Wednesday, January 28, 2026

စစ်ကောင်စီမှ စားအုန်းဆီ ဈေးနှုန်းကျဖို့ ထုတ်ပြန်ထားပေမယ့် ပြင်ပဈေးနှုန်းက မြင့်နေဆဲ

အာဏာသိမ်း စစ်ကောင်စီ တပ်ဖွဲ့သည် စားအုန်းဆီ ဈေးနှုန်းများ လျှော့ကျရန် ထုတ်ပြန်ထားသော်လည်း ပြင်ပဈေးကွက်က မြင့်တက်နေဆဲ ဖြစ်ကြောင်း သိရသည်။

စားအုန်းဆီ

ယခု မေလ ပထမပတ် အတွင်းတွင် တောင်ကြီးမြို့ ၊ လားရှိုးမြို့ တို့လို မြို့ကြီးများ စားအုန်းဆီ ရောင်းဝယ်ရေးများ၌ စားအုန်းဆီ တစ်ပိဿသည် ၇၀၀၀ ကျပ်မှ တစ်သောင်းဝန်းကျင် အထိ ဈေးနှုန်းရှိနေကြောင်း လားရှိုးမြို့မှ အမည်မဖော်လိုသူ ကုန်သည်တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“သင်္ကြန် မတိုင်ခင်တုန်းက စားအုန်းဆီ တစ်ပိဿကို ၆၈၀၀ ကျပ် ဝန်းကျင်ထိ ရှိနေတယ်၊ အခုကျတော့ ၇၀၀၀ ကျပ်ထိ တက်လာတယ်၊ ပဲစားဆီ အမျိုးအစားပေါ် မူတည်ပြီးတော့ ဈေးနှုန်းကလည်း ကွာခြားမှု ရှိနေတယ်၊ တချို့ စားဆီတွေက တစ်ပိဿ ၁၀,၀၀၀ ကျပ် အထိလည်း ရှိနေတယ်” ဟု လားရှိုးမြို့မှ ကုန်သည် တစ်ဦးက ပြောသည်။

စားအုန်းဆီ

မေလ ၂ ရက်နေ့မှ ၇ ရက်နေ့အထိ မြန်မာနိုင်ငံ စားသုံးဆီ တင်သွင်း သိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်း ကြီးကြပ်ရေး ကော်မတီသည် စားအုန်းဆီ အခြေခံ လက်ကားရည်ညွှန်းဈေးကို တစ်ပိဿလျှင် ၄၅၇၀ ကျပ်သာ သတ်မှတ်ပေးထားကြောင်း သိရသည်။

စစ်ကောင်စီတို့ဘက်မှ ယင်းကဲ့သို့ ကြေညာခြင်း နှင့် ပတ်သက်ပြီး စားသုံးဆီ ရောင်းဝယ်သည့် ပြည်သူများ အနေဖြင့် ရောင်းရန် ခက်ခဲသည့်အပြင် ဆုံးရှုံးမှုပါ ရှိလာနိုင်ကြောင်းလည်း အထက်ပါ ပုဂ္ဂိုလ် က ဆက်ပြောသည်။

“သူတို့က ဈေးကျတယ်ဆိုပြီး ကြေညာတော့ လာဝယ်တဲ့ သူတွေကလည်း သူတို့ သိထားတဲ့ ဈေးမဟုတ်ရင် ပြန်မေးတယ်၊ ဒီလောက်ဈေးနဲ့ ကြေညာထားတယ်လေ ၊ ဘာကြောင့်ဈေးကြီး နေသေးလဲ ဆိုတာမျိုးပေါ့။ ဒါပေမဲ့ ကျနော်တို့ကလည်း ဒိုင်က မကျပေးရင် ကျလို့မှ မရတာ၊ အရင်းပြုတ်ရုံပဲ ရှိမှာလေ” ဟု ၎င်းက ဆက်ဆိုသည်။

စားသုံးဆီ ကော်မတီ၏ ထုတ်ပြန်ချက်တွင် စားအုန်းဆီကို ဈေးကစားရန် ရည်ရွယ်ချက် နှင့် သိုလှောင်ခြင်း၊ ဈေးနှုန်းမြှင့်တင်ရောင်းချခြင်းများ ပြုလုပ်ပါက အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှု ဥပဒေအရ အရေးယူ
ဆောင်ရွက်မည် ဖြစ်ကြောင်းလည်း ထုတ်ပြန်ထားကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

စစ်ကော်မရှင်နှင့် PNO စစ်သုံးစရိတ်နှင့် တပ်သားစုဆောင်းမှုကြား စိတ်ရောကိုယ်ပါ ပင်ပန်းနေ

