မူဆယ် သိန်းသန်းချီကားကွင်း စစ်ဆေးမှုတင်းကြပ် ကုန်ကားများမဝင်ရဲ

မြန်မာ-တရုတ်နယ်စပ် မူဆယ်မြို့ရှိ သိန်းသန်းချီကားကွင်းတွင် စစ်ကောင်စီတပ်၊ လူဝင်မှုကြီးကြပ်ရေး (လဝက) နှင့် ရဲတပ်ဖွဲ့များက စစ်ဆေးမှုများ တင်းကြပ်နေပြီး မြို့ထဲသုိ့ ကုန်တင်ကားများ မဝင်ရဲဖြစ်နေကြောင်း ကြောင်း သတင်းရရှိသည်။

ဇွန်လ ၂၂ ရက်မှစတင်၍ မူဆယ်မြို့ရှိ သိန်းသန်းချီကားကွင်းတွင် စစ်ကောင်စီတပ်၊ လူဝင်မှုကြီးကြပ်ရေး (လဝက) နှင့် ရဲတပ်ဖွဲ့များက စစ်ဆေးမှုများ တင်းကြပ်ထားခြင်းဖြစ်ကြောင်း မူဆယ်မြို့ ကုန်သည်တစ်ဦးက ပြောသည်။

“အခုနောက်ပိုင်း သူတို့အရမ်းစစ်တယ်၊ ကုန်တင်ကားတွေကို မူဆယ်မြို့ထဲကို ပေးမဝင်ဘူး။ မန္တလေးဘက်မှ လာတဲ့ ကုန်တင်ကားပဲဖြစ်ဖြစ်၊ တရုတ်ပြည်ဘက်မှ လာတဲ့ ကုန်တင်ကားပဲဖြစ်ဖြစ် မြို့ထဲကို ပေးမဝင်ဘူး။ အဲ့ကြောင့် ကျနော်တို့တွေက ကားငယ်တွေနဲ့ တစ်နေ့နည်းနည်းစီ သွားသယ်ယူရတာ” ဟု ၎င်းက ပြောသည်။

ထို့အပြင် မူဆယ်မြို့ရှိ ဆင်ဖြူဂိတ်တွင်လည်း စစ်ကောင်စီလက်အောက်ခံ လူဝင်မှုကြီးကြပ်ရေး (လဝက) နှင့် ရဲတပ်ဖွဲ့များက စစ်ဆေးမှုများ တင်းကြပ်ထားပြီး တရုတ်ပြည်မှ တင်သွင်းလာသော ကုန်သည်များကို အခွန်ကောက်ခံနေကြောင်း သိရသည်။

ထိုဆင်ဖြူဂိတ်တွင် သုံးဘီးဖြင့် တစ်ခါတင်သွင်းလျှင် ၃,၀၀၀ ကျပ်၊ ဆိုင်ကယ်ဖြင့် တစ်ခါတင်သွင်းလျှင် ၁၀,၀၀၀ ကျပ်ဖြင့် လူဝင်မှုကြီးကြပ်ရေး (လဝက) ကို အခွန်ပေးဆောင်ရကြောင်း ကုန်သည်များက ပြောသည်။

စစ်ကောင်စီနှင့် တရုတ်က သျှမ်းမြောက်ကုန်သွယ်ရေးလမ်း ပြန်ဖွင့်ရန် ကြိုးစားနေချိန် မြောက်ပိုင်းမဟာမိတ် ညီနောင်မဟာမိတ်သုံးဖွဲ့က မူဆယ် ၁၀၅ မိုင်နှင့် ကျင်စန်းကျော့ နယ်စပ်ကုန်သွယ်ရေးဂိတ်တွင် လာမည့် ဇူလိုင် ၁ ရက်မှစ၍ အွန်လိုင်းအခွန် စည်းကြပ်မှုဖြင့် တရားဝင်အခွန်ကောက်ခံသွားမည်ဟု ကြေညာပြီးနောက် ယခုကဲ့သို့ စစ်ကောင်စီဘက် စစ်ဆေးမှုများ တင်းကြပ်လာခြင်းဖြစ်ကြောင်း သိရသည်။

ကိုးကန့်တပ် (MNDAA)၊ တအာင်း (ပလောင်)တပ် (TNLA) နှင့် အာရက္ခတပ် (AA) တို့က ၎င်းတို့ထိန်းချုပ်ထားသော မူဆယ် ၁၀၅ မိုင်ကုန်သွယ်ရေးဇုန်၌ ကုန်ကားအဝင်အထွက်များလာ၍ ကျင်းတာကုန်စည်ပို့ဆောင်ရေး ဌာနမှ အွန်လိုင်းကုန်သွယ်မှု အခွန်ဆောင်တင်ပြခြင်းစနစ်ဖြင့် ယာဉ်မှတ်ပုံတင်ခြင်းကို စီမံခန့်ခွဲသွားမည်ဖြစ်ကြောင်း ဆိုထားသည်။

ထို့ကြောင့် ကုန်စည် ဂိတ်များ၊ ဂျူတီ (အခွန်ဆောင် )ကုမ္ပဏီများ ဇူလိုင်လ ၁ ရက်မတိုင်မီ မှတ်ပုံတင်ရန် ထုတ်ပြန်ထားသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

မူဆယ်မြို့ ငါးပစ်ဂိမ်းဆိုင်တွင် ပစ်ခတ်မှုဖြစ်၊ အမျိုးသားတဦး သေဆုံး

0
သျှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့ ဟိုနားနယ်မြေအတွင်းရှိ ငါးပစ်ဂိမ်းဆိုင်တခုတွင်  ယနေ့ (ဇူလိုင် ၃၀)ရက် မနက် ၁၁နာရီဝန်းကျင်တွင် ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး အမျိုးသားတစ်ဦး သေဆုံးခဲ့ကြောင်း စုံစမ်းသိရသည်။ အဆိုပါ ဖြစ်စဉ်သည် ယနေ့ (ဇူလိုင်လ ၃၀ ရက်) မနက် ၁၁ နာရီဝန်းကျင် မူဆယ်မြို့ ဟိုနားနယ်မြေ ကောင်းမူတုံရပ်ကွက်ရှိ ငါးပစ်ဂိမ်းဆိုင်...

