ငရဲခန်း ကနေ ပြန်လာသူများ

ကျဥ်းကြပ်တဲ့ ၁၅ ပေ ပတ်လည် အခန်းထဲမှာ အမျိုးသား ၇ ဦး နဲ့ အမျိုးသမီး ၄ ဦးဟာ ပိတ်လှောင်ခံ နေရပါတယ်။ အဲ့အခန်းမှာ ရှိတဲ့သူတွေကိုလည်း “မသေထမင်း၊ မသေဟင်း” လို့ ထင်ရလောက်အောင် ဖြစ်သလိုတာ ကျွေးမွေးထား ပါတယ်။

အဝတ်တထည်နဲ့ တလနီးပါးနေခဲ့ရတဲ့အခန်း

“ ကျမတို့ကို တစ်ရက် ထမင်းတနပ်ပဲကျွေးတယ်။ ချဥ်တူးနေတဲ့ မုန့်ညှင်းချဥ် နဲ့ ကျွေးတယ်။ စားချင်စား မစားချင်နေ ဆိုတဲ့ သဘောပဲ။ ရေလည်း သန့်စင်ခန်းထဲက ရေသောက်ရတယ်။ ဝက်စာကျွေးသလိုကျွေးတာပဲ” လို့ ပိတ်လှောင်ခံရပြီး ပြန်လွှတ်လာတဲ့ မဆုငြိမ်းက သူကြုံတွေ့ခဲ့ရတဲ့ အဖြစ်အပျက်ကို ပြောလာပါတယ်။

ချဥ်တူးနေတဲ့မုန့်ဟင်းချဥ်နဲ့ထမင်း

တချို့ရက်တွေမှာဆိုရင် ကြက်ပေါင်းတစ်တုံးနဲ့ ထမင်းဖြူ ၁၁ဗူးလာကျွေးတာတွေလည်းရှိပါတယ်။ ဒါဟာ အချင်းချင်းကြား ရန်ဖြစ်အောင်ပြုလုပ်တဲ့သဘောပါပဲလို့ မဆုငြိမ်းကဆိုပါတယ်။

ကြက်ပေါင်းတစ်တုံးနဲ့ထမင်း ၁၁ဗူးကျွေးတဲ့ရက်

မဆုငြိမ်း ဟာ ကိုယ်ဝန်သည် တစ်ယောက်ဖြစ်ပြီး ကျဥ်းကြပ် လူပြည့်နက်နေတဲ့အခန်းထဲမှာ ၅ ရက် ပိတ်လှောင်ခံရကာ “မသေထမင်း၊ မသေဟင်း”ကို မစားနိုင်တဲ့အတွက် အဟာရ ပြတ်လပ်ရကာ လမ်းတောင် ကောင်းကောင်း မလျှောက်နိုင်ခဲ့ပါဘူး။

ကုမ္ပဏီကကျွေးတဲ့ ထမင်းကို မစားနိုင်တဲ့ မဆုငြိမ်းတို့တွေဟာ သန့်စင်ခန်းထဲက ရေတွေကို သောက်ပြီးတော့ ဗိုက်ဆာလောင်မှု အတွက် ဖြေသိမ့်ခဲ့ရပါတယ်။

မဆုငြိမ်းတို့ မိသားစုဟာ ကိုဗစ် – ၁၉ ကာလ မှာ အလုပ်လက်မဲ့ ဖြစ်ပွားခဲ့ပြီး ၃ နှစ်တာ မှာ ချေးငှားစားသုံးထားတဲ့ ငွေတွေကို ဆပ်ဖို့အတွက် လင်မယား ၂ ဦး က တစ်လလျှင် တစ်ဦးကို တရုတ်ယွမ် (၄,၀၀၀) မြန်မာငွေ ကာလပေါက်စျေး ၁၆ သိန်း ရရှိမယ် ဆိုတဲ့အတွက် “ဝ” ပြည်သွေးစည်းညီညွတ်ရေး တပ်မတော် (UWSA) ထိန်းချုပ်တဲ့ မိုင်းပေါက်မြို့ကို မျှော်လင့်ချက်နဲ့ အတူ စွန့်စားပြီး သွားဖို့ ဆုံးဖြတ်ခဲ့ကြပါတယ်။

