ဆီဆိုင်တွင် စစ်ကောင်စီ ပြန်ဆောက်ထားသည့် မြို့မဈေးထဲ အဝေးရောက်ဆိုင်ခန်းပိုင်ရှင်များကို စည်းရုံးဆွဲခေါ်

သျှမ်းပြည်တောင်ပိုင်း ဆီဆိုင်မြို့တွင် စစ်ကောင်စီမှ ပြန်လည် တည်ဆောက်ထားသည့် မြို့မဈေးထဲ အဝေးရောက် ဈေးဆိုင်ခန်းပိုင်ရှင်များကို နေရာချပေးရန် စည်ပင်မှ စည်းရုံးဆွဲခေါ်နေသည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။

ဆီဆိုင်မြို့နယ်ရှိ စစ်ကောင်စီလက်အောက်ခံ စည်ပင်သာယာရေးဌာနမှ မြို့မဈေးရှိ တိုက်ပွဲအတွင်း မီးလောင်ပျက်စီးသွားသော ဈေးဆိုင်ခန်းများကို ပြန်လည်ဆောက်လုပ်ထားပြီး မူလဆိုင်ခန်း ပိုင်ရှင်တစ်ဦးလျှင် ဆိုင်ခန်း (၁) ခန်းနှုန်းဖြင့် ပြန်လည်နေရာ ချထားပေးမည်ဟု ဒေသခံများက ပြောဆိုသည်။

ထို့ကြောင့် မတ်လ (၂၁) ရက်တွင် ဆီဆိုင်မြို့မဈေး ယာယီဈေးရုံ၌ လာရောက်မှတ်ပုံတင်ရန် ပြီးခဲ့သည့် မတ်လ (၁၇) ရက်နေ့တွင် အသိပေးထုတ်ပြန်လာကြောင်း ဈေးသည်တစ်ဦးက ပြောသည်။

“အရင်က ဆိုင်ခန်းတွေ ဘယ်လောက်ပိုင်ပိုင် စည်ပင်က တစ်ဦးမှ တစ်ခန်းနှုန်းပဲ ရတော့မယ်တဲ့။ သူတို့ပေးတဲ့ အခန်းက ၈ ပေ ပတ်လည်ပဲရှိတာ၊ ကျဉ်းကျဉ်းလေး ပဲရှိတယ်။ ဒီလကုန်ပြီး နောက်လလောက်မှာ ဈေးဖွင့်ပွဲ လုပ်မယ်လို့ ကြားရတယ်” ဟု ဆီဆိုင်ဒေသခံ ၎င်းဈေးသည် အမျိုးသမီးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ထို့အပြင် ဆီဆိုင်မြို့ပေါ်ရှိ ထွေအုပ်ရုံးဝန်ထမ်း၊ ပညာရေးဝန်ထမ်း၊ စီးပွားရေးဘဏ်ဝန်ထမ်း၊ သစ်တောဝန်ထမ်း၊ ကျန်းမာရေးဝန်ထမ်း အစရှိသဖြင့် ဌာနဆိုင်ရာ ဝန်ထမ်းများကို ယခု မတ်လကုန်တွင် ပြန်လာကြရန် စစ်ကောင်စီ တာဝန်ရှိသူများက တိုက်တွန်းထားသည်ဟု ၎င်းအမျိုးသမီးက ထပ်လောင်းပြောသည်။

ပြီးခဲ့သည့် ၂၀၂၄ ခုနှစ် ဇန်နဝါရီလ ၁၁ ရက် နေ့မှစပြီး ဆီဆိုင်မြို့တွင် စစ်ကောင်စီ၊ ပအိုဝ်းပြည်သူ့စစ် PNO နှင့် ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် PNLA တို့ တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး ဆီဆိုင်မြို့မှ ဈေးအပါအဝင် ဌာနဆိုင်ရာ ရုံးများ မီးလောင်ပျက်စီးသွားခဲ့သည်။

