Kpayအကောင့် မှ တစ်ဆင့် ငွေလိမ်လည်မှုများရှိနေ

စစ်အာဏာသိမ်းပြီး ၁နှစ်ကျော်ကာလ မှာ သျှမ်းပြည်အတွင်း Kpay အကောင့်မှတဆင့် ငွေလိမ်လည်မှုရှိနေကြောင်း စုံစမ်းသိရသည်။

Kpay

ယခုနောက်ပိုင်း နည်းမျိုးစုံ ငွေလိမ်လည်မှုရှိလာပြီး၊ ဖုန်းမှ တဆင့် ငွေလွှဲခိုင်းခြင်း၊ Kpay မှ တဆင့် ငွေကိုလိမ်ညာ ထုတ်ယူမှုများ ရှိလာကြောင်း သိရသည်။

စက်တင်ဘာ တတိယပတ်အတွင်းတွင် သျှမ်းပြည် တောင်ပိုင်း ပင်လုံမြို့ထဲတွင် ရင်းနှီးသည့်သူအချင်းချင်းဖုန်းဆက်ပြီး Kpay မှ တဆင့် ငွေလွှဲခိုင်းကြောင်း ကြုံတွေ့ရသူ အမျိုးသမီးတစ်ဦး က သျှမ်းသံတော်ဆင့်ကို ပြောသည်။

“ ကျမ ဆီကို သူစိမ်းတယောက်က ဖုန်းဆက်လာတယ်။ သူ့က ကျမရဲ့ သူငယ်ချင်းနဲ့ရင်းနှီးတယ်လို့ပြောပြီး သူ့ရဲ့ Kpay အကောင့်ထဲ ပိုက်ဆံလွှဲခိုင်းတယ်။ ကျမလည်း အလုပ်ရှုပ်နေတော့ ကျမရဲ့ သူငယ်ချင်းဆီပဲလွှဲပေးလိုက်တယ်” ဟု ပင်လုံဒေသခံ ကြုံတွေ့ရသည့် အမျိုးသမီးက ဆိုသည်။

ထို့အပြင် မိုင်းရှုးမြို့တွင် Kpay အကောင့်ဟက်ခံရပြီး ငွေများကို ခိုးထုတ်သွားသည့် ဖြစ်စဥ်လည်း ရှိခဲ့ကြောင်း သတင်းရရှိသည်။

“ ကျမ Kpay အကောင့်က ဟက်ခံထားရတာလားမသိဘူး။ ကျမဘာမှ မသုံးရဘူး။ ပိုက်ဆံ ၆ သိန်းလောက်က ထွက်သွားတယ်။ Call center ကို ဖုန်းဆက်မေးကြည့်တော့ အွန်လိုင်းဂိမ်းက လိမ်သွားတယ်လို့ပြောတယ်။ သူတို့ဘက်ကလည်း တာဝန်ယူပေးတာမရှိဘူး” ဟု မိုင်းရှုးမြို့ ဒေသခံ အမျိုးသမီးက ပြောသည်။

Pay

လက်ရှိမှာ Kpay အကောင့် သုံးစွဲရန် လုံခြုံမှုမရှိတော့ကြောင်း၊ ကမ္ဘာဇဘဏ်ဘက်မှလည်း တာဝန်ယူဖြေရှင်းပေးခြင်း လည်းမရှိကြောင်း မိုင်းရှူးမှ အမျိုးသမီးက ပြောသည်။

“ အခုကလည်း ကျမတို့ Kpay အကောင့်ကို အသုံးပြုရတာမလုံခြုံဘူး။ ပိုက်ဆံတွေကိုလည်း ဘဏ်အကောင့်ထဲ လွှဲထည့်ထားရတာ။ Kpay ထည့် ထားပြီးရင် ထုတ်လို့မရတော့တာလည်းဖြစ်တယ်။ သုံးရတာလည်း အဆင်မပြေတော့ဘူး” ဟု ပင်လုံမြို့ ဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။

အလားတူ စစ်ကောင်စီကလည်း Kpay အကောင့်များကို အဆင့် (၂) အထိ မမြှင့်ထားသည့် အကောင့်များကို ပိတ်သိမ်းမည်ဖြစ်ကြောင်း၊ မှတ်ပုံတင်၊ ဖုန်းနံပါတ်နှင့် မကိုက်ညီတဲ့ နံပါတ်များကိုလည်း အကောင့်ပိတ်သွားမည် ဟု ထုတ်ပြန်ထားသည်။

