Wednesday, January 28, 2026

လားရှိုးမြို့နယ်တွင်း ပြည်သူ ထောင်ချီ အစုရှယ်ယာမှတစ်ဆင့် ငွေလိမ်လည်ခံရ

သျှမ်းပြည် လားရှိုးခရိုင် လားရှိုးမြို့နယ်တွင်းရှိ Flower Group ကုမ္ပဏီကို အစုရှယ်ယာလာရောက်ထည့်သည့် ပြည်သူ ထောင်ချီ ငွေကြေးလိမ်လည်ခံရကြောင်း စုံစမ်း သိရှိရသည်။

Flower Group ကုမ္ပဏီ

အဆိုပါ Flower Group ကုမ္ပဏီသည် စီးပွားရေးလုပ်ဆောင်ရန်အတွက် ပြည်သူများကို အစုရှယ်ယာ အဖြစ်ခေါ်ယူပြီး လစဉ် အတိုးမြတ်ပေးဆောင်သွားမည် စနစ်ဖြင့် ရင်းနှီးမြှုပ်နှံရန်အတွက် ဆွဲဆောင် ခဲ့ကြောင်းသိရသည်။

“ သူတို့က စီးပွားရေးလုပ်ဖို့အတွက် ရှယ်ယာတွေပါဖို့ ခေါ်တာပေါ့။ စစခေါ်တုန်းကတော့ ကိုယ်ထည့်တဲ့ ပိုက်ဆံထဲက ၃၅ ရာခိုင်နှုန်း အမြတ်ရမယ်တဲ့။ ပထမ စလုပ်တုန်းကတော့ ရင်းနှီးတဲ့သူတွေ အကုန်လုံးကတော့ လတိုင်းအမြတ်ငွေတွေ ရကြပါတယ်။ တချိုဆိုရင်လည်း စီးပွားဖြစ်သွားကြပါတယ်” ဟု Flower Group ကုမ္ပဏီထဲတွင် ရှယ်ယာပါဝင်သူတစ်ဦးက ပြောသည်။

Flower Group ကုမ္ပဏီကို ၂၀၂၁ ဒီဇင်ဘာ ၄ ရက်နေ့တွင် စတင်တည်ထောင်ခဲ့ကြောင်း သိရသည်။ စတင်တည်ထောင်ချိန်တွင် ရင်နှီးမြှုပ်နှံသူ အနည်းငယ်သာရှိပြီး ၂၀၂၂ ခုနှစ် ဇူလိုင် ၊ ဩဂုတ်လမှစပြီး ရင်းနှီမြှုပ်နှံသူ များပြားလာခဲ့သည်။

အဆိုပါ ရင်းနှီမြှုပ်နှံသူ များပြားလာသည့်အတွက်ကြောင့် ပြီးခဲ့သည့် ၂၀၂၃ ဇန်နဝါရီလ မှစပြီး ရှယ်ယာဝင်သူများကို အမြတ်မထုတ်ပေးတော့ကြောင်း သိရသည်။

Flower Group ကုမ္ပဏီ

“ အစက လူတွေ မများတော့ သူတို့လည်း လတိုင်း အမြတ်ပေးနိုင်တယ်လေ။ ၇ လပိုင်း ၈ လပိုင်းကစပြီးတော့ လူတွေသွားရင်းနှီးတာများလာတယ်။ အဲ့နောက်ကစပြီးတော့ သူတို့ကုမ္ပဏီက အခက်အခဲတွေ ကြုံတွေ့နေရတယ်ဆိုပြီးတော့ လစဉ် ငွေမထုတ်ပေးနိုင်တော့ဘူးတဲ့။ ဒီနှစ် ၆ လပိုင်းထိ စောင့်ပေးပါတဲ့။ ဒီနှစ်ကစပြီးတော့ ဘယ်သူမှ ပိုက်ဆံ အမြတ်ငွေမရတော့ဘူး” ဟု အထက်ပါ ရှယ်ယာပါဝင်သူတစ်ဦးက ပြောသည်။

