MNDAA ထိန်းချုပ်ဒေသ အမြဲတမ်းနေထိုင်ခွင့်အတွက် ရင်းနှီးမြှုပ်နှံမှုများဖြင့် ဆွဲဆောင်နေ

သျှမ်းပြည် လောက်ကိုင်မြို့နယ်တွင် ကိုးကန့်တပ်ဖွဲ့ MNDAA မှ အထူးဒေသ-၁ အတွင်း အမြဲတမ်းနေထိုင်ခွင့် ပေးအပ်ခြင်းဖြင့် ရင်းနှီးမြှုပ်နှံသူများကို စည်းရုံးဆွဲဆောင်နေကြောင်း စုံစမ်းသိရသည်။

ကိုးကန့်တပ်ဖွဲ့ MNDAA သည် စစ်ကောင်စီနှင့် တရားဝင် အပစ်ရပ်စဲရေး သဘောတူစာချုပ် လက်မှတ်ထိုးပြီးနောက် ၎င်းထိန်းချုပ်ထားသည့် လောက်ကိုင်မြို့တွင် ဇန်နဝါရီလ နှောင်းပိုင်းမှ စတင်ပြီး မြို့ပြန်လည်တည်ဆောက်ရေး လုပ်ငန်းများကို အရှိန်အဟုန်ဖြင့် ဆောင်ရွက်လျက်ရှိရာ ရင်းနှီးမြှုပ်နှံသူများကို အထူးဒေသ-၁ အတွင်း အမြဲတမ်းနေထိုင်ခွင့် ပေးအပ်ခြင်းဖြင့် စည်းရုံးဆွဲဆောင်နေကြောင်း ဒေသခံများက ပြောသည်။

“လောက်ကိုင်မှာ အိမ်ခြံမြေ ဝယ်ထားပြီး စစ်ပွဲအတွင်း ထွက်ပြေးသွားတဲ့ လူတွေကို ပြန်ခေါ်ချင်တာ။ ပြည်မတရုတ်တွေ အိမ်လာဝယ်ကြတာ ရှိတော့ သူတို့အတွက် အခွင့်အရေးတစ်ခုလို ဖြစ်လာနိုင်တယ်။ အစပိုင်းတော့ အရင်းအနှီး ထည့်သလိုနဲ့ ဘယ်လိုစည်းကမ်း သတ်မှတ်ချက်နဲ့ ရေရှည် နေထိုင်ခွင့် ပေးမလဲတော့ မပြောတတ်သေးဘူး”ဟု လောက်ကိုင်ဒေသခံ အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ကိုးကန့်တပ်ဖွဲ့ MNDAA သတ်မှတ်ထားသည့် အထူးဒေသ-၁ တွင် နေထိုင်သူ မဟုတ်ဘဲ ပြင်ပမှ လာရောက်သူများလည်း အမြဲတမ်းနေထိုင်ခွင့် လုပ်ဆောင်ခြင်းနှင့် ပတ်သက်၍ စည်းကမ်းသတ်မှတ်ချက်နှင့် ကိုက်ညီသူများကို အထူးဒေသ-၁ အိမ်ထောင်စုစာရင်းနှင့် သက်သေခံ အထောက်အထား လျှောက်ထားနိုင်ကြောင်း ဒေသခံများက ပြောဆိုသည်။

ထို့အပြင် အခြားဒေသမှ လောက်ကိုင်မြို့နယ်သို့ ၈ နှစ်နှင့်အထက် ပြောင်းရွှေ့နေထိုင်ပြီး စီးပွားရေးလုပ်ဆောင်နေသူ၊ ပြစ်မှုမှတ်တမ်း မရှိသူများလည်း အထူးဒေသ-၁ အိမ်ထောင်စုစာရင်းနှင့် သက်သေခံ အထောက်အထားများ ရယူနိုင်ကြောင်း ဆိုသည်။

ပုံစာ – လောက်ကိုင်မြို့တွင်း မြို့ပြန်လည်တည်ဆောက်ရေး လုပ်ငန်းခွင် တစ်နေရာ (ဓာတ်ပုံ – The Kokang)

အလားတူ ကိုးကန့်တပ်ဖွဲ့အတွင်း စစ်မှုထမ်းဖူးသူ သို့မဟုတ် MNDAA လက်အောက်ရှိ ဌာနဆိုင်ရာများတွင် သုံးနှစ်အထက် တာဝန်ထမ်းဆောင်ဖူးသူ၊ MNDAA ခန့်ထားသည့် လုပ်သက် နှစ်နှစ်အထက် ကျွမ်းကျင်ပညာရှင်များလည်း အထူးဒေသ-၁ အိမ်ထောင်စုစာရင်း လျှောက်ထားနိုင်ကြောင်း သိရသည်။