ဆီဆိုင်တိုက်ပွဲ တစ်နှစ်အကြာတွင် ယခုကဲ့သို့ ဈေးများ ပြန်လည်ပြုပြင်ခြင်း၊ ဌာနဆိုင်ရာ ရုံးများကို ပြန်လည်ပြင်ဆင်ပြီး ဝန်ထမ်းများကို ပြန်လည် တာဝန်ထမ်းဆောင်ရန် တိုက်တွန်းထားခြင်းမှာ စစ်ကောင်စီက ဆီဆိုင်မြို့ကို ယခင်ကဲ့သို့ အေးချမ်းတည်ငြိမ်အောင် ထိန်းချုပ်နိုင်ကြောင်း ဝါဒဖြန့် ပြသလိုခြင်းသာ ဖြစ်သည်ဟု ဒေသခံများက ပြောသည်။

ဆက်လက်ပြီး ဆီဆိုင်မြို့မှ တောင်ကြီးဘက်သို့ သွားလာရာတွင် ဆိုက်ခေါင်လမ်းကြောရှိ စစ်ကောင်စီဂိတ်နှင့် PNO ဂိတ်များမှ ညဘက် ၇ နာရီ ကျော်လျှင် ဂိတ်ဖြတ်သန်းခွင့် မပေးတော့ကြောင်း ဆီဆိုင်ဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။

“တောင်ကြီးကို သွားမယ်ဆို ဆိုက်ခေါင်ကနေပဲ သွားရတယ်၊ သွားဖို့က အဲ့လမ်းပဲရှိတာ။ အဲနားက ဂိတ်တွေက ည(၇)နာရီကျော်ရင် ပေးမဖြတ်တော့ဘူး။ အဲ့နားက စစ်ဆေးတာလည်း နည်းနည်းကြမ်းတယ်။ လောလောဆယ် ဆီဆိုင်မြို့ထဲမှာတော့ ငြိမ်နေတယ်လို့ ပြောလို့ရတယ်” ဟု အဆိုပါ ဒေသခံအမျိုးသားက ပြောသည်။

စစ်ကောင်စီနှင့် ပအိုဝ်းပြည်သူ့စစ် PNO တို့သည့် ဆီဆိုင်မြို့နယ် တောင်ရှေ့ကျေးရွာဘက်တွင် နယ်မြေရှင်းလင်းရေးများ လုပ်ဆောင်နေပြီး စစ်ဘေးရှောင်အချို့မှာ နေရပ်ပြန်သူ ရှိနေသလို အချို့သော စစ်ဘေးရှောင်များမှာ နေရပ် မပြန်ရဲသေးကြောင်း ၎င်းက ထပ်လောင်းပြောသည်။

ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် PNLA သည် ၂၀၂၄ ခုနှစ် ဇန်နဝါရီလတွင် စစ်ကောင်စီတပ်နှင့် PNO ပူးပေါင်းတပ်တို့ကို ပြန်လည်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ဆီဆိုင်မြို့ကို PNLA နှင့် မဟာမိတ်တပ်ဖွဲ့များက ထိန်းချုပ်နိုင်ခဲ့သော်လည်း စစ်ကောင်စီ၏ လေကြောင်း အပြင်းအထန် တိုက်ခိုက်ခြင်း၊ စစ်အင်အား အလုံးအရင်းဖြင့် တန်ပြန်တိုက်ခိုက်မှုတို့ကြောင့် ပြန်လည်လက်လွှတ် ဆုတ်ခွာပေးခဲ့ရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...