ဒါ့ကြောင့် အခုနှစ် ဇန်နဝါရီလဆန်းပိုင်းမှာ မန္တလေးမြို့ကနေပြီး လားရှိုးမြို့မှ တဆင့် မိုင်းပေါက်မြို့ကို ခရီးစတင်ခဲ့ ကြပါတယ်။

မိုင်းပေါက်မြို့ရောက်တော့ ဇီကျင့် ကုမ္ပဏီမှာ ကွန်ပျူတာနဲ့ အေးအေးဆေးဆေး အလုပ်လုပ်ရမှာဖြစ်ပြီး၊ အင်္ဂလိပ်စာ အနည်းငယ်တတ်ရမယ်ဆိုတဲ့အတွက် အလုပ်ဝင်ခဲ့ခြင်းဖြစ်ပါတယ်။ ဒါပေမယ့် ကုမ္ပဏီရောက်ချိန်မှာ ကျားဖြန့်( လိမ်စားရတဲ့အလုပ်) ကို လုပ်ကိုင်ခဲ့ရပါတယ်။

ဒီအလုပ်ဟာ မဆုငြိမ်းတို့အတွက် ခက်ခဲတဲ့အလုပ်ဖြစ်ပြီး ဖေဖော်ဝါရီ ၂၇ ရက်မှာ သူမတို့ မျှော်လင့်ချက်တွေ အိမ်မက်တွေက စပြီး ပျက်ပြယ်ခဲ့ရပါတယ်။

မဆုငြိမ်းတို့နားမလည်တဲ့တရုတ်စာနဲ့ချုပ်ဆိုခဲ့တဲ့စာချုပ်

သူမတို့ အုပ်စု အလုပ်စဝင်ချိန်တုန်းက လဝက် (၁၅) ရက်တကြိမ် လစာထုတ်ပေးမယ်ဆိုတဲ့ ကုမ္ပဏီရဲ့ စာချုပ်မှာ ပါရှိပေမယ့် လစာမရရှိတဲ့အတွက် မိုင်းပေါက်ရဲစခန်းကို ဖေဖော်ဝါရီ ၂၇ ရက်မှာ သွားရောက်ညှိနှိုင်းခဲ့ပါတယ်။

“ကျမတို့ စဝင်လုပ်တဲ့နေ့မှာ ၈ လစာချုပ် ချုပ်ရတယ်။ ပထမ တစ်လလုပ်ပြီးတော့ လစာကမရဘူး။ အချိန်ပိုဆင်း ရတော့ ကျမတို့ မိုင်းပေါက် ရဲစခန်းမှာ ခေါ်ညှိတယ်။ အဲ့မှာ စကားပြန်တစ်ယောက် သူဌေးက ကျမတို့ကို အလုပ်ထုတ်တယ်။ လျော်ကြေးပေး ဆိုပြီးတော့ ပြောတယ်။ မပေးနိုင်တော့ ရဲစခန်းမှာ ၅ ရက် ချုပ်နှောင်ခံ ခဲ့ရတယ်” လို့ ကြုံတွေ့ရတဲ့ အဖြစ်အပျက်တွေကို မဆုငြိမ်းက ပြန်ပြောပြပါတယ်။

မိုင်းပေါက်မြို့ တရုတ်ဘာသာစကားနဲ့ပြောဆိုတဲ့ရဲစခန်းမှာ ၅ ရက်ကြာ မဆုငြိမ်းတို့ ချုပ်နှောင်ခံရပြီးနောက် မတ်လ ၃ ရက်မှာတော့ ကုမ္ပဏီကနေ ပြန်ခေါ်ခဲ့ရာကနေ မတ် ၅ ရက်မှစပြီး တိုက်ခန်းတခန်းထဲမှာ စတင် ပိတ်လှောင်ခံရပါတယ်။

