တာချီလိတ် ကျောင်းထိုင်ဆရာတော်တစ်ပါး ထိုင်းဘတ် (၁၅)သိန်း လိမ်လည်ခံရ

ထိုင်း-မြန်မာ နယ်စပ်ဒေသ တာချီလိတ်မြို့နယ် ဖန်မန်ကျေးရွာအုပ်စု ဝမ်ကျောက်လုံရွာရှိ ဘုန်းကြီးကျောင်းမှ ကျောင်းထိုင်ဆရာတော်တစ်ပါး ထိုင်းဘတ်(၁၅)သိန်း လိမ်လည်ခံလိုက်ရကြောင်း သတင်းရရှိသည်။

ဖြစ်စဉ်မှာ ပြီးခဲ့သည့် စက်တင်ဘာလ ၁၈ ရက်တွင် ကား (Probox) တစ်စီးနှင့် (ဒေါ်ခင်ခင်ခနှင့် မရတနာ) နာမည်ရှိသည့် အမျိုးသမီး ၂ ဦးအပါအဝင် လူ ၄ ဦးတို့သည် ထီရောင်းချရန်အတွက် ဝမ်ကျောက်ရွာလုံ ဘုန်းကြီးကျောင်းသို့ ရောက်ရှိလာခဲ့သည်။

ထို့နောက် ထီအရောင်း ကုမ္မဏီတစ်ခုမှလာသည့် ထီးရောင်းချသူများ ဖြစ်ကြောင်းပြောဆိုပြီး ၎င်းကျောင်းထိုင်ဆရာတော်က ဝယ်ယူအားပေးသည့် အနေဖြင့် ထီတစ်စောင် ဝယ်ယူခဲ့သည်ဟု ဆိုသည်။

ယင်းကဲ့သို့ ထီဝယ်ယူပြီးနောက် ရက်ပိုင်းအနည်းငယ်အကြာ ကျောင်းထိုင်ဆရာတော်ထံသို့ ထပ်မံဖုန်းဆက် အကြောင်းလာပြီး ထီဆုကြီး ကားတစ်စီးနှင့် ကျပ်သိန်း ၅ ထောင်ကျော် ပေါက်မည့် အစီအစဉ်ကို ရင်းနှီးမြုပ်နှံ စေရန် အဆိုပါဘုန်းကြီးကျောင်းသို့ နောက်တကြိမ်လာရောက် စည်းရုံးခဲ့သည်။

“ ထီဆုကြီးပေါက်မယ်ဆိုပြီး ပိုက်ဆံကို ဘယ်လောက်လောက် ရင်းနှီးမြုပ်နှံဖို့ပြောတယ်။ ကျန်တဲ့အပိုင်းကို သူတို့စီစဉ်ပေးမယ်၊ လုပ်ပေးမယ်ဆိုပြီး ပြောတယ်။ ဒီထီဆုကြီးပေါက်မယ်ဆိုရင် ကားတစ်စီးနဲ့ ကျပ်သိန်း ၅ ထောင် လာလှူမယ်လို့ ပြောတယ် “ ဟု ကျောင်းထိုင်ဆရာတော်မှ ရှင်းပြသည်။

ထိုချိန်မှစ၍ ကျောင်းထိုင်ဆရာတော်သည် ထီဆုကြီးပေါက်မည့် ရင်းနှီးမြုပ်နှံမှုကြီးကို ထိုင်းဘတ် ၂ သိန်းခန့်ဖြင့် စတင်ရင်းနှီးမြုပ်နှံခဲ့ကြောင်း ဆိုသည်။

“ အဲ့နောက်ပိုင်း တမျိုးပြီးတမျိုး အကြောင်းပြပြီး ပိုက်ဆံတောင်းလာတယ်။ ဟိုနေရာကို ပေးရမယ်၊ ဒီနေရာကို ပေးရမယ်ဆိုပြီး တောင်းလာတာ။ ဘဏ်နဲ့ကော၊ Wave Money နဲ့ကော ထပ်လွှဲပေးလိုက်တယ် “ ဟု ဆရာတော်က ဆိုပြန်သည်။