ထိုသို့ အမြတ်ငွေမပေးရသည့် အကြောင်းရင်းသည် Flower Group ကုမ္ပဏီ ဦးဆောင်သူ မင်းထက်လင်းက ၎င်း၏ မိသားစု ကိုယ်ကျိုးအတွက် အသုံးပြုခဲ့ကြောင်း၊ လက်ရှိမှာလည်း ၎င်း၏ မိသားစုကို မန္တလေးသို့ ပို့ဆောင်ထားကြောင်း ဒေသခံ အစုရှယ်ယာများထံမှ သိရှိရသည်။

“ သူရဲ့ ပိုင်ဆိုင်မှုတွေက အများကြီးပဲ။ မြေတွေဝယ်ထားတာလည်း အများကြီးပဲ။ သိန်း ၄ သောင်းလောက်ရှိတယ်။ ကွန်ဒိုဆောက်မယ်ဆိုလည်း မဆောက်ဘူး။ သူတို့အတွင်းထဲက ကိစ္စတွေပေါက်ကြားသွားလို့ ကျနော်တို့လည်း သူစလိမ်တယ်ဆိုတာသိရတာ။ ပြီးတော့ ချယ်ရီမြိုင် မှာလည်း သူ့ Bar ဖွင့်ထားတယ်။ အခုတော့ ကျနော်တို့ ပြည်သူတွေက သူရဲ့ Bar ကို သိမ်းထားလိုက်တယ်” ဟု ၎င်းက ပြောသည်။

အလားတူ လက်ရှိ ဧပြီ ၃၀ ရက်နေ့မှစပြီး ယနေ့အချိန်ထိ မင်းထက်လင်း နှင့် ပြည်သူတို့သည် ရဲစခန်းတွင် ဖြေရှင်းနေလျက်ရှိကြောင်း သိရသည်။

စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း စားဝတ်နေရေးအတွက် ဖြေရှင်းရန် ခက်ခဲလာသည့်အတွက်ကြောင့် ငွေကြေးလိမ်လည်မှု နည်းလမ်း မျိုးစုံရှိလာခဲ့သည်။ ထိုထဲတွင် အွန်လိုင်းပေါ်မှတစ်ဆင့် ငွေလိမ်လည်ခေါ်ယူခြင်း၊ အစုရှယ်ယာခေါ်ယူခြင်း ၊ ဓားပြတိုက်ခြင်း စသည့် ဒုစရိုက်တွေလည်း များပြားလာခဲ့သည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

တာချီလိတ် ကျောင်းထိုင်ဆရာတော်တစ်ပါး ထိုင်းဘတ် (၁၅)သိန်း လိမ်လည်ခံရ

0
ထိုင်း-မြန်မာ နယ်စပ်ဒေသ တာချီလိတ်မြို့နယ် ဖန်မန်ကျေးရွာအုပ်စု ဝမ်ကျောက်လုံရွာရှိ ဘုန်းကြီးကျောင်းမှ ကျောင်းထိုင်ဆရာတော်တစ်ပါး ထိုင်းဘတ်(၁၅)သိန်း လိမ်လည်ခံလိုက်ရကြောင်း သတင်းရရှိသည်။ ဖြစ်စဉ်မှာ ပြီးခဲ့သည့် စက်တင်ဘာလ ၁၈ ရက်တွင် ကား (Probox) တစ်စီးနှင့် (ဒေါ်ခင်ခင်ခနှင့် မရတနာ) နာမည်ရှိသည့် အမျိုးသမီး ၂ ဦးအပါအဝင် လူ...

Kpayအကောင့် မှ တစ်ဆင့် ငွေလိမ်လည်မှုများရှိနေ

0
စစ်အာဏာသိမ်းပြီး ၁နှစ်ကျော်ကာလ မှာ သျှမ်းပြည်အတွင်း Kpay အကောင့်မှတဆင့် ငွေလိမ်လည်မှုရှိနေကြောင်း စုံစမ်းသိရသည်။ ယခုနောက်ပိုင်း နည်းမျိုးစုံ ငွေလိမ်လည်မှုရှိလာပြီး၊ ဖုန်းမှ တဆင့် ငွေလွှဲခိုင်းခြင်း၊ Kpay မှ တဆင့် ငွေကိုလိမ်ညာ ထုတ်ယူမှုများ ရှိလာကြောင်း သိရသည်။ စက်တင်ဘာ တတိယပတ်အတွင်းတွင် သျှမ်းပြည် တောင်ပိုင်း ပင်လုံမြို့ထဲတွင်...