“အခန်းထဲမှာ ဒီတိုင်းပဲ စုနေရတာ။ သူတို့က စောင်လည်းမပေးဘူး ။ ခေါင်းအုံးလည်း မပေးဘူး။ အခင်းလည်း မပေးဘူး။ အဝတ်တစ်ထည်စီ နဲ့နေကြရတာ။ ပါလာတဲ့အထုပ်ကိုလည်း အပြင်မှာ ထုတ်ထားတာ။ အခန်းထဲမှာက အေးလည်းအေးတယ် ” လို့ မဆုငြိမ်းက အခန်းထဲမှာ ပိတ်လှောင်ခံချိန်က အကြောင်းကို ပြန်ပြောပါတယ်။

အခန်းထဲ ပိတ်လှောင်ခံရတဲ့သူ (၁၁) ဦးဟာ မတူညီတဲ့နယ်မြေဒေသ၊ မတူညီတဲ့ လူမျိုးတွေဖြစ်တဲ့ သျှမ်းပြည် သီပေါမြို့ ဒေသခံ အမျိုးသမီး ၂ ဦး ၊ လားရှိုးမြို့ တအာင်းလူမျိုး အမျိုးသား ၃ ဦးနဲ့ နမ့်ခမ်းမြို့ အမျိုးသား ၁ ဦး ပါဝင်ပြီးတော့ ကျန်တဲ့ ၄ ယောက်က အောက်မြန်မာပြည်ဘက်က လူတွေ ဖြစ်ပြီး အိပ်မက်ကိုယ်စီ နဲ့ မိုင်းပေါက်ကို ရောက်ရှိလာကြသူတွေပါ။

လက်ရှိမှာတော့ မဆုငြိမ်း အပါအဝင် ဒီလ (မတ် ၂၂) ရက်မှာတော့ သီပေါမြို့ ဒေသခံအမျိုးသမီး ၂ ဦး၊ လားရှိုးမြို့ အမျိုးသား ၃ ဦး နဲ့ နမ့်ခမ်းမြို့ အမျိုးသား ၁ ဦးတို့ကတော့ သိန်း ၄၀ ပေးပြီး ထပ်မံလွှတ်မြောက်လာခဲ့ပါပြီ။

လက်ရှိမှာတော့ မိုင်းပေါက်မြို့ ဇီကျန့်ကုမ္ပဏီ တိုက်ပိတ်ခံရတဲ့ အထဲမှာတော့ သူမ ရဲ့ အမျိုးသားအပါအဝင် (၄) ဦး ကျန်ရှိနေဆဲပါ။

“ ကျမကတော့ ကုမ္ပဏီကို လျော်ကြေးမပေးခဲ့ရဘူး။ ကျန်တဲ့ သူတွေကတော့ လျော်ကြေးမြန်မာငွေ သိန်း ၄၀ကျပ် ပေးခဲ့ရတယ်။ ကျမရဲ့ ယောင်္ကျားကိုတော့ သိန်း ၉၀ ကျပ် တောင်းတယ်။ ကျမ ပေးရမယ့် ငွေပါတောင်းတာ။ မပေးရင် ပေးမထွက်ဘူး” လို့ မဆုငြိမ်းက စိတ်မကောင်းစွာပြောပါတယ်။
မဆုငြိမ်း တယောက်ကလွှဲပြီး ကျန်သူတွေဟာ အခန်းငယ်တစ်ခုထဲမှာ အဝတ်တစ်ထည် ကိုယ်တလုံး နဲ့ တစ်လနီးပါး ပိတ်လှောင်ခံနေရပါတယ်။