“အဓိကတော့ လောက်ကိုင်မှာ မြေဝယ်ထားတဲ့ တရုတ်တွေကို တခြားနေရာ မထွက်သွားအောင် ဆွဲထားချင်တာ။ တရုတ်ယွမ် ၅ သိန်း ရင်းနှီးမြှုပ်နှံရင် လုပ်ကွက်တွေ ချပေးမယ် ဆိုတာမျိုး စည်းရုံးနေတာ။ အိမ်ထောင်စုစာရင်းကတော့ ဒေသခံလိုမျိုး ဒီက ထုတ်ပေးတဲ့ဟာပဲ၊ လဝက ဘက်က ထုတ်ပေးတာတော့ မဟုတ်သေးဘူး”ဟု ၎င်းဒေသခံ အမျိုးသားက ဆက်ပြောသည်။

ယမန်နှစ် ၂၀၂၄ ဇွန်လမှ စတင်ပြီး MNDAA ထိန်းချုပ် လောက်ကိုင်မြို့သို့ အလုပ်လုပ်ရန် ရွှေ့ပြောင်းရောက်ရှိလာသူ အားလုံးကို ယာယီနေထိုင်ခွင့်ကတ် ပြုလုပ်ရန် အထူးဒေသ-၁ ရဲတပ်ဖွဲ့မှ ညွှန်ကြားခဲ့သည်။

ပုံစာ – လောက်ကိုင်မြို့တွင်း မြို့ပြန်လည်တည်ဆောက်ရေး လုပ်ငန်းခွင် တစ်နေရာ (ဓာတ်ပုံ – The Kokang)

ယာယီနေထိုင်ခွင့်စာအုပ်ကို MNDAA ထံ သွားရောက်ပြုလုပ်ပါက မှတ်ပုံတင်နှင့် အိမ်ထောင်စုစာရင်း လိုအပ်ပြီး ၃ လ၊ ၆ လ နှင့် တစ်နှစ်စာ နေထိုင်ခွင့်အတွက် တရုတ်ယွမ်ငွေ ၁၈၀၊ ၂၇၀ နှင့် ၃၉၀ (မြန်မာကျပ်ငွေ ကာလပေါက်ဈေး တစ်သိန်းကျော်မှ နှစ်သိန်းခွဲခန့်) အသီးသီး ပေးဆောင်ရကြောင်း လောက်ကိုင်မြို့ရောက် ရွှေ့ပြောင်းအလုပ်သမားများထံမှ သိရသည်။

ပြီးခဲ့သည့် ဧပြီလဆန်းပိုင်းမှ စတင်ပြီး ကိုးကန့်တပ်ဖွဲ့ MNDAA ထိန်းချုပ် လောက်ကိုင်မြို့သို့ အလုပ်လုပ်ရန် သွားရောက်သူများကို လောက်ကိုင်မြို့နေ အိမ်ရှင် သို့မဟုတ် အလုပ်ရှင် ထောက်ခံချက် ပါမှသာ ဝင်ခွင့်ပြုပြီး ယခင်က ရောက်ရှိနေသူများထဲ နေထိုင်ခွင့်ကတ် ပြုလုပ်ခြင်းမရှိသူများကို MNDAA မှ ဖမ်းဆီးကာ လားရှိုးမြို့ဘက်သို့ ပြန်လည်ပို့ဆောင်နေကြောင်း ဒေသခံများက ပြောသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

UWSA နှင့် MNDAA လည်း နေပြည်တော်တွင် ငြိမ်းချမ်းရေး သွားဆွေးနွေးမည်ဟုဆို

0
မြောက်ပိုင်းမဟာမိတ်တပ်များထဲမှ ‘ဝ’တပ်ဖွဲ့ UWSA နှင့် ကိုးကန့်တပ်ဖွဲ့ MNDAA တို့လည်း နေပြည်တော်တွင် စစ်အစိုးရနှင့် ငြိမ်းချမ်းရေး သွားရောက်ဆွေးနွေးမည်ဟု သတင်းသိရသည်။ ‘ဝ’ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် UWSA နှင့် ကိုးကန့်တပ်ဖွဲ့ MNDAA ထိပ်ပိုင်းခေါင်းဆောင်များသည် စစ်အစိုးရလက်အောက်ခံ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ NSPNC နှင့် တွေ့ဆုံဆွေးနွေးရန်...
Hsipaw Bridge Closed

