ပိုးလမ်းမစီမံကိန်း BRI ကို လူထုလက်ခံလာရေး ဆိုရှယ်မီဒီယာပေါ်ထိုးဖောက်ရန် တရုတ်ကြိုးပမ်း

တရုတ်နိုင်ငံက အကောင်အထည်ဖော်နေသည့် ပိုးလမ်းမစီမံကိန်း BRI ကို လူထုလက်ခံလာရေး ဆိုရှယ်မီဒီယာမှတဆင့် ထိုးဖောက်ရန် သက်ဆိုင်ရာနိုင်ငံများမှ အင်တာနက်ပေါ် နာမည်ကြီးသူများကို ဖိတ်ခေါ်ကာ ယူနန်ပြည်နယ်တွင် မီဒီယာဖိုရမ် ကျင်းပပြုလုပ်ခဲ့သည်။

စက်တင်ဘာလ ၁၆ ရက်နှင့် ၁၇ ရက်တွင် ယူနန်ပြည်နယ် ကူမင်းမြို့၌ ပိုးလမ်းမစီမံကိန်း BRI နှင့် ပတ်သက်သည့် မီဒီယာပူးပေါင်းဆောင်ရွက်မှုဖိုရမ် (2025 Media Cooperation Forum on Belt and Road) ကျင်းပပြုလုပ်ခဲ့ရာ ၎င်းစီမံကိန်းဝင် နိုင်ငံပေါင်း (၈၇) နိုင်ငံကို ဖိတ်ကြားခဲ့ပြီး မီဒီယာအဖွဲ့အစည်း (၁၆၅) ခုမှ ကိုယ်စားလှယ် (၂၀၀) ကျော် တက်ရောက်ခဲ့ကြောင်း သိရသည်။

အဆိုပါ မီဒီယာဖိုရမ်သို့ မြန်မာနိုင်ငံ ကိုယ်စားပြုအဖြစ် ဒေါက်တာ စိန်ဖြိုးလှိုင်နှင့် ရီရီပွင့်ဖြူတို့ တက်ရောက်ခဲ့ကြောင်း ၎င်းတို့၏ ဖေ့စ်ဘုတ် လူမှုကွန်ရက်မှတဆင့် ယမန်နေ့ (စက်တင်ဘာလ ၁၇ ရက်) တွင် ပုံနှင့်တကွ မျှဝေခဲ့ရာ ပြည်သူလူထုကြား ဝေဖန်မှု မြင့်တက်လျက်ရှိသည်။

“ပိုးလမ်းမစီမံကိန်းရဲ့ အကျိုးသက်ရောက်မှုတွေ မြန်မာပြည်ထဲ ဖြတ်သွားမယ့် ဒေသတွေရဲ့ အခြေအနေကိုကော နားလည်ရဲ့လား ဆိုတဲ့ မေးခွန်းတွေ ရှိတာပေါ့။ အထူးသဖြင့် စီမံကိန်းကြောင့် သျှမ်းမြောက်မှာ ဖြစ်လာမယ့် သဘာဝပတ်ဝန်းကျင် ထိခိုက်မှုတွေ၊ ဒေသခံတွေ အကျိုးခံစားခွင့် မရှိဘဲ မြေယာ နစ်နာဆုံးရှုံးရမှာတွေ ဒီဟာအားလုံးကို လိုင်းပေါ်မှာ နာမည်ကြီးနေတဲ့လူက ဘာမှ ဖြေရှင်းပေးနိုင်မှာ မဟုတ်ဘူး”ဟု သျှမ်းပြည်မြောက်ပိုင်း တက်ကြွလှုပ်ရှားသူ လူငယ်တစ်ဦးက ပြောသည်။

တရုတ်နိုင်ငံ ယူနန်ပြည်နယ်အစိုးရ ဖိတ်ကြားမှုကြောင့် ကူမင်းမြို့တွင် ကျင်းပပြုလုပ်ခဲ့သည့် ခေတ်သစ်ပိုးလမ်းမကြီး မီဒီယာပူးပေါင်းဆောင်ရွက်မှု ဖိုရမ်၊ တောင်အာရှနှင့် အရှေ့တောင်အာရှ နိုင်ငံများမှ Internet Celebrity Alliance ဖွင့်ပွဲသို့ ကမ္ဘာအရပ်ရပ်မှ Content Creators ၊ Social Influencers (လူမှုကွန်ရက်ပေါ် ကွန်းတန့်ဖန်တီးသူများ၊ လူသိများ ထင်ရှားကျော်ကြားသူ) များအကြား မြန်မာနိုင်ငံ ကိုယ်စားပြု ပါဝင်ခွင့်ရခဲ့ကြောင်း SEIN PHYO & YI ဖေ့စ်ဘုတ် စာမျက်နှာတွင် ပုံနှင့်တကွ မျှဝေထားသည်။