အဲ့ပိတ်လှောင်ခံရချိန် မတ် ၉ ရက် ညမှာဆိုရင် ဇီကျင့် ကုမ္ပဏီ ဝန်ထမ်းတွေဟာ မဆုငြိမ်းတို့ကို ထမင်းလာကျွေးရင်း အခန်းထဲ ခဏဝင်လာကာ မဆုငြိမ်း တယောက်ကလွှဲပြီး ကျန်သူတွေကို ကျင်စက် တို့ခဲ့ပါတယ်။

“ မတ် ၉ ရက် ညက သူတို့ ထမင်းလာကျွေးတယ်။ ခဏနေတော့ အခန်းထဲဝင်လာပြီး ကျင်စက်တွေနဲ့ ကျန်တဲ့ ၁၀ ယောက် ကို တို့တယ်။ တုတ်တွေ နဲ့ ရိုက်ပြီးတော့ အလုပ်မဆင်းမနေရ ဆိုပြီးတော့ အလုပ်ခန်းထဲခေါ်သွားတယ်။ ကောင်မလေး တစ်ယောက် ဆိုရင် ကျင်စက်နဲ့ တို့ခံရတယ်” လို့ မဆုငြိမ်းက မြင်တွေ့ခဲ့တာတွေကို စိတ်မကောင်းစွာ ပြန်ပြောပြပါတယ်။

ရိုက်ခံရတဲ့ဒဏ်ရာ

“ဝ”တပ်ဖွဲ့ ထိန်းချုပ်တဲ့ဒေသဟာ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဖြစ်ပြီး အခုလို မင်းမဲ့စရိုက်တွေ၊ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ငရဲခန်းအလား နိုင်ထက်စီးနင်း ပြုလုပ်ခံရမယ်ဆိုတာ စိတ်ကူး မယဥ်မိခဲ့ကြပါဘူး။

ဒါ့အပြင် အလုပ်ကို မတရား ဖိနှိပ်ခိုင်းတာတွေ၊ ကိုယ်ထိလက်ရောက် ရိုက်နှက်တာတွေ ပြုလုပ်တဲ့အပြင် အလုပ်ကနေ ထွက်မယ်လို့ ပြောချိန်မှာလည်း လျော်ကြေးငွေ ကို အဆမတန် တောင်းတာလည်း “ဝ”ဒေသ ရောက်မှ ကြုံခဲ့ရကြောင်း မဆုငြိမ်းက ဆိုပြန်ပါတယ်။

“ကျနော်တို့က ပိုက်ဆံ သိန်း ၄၀ ပေးလိုက်ရတယ်။ သူတို့တွေတော့ အရိုက်မခံရဘူးတဲ့။ အဲ့ထဲ အိမ်ထောင်ရှိတဲ့ ကောင်လေးတစ်ယောက် ရိုက်ခံထားရတယ်တဲ့” လို့ လားရှိုးမြို့ လွတ်မြောက်လာတဲ့ အမျိုးသား တစ်ယောက်ရဲ့ အမဖြစ်သူက ပြောပြပါတယ်။

လျော်ကြေးငွေ ပြန်တောင်းရတဲ့အကြောင်းရင်းက ဇီကျင့်ကုမ္ပဏီကို မလာခင်က ကြိုထုတ်ထားတဲ့ငွေ၊ ကုမ္ပဏီကို လာလုပ်ဖို့ ကြားခံပွဲစားတွေက ကုမ္ပဏီ ပိုက်ဆံကို ယူသွားတဲ့ဟာတွေ ပြန်လျော်ပေးရတာဖြစ်ကြောင်း ဇီကျင့် ကုမ္ပဏီရဲ့ ဘာသာပြန် အမျိုးသားတစ်ဦးက ရှင်းပြပါတယ်။

