သျှမ်းရှေ့မှ လာသော ကုန်တင်ကားရာချီ ဟိုပုံးမြို့တွင် ဖမ်းဆီးထိန်းသိမ်းခံရ

သျှမ်းပြည် အ‌ရှေ့ပိုင်းမှ ကုန်ပစ္စည်းတင်ဆောင်လာသော ကုန်တင်ကားကြီးရာချီကို စစ်ကောင်စီက ဟိုပုံးမြို့တွင် ဖမ်းဆီးထိန်းသိမ်းထားကြောင်း သတင်းရရှိသည်။

ပြီးခဲ့သည့် ဧပြီလ ၂၃ ရက်မှစတင်ပြီး သျှမ်းပြည် အရှေ့ပိုင်းမှ ကုန်ပစ္စည်းတင် တင်ဆောင်လာသော ကုန်တင်ကားရာနှင့်ချီကို စစ်ကောင်စီမှ အခွန်ကိစ္စ အကြောင်းကာ ဟိုပုံးမြို့ရှိ တပ်မတော် ကွန်ပျူတာ နှင့် နည်းပညာသိပ္ပံကျောင်းဝန်းအတွင်း ဖမ်းဆီးထိန်းသိမ်းထားကြောင်း သတင်းရင်းမြစ်တစ်ဦး က သျှမ်းသံတော်ဆင့်ကို ပြောသည်။

“အဲ့ကားတွေက တာချီလိတ်ဘက်ကနေ ကုန်ပစ္စည်းလာတဲ့ကားတွေ။အဲ့ကားတွေကို သူတို့အုန်နာ (ကားပိုင်ရှင်) နဲ့ ဆက်သွယ်ပြီး ငွေနည်းနည်းပါးပါး ခုပေးနိုင်ရင်လွှတ်ပါတယ်။ ကားတွေကများတာပေါ့ ရာနဲ့ချီ သူတို့တခြား နေရာတွေမှာလည်းခွဲ ထားထားတာမျိုးရှိတယ်။ကျနော် မြင်တယ် သိတယ် အကုန်တော့ လည်းမပြောနိုင်ဘူး။ပြန်လွှတ်သွားတဲ့ကားတွေလည်းရှိပါတယ် စစ်သားတွေ ထွေအုပ်တွေနဲ့ သူတို့အချင်းချင်းစကားပြောတဲ့ ပေါ်မူတည်တယ်။”ဟု ၎င်းကပြောသည်။

သျှမ်းပြည် အရှေ့ပိုင်းမှ တင်ဆောင်လာသည့် ထိုင်းနိုင်ငံထုတ်ကုန်ပစ္စည်းအချို့ကြောင့် စစ်ကောင်စီက ဖမ်းဆီးစစ်ဆေးမှုများပြုလုပ်ပြီး ထိန်းသိမ်းထားခြင်းဖြစ်ကြောင် အသက် ၄၀ ဝန်းကျင် ကားသမားတစ်ဦးက ထပ်မံလောင်းပြောသည်။

“ကျနော်တို့ကတော့ နေ့တိုင်းသွားလာနေတာဆိုတော့ လမ်းဘေးမှာ ကုန်တင်ကြီးတွေရပ်ထားတယ် ဆိုတာကိုလည်း မြင်နေရတယ်။ တပ်ထဲမှာထားထားတယ်ဆိုတာလည် သိရတယ်။ တာချီလိတ် ဘက်ကနေ ကုန်တင်လာတဲ့ကားတွေဆိုတာလည်းဟုတ်တယ်။သူတို့ဒီထိုင်းကပစ္စည်းတွေကြောင့် အခွန်ကိစ္စနဲ့ ဖမ်းထားတာဖြစ်ဖို့များတယ်။”ဟု အသက် ၄၀ ဝန်းကျင် ကားသမားတစ်ဦးက ပြောသည်။

ဟိုပုံးမြို့တွင် ဖမ်းဆီးထိန်းသခမ်းထားခံရသည့် ကုန်ကားများ

လက်ရှိ ဖမ်းဆီမှုများရှိနေသည့်အတွက်ကြောင့် သျှမ်းပြည် အရှေ့ပိုင်းမှ သျှမ်းပြည် တောင်ပိုင်း သို့လာမည့် ကုန်တင်ကြီးအချို့လည်း ရပ်ထားကြကြောင်းသိရသည်။

သျှမ်းပြည် တောင်ပိုင်း နှင့် အ‌ရှေ့ပိုင်းရှိ စစ်ကောင်စီလက်အောက်ခံ စစ်ဆေးရေးဂိတ်များတွင် ၂၀၂၅ နှစ်ဆန်းပိုင်းမှ စတင်၍ ခရီးသည်တင်ယာဉ် ၊ ကုန်တင်တွဲကားကြီး၊ငယ်များကို စစ်ဆေးတင်ကြပ်မှုများ ပိုပြုလုပ်လာကြောင်း ကားသမားများကပြောဆိုလိုက်သည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“အကျပ်အတည်း နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ”

0
“အကျပ်အတည်းကြား နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ” ဆိုသည့် ခေါင်းစဉ်ကို ဉီးတည်ကာ အဓိကထားဆွေးနွေးသွားမည့် (၅)ကြိမ်းမြောက် မြန်မာ့အရေး နိုင်ငံတကာ လေ့လာရေး ညီလာခံ (International Conference on Burma/Myanmar Studies) ကို ယနေ့ (သြဂုတ် ၁၄ရက်မှ...