ထိုသို့ထုတ်ပြန်သွားပြီးနောက်ပိုင်းတွင် Kpay အကောင့်သုံးသူတစ်ချို့က ပိတ်ခံရပြီး တစ်ချို့က ငွေလိမ်လည်ခံရကြောင်းသိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“တံလျှပ်” ဖြစ်နေသော အာဏာသိမ်းစစ်တပ်၏ ထင်ယောင်ထင်မှား အရှိန်အဟုန် သို့မဟုတ်စစ်တပ်၏ အထင်မှား “အောင်ပွဲများ”

0
မြန်မာစစ်တပ်သည် ဖလမ်း၊ လားရှိုး၊ မြဝတီ၊ ကျောက်မဲနှင့် တကောင်း ကဲ့သို့သော အဓိကဗဟိုချက်များအပါအဝင် အနည်းဆုံး မဟာဗျူဟာမြောက်နယ်မြေ ၂၀ ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ကြောင်း ဇွန်လနှောင်းပိုင်းတွင် သံလွင်တိုင်းမ် (ThanLwin Times) သတင်းဌာနက ဖော်ပြခဲ့သည်။ သို့သော် ဘားမားနယူးစ်အင်တာနေရှင်နယ် (BNI) နှင့် မြန်မာ့ငြိမ်းချမ်းရေးစောင့်ကြည့်မှုအဖွဲ့ (MPM)...

တောင်ကြီးတွင် Kpay ပြေစာအတုပြပြီး ငွေလိမ်လည်ထုတ်ယူမှုရှိနေ

0
သျှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့တွင် Kpay ပြေစာအတုပြပြီး ‌ငွေလိမ်လည်ထုတ်ယူသူ များလာသဖြင့် ဈေးဆိုင်အချို့ အခက်တွေ့နေရကြောင်း သိရသည်။ ဖြစ်စဉ်မှာ ပြီးခဲ့သည့် ဇူလိုင်လ ၇ရက်တွင် တောင်ကြီးမြို့ ဘုရားဖြူရပ်ကွက်မှ ဈေးဆိုင်တွင် လူရှုပ်နေချိန်ကို အခွင့်ကောင်းယူကာ ငွေသွင်းပြေစာအတုများကို ဆိုင်ရှင်အားပြ၍ ငွေကျပ် သိန်း(၃၀) ထုတ်ယူသွားခဲ့ကြောင်းကိုယ်တိုင်ကြုံတွေ့ရသည့် ကုန်စုံဆိုင်ပိုင်ရှင်တစ်ဉီးက သျှမ်းသံတော်ဆင့်ကိုပြောသည်။ ထိုသို့...

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...

စစ်ကော်မရှင် တရုတ်ကုန်စည်စီးဆင်းမှု တားမြစ်ပိတ်ပင်မှု တင်းကြပ်လာ

0
သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင် စစ်ကော်မရှင်က ရက် ၁၀၀ စီမံကိန်းအနေဖြင့် ၎င်းကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်တင်းကြပ်လာသည်။ ထိုကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်မှု တင်းကြပ်လာသဖြင့် ပြည်တွင်းကုန်တင်ယာဉ်များလည်း အလုပ်ရပ်နားထားရပြီး ပြည်သူများလည်း ကုန်စည်စျေးနှုန်းများ ထပ်မံမြင့်တက်လာမှုကို ရင်ဆိုင်နေရကြောင်း သျှမ်းမြောက်ပြည်သူများထံမှ စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် ရက်ပိုင်အတွင်းမှ စတင်ကာ စစ်ကော်မရှင်သည် လားရှိုးမြို့သို့...

ကျောက်မဲတွင် ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီးကွက်ပေး၊ ပြည်သူနေအိမ်များ မီးကြိုးခိုးယူခံနေရ

0
သျှမ်းပြည် ကျောက်မဲမြို့ပေါ် ရပ်ကွက်ရှိ ပြည်သူနေအိမ်များတွင် လျှပ်စစ်မီး မရရှိခြင်းကြောင့် မီးကြိုးခိုးယူခံနေရကြောင်း စုံစမ်းသိရသည်။ ကျောက်မဲမြို့ကို တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထံမှ စစ်တပ်ပြန်လည်ထိန်းချုပ်ခဲ့သည့် ယမန်နှစ် ၂၀၂၅ အောက်တိုဘာလ နောက်ပိုင်းမှ စတင်၍ စစ်အစိုးရလက်အောက်ခံ ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီး ဖြန့်ဝေထားပြီး ရပ်ကွက်အတွင်းရှိ ပြည်သူနေအိမ်များမှာ...