လူကြီးသုံးဒိုက်ဘာ၊ တစ်သျှူး အပါအဝင် လူသုံးကုန်ပစ္စည်း အမျိုးပေါင်း ၃၅ မျိုးကို စစ်ကောင်စီထပ်မံ တင်သွင်းခွင့်ပိတ်

လူကြီးသုံး ဒိုက်ဘာနှင့် တစ်သျှူး အပါအဝင် လူသုံးကုန်ပစ္စည်း အမျိုးပေါင်း ၃၅ မျိုးကို စစ်ကောင်စီက နယ်စပ်မှတဆင့် တင်သွင်းခွင့် ထပ်မံပိတ်လိုက်ကြောင်း စုံစမ်းသိရသည်။

အဆိုပါ ကုန်ပစ္စည်း ၃၅ မျိုးကို ပိတ်ပင်ရခြင်းသည် နိုင်ငံခြားသုံးငွေ ကြီးကြပ်မှုကော်မတီ၏ လမ်းညွှန်ချက်အရ နယ်စပ်ဂိတ်၊ ပင်လယ်ရေကြောင်းဂိတ်များမှစ၍ တင်သွင်းခွင့် ယာယီပိတ်လိုက်ကြောင်း ကြေညာချက်ကို လူမှုကွန်ရက်စာမျက်နှာတွင် ယမန်နေ့ (သြဂုတ် ၁၃) ရက်တွင် ပျံ့နှံ့လာသည်။

ပြည်ပမှ တင်သွင်းမည့် ကုန်ပစ္စည်းများထဲတွင် နေ့စဉ်သုံး ကုန်ပစ္စည်း၊ စားသုံးကုန် ပစ္စည်းများဖြစ်သည့် ခေါက်ဆွဲခြောက်၊ ကြာဇံခြောက်၊ ပဲငံပြာရည်၊ ဘီစကစ်၊ ချိုချဉ်(သကြားလုံး)၊ ကော်ဖီစေ့၊ ကော်ဖီမှုန့်၊ လက်ဖက်ခြောက်၊ အုန်းနို့၊ သစ်သီးခြောက်၊ ကြက်အူချောင်း၊ အသင့်စားနို့၊ ဒိန်ချဉ်၊ မီးလုံး၊ အင်ဂျင်ဝိုင်၊ ဓာတ်ခဲ၊ တစ်သျှူး၊ လူကြီးဒိုက်ဘာ စသည်တို့ ပါဝင်နေသည်။

ထိုသို့ နိုင်ငံခြားငွေ ကြီးကြပ်မှုကော်မတီက ကုန်ပစ္စည်းအမျိုးအစား ၃၅ မျိုးကို တင်သွင်းခွင့် ပိတ်ပင်လိုက်ခြင်းသည် မှောင်ခိုလုပ်ငန်းကို အားပေးနေခြင်းနှင့် ကုန်စျေးနှုန်းကို မြှင့်တက်လာအောင် ပြုလုပ်ခြင်းဖြင့် ပြည်သူများ ပိုမိုကြပ်တည်းလာနိုင်ကြောင်း ထိုင်း-မြန်မာနယ်စပ် တာချီလိတ်မြို့မှ ကုန်သည်အမျိုးသမီးတစ်ဉီးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“ဒီလိုဆိုရင် ကုန်ပစ္စည်းတွေက စျေးပိုတက်လာမယ်၊ ပြည်သူတွေ ပိုခက်ခဲမယ်။ နောက်ပြီး သက်ဆိုင်ရာတွေက လာဘ်စားမယ်၊ မှောင်ခိုတင်သွင်းမယ်။ အရင်ခေတ်တုန်းကလို ပြန်ရောက်တဲ့သဘော၊ ပြည်သူတွေက ပိုကြပ်တည်းလာမယ်” ဟု ၎င်းကုန်သည် အမျိုးသမီးက ဆိုသည်။