“ ဟုတ်တယ်။ သူတို့ ပိုက်ဆံ သိန်း ၄၀ ပေးပြီးရင်တော့ ပြန်လွှတ်ပေးတယ်။ အခုလည်း ၆ ယောက် ထပ်လွှတ်ပေးတယ်။ ဘာလို့ပေးရလဲဆိုတော့ ပွဲစားတွေက ကုမ္ပဏီကနေ ယူသွားတဲ့ ပိုက်ဆံအတွက် ပြန်လျော်ပေးရမယ်လေ” လို့ ၎င်း က ပြတ်သားစွာ ပြောဆိုလိုက်ပါတယ်။

ဆက်လက်ပြီး မဆုငြိမ်းက “ ကျမ အမျိုးသား ရိုက်နှက်ခံရတာ ဟုတ်ပါတယ်” လို့ အတည်ပြု ပြောဆိုပါတယ်။

တိုက်ပိတ် နှိပ်စက်နေသည့်အပေါ်တွင် ကုမ္ပဏီအတွင်း ဘာသာပြန် လုပ်နေသည့် အမျိုးသားက “ ကျနော်က သူတို့ကြား ဘာသာပြန်ပေးတာ။ ကျန်တာမသိဘူး။ တိုက်ထဲဘာတွေ ဖြစ်လဲဆိုတာ မသိဘူး” လို့ ပြောပါတယ်။

ပိတ်လှောင်ခံရတဲ့တိုက်ခန်းမှာ

“ဝ” ဒေသတွင် လူကုန်ကူးမှု ၊ ကျားဖြန့် ကုမ္ပဏီပေါများမှု ၊ နှိပ်စက်မှုတွေ ရှိနေတဲ့အတွက်ကြောင့် UWSA ရဲ့ လားရှိုးမြို့ ဆက်ဆံရေးရုံး တာဝန်ခံ ဦးညီရမ်းကို ဆက်သွယ်ခဲ့ပေမယ့် ဖုန်းလက်ခံ ဖြေဆိုခြင်း မရှိခဲ့ပါဘူး။

စစ်တပ်အာဏာသိမ်းပြီး ၂ နှစ်သာ ကာလအတွင်း “ဝ” ဒေသ၊ လောက်ကိုင်ဘက်တွေမှာ နိုင်ငံခြားသားတွေပါ လူကုန်ကူးခံနေရကြောင်း လူကုန်ကူးမှု ကူညီပေးနေတဲ့သူတွေက ပြောဆိုလိုက်ပါတယ်။

လွန်ခဲ့တဲ့ ၂၀၂၂ ခုနှစ် နိုဝင်ဘာလတုန်းကလည်း Alliance Anti Trafi (AAT) အဖွဲ့အနေနဲ့ “ဝ” ဒေသ မိုင်းပေါက်မြို့မှာ လူကုန်ကူးမှု ခံလိုက်ရတဲ့ ထိုင်းနိုင်ငံ အမျိုးသမီး ၃ ကို ကယ်တင်နိုင်ခဲ့ကြောင်း စိုင်းဂွဏ်း က ပြောပြပါတယ်။

အရင် ကိုဗစ် – ၁၉ မတိုင်ခင်နဲ့ စစ်အာဏာ မသိမ်းခင်ကာလမှာတော့ မြန်မာနိုင်ငံကနေ နယ်စပ်ဖြတ်ကျော်ပြီး တရုတ်၊ ထိုင်း နဲ့ တခြားနိုင်ငံတွေကို လူကုန်ကူးခံရတဲ့ အမှုများစွာရှိခဲ့ပေမယ့် လက်ရှိ မြန်မာနိုင်ငံရဲ့ အခြေအနေကတော့ ပြည်တွင်းမှာ လူကုန်ကူးခံနေရတဲ့အဆင့်ကိုရောက်ရှိနေပါတယ်လို့ လူကုန်ကူးမှုစောင့်ရှောက်နေသူတွေက မှတ်ချက်ပြုလိုက်ပါတယ်။