ပိုးလမ်းမစီမံကိန်း BRI ကို လူထုလက်ခံလာရေး ဆိုရှယ်မီဒီယာပေါ်ထိုးဖောက်ရန် တရုတ်ကြိုးပမ်း

တရုတ်နိုင်ငံတွင် ပြုလုပ်ခဲ့သည့် မီဒီယာဖိုရမ်သို့ တက်ရောက်ခဲ့သူ ဒေါက်တာ စိန်ဖြိုးလှိုင်နှင့် ရီရီပွင့်ဖြူ ဇနီးမောင်နှံနှစ်ဦးသည် ဇေကမ္ဘာကုမ္ပဏီပိုင်ရှင် ဇေသီဟ၊ သရုပ်ဆောင် နန္ဒာလှိုင်တို့နှင့် မောင်နှမ တော်စပ်ပြီး ဖေ့စ်ဘုတ်လူမှုကွန်ရက်ပေါ်တွင် အားပေးသူ ဖော်လိုဝါ ၁ ဒသမ ၇ သန်းအထိ ရရှိထားသည်။

ထို့ကြောင့် လူမှုကွန်ရက်ပေါ် ပရိသတ်လွှမ်းမိုးနိုင်မှုအပြင် ပိုးလမ်းမစီမံကိန်း BRI နှင့် တရုတ်-မြန်မာ စီးပွားရေးစင်္ကြံ CMEC ထဲ ပါဝင်သည့် စီမံကိန်းများအတွက် အကျိုးစီးပွား ဆက်နွှယ်မှုများနှင့် လုပ်ပိုင်ခွင့်များလည်း ပါဝင်ပတ်သက်နိုင်ကြောင်း သုံးသပ်ပြောဆိုမှုများလည်း ရှိနေသည်။

“မင်းအောင်လှိုင် တရုတ်သွားပြီးတော့ ပြန်သဘောတူလာတဲ့ မူဆယ်-မန္တလေး ရထားလမ်းဖောက်မယ် ဆိုတာ ဖြစ်နိုင် မဖြစ်နိုင်ပေါ့။ သူဖြတ်လာမယ့် လမ်းကြောင်းက လက်နက်ကိုင်တပ်တွေ ထိန်းချုပ်ထားတဲ့ တိုက်ပွဲဖြစ်နေတဲ့ နယ်မြေမှာ ရှိတာ။ ဒါကို ဆိုရှယ်မီဒီယာပေါ် ဆိုက်ဝါးလုပ်ပြီး စစ်ကောင်စီကပဲ တရားဝင် လုပ်ခွင့်ရှိသလို ဝါဒဖြန့်ကြမှာလို့ မြင်တယ်။ ပြည်သူကတော့ ဒုက္ခထပ်ခံရဦးမှာ”ဟု အဆိုပါ တက်ကြွလှုပ်ရှားသူ လူငယ်အမျိုးသားက ဆက်ပြောသည်။

ပိုးလမ်းမစီမံကိန်း BRI လမ်းကြောင်း

စစ်ခေါင်းဆောင်သည် ဩဂုတ်လ ၃၀ ရက်မှ စက်တင်ဘာ ၆ ရက်အထိ တရုတ်ခရီးစဉ်အတွင်း တရုတ်သမ္မတ ရှီကျင့်ဖျင်နှင့် တွေ့ဆုံခဲ့စဉ် ပိုးလမ်းမစီမံကိန်း OBOR/BRI နှင့် တရုတ်-မြန်မာ စီးပွားရေးစင်္ကြံ CMEC ၌ ပါဝင်သည့် စီမံကိန်းများကို အရှိန်အဟုန် မြှင့်တင်ရေး၊ သဘာဝ သယံဇာတနှင့် ကုန်သွယ်မှု ပူးပေါင်းဆောင်ရွက်ရေး၊ နယ်စပ်ဒေသ တည်ငြိမ်အေးချမ်းရေးတို့ကို ဆွေးနွေးခဲ့သည်။

အလားတူ တရုတ်-မြန်မာ စီးပွားရေးလုပ်ငန်းရှင်များနှင့် တွေ့ဆုံစဉ် မူဆယ်မြို့မှ မန္တလေးမြို့သို့ ချိတ်ဆက်ဖောက်လုပ်မည့် မန္တလေး-မူဆယ် မီးရထားလမ်းသည် တရုတ်နိုင်ငံတွင် ဆောက်လုပ်နေသည့် ပေကျင်း-ကူမင်း-ရွှေလီ အမြန်ရထားလမ်းပိုင်းနှင့် ချိတ်ဆက်မည်ဟု စစ်ခေါင်းဆောင်က ပြောဆိုခဲ့သည်။