ဟိုပုံးမြို့တွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် မြေနိမ့်ပိုင်းရပ်ကွက်များ၌ ရေကြီးရေလျှံမှုများဖြစ်ပွား

0
သျှမ်းပြည်တောင်ပိုင်း ဟိုပုံးမြို့တွင် မိုးသည်းထန်စွာ ဆက်တိုက်ရွာသွန်းမှုကြောင့် ယနေ့ (ဩဂုတ်လ ၁၀ ရက်) နံနက်ပိုင်းမှစတင်ကာ မြို့ပေါ်ရှိ မြေနိမ့်ပိုင်းရပ်ကွက်များအတွင်း ရေကြီးရေလျှံမှုများ ဖြစ်ပေါ်လျက်ရှိကြောင်း သိရသည်။ ပြီးခဲ့သည့် ဩဂုတ်လ (၉) ရက်နေ့ ညပိုင်းမှစတင်ကာ မိုးအဆက်မပြတ် ရွာသွန်းခဲ့ခြင်းကြောင့် ယခုကဲ့သို့ ရေဝင်ရောက်မှုများ ဖြစ်ပေါ်လာခြင်းဖြစ်ပြီး၊ မြို့ပေါ်ရပ်ကွက်အချို့ရှိ...

နှစ်စဉ် ရေကြီး တောင်ပြိုသည့် ဟိုပုံးဒေသ သစ်ပင်စိုက်ရန် စစ်အစိုးရ တပင် ကျပ်လေးရာဖြင့်ရောင်းချနေ

0
သျှမ်းပြည်တောင်ပိုင်း ဟိုပုံးမြို့နယ် မဲနယ်တောင်ဒေသတွင် နှစ်စဉ်ကြုံတွေ့နေရသည့် ရေကြီး၊ တောင်ပြိုမှုကို ကာကွယ်ရန်အတွက် စစ်အစိုးရ၏ လက်အောက်ခံ သစ်တောဉီးစီးဌာနက သစ်ပင် ပြန်စိုက်ရန် တစ်ပင်လျှင် ကျပ်ငွေလေးရာ(၄၀၀))ဖြင့် ရောင်းချနေကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ဇူလိုင်လ (၂၈) ရက်နေ့တွင် သစ်တောဦးစီးဌာနက ဟိုပုံးမြို့နယ် မဲနယ်တောင်ဒေသအတွက် ကော်ဖီပင် ပိုမိုစိုက်ပျိုးနိုင်ရန်နှင့်...

“တံလျှပ်” ဖြစ်နေသော အာဏာသိမ်းစစ်တပ်၏ ထင်ယောင်ထင်မှား အရှိန်အဟုန် သို့မဟုတ်စစ်တပ်၏ အထင်မှား “အောင်ပွဲများ”

0
မြန်မာစစ်တပ်သည် ဖလမ်း၊ လားရှိုး၊ မြဝတီ၊ ကျောက်မဲနှင့် တကောင်း ကဲ့သို့သော အဓိကဗဟိုချက်များအပါအဝင် အနည်းဆုံး မဟာဗျူဟာမြောက်နယ်မြေ ၂၀ ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ကြောင်း ဇွန်လနှောင်းပိုင်းတွင် သံလွင်တိုင်းမ် (ThanLwin Times) သတင်းဌာနက ဖော်ပြခဲ့သည်။ သို့သော် ဘားမားနယူးစ်အင်တာနေရှင်နယ် (BNI) နှင့် မြန်မာ့ငြိမ်းချမ်းရေးစောင့်ကြည့်မှုအဖွဲ့ (MPM)...

ဟိုပုံးမြေသိမ်းမှု ကန့်ကွက်သူ ၆ ဦး သတင်းအစနမရ

0
သျှမ်းပြည်တောင်ပိုင်း၊ဟိုပုံးမြို့နယ် ညောင်ပင်ကျေးရွာမှ မြေယာသိမ်းဆည်းမှုကို ကန့်ကွက်ခဲ့သည့် ရွာသူကြီးအပါအဝင် ဒေသခံ ၆ဦးသည် ယနေ့ (မေ ၂၇)ရက်အထိ ပြန်လည်မလွတ်မြောက်သေးဘဲ သတင်းအစန မရရှိသေးကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ဖေဖော်ဝါရီလ ဒုတိယပတ်မှစပြီး ဟိုပုံးမြို့နယ် ညောင်ဗက်ကျေးရွာရှိ အိမ်ခြေ၂၀၀ ကျော်ကို ကျူးကျော်နေထိုင်သူဟုဆိုကာ ပအိုဝ်းပြည်သူ့စစ် ( PNO)...