မဆုငြိမ်း တယောက်ကတော့ အခုခေတ်ကာလမှာ ဘယ်လောက် ခက်ခဲနေကြပါစေ ပွဲစားတွေကို ယုံကြည်ပြီး “ဝ” ဒေသဘက်ကို ခြေဦးမလှည့်ကြရန် အကြံပေးပြောဆိုလိုက်ပါတယ်။

ဇီကျင့်ကုမ္ပဏီ ကို ဘာသာပြန်ပေးသူ

“ကျမကတော့ ဘယ်သူ့ကိုမှ ထပ်မသွားခိုင်းစေချင်တော့ဘူး။ သွားပြီး ပြန်လာရင်လည်း ကိုယ်အတွက်နစ်နာစရာတွေပဲ။ အချိန်တွေ ကုန်တယ်။ လူပင်ပန်းပြီးတော့ ငွေပါကုန်တဲ့ အဆင့်ထိရောက်တဲ့ အတွက်ကြောင့်မလို့ ကျန်တဲ့သူတွေကို မသွားစေချင်တော့ဘူး” လို့ မဆုငြိမ်းက ပြောဆိုလိုက်ပါတယ်။

သူမရဲ့ ဗိုက်ထဲက ကိုယ်ဝန်ကို တွေးပူနေရချိန်မှာ “ဝ”ဒေသ ဇီကျင့်ကုမ္ပဏီရဲ့ တိုက်ပိတ်ခံရတဲ့ထဲမှာ ကျန်နေတဲ့ သူ့အမျိုးသားကို ကယ်ထုတ်ဖို့အတွက် ကျပ်သိန်း ၉၀ ကို ရှာဖွေရန် ခက်ခဲနေပြီး လက်ရှိမှာတော့ အပူသောက ပေါင်းများစွာနဲ့ ဖြတ်သန်းနေရပါတယ်။

“ ကျမ ယောင်္ကျားကို ကယ်ထုတ်ဖို့ ငွေကြေး ခက်ခဲနေတယ်။ ကျမ ဘယ်လိုရှာရမှာလဲ။ ကျမ ဘာဆက်လုပ်ရမှန်းမသိဘူး။ ကူညီပေးနိုင်သူတွေ ကူညီပေးစေချင်တယ်”လို့ တုန်ရီတဲ့အသံဖြင့်ပြောဆိုလိုက်ပါတယ်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“စစ်ရေး ၊ နိုင်ငံရေးက သူတို့စစ်အုပ်စုချမှတ်ထားတဲ့ လမ်းစဉ်အတိုင်း ဆက်သွားမယ်”

0
အာဏာသိမ်း စစ်တပ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ၅ နှစ်အကြာမှာ ၎င်းပုံဖော်ထားတဲ့အတိုင်း နိုင်ငံတော် သမ္မတရာထူးယူလိုက်ပါတယ်။ ဒါ့ကြောင့် စစ်ဝတ်စုံကနေ အရပ်သားဝတ်စုံပြောင်း စစ်ခေါင်းဆောင် သမ္မတ ဉီးမင်းအောင်လှိုင် တက်လာပြီး သျှမ်းပြည် နိုင်ငံရေး အပြောင်းအလဲတွေ ဘယ်လိုဖြစ်လာခဲ့ပါသလဲ။ အစိုးရသစ် စစ်ခေါင်းဆော်င သမ္မတ ဉီးမင်းအောင်လှိုင်တက်လာချိန်မှာလည်း စစ်အာဏရှင်ကို...