စစ်ခေါင်းဆောင်၏ တရုတ်ခရီးစဉ်အတွင်း တရုတ်နိုင်ငံနှင့် မြန်မာနိုင်ငံအကြား နားလည်မှုစာချွန်လွှာ (MoU) ခုနစ်ခု ရေးထိုးခဲ့ပြီး ထိုထဲတွင် သတင်းမီဒီယာကဏ္ဍ၊ အခြေခံအဆောက်အအုံ ဖွံ့ဖြိုးရေး၊ အသေးစားနှင့် အလတ်စား စီးပွားရေး၊ ဓာတုထုတ်ကုန်နှင့် စွမ်းအင်ကဏ္ဍ ပူးပေါင်းဆောင်ရွက်ရေးတို့ ပါဝင်ကြောင်း ISP-Myanmar မှ ယမန်နေ့တွင် ဖော်ပြထားသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“တံလျှပ်” ဖြစ်နေသော အာဏာသိမ်းစစ်တပ်၏ ထင်ယောင်ထင်မှား အရှိန်အဟုန် သို့မဟုတ်စစ်တပ်၏ အထင်မှား “အောင်ပွဲများ”

0
မြန်မာစစ်တပ်သည် ဖလမ်း၊ လားရှိုး၊ မြဝတီ၊ ကျောက်မဲနှင့် တကောင်း ကဲ့သို့သော အဓိကဗဟိုချက်များအပါအဝင် အနည်းဆုံး မဟာဗျူဟာမြောက်နယ်မြေ ၂၀ ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ကြောင်း ဇွန်လနှောင်းပိုင်းတွင် သံလွင်တိုင်းမ် (ThanLwin Times) သတင်းဌာနက ဖော်ပြခဲ့သည်။ သို့သော် ဘားမားနယူးစ်အင်တာနေရှင်နယ် (BNI) နှင့် မြန်မာ့ငြိမ်းချမ်းရေးစောင့်ကြည့်မှုအဖွဲ့ (MPM)...

တရုတ်တွင် မုန်တိုင်းကြောင့် ဆည် ၃ ခုကျိုးပျက်ပြီး လူ ၆၂,၀၀၀ ကျော် ဘေးလွတ်ရာရွှေ့ပြောင်းထားရ

0
တရုတ်နိုင်ငံတောင်ပိုင်း ကွမ်ရှီး (Guangxi) ဒေသ၏ မြို့တော်ဖြစ်သော နန်နင်း (Nanning) မြို့တွင် တိုင်ဖွန်းမုန်တိုင်း မေဆက် (Maysak) ကြောင့် မြစ်ရေများ မြင့်တက်လာပြီး ရေလှောင်တမံ (ဆည်) အနည်းဆုံး ၃ ခု ကျိုးပျက်ခဲ့သည်။ ထိုဆည်ကျိုးပျက်မှုကြောင့် လူ ၄ ဦး သေဆုံးပြီး...

ကျောက်ဖြူ ဝိရောဓိ – အာဏာသိမ်းအစိုးရအပေါ် တရုတ်၏ ထောက်ခံမှုမှ စီမံကိန်း ကျရှုံးမှုကို သေချာစေခြင်း

0
မြန်မာစစ်ခေါင်းဆောင်အဖြစ်မှ လက်ရှိသမ္မတအဖြစ်တာဝန်ယူထားသူ ဦးမင်းအောင်လှိုင်၏ ၂၀၂၆ ခုနှစ်၊ ဇွန်လအစောပိုင်း ပေကျင်းခရီးစဉ်အပြီးတွင် နှစ်နိုင်ငံပူးတွဲကြေညာချက်တစ်ခု ထွက်ပေါ်လာခဲ့သည်။  ၎င်းကြေညာချက်သည် တရုတ်နိုင်ငံ၏ မြန်မာ့အရေး မဟာဗျူဟာများထဲမှ ကြီးမားသော ဝိရောဓိ “၎င်းကိုယ်တိုင်ပြန် ဒုက္ခရောက်စေမည့် လမ်းလွဲနေသည့်အခြေအနေ” ကို ကွက်ကွက်ကွင်းကွင်း မြင်သာလာစေသည့် သမိုင်းဝင် အပြောင်းအလဲ တခုဖြစ်လာနေသည်။ ယခုအခါ ပေကျင်း၏...

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...

စစ်ကော်မရှင် တရုတ်ကုန်စည်စီးဆင်းမှု တားမြစ်ပိတ်ပင်မှု တင်းကြပ်လာ

0
သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင် စစ်ကော်မရှင်က ရက် ၁၀၀ စီမံကိန်းအနေဖြင့် ၎င်းကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်တင်းကြပ်လာသည်။ ထိုကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်မှု တင်းကြပ်လာသဖြင့် ပြည်တွင်းကုန်တင်ယာဉ်များလည်း အလုပ်ရပ်နားထားရပြီး ပြည်သူများလည်း ကုန်စည်စျေးနှုန်းများ ထပ်မံမြင့်တက်လာမှုကို ရင်ဆိုင်နေရကြောင်း သျှမ်းမြောက်ပြည်သူများထံမှ စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် ရက်ပိုင်အတွင်းမှ စတင်ကာ စစ်ကော်မရှင်သည် လားရှိုးမြို့သို့...