လက်ရှိ မြန်မာနိုင်ငံအတွင်း အစစအရာရာ ကုန်စျေးနှုန်း မြင့်တက်နေချိန် ခရီးသည်တင် ကားသမားများနှင့် ကုန်ပစ္စည်း တင်ဆောင်သော ကားသမားအတွက် တနိုင်တပိုင် ကုန်ပစ္စည်းသယ်ပြီး ကုန်ကူးရာတွင်လည်း အခက်အခဲ ကြုံတွေ့လာနိုင်ကြောင်း တာချီလိတ်-တောင်ကြီး ပြေးဆွဲနေသည့် ကားသမားတစ်ဉီးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“ဒီပုံစံနဲ့ဆိုရင် ကျနော်တို့ ပိုခက်ခဲလာမယ်။ စက်သုံးဆီ စျေးက မြင့်တော့ ခရီးသည် တင်ရင်တောင် ကုန်ပစ္စည်းတွေ တန်ဆာခတွေ မရရင်လည်း ကျနော်တို့က မကိုက်ဘူး။ နောက် ကုန်တင်ယာဉ်တွေလည်း အလုပ်လက်မဲ့တွေ ဖြစ်လာနိုင်သလို အရင်ကလို လွတ်လွတ်လပ်လပ် ကုန်တင်မရတော့ ရှာစားလုပ်စားဖို့ ခက်မယ်” ဟု ၎င်းကားသမားက ဆိုပြန်သည်။

စစ်အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာပြည်တဝှမ်းလုံးတွင် လုပ်ကိုင်ရှာဖွေစားသောက်ရန် ခက်ခဲလာပြီး၊ စစ်ကောင်စီ၏ ထုတ်ပြန်ချက်များသည် စစ်ကောင်စီဘက်တော်သားများအတွက် တဖက်လှည့် ငွေဝင်ရန် ဖန်တီးလိုက်ခြင်းသာဖြစ်ကြောင်း တာချီလိတ်-တောင်ကြီးပြေးဆွဲနေသည့် ကားသမားများက ပြောသည်။

“ပြီးခဲ့တဲ့ လတွေကတော့ ဆန်၊ ဆီ၊ ဆား စားသောက်ကုန်တွေ ပိတ်ထားတာ။ အခုကတော့ နိုင်ငံခြားထုတ်ကုန် ပစ္စည်းတွေကို တင်ရင်တော့ စစ်ကောင်စီဂိတ်တွေမှာ ပိုက်ဆံတော့ ပေးနေရတာပေါ့။ သူတို့ စစ်ကောင်စီဘက်တော်သားတွေအတွက် လုပ်ပေးတဲ့သဘောပါပဲ”ဟု တာချီလိတ်ကားသမားတစ်ဦးက ပြောသည်။

ပြီးခဲ့သည့် ၂၀၂၅ ဇွန်လဆန်းပိုင်းမှ စတင်ပြီး သျှမ်းပြည်မြောက်ပိုင်းနှင့် အရှေ့ပိုင်းတို့မှ သျှမ်းပြည် တောင်ပိုင်းတို့ တင်ပို့သည့် ထိုင်းနိုင်ငံနှင့် တရုတ်နိုင်ငံထုတ် စားသောက်ကုန်ပစ္စည်းများကို အဓိကထားပြီး စစ်ကောင်စီက တင်သွင်းခွင့် ပိတ်ပင်ထားခဲ့ကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ကျောက်မဲတွင် ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီးကွက်ပေး၊ ပြည်သူနေအိမ်များ မီးကြိုးခိုးယူခံနေရ

0
သျှမ်းပြည် ကျောက်မဲမြို့ပေါ် ရပ်ကွက်ရှိ ပြည်သူနေအိမ်များတွင် လျှပ်စစ်မီး မရရှိခြင်းကြောင့် မီးကြိုးခိုးယူခံနေရကြောင်း စုံစမ်းသိရသည်။ ကျောက်မဲမြို့ကို တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထံမှ စစ်တပ်ပြန်လည်ထိန်းချုပ်ခဲ့သည့် ယမန်နှစ် ၂၀၂၅ အောက်တိုဘာလ နောက်ပိုင်းမှ စတင်၍ စစ်အစိုးရလက်အောက်ခံ ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီး ဖြန့်ဝေထားပြီး ရပ်ကွက်အတွင်းရှိ ပြည်သူနေအိမ်များမှာ...