စစ်ကော်မရှင် တရုတ်ကုန်စည်စီးဆင်းမှု တားမြစ်ပိတ်ပင်မှု တင်းကြပ်လာ

0
သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင် စစ်ကော်မရှင်က ရက် ၁၀၀ စီမံကိန်းအနေဖြင့် ၎င်းကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်တင်းကြပ်လာသည်။ ထိုကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်မှု တင်းကြပ်လာသဖြင့် ပြည်တွင်းကုန်တင်ယာဉ်များလည်း အလုပ်ရပ်နားထားရပြီး ပြည်သူများလည်း ကုန်စည်စျေးနှုန်းများ ထပ်မံမြင့်တက်လာမှုကို ရင်ဆိုင်နေရကြောင်း သျှမ်းမြောက်ပြည်သူများထံမှ စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် ရက်ပိုင်အတွင်းမှ စတင်ကာ စစ်ကော်မရှင်သည် လားရှိုးမြို့သို့...

ကျောက်မဲတွင် ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီးကွက်ပေး၊ ပြည်သူနေအိမ်များ မီးကြိုးခိုးယူခံနေရ

0
သျှမ်းပြည် ကျောက်မဲမြို့ပေါ် ရပ်ကွက်ရှိ ပြည်သူနေအိမ်များတွင် လျှပ်စစ်မီး မရရှိခြင်းကြောင့် မီးကြိုးခိုးယူခံနေရကြောင်း စုံစမ်းသိရသည်။ ကျောက်မဲမြို့ကို တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထံမှ စစ်တပ်ပြန်လည်ထိန်းချုပ်ခဲ့သည့် ယမန်နှစ် ၂၀၂၅ အောက်တိုဘာလ နောက်ပိုင်းမှ စတင်၍ စစ်အစိုးရလက်အောက်ခံ ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီး ဖြန့်ဝေထားပြီး ရပ်ကွက်အတွင်းရှိ ပြည်သူနေအိမ်များမှာ...

ကျိုင်းတုံ တောင်ပေါ်ဒေသ လမ်းပန်းခက်ခဲမှုကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေးခက်ခဲနေ

0
ကျိုင်းတုံမြို့နယ်ရှိ တောင်ပေါ်ဒေသများတွင် ခေတ်အဆက်ဆက် အစိုးရ မှ လမ်းပန်းဆက်သွယ်ရေးကို ကူညီထောက်ပံ့မှု မရှိခဲ့ခြင်းကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေး ဝန်ဆောင်မှု မရရှိကာ သေဆုံးမှုများ ဖြစ်ပွားသည့်အထိ ရှိနေကြောင်း သတင်းရရှိသည်။ ကျိုင်းတုံမြို့နယ်အတွင်း တောင်ပေါ်ကျေးရွာပေါင်း ၃၀ ထက်မနည်ရှိကာ လမ်းပန်းဆက်သွယ်ရေး အခက်အခဲများကို နေ့စဉ်ရန်ဆိုင်နေရသည်။ အဆိုပါ ဒေသများသည် ကျိုင်းတုံမြို့နှင့်...

“စစ်ရေး ၊ နိုင်ငံရေးက သူတို့စစ်အုပ်စုချမှတ်ထားတဲ့ လမ်းစဉ်အတိုင်း ဆက်သွားမယ်”

0
အာဏာသိမ်း စစ်တပ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ၅ နှစ်အကြာမှာ ၎င်းပုံဖော်ထားတဲ့အတိုင်း နိုင်ငံတော် သမ္မတရာထူးယူလိုက်ပါတယ်။ ဒါ့ကြောင့် စစ်ဝတ်စုံကနေ အရပ်သားဝတ်စုံပြောင်း စစ်ခေါင်းဆောင် သမ္မတ ဉီးမင်းအောင်လှိုင် တက်လာပြီး သျှမ်းပြည် နိုင်ငံရေး အပြောင်းအလဲတွေ ဘယ်လိုဖြစ်လာခဲ့ပါသလဲ။ အစိုးရသစ် စစ်ခေါင်းဆော်င သမ္မတ ဉီးမင်းအောင်လှိုင်တက်လာချိန်မှာလည်း စစ်အာဏရှင်ကို...