တောင်ပိုင်းတွင် ဂေါ်ဖီထုပ်များ ဝယ်သူမရှိဘဲ ဈေးနှုန်းများ ကျဆင်းနေခြင်းကြောင့် စိုက်ပျိုးထားသည့် တောင်သူများ အရှုံးပေါ်နေကြောင်း စုံစမ်းသိရသည်။ ကလောမြို့နယ် အောင်ပန်းမြို့တကြောတွင် ဂေါ်ဖီထုပ်ရာသီချိန် ဖြစ်သော်လည်း ဝယ်သူမရှိသည့်အပြင် ဂေါ်ဖီတစ်ထုပ်လျှင် ၂၀၀ ကျပ်အထိ ဈေးကျနေသည့်အတွက် စိုက်ပျိုး ထားသူများ အရှုံးနှင့်သာ ရင်ဆိုင်နေကြရကြောင်း အောင်ပန်းမြို့ ဒေသခံအမျိုးသမီးတစ်ဦးက...
အင်းလေးဒေသ ငလျင်ဒဏ်ကြောင့် ဒေသခံများ စိုက်ပျိုးရေးလုပ်ငန်း နလံမထူနိုင်သေး
သျှမ်းပြည်တောင်ပိုင်း အင်းလေးဒေသတွင် ငလျင်ဒဏ်သင့်သည့် ကျေးရွာများ၌ စိုက်ပျိုးရေးလုပ်ငန်းများ နလံမထူနိုင်သေးကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် မတ်လ ၂၈ ရက်တွင် စစ်ကိုင်းမြို့အနီး ဗဟိုပြုလှုပ်ခတ်ခဲ့သော အင်အား ၇.၇ ရစ်ချ်တာစကေးရှိ အင်အားပြင်း ငလျင်ကြီးကြောင့် သျှမ်းပြည် အင်းလေးဒေသအတွင်း နေအိမ် ရာနဲ့ချီ ပြိုကျပျက်စီးခဲ့ရသည်။ ထိုသို့ ပြိုကျပျက်စီးသွားသည့် နေအိမ်များကို...
MNDAA ထိန်းချုပ်ဒေသ အမြဲတမ်းနေထိုင်ခွင့်အတွက် ရင်းနှီးမြှုပ်နှံမှုများဖြင့် ဆွဲဆောင်နေ
သျှမ်းပြည် လောက်ကိုင်မြို့နယ်တွင် ကိုးကန့်တပ်ဖွဲ့ MNDAA မှ အထူးဒေသ-၁ အတွင်း အမြဲတမ်းနေထိုင်ခွင့် ပေးအပ်ခြင်းဖြင့် ရင်းနှီးမြှုပ်နှံသူများကို စည်းရုံးဆွဲဆောင်နေကြောင်း စုံစမ်းသိရသည်။ ကိုးကန့်တပ်ဖွဲ့ MNDAA သည် စစ်ကောင်စီနှင့် တရားဝင် အပစ်ရပ်စဲရေး သဘောတူစာချုပ် လက်မှတ်ထိုးပြီးနောက် ၎င်းထိန်းချုပ်ထားသည့် လောက်ကိုင်မြို့တွင် ဇန်နဝါရီလ နှောင်းပိုင်းမှ စတင်ပြီး...
သျှမ်းတောင်တွင် ငလျင်လှုပ်ပြီးနောက်ပိုင်း ဘိလပ်မြေဝယ်ယူသူများလာပြီး ဈေးအဆမတန်မြင့်တက်လာ
သျှမ်းပြည်တောင်ပိုင်းတွင် ငလျင်လှုပ်ခတ်ပြီးနောက်ပိုင်း ဘိလပ်မြေဝယ်ယူသူ များလာခြင်းကြောင့် ဈေးနှုန်းအဆမတန် မြင့်တက်နေလျှက်ရှိသည်ဟု စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် မတ်လ (၂၈) ရက်တွင် အင်အားပြင်း ငလျင်လှုပ်ခတ်ပြီးနောက်ပိုင်း သျှမ်းပြည်တောင်ပိုင်းရှိ မြို့နယ်များတွင် ဘိလပ်မြေဈေးနှုန်းများ တစ်အိတ်လျှင် ကျပ်(၃၄၀၀၀)အထိ အဆမတန် မြင့်တက်လာသောကြောင့် ဆောက်လုပ်ရေး လုပ်ကိုင်သူများနှင့် ငလျင်ဒဏ်သင့် အိမ်များ ပြန်လည်ပြုပြင်ရန်...
သျှမ်းရှေ့မှ လာသော ကုန်တင်ကားရာချီ ဟိုပုံးမြို့တွင် ဖမ်းဆီးထိန်းသိမ်းခံရ
သျှမ်းပြည် အရှေ့ပိုင်းမှ ကုန်ပစ္စည်းတင်ဆောင်လာသော ကုန်တင်ကားကြီးရာချီကို စစ်ကောင်စီက ဟိုပုံးမြို့တွင် ဖမ်းဆီးထိန်းသိမ်းထားကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ဧပြီလ ၂၃ ရက်မှစတင်ပြီး သျှမ်းပြည် အရှေ့ပိုင်းမှ ကုန်ပစ္စည်းတင် တင်ဆောင်လာသော ကုန်တင်ကားရာနှင့်ချီကို စစ်ကောင်စီမှ အခွန်ကိစ္စ အကြောင်းကာ ဟိုပုံးမြို့ရှိ တပ်မတော် ကွန်ပျူတာ နှင့် နည်းပညာသိပ္ပံကျောင်းဝန်းအတွင်း...