သီပေါတံတား ပိတ်ထားမှုနောက်ကွယ်မှ အဂတိလိုက်စားမှုများကို ဖွင့်ချမည်ဟု လွှတ်တော်ကိုယ်စားလှယ် သတိပေး

0
သျှမ်းပြည်မြောက်ပိုင်း လားရှိုး-မန္တလေး ကုန်သွယ်ရေးလမ်းမကြီးပေါ်ရှိ အရေးပါသော သီပေါတံတားအား ဆက်လက်ပိတ်ထားခြင်းကြောင့် ဒေသခံပြည်သူများ စီးပွားရေးနှင့် လုံခြုံရေးဆိုင်ရာ အကျပ်အတည်းများ ရင်ဆိုင်နေရကြောင်း သီပေါမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် စိုင်းကောင်းသက်စံက ပြောကြားလိုက်သည်။ အဆိုပါ ဖြစ်စဉ်နောက်ကွယ်မှ မမျှတသော အကျိုးအမြတ်ရယူမှုများကို လွှတ်တော်တွင် အထောက်အထားဖြင့် ဖွင့်ချသွားမည်ဟု ၎င်းက ဆိုသည်။ “တံတားရှိလျက်နဲ့ ပြည်သူတွေ...

သိန္နီမြို့ MNDAA တပ်ဆုတ်မည်ဟု သတင်းထွက်၊ အုပ်ချုပ်ရေးကို ပြည်သူထံ လွှဲအပ်မည်ဟုဆို

0
သျှမ်းပြည် သိန္နီမြို့နယ်တွင် ကိုးကန့်တပ်ဖွဲ့ MNDAA ဘက်မှ တပ်ဆုတ်ခွာမည်ဟု သတင်းထွက်ပေါ်နေကြောင်း စုံစမ်းသိရသည်။ ဇူလိုင်လ (၁၀) ရက် နံနက် (၁၁) နာရီခန့်တွင် သိန္နီမြို့ပေါ်နှင့် ပန်လော့ကျေးရွာဘက် တပ်စွဲထားသည့် MNDAA ကိုးကန့်တပ်သားများသည် သိန္နီ-လောက်ကိုင် လမ်းမကြီးပေါ်ရှိ စယ်အူကျေးရွာအုပ်စုဘက်သို့ အင်အားအလုံးအရင်းဖြင့် စစ်ရေးလှုပ်ရှားမှု ပြုလုပ်ခဲ့ခြင်းကြောင့်...

MNDAA မှတ်ပုံတင် ၆သောင်းကျော်ထုတ်ပေးပြီး တပ်သားစုဆောင်းနေ

0
သျှမ်းပြည်မြောက်ပိုင်းရှိ ကိုးကန့်တပ်ဖွဲ့ (MNDAA) သည် ၎င်းတို့၏ အုပ်ချုပ်ရေးနယ်မြေအတွင်း ကျေးရွာများအထိ ကွင်းဆင်း၍ မှတ်ပုံတင်ပြုလုပ်ပေးသည့် လုပ်ငန်းများကို အောင်မြင်စွာ ဆောင်ရွက်နိုင်ခဲ့ကြောင်း MNDAA သတင်းများကို ဖော်ပြနေသော The Kokang က ထုတ်ပြန်သည်။ ကိုးကန့်ခရိုင် အုပ်ချုပ်ရေးအဖွဲ့၏ ထုတ်ပြန်ချက်အရ ပြီးခဲ့သည့် လများအတွင်း ဒေသခံပြည်သူ...

လားရှိုးမြို့ ရှော့တိုက်ဒုံး ပေါက်ကွဲမှုကြောင့် အမျိုးသမီးတစ်ဦးသေဆုံး၊ တစ်ဦးဒဏ်ရာရ

0
သျှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့တွင် ရှော့တိုက်ဒုံးများ ကျရောက်ပေါက်ကွဲခဲ့မှုကြောင့် အမျိုးသမီးတစ်ဦး သေဆုံးပြီး တစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။ ယနေ့ (ဇူလိုင် ၉ ရက်) ယနေ့ ညနေ ၅ နာရီဝန်းကျင်တွင် လားရှိုးမြို့ ရပ်ကွက် (၆) နှင့် ရပ်ကွက် (၁၀) အတွင်းသို့...