စက်တင်ဘာလ ၁၈ ရက်မှ အောက်တိုဘာလ ၁၂ ရက်နေ့အထိ ဆရာတော်သည် ဘဏ်ဖြင့်လည်းကောင်း၊ Wave Money ဖြင့်လည်းကောင်း တစ်ကြိမ်လျှင် အနည်းဆုံး ထိုင်းဘတ် (၂ သောင်းမှ ၃ သောင်း) အထိ ၁၀ ကြိမ်ခန့် ထီးရောင်းသူထံ လွှဲအပ်ပေးခဲ့သည်။

နောက်ဆုံးလွှဲပေးသည့်အကြိမ်မှစ၍ စုစုပေါင်း ထိုင်းဘတ် 1,500,000 (၁၅သိန်း) ကို လွှဲအပ်ပြီးစီးကြောင်း ထီးရောင်းသူထံကို အကြောင်းကြားခဲ့ရာ ၎င်းတို့ဘက်မှ အကြောင်းပြန်ကြားခြင်းအပြင် ဆက်သွယ်၍မရသဖြင့် ငွေလိမ်လည်ခံရကြောင်း သိရှိလိုက်ရသည်ဟု ဆရာတော်က ဆိုပြန်သည်။

စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း သျှမ်းပြည်တွင် ငွေလိမ်လည်မှု ပုံစံအမျိုးမျိုး ဖြစ်ပွားခဲ့ရာမှ ယခု ဆရာတော်တစ်ပါး ကြုံခဲ့ရသည့် ငွေလိမ်လည်မှုသည် မျက်လုံးပေး စည်းရုံးသိမ်းသွင်းသည့် ငွေလိမ်လည်မှု ဖြစ်သည်။

ထို့အပြင် ပြည်သူများအနေဖြင့် အယုံမလွယ်ကြရန်၊ ခေတ်အခြေအနေ မကောင်းသည့်ကာလ၌ ပြည်သူများ စားဝတ်နေရေး တင်းကြပ်နေရာ အခွင့်ကောင်းယူပြီး မျက်လုံးပေး ငွေလိမ်လည်မှု ပြုလုပ်နေသောကြောင့် တစ်ယောက်တစ်ယောက်မှ ရင်းနှီးမြုပ်နှံဖိုပြောဆိုလာပါက သံသယစိတ်ဖြင့် ကြည့်ရန်၊ ရင်းနှီးမြုပ်နှံခြင်း ဂရုပြုကြရန် ထပ်လောင်းပြောသည်။

မှတ်ချက်။ ။ပုံပါအမျိုးသမီးတစ်ဦးအား တွေ့ရှိပါက ဖုန်းနံပါတ် 09793349854 သို့ ဆက်သွယ် အကြောင်းကြားပေးပါရန် မေတ္တာရပ်ခံထားပါသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

တာချီလိတ်မြို့ မိုးရွာသွန်းခြင်းကြောင့် ရေကြီးရေလျှံ

0
သျှမ်းပြည် အရှေ့ပိုင်း တာချီလိတ်မြို့နယ်တွင် မိုးရွာသွန်းမှုကြောင့် ရပ်ကွက်အချို့ ရေကြီးရေလျှံမှုများ ကြုံတွေ့ခဲ့ရကြောင်း သိရသည်။ ယနေ့ (မတ်လ ၁၀ ရက်) မနက်ပိုင်း တာချီလိတ်မြို့နယ်တွင် မိုးရွာသွန်းမှုကြောင့် အမှတ် (၁) တံတားအနီးရှိ ပုန်းထွန်ရပ်ကွက်တွင် ရေကြီးရေလျှံမှုများ ဖြစ်ပွားခဲ့ကြောင်း တာချီလိတ်မြို့ ဒေသခံအမျိုးသမီးတစ်ဦးကပြောသည်။ "တာချီလိတ်ကတော့ မိုးခဏရွာတာနဲ့တင် ရေလျှံတာပဲ။...

