ထိုင်းထုတ်ကုန်များကို စစ်ကောင်စီ ဖမ်းဆီးမှုကြောင့် သျှမ်းပြည်အတွင်း ကုန်ဈေးနှုန်းမြင့်တက်

စစ်ကောင်စီသည် ထိုင်းနိုင်ငံထုတ် ကုန်ပစ္စည်းများ တင်သွင်းခွင့်ကို ပိတ်ပင်ထားသည့်အတွက် သျှမ်းပြည်အတွင်း ကုန်ပစ္စည်းစျေးနှုန်းများ မြင့်တက်လာကြောင်း သတင်းရရှိသည်။

ဇွန် ၁ ရက်မှစတင်ပြီး စစ်ကောင်စီသည် ထိုင်းထုတ်ကုန်ကို တင်သွင်းခွင့် ပိတ်ပင်လိုက်သည့်အတွက် ထိုင်းကုန်ပစ္စည်းများ အားကိုးနေရသော သျှမ်းပြည် အရှေ့ပိုင်းနှင့် သျှမ်းပြည် တောင်ပိုင်းတွင် ကုန်းစျေးနှုန်း မြင့်တက်မှု ကြုံနေရကြောင်း လွိုင်လင်မြို့ အသက် ၃၀ အရွယ်ရှိ ကုန်သည်အမျိုးသမီးတစ်ဦးက သျှမ်းသံတော်ဆင့်ကိုပြောသည်။

“ထိုင်းထုတ်ပစ္စည်းတွေက တာချီလိတ်ကနေ လာလို့ မရတော့ ရှိတာကို ထိန်းပြီးရောင်းနေရတာ။ ကျမတို့တောင် ဘယ်လိုလုပ်မလဲမသိဘူး နည်းလမ်းတွေ မရှိတော့ဘူး။ ကားသမားတွေလည်း မတင်ရဲဘူး၊ ကုန်ဈေးတွေကလည်း ဒီလကစပြီး တက်နေတယ်။စားသောက်ကုန်က အဓိကတက်တာ။ ဘယ်လို အရောင်းအဝယ် လုပ်ရမလဲတောင် မသိဘူး”ဟု ၎င်းကပြောသည်။

လက်ရှိ ထိုင်းနိုင်ငံထုတ် မားမား (မျက်လုံးတံဆိပ်) ခေါက်ဆွဲသည် ယခင် ၄၀၀ကျပ်မှ လက်ရှိ ၁၀၀၀ ကျပ်၊ အမျိုးသားခေါင်းလျှော်ရည် ကျပ်တစ်သောင်းမှ လက်ရှိတွင် ကျပ်တစ်သောင်းခွဲအထိ ပေးဝယ်ရကြောင်း၊ ကြက်သားမှုန့် ကျပ် ၃၀၀ တန်သည် လက်ရှိ ကျပ် ၈၀၀ ထိ စျေးမြင့်တက်သွားကြောင်း သိရသည်။

သျှမ်းပြည် စားသောက်ကုန်ပစ္စည်းများ ဈေးနှုန်းမြင့်တက်လာခြင်းကြောင့် ကုန်သည်များအတွက် ရေရှည်စိုးရိမ်မှုများ ရှိသကဲ့သို့ စားသုံးသူများအတွက်လည်း ပူပင်စရာဖြစ်နေကြောင်း အသက် ၃၀ ဝန်းကျင် ကုန်သည် အမျိုးသမီးတစ်ဦးက ဆက်ပြောသည်။

“တောင်ကြီးဘက်ကနေ ဝယ်ရောင်းနေရတာ။ အခုက ထိုင်းကပစ္စည်းတွေက အရမ်းကြပ်သွားပြီ။ အရင်လိုလည်း ဝယ်ရောင်းဖို့ မလွယ်တော့ဘူး၊ အခြေအနေ တော်တော်ဆိုးနေတာလေ။အခုက မြန်မာ ကုမ္ပဏီက လာရောင်းတဲ့ဟာကနေတဆင့် ပြန်ရောင်းနေတာ။ ပြည်သူရဲ့ အခြေအနေက သိတဲ့ အတိုင်းပဲ ဘယ်သူမှ အဆင်မပြေကြဘူးလေ။ ဈေးတွေထဲတောင်ဝယ်တဲ့လူကိုမရှိဘူး၊ ဆိုင်တောင် ပိတ်ချင်တယ်” ဟု ၎င်းအမျိုးသမီးက ပြောသည်။

လက်ရှိ‌ဈေးရောင်းနေသည့် ကုန်စုံဆိုင်ကြီး၊ ကုန်သည်ကြီးများအတွက်လည်း ဈေးနှုန်းတင်ရောင်းလျှင် ဝယ်သူမရှိ၊ ဈေးနှုန်းလျော့ရောင်းပါက အရှုံးပေါ်နိုင်ခြင်းကြောင့် အခက်အခဲများဖြစ်နေကြောင်း ကာလိမြို့ ကုန်သည်အမျိုးသားက ဆက်ပြောသည်။

“အရင်လိုလည်း ဈေးလည်းအရမ်းမတင်ရဲဘူး ဝယ်တဲ့လူက အရင်လိုလည်း မရှိဘူးလေ။ ဈေးတင်ရောင်းရင်တောင် ဝယ်တဲ့လူသိပ်မရှိရင် ကိုယ်ပဲရှုံးတာလေ။ တချို့တွေက ထားလို့ မခံတဲ့ဟာတွေလေ၊ ရောင်းမထွက်ရင်လည်း အဆင်မပြေပြန်ဘူး။ အခုတလော ဝယ်တဲ့လူမရှိဘူး အရင်နဲ့မတူတော့ဘူး”ဟု ၎င်းကုန်သည် အမျိုးသားက ပြောသည်။