MNDAA ထိန်းချုပ်နယ်မြေ ပြည့်တန်ဆာလုပ်ငန်း ကြီးထွားလာ
လမ်းဘေး မီးတိုင်မှာ အမျိုးသမီး အလှပုံနဲ့ ဖုန်းနံပတ်ပါ တရုတ်စာသား ဆိုင်းဘုတ်ကို ထင်ထင်ရှားရှား ချိတ်ဆွဲထားပါတယ်။ အဲ့ဒီဒေသဟာ တရုတ်ပြည် မဟုတ်ဘဲ ညီနောင်မဟာမိတ် တပ်ပေါင်းစုတွေ “၁၀၂၇ စစ်ဆင်ရေး” ဖော်ဆောင်ခဲ့ပြီး ကိုးကန့်တပ်ဖွဲ့ MNDAA က ၂၀၂၄ ခုနစ် သြဂုတ်လတွင် အလုံးစုံ ထိန်းချုပ်နိုင်ခဲ့တဲ့...
သျှမ်းပြည်တောင်ပိုင်း ဆီဆိုင်မြို့တွင် စစ်ကောင်စီမှ ပြန်လည် တည်ဆောက်ထားသည့် မြို့မဈေးထဲ အဝေးရောက် ဈေးဆိုင်ခန်းပိုင်ရှင်များကို နေရာချပေးရန် စည်ပင်မှ စည်းရုံးဆွဲခေါ်နေသည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။ ဆီဆိုင်မြို့နယ်ရှိ စစ်ကောင်စီလက်အောက်ခံ စည်ပင်သာယာရေးဌာနမှ မြို့မဈေးရှိ တိုက်ပွဲအတွင်း မီးလောင်ပျက်စီးသွားသော ဈေးဆိုင်ခန်းများကို ပြန်လည်ဆောက်လုပ်ထားပြီး မူလဆိုင်ခန်း ပိုင်ရှင်တစ်ဦးလျှင် ဆိုင်ခန်း (၁)...
ထိုင်းဘက်မှ လူသုံးကုန်ပစ္စည်း တင်သွင်းခွင့်ပိတ်ပင်မှုကြောင့် တာချီလိတ်တွင် အိမ်သုံးဂက်စ် ဈေးတက်
ထိုင်း-မြန်မာနယ်စပ်ရှိ ကျားဖြန့်လုပ်ငန်းများ နှိမ်ရင်းရန်အတွက် ထိုင်းအစိုးရက လူသုံးကုန်ပစ္စည်းများ တင်သွင်းခွင့် ပိတ်ပင်မှုကြောင့် တာချီလိတ်မြို့တွင် မီးဖိုချောင်သုံးဂက်စ် (Gas)များ ဈေးနှုန်းမြင့်တက်နေကြောင်း ဒေသခံများထံမှ သိရသည်။ ထိုင်းနိုင်ငံမှ မြန်မာနိုင်ငံသို့ စက်သုံးဆီနှင့်အတူ ဂက်စ်တင်သွင်းမှု ပိတ်ထားသည့်အတွက် ဂက်စ်ဝင်ရောက်မှု နည်းလာကာ ဈေးနှုန်းမြင့်လာရခြင်း ဖြစ်ကြောင်း တာချီလိတ်မြို့ အိမ်ရှင်မတစ်ဦးက သျှမ်းသံတော်ဆင့်ကို...
သျှမ်းပြည်အရှေ့ပိုင်းတွင် စက်သုံးဆီ ၁ လီတာ ဘတ်တစ်ရာ (၁၃၅၀၀) ကျပ် ထိ ဈေးပေါက် ရှာဝယ်ရန်ခက်ခဲ
ထိုင်းနိုင်ငံမှ မြန်မာနိုင်ငံသို့ တင်ပို့နေသော စက်သုံးဆီများ ရပ်ဆိုင်းလိုက်ပြီးနောက် သျှမ်းပြည် အရှေ့ပိုင်းတကြော စက်သုံးဆီ စျေးနှုန်း အဆမတန် မြင့်တက်လာကြောင်း စုံစမ်းသိရသည်။ ထိုင်းနိုင်ငံမှ ကျားဖြန့်(အွန်လိုင်းလောင်းကစား)များနှိမ့်နင်းရေးဆိုသည့်ခေါင်းစဉ်ဖြင့် မြန်မာ-ထိုင်းနိုင်ငံ နယ်စပ်သို့ တင်ပို့နေသော လောင်စာဆီ၊ အင်တာနက်လိုင်းနှင့် လျှပ်စစ်မီးများကို ယမန်နေ့ (ဖေဖော်ဝါရီ ၅)ရက် နံနက်ပိုင်းမှစတင်ပြီး ဖြတ်တောက်ခဲ့သည်။ ထို့ကြောင့်...
စစ်ခေါင်းဆောင် မင်းအောင်လှိုင် စီးပွားရေး သင်ခန်းစာ ပို့ချသည့် ရုပ်သံဖိုင်
SHAN -
စစ်ခေါင်းဆောင် မင်းအောင်လှိုင် စီးပွားရေး သင်ခန်းစာ ဟောပြော ပို့ချနေသည့် ရုပ်သံဖိုင်ကို ယခုရက်ပိုင်း အတွင်း စစ်တပ် ထောက်ခံသူများက လူမှုကွန်ရက်များတွင် ပြန်လည်မျှဝေ၍ လှောင်ပြောင်နေသည်ကို တွေ့ရသည်။ အဆိုပါ ရုပ်သံဖိုင်၌ စစ်ခေါင်းဆောင် မင်းအောင်လှိုင်က စစ်အရာရှိကြီးများအား စီးပွားရေး သင်ခန်းစာ ဟောပြော ပို့ချနေသည်ကို တွေ့ရပြီး...






