ရန်ကုန်- တောင်ကြီးသို့ တင်ပို့မည့် နိုင်ငံခြားကုန်ပစ္စည်းများကို စစ်ကော်မရှင်မှ သိမ်းဆည်း

ကလော-သာစည် လမ်းပိုင်းရှိ စစ်ကော်မရှင် စစ်ဆေးရေးဂိတ်တွင် ရန်ကုန်မြို့မှ တောင်ကြီးမြို့သို့ တင်ပို့သည့် နိုင်ငံခြားကုန်ပစ္စည်းများကိုသိမ်းဆည်းမှုများ ပြုလုပ်နေကြောင်း သတင်းရရှိသည်။

သျှမ်းပြည် တောင်ပိုင် ကလော နှင့် သာစည် လမ်းပိုင်းရှိ စစ်ကော်မရှင် စစ်ဆေးရေး ကျွဲတပ်ဆုံ ဂိတ်တွင် ပြီးခဲ့သည့် သြဂုတ်လ ၂၃ ရက်မှစပြီးရန်ကုန် မှ တောင်ကြီးသို့ တင်ပို့လာသည့်  နိုင်ငံခြားထုတ် ကုန်ပစ္စည်းအမျိုးမျိုးကို သိမ်းဆည်းမှုများကြောင်း အသက် ၄၀ ဝန်းကျင် ကားသမားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“အဲ့ကျွဲတပ်ဆုံဂိတ်မှာက အရင်တုန်းကလည်း စစ်ဆေးကြမ်းတယ်။ဒီနောက်ပိုင်းကြတော့ ကုန်ပစ္စည်းတွေ ပေးမဖြတ်တော့ဘူး။အဓိကတော့နိုင်ငံခြားကုန်တွေ စားသောက်ကုန်တွေက အစပါတယ်။”ဟု အသက် ၄၀ ဝန်းကျင် ကားသမားတစ်ဦးက ပြောသည်။

ဆက်လက်ပြီး ကားဂိတ်များတွင်လည်း  နိုင်ငံခြားကုန်ပစ္စည်းများဖြစ်သည့် စားသောက်ကုန်၊ အဝတ်အထည်၊ စက်ပစ္စည်း၊ အလှကုန်၊ ကလေးအသုံးအဆောင်ပစ္စည်းများကို ကျွဲတပ်ဆုံးဂိတ်တွင် သိမ်းဆည်းမှုများ ပြုလုပ်နေသည့်အတွက် လက်ခံပိုဆောင်မှုများကို ယာယီရပ်နားထားကြောင်း  အမျိုးသမီးဂိတ်မှူးတစ်ဦးက ထပ်မံလောင်းပြောသည်။

“ကျွဲတပ်ဆုံ စစ်ဆေးရေးဂိတ်မှာ တကယ်လို့ သူတို့ဖောက်စစ်လိုက်လို့ ထိုင်းပစ္စည်းတွေ၊ တရုတ် ပစ္စည်းတွေဆိုရင် ပေးမဖြတ်ဘူး မရဘူး။စားသောက်ကုန် ဖြစ်ဖြစ် အိမ်သုံးကုန်ဖြစ်ဖြစ်မရဘူး။ ပို့ချင်ရင်တော့ တစ် ပတ်လောက်တော့ စောင့်ကြည့်ရအုံးမယ်။”ဟု အမျိုးသမီးဂိတ်မှူးတစ်ဦးက ပြောသည်။

ထိုကဲ့သို့  ရန်ကုန် မှ တောင်ကြီးသို့ တင်ပို့လာသည့် ကုန်ပစ္စည်များကို သိမ်းဆည်းမှု ပြုလုပ် နေခြင်းကြောင့် ကုန်ပစ္စည်းများ ဈေးတက်ခြင်း၊တောင်ကြီးမှတဆင့် ပြန်လည်း တင်ပို့ရောင်းချ နေသော တခြားမြို့နယ် ဒေသများတွင် ကုန်ပစ္စည်း ပြတ်လပ်မှု ဖြစ်လာနိုင်ကြောင်း တောင်ကြီးမြို့ဒေသခံ အမျိုးသမီးတစ်ဦးက ဆက်ပေကြာသည်။

