CATEGORY

စီးပွားရေး

မြေသြဇာဈေးနှုန်း အဆမတန် မြင့်တက်မှုကြောင့် တောင်သူများ လယ် တစ်ဝက်လျှော့ပြီး စိုက်ပျိုးနေရ

သျှမ်းပြည် တောင်ကြီးခရိုင် ဆီဆိုင်မြို့နယ် ပုံးအင်းဒေသတွင် ယခုနှစ် မြေသြဇာဈေးနှုန်း အဆမတန်မြင့်တက် လာသည့်အတွက်ကြောင့် တောင်သူများသည် ထက်ဝက်လျော့ပြီး လယ် စိုက်ပျိုးနေရကြောင်း စုံစမ်းသိရှိရသည်။ လယ်ယာစပါး ရေလွှမ်းမိုးခံခဲ့ရသည့် ပုံးအင်းဒေသမှ တောင်သူများသည် ယခုနှစ်တွင် လယ်ယာဧကများများ ရင်းနှီးစိုက်ပျိုးဖို့ရန် ဓာတ်မြေသြဇာ၊ လယ်ထွန်စရိတ်၊ ကောက်စိုက်စရိတ် စသည်ဖြင့် ကုန်ကျစရိတ်...

တာချီလိတ် – မယ်ဆိုင် အမှတ် (၁) ပြန်လည်ဖွင့်လှစ်လာပြီးနောက် အဝင်၊ အထွက်များနေ

မြန်မာ - ထိုင်း နယ်စပ်ဒေသဖြစ်သည့် တာချီလိတ် - မယ်ဆိုင် ချစ်ကြည်ရေးတံတား အမှတ် (၁) တွင် ဖွင့်လှစ်လာပြီးနောက်ပိုင်း အဝင်၊ အထွက် ပြုလုပ်သူများကြောင်း စုံစမ်းသိရှိရသည်။ ယမန်နေ့ ဖေဖော်ဝါရီ ၂၀ ရက် နံနက်အစောပိုင်းတွင် တာချီလိတ် - မယ်ဆိုင် ချစ်ကြည်ရေးတံတား...

တာချီလိတ် – မယ်ဆိုင် တံတားဖွင့်ပြီ

ထိုင်း - မြန်မာ နယ်စပ် တာချီလိတ် - မယ်ဆိုင် ချစ်ကြည်ရေး တံတားအမှတ် (၁) ကို ယနေ့ ဖေဖော်ဝါရီ ၂၀ ရက် မနက်ပိုင်းက ဖွင့်လှစ်လိုက်ပြီ ဖြစ်ကြောင်း သတင်းရရှိသည်။ အဆိုပါ တာချီလိတ် - မယ်ဆိုင် ချစ်ကြည်ရေး တံတားအမှတ်...

ဖားကန့်မြို့နယ် ကုန်တင်ပို့မှုကို ပိတ်ထားသည့်အတွက် ကုန်ဈေးနှုန်းများ အဆမတန်မြင့်တက်နေ

ကချင်ပြည် ဖားကန့်မြို့နယ်အတွင်း စစ်ကောင်စီက မြို့ဝင်မြို့ထွက်များကို စစ်ဆေးရေးတင်းကြပ်နေပြီး ကုန်တင်ပို့မှုကို ပိတ်ထားသည့်အတွက်ကြောင့် မြို့တွင်းကုန်ဈေးနှုန်းများ အဆမတန် မြင့်တက်နေလျက်ရှိကြောင်း စုံစမ်းသိရှိရသည်။ ယခုလ ဖေဖော်ဝါရီထဲတွင် စစ်ကောင်စီက ဖားကန့်မြို့တွင်းသို့ ဝင်လာသည့် ကုန်တင်ကားများကို စစ်ဆေးပြီး မြို့တွင်းသို့ မပေးဝင်ကြောင်း မျက်မြင်တွေ့ရှိသူ တစ်ဦးက ပြောသည်။ “ ကျမတို့လည်း ဟိုနေ့လောက်မှပဲ...

အွန်လိုင်းပေါ်တွင် လေယာဉ်လက်မှတ် အတုရောင်းချမှုရှိနေ

မြန်မာနိုင်ငံအတွင်း လေယာဥ်ဖြင့် ခရီးသွားလာသူ အများစုသည် ယခုရက်ပိုင်း အွန်လိုင်းမှ လေယာဥ်လက်မှတ်ဝယ်ယူရာမှ ခရီးသွားစဥ်တွင် လက်မှတ် အတုဖြစ်နေကြောင်း သတင်းရရှိသည်။ ဖြစ်စဉ်မှာ အမျိုးသားတစ်ဦးသည် ပြီးခဲ့သည့် ဇန်နဝါရီ (နောက်ဆုံးပတ်)တွင် ရန်ကုန်မြို့မှ လားရှိုးမြို့သို့ လေယာဉ်ဖြင့် ခရီးသွားရန်အတွက် အွန်လိုင်းပေါ် လေယာဉ်လက်မှတ် အရောင်းဌာန (Page) တစ်ခုထံ...