ကျိုင်းတုံ တောင်ပေါ်ဒေသ လမ်းပန်းခက်ခဲမှုကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေးခက်ခဲနေ

0
ကျိုင်းတုံမြို့နယ်ရှိ တောင်ပေါ်ဒေသများတွင် ခေတ်အဆက်ဆက် အစိုးရ မှ လမ်းပန်းဆက်သွယ်ရေးကို ကူညီထောက်ပံ့မှု မရှိခဲ့ခြင်းကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေး ဝန်ဆောင်မှု မရရှိကာ သေဆုံးမှုများ ဖြစ်ပွားသည့်အထိ ရှိနေကြောင်း သတင်းရရှိသည်။ ကျိုင်းတုံမြို့နယ်အတွင်း တောင်ပေါ်ကျေးရွာပေါင်း ၃၀ ထက်မနည်ရှိကာ လမ်းပန်းဆက်သွယ်ရေး အခက်အခဲများကို နေ့စဉ်ရန်ဆိုင်နေရသည်။ အဆိုပါ ဒေသများသည် ကျိုင်းတုံမြို့နှင့်...

“စစ်ရေး ၊ နိုင်ငံရေးက သူတို့စစ်အုပ်စုချမှတ်ထားတဲ့ လမ်းစဉ်အတိုင်း ဆက်သွားမယ်”

0
အာဏာသိမ်း စစ်တပ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ၅ နှစ်အကြာမှာ ၎င်းပုံဖော်ထားတဲ့အတိုင်း နိုင်ငံတော် သမ္မတရာထူးယူလိုက်ပါတယ်။ ဒါ့ကြောင့် စစ်ဝတ်စုံကနေ အရပ်သားဝတ်စုံပြောင်း စစ်ခေါင်းဆောင် သမ္မတ ဉီးမင်းအောင်လှိုင် တက်လာပြီး သျှမ်းပြည် နိုင်ငံရေး အပြောင်းအလဲတွေ ဘယ်လိုဖြစ်လာခဲ့ပါသလဲ။ အစိုးရသစ် စစ်ခေါင်းဆော်င သမ္မတ ဉီးမင်းအောင်လှိုင်တက်လာချိန်မှာလည်း စစ်အာဏရှင်ကို...

စစ်မှုထမ်း ခေါ်ဆောင်ခံရပြီး ပြန်လွတ်လာသည့် ရွာငံလူငယ်(၃)ဉီးသာရှိ

0
သျှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်တွင် စစ်မှုထမ်း အမှတ်စဉ်(၁)အတွက် မဲနှိုက်ရာမှ ပါရှိသွားသည့် ရွာငံမြို့နယ် အမျိုးသား (၃)ဦးသည် သုံးနှစ်အကြာမှ ပြန်လွတ်လာကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ (၁၀)ရက်တွင် စစ်ကော်မရှင်တပ်က စစ်မှုထမ်းဥပဒေကို ပြဌာန်းပြီးနောက် စစ်မှုထမ်းအမှတ်စဉ်(၁)အတွက် ကျေးရွာများအတွင်း မဲနှိပ်ခြင်း၊ ပေါ်တာဆွဲခြင်း စသည့်...

ကွတ်ခိုင်မြို့နယ် TLEC ကျောင်းကို MNDAA ပိတ်သိမ်း အစားထိုး ဖွင့်လှစ်သွားမည်

0
သျှမ်းပြည် မြောက်ပိုင်း ကွတ်ခိုင်မြို့နယ်ရှိ တအာင်းစားသင်ကျောင်း (TLEC)ကို ကိုးကန့်တပ်ဖွဲ့ (MNDAA)ကပိတ်သိမ်းပြီး အစားထိုး ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း စုံစမ်းသိရသည်။ ပြီးခဲ့သည့် ၂၀၂၆ ဖေဖော်ဝါရီ လဆန်ပိုင်းတွင် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေး တပ်မတော် (TNLA) နှင့် MNDAA တို့သည် ကွတ်ခိုင်းမြို့နယ်အတွင်း အချင်းချင်းကြား ပဋိပက္ခစတင်ဖြစ်ပွားခဲ့သည့်။ ထို့နောက် MNDAAသည်...