EORE Banner 1

“ခုဆို ထိုင်းဘက်က ပစ္စည်းတွေလည်း သိပ်မရောက်တော့ဘူး။ အဲ့ကြောင့် လိုအပ်မယ် ထင်တဲ့ ခရုဆီ၊ ဆပ်ပြာတို့စတဲ့ လိုအပ်တာတွေကို စျေးထဲမှာလုဝယ်ကြတယ်။ တစ်ချို့နေရာဆို မရောင်းပေးချင်ဘူး။ လုံးဝပစ္စည်း ပြတ်သွားရင် စျေးတင်ရောင်းကြအုံးမယ်ထင်တယ်။ နောက်နည်းနည်းဆိုတခြားမြို့ တွေလည်း ထိုင်းဘက်က ဘာပစ္စည်းမှ မဝင်လောက်တော့ဘူး။ ခေတ်နောက်ပြန် သွားနေသလိုပဲ။”ဟု တောင်ကြီးမြို့ ဒေသခံအမျိုးသမီး တစ်ဦးကပြောသည်။

သြဂုတ် ၁၃ ရက်တွင် နိုင်ငံခြားသုံးငွေ ကြီးကြပ်မှုကော်မတီ၏ လမ်းညွှန်ချက်အရ နယ်စပ်ဂိတ်၊ ပင်လယ်ရေကြောင်းဂိတ်များမှ စ၍ ကုန်ပစ္စည်း၃၅ မျိုးကို တင်သွင်းခွင့် ယာယီပိတ်လိုက် ကြောင်း အွန်လိုင်းလူမှုကွန်ရက် စာမျက်နှာပေါ်တွင် ပျံ့နှံ့ခဲ့သည်။

သြဂုတ်လ တတိယပတ်မှ စတင်ပြီး တာချီလိတ်မြို့မှ အခြားမြို့သို့ တင်ပို့မည့် ကုန်ပစ္စည်းများကို စစ်ကော်မရှင်ဘက်မှ သယ်ဆောင်ခွင့်မပြုခြင်း၊ခရီးသည် သွားလာမှု နည်းပါးခြင်းတို့ကြောင့် ခရီးသည်တင်ယာဉ်အချို့ ရပ်နားထားရကြောင်းသိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

မူဆယ်တွင် တရုတ်နိုင်ငံသား ၁၇ ဦးအပါအဝင် ကျားဖြန့်လုပ်ကိုင်သူ ၅၅ ဦး ဖမ်းဆီးခံရ

0
သျှမ်းပြည် မူဆယ်မြို့တွင် အွန်လိုင်းငွေလိမ် ကျားဖြန့်လုပ်ကိုင်သည့် တရုတ်နိုင်ငံသား (၁၇) ဦး အပါအဝင် (၅၅) ဦး ဖမ်းဆီးရမိခဲ့ကြောင်း သတင်းသိရသည်။ ယနေ့ (ဇူလိုင်လ ၂၅ ရက်) နံနက် ၁၀ နာရီခွဲခန့်တွင် မူဆယ်မြို့ စွမ်စော်ရပ်ကွက် စွမ်စော်(၂)လမ်းရှိ နေအိမ်(၂) လုံးကို စစ်တပ်လက်အောက်ခံ...