တရုတ်ပြည်တင်ပို့မည့် သစ်သီးကား စီးပေါင်း (၄၀၀)ကျော် နယ်စပ်မှာ ပိတ်မိနေ

မြန်မာ - တရုတ် နယ်စပ်ဂိတ်တွင် တင်ပို့မည့် သစ်သီးဝလံ ကားစီးရေ စုစုပေါင်း (၄၀၀) ရှိသဖြင့် အချိန်မီ မတင်ပို့နိုင်ပါက ပုပ်သိုးပျက်စီးဆုံးရှုံးမည်ကို စိုးရိမ်နေကြောင်း စုံစမ်းသိရှိရသည်။ တရုတ်နယ်စပ်ဂိတ်ဖြစ်သည့် ဝမ်တိန်ဂိတ်တွင် တရုတ်ဘက်မှ တင်ပို့ကုန် အခွန်ဆောင် စနစ်အပြောင်းအလဲ ပြုလုပ်ရာ (၅) ရက်ကြာအောင် နှောင့်နှေးကြန့်ကြာသွားသဖြင့်...

မျှော်ပေမယ့် ဖြစ်မလာတဲ့ တာချီလိတ်နယ်စပ်ဂိတ်

“နယ်စပ်ဂိတ် ပြန်ဖွင့်တော့မယ်” ဆိုတဲ့ သတင်းတွေဟာ နယ်စပ်ကို အမှီပြုပြီး ရောင်းဝယ်ရေး လုပ်နေကြတဲ့ ပြည်သူတွေအနေနဲ့ မျှော်လင့်စောင့်စားနေကြရတာ ဖြစ်သလို မကြာခဏလည်း ကြားရတတ်တဲ့ သတင်းတွေလည်း ဖြစ်နေပါတယ်။ ဒါပေမယ့် မကြာခဏ သတင်းကြားရတဲ့ အတိုင်း မကြာခဏလည်း မျှော်လင့်ချက်တွေ ရိုက်ချိုးခံရတဲ့ နယ်စပ်သတင်းတွေ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ဇန်နဝါရီလ...

သျှမ်းရိုးရာ မုန့်လုပ်ရောင်းသူများ ကုန်ကြမ်းဈေးနှုန်းမြင့်တက်မှုကြောင့် အခက်အခဲရှိနေ

သျှမ်းပြည်ဒေသ၏ ရိုးရာစားဖွယ် ပြုလုပ်ပြီး တပိုင်တနိုင် စီးပွားရေး လုပ်ငန်းအဖြစ် လုပ်ကိုင်ကြသူများ ကုန်ကြမ်းဈေးတက်မှုကြောင့် အခက်အခဲ ကြုံနေရကြောင်း သတင်းရရှိသည်။ လက်ရှိ နိုင်ငံရေး အခြေအနေများကြောင့် သျှမ်းမရွေး ခေါ် ခေါက်(ဝ်)တော် လုပ်ရန်အတွက် လိုအပ်သည့် ကုန်ကြမ်းဈေးနှုန်းများ မြင့်တက်မှုကြောင့် ခေါက်(ဝ်)တော် လုပ်သူများက အရင်းအနှီး မကိုက်သဖြင့်...

ကျောက်မဲမြို့ စစ်ဘေးရှောင်များ လက်ဖက်ခြံ ရှင်းလင်းနိုင်ရန်အတွက် နေရပ်ပြန်ချင်

သျှမ်းပြည် ကျောက်မဲခရိုင် ကျောက်မဲမြို့နယ်ရှိ စစ်ဘေးရှောင်များသည် နောင်တစ်ချိန်မှာ လက်ဖက်နု ကောင်းကောင်း ရရှိရန်အတွက် နေရပ်ကိုပြန်ပြီး လက်ဖက်ခြံ ရှင်းနိုင်ရန် မျှော်လင့်နေကြောင်း စုံစမ်းသိရှိရသည်။ ကျောက်မဲမြို့တွင်ရှိသည့် စစ်ဘေးရှောင်များသည် တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့များ တားမြစ်ချက်ကြောင့် နေရပ်ကို မပြန်နိုင်သေးဘဲ မြို့ထဲတွင် နေအိမ်လိုက်လံ ငှားရမ်းပြီး နေထိုင်နေရကြောင်း သိရသည်။ “...

စက်သုံးဆီ အကန့်အသတ် တင်းသွင်းခွင့်ရ တချို့ပန့်ဆီဆိုင် ပိတ်ထားရ

သျှမ်းပြည်အတွင်းရှိ စက်သုံးဆီ အရောင်းဆိုင်များတွင် အကန့်အသတ်ဖြင့်သာ ဆီတင်သွင်းခွင့် ရရှိနိုင်မှုကြောင့် တချို့ ပန့်ဆီဆိုင်များက ပိတ်ထားရကြောင်း သတင်းသိရသည်။ ယခု ဇန်နဝါရီလ တတိယပတ်အတွင်းတွင် သျှမ်းပြည် လားရှိုးခရိုင် လားရှိုးမြို့ နှင့် တန့်ယန်းမြို့၊ ကျောက်မဲခရိုင် ကျောက်မဲမြို့ နှင့် သီပေါမြို့တို့တွင် စက်သုံးဆီ အကန့်အသတ်ဖြင့်သာ ရရှိသည့်အတွက်...

Latest news