တာချီလိတ် စုံ၊မ ရက် မောင်းနှင်မှု ချိုးဖောက်လျှင် ထောင်ဒဏ်တစ်လ နှင့် ငွေဒဏ်ချမှတ်မည်

0
သျှမ်းပြည် အ‌‌ရှေ့ပိုင်း တာချီလိတ်မြို့နယ်တွင် စက်သုံးဆီချွေတာရေးအတွက် စစ်ကော်မရှင် သတ်မှတ်ထားသည့် စုံ၊ မရက် မောင်းနှင်မှုချိုးဖောက်လျှင် ထောင်ဒဏ်တစ်လနှင့် ငွေဒဏ်ချမှတ်သွားမည်ဟု သတင်းရရှိသည်။ ယမန်နေ့ (မတ်လ ၉ ရက်) တာချီလိတ်မြို့နယ်တွင် စစ်ကော်မရှင်မှ စက်သုံးဆီချွေတာ‌ရေးအတွက် စုံ၊ မရက်ခွဲခြားပြီး မော်တော်ယာဉ် မောင်းနှင်သည့် စနစ်ကို ၎င်းလက်အောင်ခံတာဝန်ရှိ...

စက်သုံးဆီ ပြတ်လပ်မှုကြောင့် တာချီလိတ် – မိုင်းရှူး ကားခဈေးနှုန်းမြင့်တက်လာ

0
သျှမ်းပြည်တွင် စက်သုံးဆီပြတ်လပ်မှု နှင့် စက်သုံးဆီ ဈေးမြင့်တက်လာမှုကြောင့် ကားခ ဈေးနှုန်း မြင့်တက်လာကြောင်း စုံစမ်းသိရသည်။ ယခင်က တာချီလိတ်မြို့ မှ မိုင်းရှူးမြို့သို့ တစ်ဦးလျှင် ငွေကျပ် နှစ်သိန်း သာပေးရပြီး လက်ရှိတွင် တစ်ဉီးလျှင် ကျပ်ငွေ နှစ်သိန်းခွဲအထိ ဈေးနှုန်းမြင့်တက်လာကြောင်းကို တာချီလိတ်မြို့ဒေသခံ အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို...

တာချီလိတ်မြို့ပေါ် ခိုးဝင်လာသည့် နိုင်ငံခြားသား ကျားဖြန့် ၄၀၀ နီးပါး ဖမ်းဆီးရမိ

0
“ရွှေတြိဂံ ဒေသ” သျှမ်းပြည်အရှေ့ပိုင်း တာချီလိတ်မြို့ပေါ်သို့ ခိုးဝင်လာပြီး ကျားဖြန့် အွန်လိုင်းလုပ်ငန်း လာရောက်လုပ်ကိုင်သည့် နိုင်ငံခြားသား ၄၀၀ နီးပါးနှင့် ဆက်စပ်ပစ္စည်းများကို ဖမ်းဆီးရမိကြောင်း သတင်းရရှိသည်။ ယမန့်နေ့ (မတ်လ ၃ ရက်) ညနေပိုင်းတွင် တာချီလိတ်မြို့ မယ်ခေါင်ရပ်ကွက် (၂)၊ မယ်ခေါင်(၂)လမ်းတွင် ဖွင့်လှစ်ထားသည့် “...

တာချီလိတ်မြို့နယ် စက်သုံးဆီ တစ်လီတာ ဘတ် ၂၀၀ ထိရှိလာ၊ အလုအယက်ဝယ်ယူနေ

0
သျှမ်းပြည် အရှေ့ပိုင်း တာချီလိတ်မြို့နယ်အတွင်း စက်သုံးဆီ တစ်လီတာလျှင် ဘတ် (၂၀၀) ထိရှိလာပြီး အလုအယက်ဝယ်ယူနေကြကြောင်း သတင်းရရှိသည်။ ထိုင်းနိုင်ငံမှ စက်သုံးဆီတင်ပို့ရောင်းချမှုကို ယနေ့(မတ် ၂)ရက် မနက်ပိုင်းတွင် ရပ်ဆိုင်းလိုက်ကြောင်း သတင်းထွက်လာပြီးနောက် သျှမ်းပြည် အရှေ့ပိုင်းရှိ စက်သုံးဆီဆိုင်များ၌ ဆီများကို အလုအယက် ဝယ်ယူနေကြပြီး၊ အကန့်အသတ်ဖြင့် ရောင်းချနေကြောင်း...