UWSA နှင့် MNDAA လည်း နေပြည်တော်တွင် ငြိမ်းချမ်းရေး သွားဆွေးနွေးမည်ဟုဆို

0
မြောက်ပိုင်းမဟာမိတ်တပ်များထဲမှ ‘ဝ’တပ်ဖွဲ့ UWSA နှင့် ကိုးကန့်တပ်ဖွဲ့ MNDAA တို့လည်း နေပြည်တော်တွင် စစ်အစိုးရနှင့် ငြိမ်းချမ်းရေး သွားရောက်ဆွေးနွေးမည်ဟု သတင်းသိရသည်။ ‘ဝ’ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် UWSA နှင့် ကိုးကန့်တပ်ဖွဲ့ MNDAA ထိပ်ပိုင်းခေါင်းဆောင်များသည် စစ်အစိုးရလက်အောက်ခံ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ NSPNC နှင့် တွေ့ဆုံဆွေးနွေးရန်...

ဒေါ်အောင်ဆန်းစုကြည် အသက်ရှင်ဘေးကင်းနေကြောင်း သက်သေပြရန် အာဆီယံလွှတ်တော်အမတ်များ တောင်းဆို

0
ဖိလစ်ပိုင်နိုင်ငံတွင် အစည်းအဝေး တက်ရောက်ရန် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ ရောက်နေချိန် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အသက်ရှင် ဘေးကင်းနေကြောင်း သက်သေပြရန် စစ်အစိုးရအား ဖိအားပေးရေး အာဆီယံပါလီမန်အမတ်များ လူ့အခွင့်အရေးအဖွဲ့ (APHR)က အာဆီယံခေါင်းဆောင်များကို စာပေးပို့ တိုက်တွန်းလိုက်သည်။ ယမန်နေ့ (ဇူလိုင်လ ၁၀ ရက်) ရက်စွဲဖြင့် အာဆီယံဥက္ကဋ္ဌ ဖိလစ်ပိုင်သမ္မတနှင့်...

ရွာငံ တွင် စစ်ကော်မရှင်တပ် က အရပ်သား (၈)ဦးဖမ်းဆီးသွား

0
သျှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ် အုတ်တွင်း ကျေးရွာဘက်တွင် စစ်ကော်မရှင်တပ်နှင့် တော်လှန်ရေးတပ်ဖွဲ့တို့ ထိတွေ့တိုက်ပွဲဖြစ်ပွားပြီးနောက် စစ်တပ်က အရပ်သား(၈)ဦးကို ဖမ်းဆီးခေါ်ဆောင်သွားကြောင်း သတင်းရရှိသည်။ ဖြစ်စဉ်မှာ ပြီးခဲ့သည့် ဇူလိုင်လ ၁၈ ရက် ညနေ (၃)နာရီအချိန်တွင် စစ်ကော်မရှင်တပ်သည် ကျောက်ငှက်ကျေးရွာ ဘက်သို့ စစ်ကြောင်းထိုးရာမှ တော်လှန်ရေးတပ်ဖွဲ့များနှင့် ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့သည်။ ထိုသို့ တိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက်...
Hsipaw Bridge Closed

သီပေါတံတား ပိတ်ထားမှုနောက်ကွယ်မှ အဂတိလိုက်စားမှုများကို ဖွင့်ချမည်ဟု လွှတ်တော်ကိုယ်စားလှယ် သတိပေး

0
သျှမ်းပြည်မြောက်ပိုင်း လားရှိုး-မန္တလေး ကုန်သွယ်ရေးလမ်းမကြီးပေါ်ရှိ အရေးပါသော သီပေါတံတားအား ဆက်လက်ပိတ်ထားခြင်းကြောင့် ဒေသခံပြည်သူများ စီးပွားရေးနှင့် လုံခြုံရေးဆိုင်ရာ အကျပ်အတည်းများ ရင်ဆိုင်နေရကြောင်း သီပေါမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် စိုင်းကောင်းသက်စံက ပြောကြားလိုက်သည်။ အဆိုပါ ဖြစ်စဉ်နောက်ကွယ်မှ မမျှတသော အကျိုးအမြတ်ရယူမှုများကို လွှတ်တော်တွင် အထောက်အထားဖြင့် ဖွင့်ချသွားမည်ဟု ၎င်းက ဆိုသည်။ “တံတားရှိလျက်နဲ့ ပြည်သူတွေ...