စစ်မှုထမ်း ခေါ်ဆောင်ခံရပြီး ပြန်လွတ်လာသည့် ရွာငံလူငယ်(၃)ဉီးသာရှိ

0
သျှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်တွင် စစ်မှုထမ်း အမှတ်စဉ်(၁)အတွက် မဲနှိုက်ရာမှ ပါရှိသွားသည့် ရွာငံမြို့နယ် အမျိုးသား (၃)ဦးသည် သုံးနှစ်အကြာမှ ပြန်လွတ်လာကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ (၁၀)ရက်တွင် စစ်ကော်မရှင်တပ်က စစ်မှုထမ်းဥပဒေကို ပြဌာန်းပြီးနောက် စစ်မှုထမ်းအမှတ်စဉ်(၁)အတွက် ကျေးရွာများအတွင်း မဲနှိပ်ခြင်း၊ ပေါ်တာဆွဲခြင်း စသည့်...

ကွတ်ခိုင်မြို့နယ် TLEC ကျောင်းကို MNDAA ပိတ်သိမ်း အစားထိုး ဖွင့်လှစ်သွားမည်

0
သျှမ်းပြည် မြောက်ပိုင်း ကွတ်ခိုင်မြို့နယ်ရှိ တအာင်းစားသင်ကျောင်း (TLEC)ကို ကိုးကန့်တပ်ဖွဲ့ (MNDAA)ကပိတ်သိမ်းပြီး အစားထိုး ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း စုံစမ်းသိရသည်။ ပြီးခဲ့သည့် ၂၀၂၆ ဖေဖော်ဝါရီ လဆန်ပိုင်းတွင် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေး တပ်မတော် (TNLA) နှင့် MNDAA တို့သည် ကွတ်ခိုင်းမြို့နယ်အတွင်း အချင်းချင်းကြား ပဋိပက္ခစတင်ဖြစ်ပွားခဲ့သည့်။ ထို့နောက် MNDAAသည်...

သျှမ်းမြောက် BRI စီမံကိန်း အမြန်ဖော်ဆောင်နိုင်ရန် တရုတ် နှင့် တိုင်းရင်းသားလက်နက်ကိုင်တွေ့ဆုံ

0
တရုတ်နိုင်ငံ၏ ဘီလီယံနှင့်ချီတန်သော (BRI) ပိုးလမ်းမစီမံကိန်းထဲမှ ရထားလမ်း အကောင်အထည်ဖော်နိုင်ရေး အတွက် တရုတ်ကိုယ်စားလှယ်အဖွဲ့သည် စစ်ကောင်စီနှင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များကို တွေ့ဆုံခဲ့ကြောင်း သိရသည်။ တရုတ်နိုင်ငံ ယူနန်ပြည်နယ်မှ သျှမ်းပြည်မြောက်ပိုင်း၊ မန္တလေးတိုင်းတို့ကို ဖြတ်သန်းကာ ရခိုင်ပြည်နယ် ကျောက်ဖြူ ရေနက်ဆိပ်ကမ်းအထိ ပေါက်ရောက်မည့် အဆိုပါ ပိုးလမ်းမစီမံကိန်းသည် အာဏာသိမ်းပြီး...

၂၀၂၆ နဲ့ ၂၀၁၀ နိုင်ငံရေးပြုပြင်ပြောင်းလဲမှုက ဘာတွေကွာခြားလဲ

0
အတုအယောင် ရွေးကောက်ပွဲမှတဆင့် လွှတ်တော်ပေါ်ပေါက်လာပြီးနောက် စစ်ကော်မရှင်ဘက်က စစ်ယူနီဖောင်းချွတ် စစ်အစိုးရ အသွင်ပြောင်းလဲကာ အများမျှော်လင့်ထားသည့်အတိုင်း စစ်ခေါင်းဆောင် မင်းအောင်လှိုင် သမ္မတဖြစ်လာသည်။ အလားတူ တော်လှန်ရေးကို အရှိန်အဟုန် မြှင့်တင်၍ အမြန်ဆုံး အောင်ပွဲရယူနိုင်ရန် “ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုပေါ်ထွန်းရေး ဦးဆောင်ကောင်စီ (SCEF)” ကို ဖွဲ့စည်းပြီး နိုင်ငံရေးဦးတည်ချက် (၆)...