မူးယစ်သားကောင်ဘဝမှ လူငယ်ပြုစုပျိုးထောင်သူ ဘဝအဖြစ်ရောက်ရှိလာ

0
ကမ္ဘာ့အကြီးဆုံး စိတ်ကြွရူးသွပ်ဆေးပြား ထုတ်လုပ်ရာ နိုင်ငံ အဖြစ် မြန်မာနိုင်ငံရောက်ရှိနေကြောင်း  ကုလသမဂ္ဂ မူးယစ်ဆေးဝါးနှင့် ပြစ်မှုဆိုင်ရာရုံး (UNODC) က ၂၀၂၆ ခုနှစ် အစီရင်ခံစာတွင် ထုတ်ပြန်လိုက်သည်။ နိုင်ငံတွင်း ဖြစ်ပွားနေသည့် လက်နက်ကိုင်ပဋိက္ခများကြောင့် သျှမ်းပြည်သည် နိုင်ငံဖြတ်ကျော် ရာဇဝတ်မှုဂိုဏ်းများ၏ ဗဟိုချက်ဖြစ်လာပြီး မူးယစ်ဆေးဝါး ထုတ်လုပ်မှုမှာ အွန်လိုင်းငွေလိမ်လည်မှု လုပ်ငန်းများနှင့်ပါ စနစ်တကျ...

မူဆယ်တွင် တရုတ်နိုင်ငံသား ၁၇ ဦးအပါအဝင် ကျားဖြန့်လုပ်ကိုင်သူ ၅၅ ဦး ဖမ်းဆီးခံရ

0
သျှမ်းပြည် မူဆယ်မြို့တွင် အွန်လိုင်းငွေလိမ် ကျားဖြန့်လုပ်ကိုင်သည့် တရုတ်နိုင်ငံသား (၁၇) ဦး အပါအဝင် (၅၅) ဦး ဖမ်းဆီးရမိခဲ့ကြောင်း သတင်းသိရသည်။ ယနေ့ (ဇူလိုင်လ ၂၅ ရက်) နံနက် ၁၀ နာရီခွဲခန့်တွင် မူဆယ်မြို့ စွမ်စော်ရပ်ကွက် စွမ်စော်(၂)လမ်းရှိ နေအိမ်(၂) လုံးကို စစ်တပ်လက်အောက်ခံ...

မူဆယ် KTV များတွင် မူးယစ်ဆေးကြောင့် လူငယ်များ ဆက်တိုက်သေဆုံး၊ တရုတ်ဘက်ကပါ ဆေးကုသခွင့် ပိတ်ပင်

0
မြန်မာ-တရုတ်နယ်စပ် မူဆယ်မြို့ရှိ KTV များတွင် မူးယစ်ဆေးဝါး အလွန်အကျွံသုံးစွဲခြင်းကြောင့် လူငယ်များ သေဆုံးမှု ဆက်တိုက်ဖြစ်ပွားနေကြောင်း စုံစမ်းသိရသည်။ မူးယစ်ဆေး သောက်သုံးပြီး စိုးရိမ်ရသည့် အရေးပေါ်လူနာများကိုလည်း တရုတ်နိုင်ငံဘက်သို့ ဆေးကုသရန် သွားရောက်ခွင့် ပိတ်ပင်ခံနေရကြောင်း ဒေသတွင်း လူမှုကယ်ဆယ်ရေးအသင်းက ပြောသည်။ ယမန်နေ့ (ဇူလိုင် ၂၄ ရက်) နံနက်ပိုင်းက...

မူဆယ်-နမ့်ခမ်း မြစ်ဘေးရှိ ရပ်ကွက်များနှင့် လယ်ယာ၊ စိုက်ပျိုးမြေများ ရေမြှုပ်

0
မြန်မာ-တရုတ်နယ်စပ် မူဆယ်မြို့ နှင့် နမ့်ခမ်းမြို့ ရွှေလီမြစ်ဘေးနေထိုင်သည့် ပြည်သူများ၏ နေအိမ်နှင့် လယ်ယာများ ရေမြှုပ်နေကြောင်း သတင်းရရှိသည်။​ ဇူလိုင်လ တတိယပတ်အတွင်း သျှမ်းပြည် မြောက်ပိုင်း နှင့် တရုတ်နိုင်ငံအတွင်း မိုးအဆက်မပြတ်ရွာ သွန်းမှုအပြင် တရုတ်နိုင်ငံမှ ရေကာတာ ရေထုတ်လွှတ်မှုကြောင့် ရွှေလီမြစ်ရေမှာ ရက်ပိုင်း ရေမြင့်တက်လာခြင်းဖြစ်ကြောင်း မူဆယ်မြို့ဒေသခံအမျိုးသားတစ်ဦးက...