တာချီလိတ်မြို့မှ အခြားမြို့သို့ တင်ပို့မည့် ထိုင်းနိုင်ငံထုတ် ကုန်ပစ္စည်းများကို ကွန်ဟိန်းမြို့နယ်အတွင်း သံလွင်မြစ်ကူး တာကော်တံတားရှိ စစ်ကောင်စီ စစ်ဆေးရေးဂိတ်တွင် စစ်ဆေးမှုတင်းကြပ်ပြီး ဖမ်းဆီးမှုများ ပြုလုပ်နေသည်။

လက်ရှိတွင် ကားသမားများမှာ ထိုင်းထုတ်ကုန်ပစ္စည်းများကို ယခင်ကဲ့သို့ လွတ်လပ်စွာ သယ်ဆောင်ခွင့် မရှိခြင်းကြောင့် စားဝတ်နေရေးအတွက် စိုးရိမ်နေရသည့်အပြင် ကားခများပါ ဈေးနှုန်းများ မြင့်တက်သွားကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“တံလျှပ်” ဖြစ်နေသော အာဏာသိမ်းစစ်တပ်၏ ထင်ယောင်ထင်မှား အရှိန်အဟုန် သို့မဟုတ်စစ်တပ်၏ အထင်မှား “အောင်ပွဲများ”

0
မြန်မာစစ်တပ်သည် ဖလမ်း၊ လားရှိုး၊ မြဝတီ၊ ကျောက်မဲနှင့် တကောင်း ကဲ့သို့သော အဓိကဗဟိုချက်များအပါအဝင် အနည်းဆုံး မဟာဗျူဟာမြောက်နယ်မြေ ၂၀ ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ကြောင်း ဇွန်လနှောင်းပိုင်းတွင် သံလွင်တိုင်းမ် (ThanLwin Times) သတင်းဌာနက ဖော်ပြခဲ့သည်။ သို့သော် ဘားမားနယူးစ်အင်တာနေရှင်နယ် (BNI) နှင့် မြန်မာ့ငြိမ်းချမ်းရေးစောင့်ကြည့်မှုအဖွဲ့ (MPM)...

တောင်ကြီး လိုင်စင်မဲ့ယာဉ် ရှောင်တခင်ဖမ်းဆီးမှုကြမ်းနေ

0
သျှမ်းပြည် တောင်ပိုင်း တောင်ကြီးမြို့တွင် ယခုရက်ပိုင်း လိုင်စင်မဲ့ယာဉ်များကို ရှောင်တခင် ဖမ်းဆီးစစ်ဆေးမှုများ ပိုလုပ်လာကြောင်း သတင်းရရှိသည်။ ထို လိုင်စင်မဲ့ယာဉ်များကို ဖမ်းဆီးမှုကြောင့် မြို့နှင့်အနီးတဝိုက်ရှိ ကျေးရွာဒေသခံများအနေဖြင့် မြို့ပေါ်သို့ အခါကြီးရက်ကြီးများ နှင့် ဈေးနေ့များတွင် မြို့ပေါ်သို့ သွားလာခြင်း၊ အခြေခံစားသောက်ကုန်၊လူသုံးကုန်ပစ္စည်းများ ဝယ်ယူရာသူ အခက်အခဲများရှိနေကြောင်း ဟိုပုံးမြို့နယ် အမျိုးသားတစ်ဦးက...

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...

စစ်ကော်မရှင် တရုတ်ကုန်စည်စီးဆင်းမှု တားမြစ်ပိတ်ပင်မှု တင်းကြပ်လာ

0
သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင် စစ်ကော်မရှင်က ရက် ၁၀၀ စီမံကိန်းအနေဖြင့် ၎င်းကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်တင်းကြပ်လာသည်။ ထိုကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်မှု တင်းကြပ်လာသဖြင့် ပြည်တွင်းကုန်တင်ယာဉ်များလည်း အလုပ်ရပ်နားထားရပြီး ပြည်သူများလည်း ကုန်စည်စျေးနှုန်းများ ထပ်မံမြင့်တက်လာမှုကို ရင်ဆိုင်နေရကြောင်း သျှမ်းမြောက်ပြည်သူများထံမှ စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် ရက်ပိုင်အတွင်းမှ စတင်ကာ စစ်ကော်မရှင်သည် လားရှိုးမြို့သို့...

ကျောက်မဲတွင် ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီးကွက်ပေး၊ ပြည်သူနေအိမ်များ မီးကြိုးခိုးယူခံနေရ

0
သျှမ်းပြည် ကျောက်မဲမြို့ပေါ် ရပ်ကွက်ရှိ ပြည်သူနေအိမ်များတွင် လျှပ်စစ်မီး မရရှိခြင်းကြောင့် မီးကြိုးခိုးယူခံနေရကြောင်း စုံစမ်းသိရသည်။ ကျောက်မဲမြို့ကို တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထံမှ စစ်တပ်ပြန်လည်ထိန်းချုပ်ခဲ့သည့် ယမန်နှစ် ၂၀၂၅ အောက်တိုဘာလ နောက်ပိုင်းမှ စတင်၍ စစ်အစိုးရလက်အောက်ခံ ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီး ဖြန့်ဝေထားပြီး ရပ်ကွက်အတွင်းရှိ ပြည်သူနေအိမ်များမှာ...