0
အာဏာသိမ်းစစ်တပ်က စစ်မှုထမ်းဥပဒေကို ပြန်လည်အသက်သွင်းပြီးနောက်ပိုင်း စစ်မှုထမ်း လစဉ်ကြေးနှင့် တပ်သားသစ် စုဆောင်းမှုဒဏ်ကြောင့် လူထုကြား စိတ်ရောကိုယ်ပါ ပင်ပန်းနွမ်းနယ်နေကြောင်း ဒေသခံများက ပြောသည်။ တရားဝင် လူဖမ်းစစ်သားစုဆောင်းရန်အတွက် စစ်တပ်က စစ်မှုထမ်းဥပဒေကို ပြန်လည်အသက်သွင်းခဲ့သည်မှာ လာမည့် ၂၀၂၆ ဖေဖော်ဝါရီလ ၁၀ ရက်နေ့တွင် ၂ နှစ်ပြည့်ပြီ ဖြစ်သည်။ သို့သော်...

လူငယ်များအား အဓမ္မ စစ်ထဲဆွဲထည့်နေသည့် စစ်ခေါင်းဆောင် ဦးဆောင်၍ လူငယ် ငြိမ်းချမ်းရေးဖိုရမ် ကျင်းပနေ

0
အနည်းဆုံး လူငယ် ၆၀၀၀၀ ကျော်ကို အဓမ္မ စစ်တပ်ထဲ ဆွဲထည့်ထားသည့် စစ်ခေါင်းဆောင် မင်းအောင်လှိုင် ဦးဆောင်သော လူငယ် ငြိမ်းချမ်းရေး ဖိုရမ် ၂၀၂၆ ကို ယမန်နေ့ (ဇန်နဝါရီ ၁၃ ရက်) နံနက်ပိုင်းက နေပြည်တော်၌ စတင် ကျင်းပနေကြောင်း စစ်ကောင်စီက...

မဲပေးစက်ပြဿနာနှင့် ကြိုတင်မဲကြောင့် ကြံ့ခိုင်ရေးပါတီက အများစုအနိုင်ရ

0
သျှမ်းပြည် ၁၇ မြို့နယ်တွင် ပြီးခဲ့သော ဇန်နဝါရီလ ၁၁ ရက်က ကျင်းပသည့် ရွေးကောက်ပွဲ အပိုင်း (၂) ၏ အနိုင်အရှုံးစာရင်းများကို ကြည့်လျှင် စစ်တပ်ကျောထောက်နောက်ခံ ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး (USDP) ပါတီက အများစုအနိုင်ရထားသည်။ ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး (USDP) ပါတီသည် ၁၉၉၃ ခုနှစ်က...

ရပ်စောက်နှင့် ရွာငံမြို့နယ်တွင် လုံခြုံရေးစိုးရိမ်မှုကြား ဒေသခံမဲသွားပေး

0
သျှမ်းပြည် ရပ်စောက်မြို့နယ်နှင့် ရွာငံမြို့နယ်တွင် စစ်ကော်မရှင်တပ်မှ စစ်အင်အား ဖြည့်တင်းထားပြီး မဲရုံပရဝုဏ်အနီး လက်နက်အပြည့်အစုံဖြင့် စောင့်ဆိုင်းနေခြင်းကြောင့် ဒေသခံများ လုံခြုံရေးစိုးရိမ်မှုဖြင့် မဲသွားပေးနေရကြောင်း စုံစမ်းသိရသည်။ ယနေ့ (ဇန်နဝါရီလ ၁၁ ရက်) တွင် စစ်ကော်မရှင် ကျင်းပနေသည့် ရွေးကောက်ပွဲ ဒုတိယပိုင်းတွင် သျှမ်းပြည်တောင်ပိုင်းမှ ရပ်စောက်၊ ရွာငံ၊...

မိုင်းပျဉ်း ကြိုတင်မဲကောက်ယူရာတွင် USDP မှလွဲ၍ အခြားပါတီများကို အကြောင်းမကြား ဟုဆို

0
သျှမ်းပြည်အရှေ့ပိုင်း မိုင်းပျဉ်းမြို့နယ်တွင် ရွေးကောက်ပွဲ အပိုင်း (၂) အတွက် ကြိုတင်မဲကောက်ယူရာတွင် လွှတ်တော်ကိုယ်စားလှယ်များ လိုက်ပါခွင့်ပြုမည်ဟု ရွေးကော်ပွဲကော်မရှင်က ပြောသော်လည်း မြေပြင်တွင် ကြံ့ခိုင်ရေး ဖွံ့ဖြိုးရေး (USDP)ပါတီမှလွဲ၍ အခြားပါတီများကိုအကြောင်းကြားခြင်းမရှိခဲ့ ကြောင်း စုံစမ်းသိရသည်။ လာမည့် ဇန်နဝါရီလ ၁၁ ရက်တွင် သျှမ်းပြည်အရှေ့ပိုင်း မိုင်းခတ်၊ မိုင်းပျဉ်း၊...